ကြွရောက်လာကတ်တေ ရခိုင်အမျိုးသားပုဂ္ဂိုလ်များထဲမှာ
ကျွန်တော်ထက်အသက်ကြီးရေပုဂ္ဂိုလ်များကို ရှိခိုးပါရေ။
ကျွန်တော်ထက်အသက်ငယ်ရေပုဂ္ဂိုလ်ရို့ကို ကျွန်တော်အလေးအမြတ်ဂါရ၀ပြုပါရေ။
ကျွန်တော်ပြောဖို့စကားက ရခိုင်ပြည်မှာ ရခိုင်လူမျိုးရို့သည်
နောင်ကိုဘဇောင်ကံကြမ္မာဖန်တီးပြီး နီကတ်ရဖို့လဲဆိုစွာကိုပြောဖို့စွာပါ။
ကကောင်းအရေးကြီးပါရေ။ အေစကားတိကို ကျွန်တော်ရို့
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌကြီး လူမျိုးစုများ၏နာယကကြီးဖြစ်တေ
ဦးစောမြအောင်က ပြောလားခပါယာ။ တနာရီကျော်လောက်ပြောလားခတောင်မှမ၀သိမ့်။
ဇာဖြစ်လို့လဲဆိုကေ လိုရင်းတိကိုပြောစွာပါ။ ယင်းလိုရင်းတိမှာ
တပုဒ်တပုဒ်စီ၏ဖွင့်ဆိုချက်စွာ ကကောင်းအများကြီးပါ။ ယကေ
ပြောပြီးနားမလည်လိုက်ကေ ဒုက္ခရောက်ဖို့၊ နားမလည်လိုက်ကေ ဇဝေဇ၀ါဖြစ်ဖို့။
ထိုပုဂ္ဂိုလ်၏ဖွင့်ဆိုချက်တိကို
တင်ပြပါဖို့။ ယင်းခါမှ ကျွန်တော်ရို့ရခိုင်သားတိ ဇာလုပ်ရဖို့လဲ
နားလည်ကတ်ပါဖို့။ လုပ်ဖို့စွာမှာ ဇာနီရာကစရဖို့လဲ အရေးကြီးပါရေ။
ကွက်ကျော်ကေမှားပါလိမ္မည်။ ရခိုင်သားတိ ကွက်ကျော်တိကိုမြင်လာရပါလိမ္မည်။
နောက် အေလမ်းခရီးမှာ ဇာစူးငုတ်ခလုတ်တိက အတွင်းရန်၊ အပရန်လဲဆိုစွာ
အာရုံစိုက်ပြီးကြည့်ရပါဖို့။ အေနိဥက္ကဌကြီးပြောလားခရေပိုင်
တခြားတခြားသောလူမျိုးတိမှာ စုပေါင်းပြီး ဘုံရန်သူတည်းဟူသော (တစည)
မဆလကိုတိုက်တေနီရာမှာ အင်အားအပြည့်နှင့်တိုက်ရဖို့ဆိုစွာကိုသိထားရေအတွက်
အင်အား နောင်းနီကတ်ပါပျာ။ ကျွန်တော်ရို့ရခိုင်သားတိမှာကြည့်လိုက်တေခါ
အင်အားက ထထွတ်ကြီးကြီနီပါရေ။ ကကောင်းဝမ်းနည်းဖို့ကောင်းပါရေ။
ဂေါင်းဆောင်တိကလည်း ပြောခီကေ သတိရရေဆိုပါရေ။ ဆိုရေခါ ရခိုင်သားမှာ
မျက်စိမဟိပါ။
ကျွန်တော်ရို့ရခိုင်သားတိမှာ ခံနီရစွာဇာကြောင့်လဲ။
တဦးတည်းတယောက်တည်းကောင်းစားရေးကို မ၀သိမ့်ရေဂေါင်းဆောင်တိက
တခုလည်းမလိမ္မာမသိနားမလည်ရေရခိုင်ပြည်သူတိကို အမျိုးမျိုးလိမ်စား၊
ဝါစားနီကတ်တေအတွက် ကျွန်တော်ရို့ရခိုင်ပြည်ကြီးပြိုဖို့ကြံနီပါရေ။
ယေဇူးနှင့် ဥက္ကဌကြီး မိန့်ခွန်းပြောလားခရေပိုင် ကမ္ဘာ့အလယ်မှာ
ကကောင်းရှက်ဖို့ကောင်းနီပါပျာ။ ယေကေလည်း သူရို့လူတစု ပျော်တုန်းပါ။
ယင်းကိစ္စကိုသတိထားဖို့ ပြောလိုပါရေ။ ဆိုရေခါ
ကျွန်တော်ရို့ဗုဒ္ဓဘာသာရခိုင်လူမျိုးစွာ ဘုရားဟောဒေသနာတော်နှင့်
သီလကိုစောင့်ရေအတွက် ရခိုင်လို့ခေါ်ပါရေ။ အမျိုးနှင့်သီလကို ကနိမစောင့်ကေ
ကနိရခိုင်မခေါ်ပါပျာ။ (ကပျက်) လို့တောင်ခေါ်ဖို့မရ။
မျိုးဖျက်အဆိုးလို့ခေါ်ရပါဖို့။ ယင်းအတွက်နှင့် ကျွန်တော်ရို့ သတိထားပြီးကေ
လူတစိချေကျန်စွာက လားကတ်ရဖို့စွာပါ။ ပထမ ယင်းအကြောင်းကိုမပြောခင်
ကျွန်တော်ပြောပါဦးမည်။ ရခိုင်ပြည်လားဖို့အင်အားကို ကြည့်လိုက်တေခါ
တော်တော်ခိုင်ခိုင်ခန့်ခန့်နှင့် လားကတ်ရပါဖို့။ ဇာဖြစ်လို့လဲ၊
ကနိလူဦးရေကိုကြည့်လိုက်တေခါ (၂ ဒသမ ၀၆) သန်းဟိပါရေ။ ယင်းအထဲမှာ
စပါးကြီးမျိုရေပိုင် အမျိုးမျိုးသောနည်းလမ်းနှင့်ဝင်လို့ ဘူးသီးတောင်၊
မောင်တောကျလားခပါယာ။
ယင်းအထဲမှာ ဘလောက်ပါရေလဲဆိုခါ တဒင်္ဂမသန်မန်လူမျိုးတိ ရိုဟင်ဂျာဆိုပြီး
ဟိတ်ဟောနီပါရေ။ ရိုဟင်ဂျာလို့ ရခိုင်ပြည်မှာမဟိမှတ်ထားပါ။
ယင်းအချက်ကိုကြည့်ကေ ဇာဖြစ်လို့လဲ။ မျိုလားခလို့။ ဖြစ်တေနည်းနှင့်မျိုရေ။
ခြောက်လို့ခြိမ်းလို့မျိုရေ။ ငွေနှင့်ပေါက်လို့မျိုရေ။ ကနိဘူးသီးတောင်
မောင်တောရောက်ကေ ဥက္ကဌကြီးဦးစောမြအောင်ပြောရေပိုင် နက်ဖန်ခါ
ကုလားတန်ကိုရောက်ဖို့။ ရခိုင်သားရို့ အရာ (၅) နှစ်အတွင်းမှာ
ကျောက်ဖြူမြို့တဖက် ရခိုင်ရိုးမကိုကျော်လို့ ပြီးဖို့ပျင်ထားကတ်ဖိ။
မိမိယော့ယော့နှင့် (ငါရို့နိုင်ငံရေးလုပ်ဖို့မဆိုင်၊
ထမင်းတဆုပ်စားနီရစွာအဖမ်းခံရဖို့။ ငါရို့နှင့်နိုင်ငံရေးဇာဆိုင်လဲ)
လုပ်နီကေတော့ ရခိုင်သားရို့ ပြီးဖို့ပျင်ထားကတ်ဖိ။ အရာမပြောလိုပါယာ။
ကျွန်တော်ပြောရဖို့စကားပြောင့်ပြောင့်ပါ။ ၁၁၄၆ ခု ဘိုးတော်မောင်ဝိုင်း
ရခိုင်ကိုသိမ်းရေနိကပင် ကနိမှာ (၂၀၅) နှစ်ပြည့်ပါဖို့။ ကျွန်သားပေါက်ဖြစ်တေ
(၂၀၅) နှစ်ကာလမှာ ကျွန်စိတ်ပေါက်နီကတ်တေ။ ရခိုင်သားတိ ကနိ
တဒင်္ဂလူမျိုးတိကိုမှီလို့ ကြီးပွားနီရေအတွက်
ယင်းအတိုင်းလားဖို့ကြံနီကတ်ပါရေ။ ကနိ ယင်းအခြေအနေမဟုတ်ပါ။ သတိထားကတ်ပါ။
(၂၀၅) နှစ်မျိုသိပ်ထားရေစကားကို ကျွန်တော်ကနိဖွင့်ပါဖို့။ ကျောက်တော်၊
စစ်တွေမှာဖွင့်ခပါပျာ။ ဇာဖြစ်လို့ဖွင့်ရဖို့လဲ။ ကိုယ့်အမျိုးသားအတွက်
ကျွန်တော်ရို့ ခုလောက်အသက်အရွယ် (၇၄-၇၅) ဖြစ်နီပျာ။ မတန်ကေလည်း
ရခိုင်တိမသိရေအတွက် အေပိုင်ဒုက္ခခံလို့ မဖွင့်ခကေ
သမိုင်းကြွီးဆပ်လို့ကုန်ဖို့မဟုတ်။ လူမျိုးအတွက် ဒေ၀ါကြီးတိထွက်လို့
လားနီကတ်စွာပါ။ ကျွန်တော်နှင့် တခြားပါလာကတ်တေပုဂ္ဂိုလ်တိအားလုံး
ဝါကြီးတိပါ။ ထိုင်နီဖို့တန်ရေအချိန်မှာ မထိုင်ဘဲနှင့်
ဇာဖြစ်လို့လားနီကတ်တေလဲ။ အယင်က အဖျက်သမားပါတီတိက ဇာပြောလဲ။
(၀ါကြီးတိရာလုပ်ဖို့ တက်လာကတ်တေ) လို့ပြောပါရေ။ ကျွန်တော်မပြောချင်ပါ။
အခုရခိုင်ပြည်မှာ ဇာဖြစ်နီလဲဆိုခါ ကျွန်တော်ရို့ရခိုင်ပြည်သည် သျှမ်းပြည်၊
ချင်း၊ ကရင်၊ ကယား၊ မွန်နှင့်မတူပါ။ အနောက်ဖက်က စပါးကြီးတကောင်မျိုနီပါရေ။
ဒေအထဲမှာ မျိုးဖျက်တိ ကွဲအောင်ဖျက်နီရေ။ အေပိုင် ကိုင်ဖို့မရအောင်
ဖြစ်နီစွာကို ကုဖို့လာစွာပါ။ သတိထားကတ်ပါ။
ဆိုခါ ကနိ ဥက္ကဌကြီိးဦးစောမြအောင်ပြောခရေပိုင်
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို စဖွဲ့ရေနိကပင် ဇာလောက်ရောက်ပျာလဲဆိုခါ
မနှစ်ကစဖွဲ့စွာ အခု တနှစ်နှင့် (၃-၄) လရောက်ပါယာ။ သျှမ်း၊ ချင်း၊ ကရင်၊
ကယား၊ မွန်စရေ တခြားတခြားသောလူမျိုးတိမှာ ကကောင်းနောင်းလားပါယာ။
သူရို့တိမှာ တဖွဲ့နှစ်ဖွဲ့ရာဟိရေ။ ရခိုင်မှာ ပါတီဘလောက်ဟိရေလဲ။ (၁၅၅) ဖွဲ့။
ဘလောက်ကြောက်ဖို့ကောင်းပါရေလဲ။ လူကိုကြည့်ကေ (၂) သန်းနှင့် (၆) သိန်း။
ကုလား (၈) သိန်းဟိရေ။ ကျန်စွာအားလုံး ရခိုင်မဟုတ်သိမ့်။
မာရမာကြီးတမျိုးပါရေ၊ ချင်းပါရေ။ မြိုပါရေ။ ခမီးပါရေ။ ယင်းအထဲမှာ
ကမန်ဆိုရေလူမျိုးတမျိုးပါသိမ့်ရေ။ ဒိုင်းနက်ပါရေ။ သက်ပါရေ။ တခြားတခြား
ကုလား၊ တရုတ်၊ တရုတ်ကပျက်၊ ဗမာပါရေ။ ယေခါ ရခိုင်သားတိက
အေလောက်လူနှုတ်လိုက်ကေ ဘလောက်ကျန်ဖို့လဲ။ ရခိုင်သားတိထဲက အေလောက်
ကျန်စွာတိထဲက တဆယ်နှင့်သျှစ်သိန်းခွဲနှုတ်လိုက်ကေ ဇာကျန်ဖို့လဲ။
နင်းပြားဖြစ်နီကတ်ဖိ။ တခုလည်းမလိုပါပျာ။ မပြောလိုပါယာ။
ယလောက်စွာကိုဖျက်လို့ မဟောသထာပြဿနာပိုင် အမျိုးမျိုးဖြစ်နီရေ။
တချို့ပါတီတိကလူတိ ရွာတိုင်းဆင်းပြီးကေ အေက မိခင်ရခိုင်လူမျိုးစစ်စစ်ကို
ဘေးဖယ်ထားကတ်တေ။ မဟောသထာ ပြဿနာကိုကြည့်ပါ။ ကျန်ရေ ပြည်ဖျက်သစ္စာဖောက်တိက
ဘီလူးမကိုအစွယ်ဖြတ်တေပိုင် ဖြစ်နီကတ်တေ။ သတိထားကတ်ပါ။ ကျွန်တော်
မြောက်ဦးမြို့နယ်ကလာပြီးကေ အကြောင်းကြောင်းကြောင့် ကျောက်တော်မြို့နယ်
မဲဆန္ဒအမှတ် (၂) ကို ရောက်လားခပါရေ။ ကျွန်တော် ကျောက်တော်မြို့ကို
စထွက်တေလောက်ကပင် ကျွန်တော်ရို့မရောက်ဖူးရေရွာတိ ကကောင်းအများကြီးပါ။
ဇာပိုင်ပျင်လို့ စည်းရုံးကတ်ဖို့လဲ။
ကျောက်တော်မြို့အကြောင်းပြောရကတ်ဖို့ဆိုကေ ကျောက်တော်မြို့မှာ ရွာပေါင်း
(၃၃၅) ရွာဟိပါရေ။ ကျွန်တော်ရို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က
ကိုယ့်ဖေသာနှင့်ကိုယ် ထူထောင်ထားရေအတွက် လားဖို့စားစရိတ်၊ ဘုတ်စရိတ်
မတတ်နိုင်ပါ။ ခြီကြောင်းလားရပါရေ။ ကျောက်တော်မှာ
ရံပုံငွေထည့်မည့်သူဟိပြီးကေ မြောက်ဦးမှာ ဒင်္ဂါး (၁၀၀၊ ၂၀၀) ထည့်မည့်သူမပေါ်။
ထည့်မည့်သူတချို့လည်း ဟိကောင်းဟိပါလိမ္မည်။ ယကေ ဇာနှင့်အလုပ်လုပ်ပါဖို့။
ယင်းအတွက်နှင့် မြောက်ဦးမြို့ညံ့လားပါရေ။ ကျောက်တော်မြို့မှာ
ကျွန်တော်လာရေခါ ကကောင်းများကြီးတွိရပါရေ။ (တစည) ပါတီ
သူတောင်းစားအလှူခံပိုင် ရံပုံငွေတိလျှံလားပါယာ။ ကကောင်းရလားပါယာ။
ယေခါ ကျွန်တော်ရို့အချေတရွီ ကိုယ့်စွာကိုယ်စားပြီးကေ အငတ်ခံနီလို့
အေအနီထားရောက်စွာ။ ရခိုင်ပြည်မြောက်ပိုင်း ကျောက်ဖြူ၊ တောင်ကုတ် သူရို့ပါတီ
သံမဏိပိုင်နောင်းနီယာ။ ကျောက်တော်နယ်မှာ ကျွန်တော်တရားဟောခါ
ရွာလိုက်လာပါရေ။ မြောက်ဦးမြို့ကရောက်လာဝေးဆိုခါ မရောက်ပါ။
ကျွန်တော်စိတ်ညစ်ပါရေ။ အခုနားက ဥက္ကဌကြီးဦးစောမြအောင်
အခြားလူမျိုးစုတိနှင့်ယှဉ်ပြိုင်ခါ စိတ်ညစ်ရေပိုင် ရခိုင်ပြည် (၁၇)
မြို့နယ် အရပ်ရပ်အမြို့မြို့၊ အနယ်နယ်ကို ပါတီတာဝန်နှင့်စည်းရုံးရေခါ
ပုဏ္ဏားကျွန်းမှာ ခရမ်းတောင်ကိုရောက်ခီပါရေ။
ကျွန်တော်မြောက်ဦးမြို့သားအနီနှင့် မြောက်ဦးမှာဖြစ်ရစွာကို အားလည်းငယ်၊
ရှက်လည်းရှက်ပါရေ။ ဇာပိုင်ပျင်ကတ်ပါဖို့လဲ။ တောင်ပိုင်းမှာ
အားလုံးဝင်လားခယာ။ ရခိုင်သားဆိုစွာ တခါဝင်ကေ ပြန်ထွက်ဖို့မလွယ်။ ရှက်တတ်တေ။
ယင်းအတွက်နှင့် ရခိုင်ပြည်နယ်အတွင်း (၁၇) မြို့နယ်
ကတောက်ကရောက်လုပ်နီကတ်တေအထဲမှာ သူရို့မှာ ရမ်းဗြဲမြို့နယ်က
ဇာပိုင်လူတိပါလဲကြည့်ပါ။ ကျွန်တော်ရို့မှာလဲ မပါစွာမဟုတ်။ ပါပါရေ။
မြောက်ဦးမြို့ ဇာဖြစ်နီရေလဲ။ ကိုယ့်မြို့ကို အပြစ်တင်စွာပါ။
အေအတိုင်းဖြစ်နီကေ ကျွန်တော်ရို့မြောက်ဦးမြို့ နောက်ဆုံးကျဖို့။ ယေကေလည်း
ဟောပြောပုံဟောပြောနည်း လိုပါသိမ့်ရေ။ ထိုကထိုးနှက်ချက်တိကို
မိမ္မရန်ဖြစ်နီစွာထက် ဖြေယှင်းပစ်စွာက ကောင်းပါရေ။
ယင်းထိုးနှက်ချက်တိကိုမဖြေယှင်းကေ ဖြီလို့မပြီပါပျာယ်။ ယင်းအတွက်နှင့်
ကျွန်တော်ပြောဖို့စွာက ကနိ ကျွန်တော်ရို့ဇာလုပ်ဖို့လဲဆိုခါ
အေနိနိုင်ငံရေးမဟုတ်ပါသိမ့်။ နိုင်ငံရေးအတွက်စည်းရုံးရေးပါ။
ဥက္ကဌကြီးမိန့်ခွန်းမှာပါရေပိုင် စည်းရုံးရေးကဏ္ဍမှာ စည်းရုံးရေးမအောင်မြင်ကေ
အခု (၁၀) တန်းစာမီးပွဲဖြေရေပိုင် စာမီးပွဲမှာစာမရကေ စာမအောင်လိုက်ကေ
ဂေဇက်ထွက်ခါ ကိုယ့်နာမည်မပါ။ ယင်းအတွက်နှင့် ကျွန်တော်ရို့သည်
စည်းရုံးရေးမှာ စည်းရုံးရေးကို အောင်မြင်အောင်လုပ်ရပါဖို့။ အလားတူ
ကျောင်းသားမှာလည်း စာမီးပွဲမစစ်ခင် စာရအောင်ဖတ်ရပါဖို့။ ဖတ်ရုံလား။
ဘာသာတိုင်း၌ နားလည်အောင်လေ့ကျင့်ရဖို့။ ယင်းနည်းတူစွာ မြောက်ဦးမြို့မှာ
စည်းရုံးရေးဆိုစွာ ဇာပိုင် ဇာဘာသာနှင့်လားဖို့လဲ။
ဇာပိုင်လားဖို့လဲဆိုစွာမသိလို့ ကကောင်းစိတ်ဓါတ်ကျပါရေ။ တခြားတခြားမြို့နယ်
စည်းရုံးရေးနံပါတ် (၁-၂) အထဲက တက်တက်ကြွကြွမြင်ရလို့ ၀မ်းသာပါရေ။
ဆိုင်းဘုတ်ကြီးတင်လို့ တဟဲဟဲနှင့်လူစုနီလို့ နောက်ဆုံးဂဇက်ထွက်ခါမပါကေ
လားပျာလို့မှတ်။ ယေကေ ဇာပိုင်လုပ်ရဖို့လဲဆိုခါ အေနိစည်းရုံးရေးအချိန်။
စည်းရုံးရေးအချိန်မှာ ဇာလုပ်ဖို့လဲ။ စည်းရုံးရေးလုပ်ရဖို့။ လုပ်ခါ
ဇာမူနှင့်ဟောဖို့လဲ။ စည်းရုံးရေးမှာ လူထုစိတ်ပါလာအောင်
အချက်ကြီးလေးချက်ဟိပါရေ။ အခုသေနားက ဥက္ကဌကြီးပြောရေပိုင် (၁) တန်းတူရေး။ (၂)
ဒီမိုကရေစီစစ်မှန်ရေး။ (၃) မူမှန်ရေး။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်
မူမှန်ဖို့လည်း အရေးကြီးပါရေ။ မူမမှန်ကေမကြိုက်။
ယင်းမူချထားစွာကိုသုံးသပ်ဆောင်ရွက်ဖို့။ (၄) လူမှန်ရေးလို့ (၄) ချက်ဟိပါရေ။
ယင်းလေးချက်မှာ ရခိုင်ရိုးမတဖက်က (၁၇) မြို့နယ်၊ ရန်ကုန်တမြို့နယ်၊ (၁၈)
မြို့နယ်ထဲမှာ ရခိုင်အမျိုးသားကိုယ်စားလှယ်ရို့သည်
ဘဇောင်ပိုင်ပုဂ္ဂိုလ်တိပါရေလဲ ရွီးချယ်လို့တင်ပြထားစွာ ဖတ်ကြည့်ကတ်ပါ။
ပါပါယင့်။ ယင်းအချက်မှာ မိုးဦးကျငပြီတက်တေပိုင် (သူတက်ဖို့၊ ငါတက်ဖို့)
ဖြစ်နီကတ်တေခါ ရခိုင်ပြည်နယ်မှာ (၂၆) နီမှာ (၁၅၅) ယောက်ဆိုခါ
ကျွန်တော်ရင်ဖတ်ဆို့ပါပျာ။ နိုင်ဖို့လား ယင်းသူရို့မနိုင်။
မနိုင်ကေဇာပျင်ဖို့။ မဲဖျက်ကတ်ကေ အေကလျှော့ဖို့။ လျှော့ကေ ကျားသီအသက်ဝင်ပျာ
ကိုက်ဖို့။ ကျားသီအသက်ဝင်ကိုက်ကေ အေလူတိ တကောင်လဲမကျန်ပါပျာလို့မှတ်။
ကောင်နှင့်သုံးစွာ ကျွန်တော်လည်းပါပါရေ။ အားမရလို့ပြောစွာပါ။
ယင်းအတွက်နှင့် ယင်းစခန်းကို ကျွန်တော်ရို့ နနောင်းလားကတ်ရပါဖို့။
ကျွန်တော်ရို့သည် တန်းတူရေးကို ဥက္ကဌကြီးပါးစကထွက်လားခရေပိုင် (သျှမ်း၊
ကရင်၊ ကချင်၊ ကယား၊ မွန်၊ ချင်း၊ ရခိုင်) လူမျိုး (၇) မျိုးသည် (၄၂)
နှစ်တာကာလပတ်လုံး လွတ်လပ်စွာတန်းတူမရခလို့ ပြောက်ကျားလည်းမကန်၊
ပြည်သူလည်းနှိပ်စက်ခံလို့ တတုတ်သီပျာ။ ကိုယ်တွိပါ။ ထိုခါ တနားက
ဥက္ကဌကြီးပြောခရေပိုင်ပါ သဘောပေါက်ပါလိမ္မည်။ ကျွန်တော်ရို့လည်း
သဘောပေါက်ပါရေ။ ရခိုင်နှင့်တကွ ကျန်လူမျိုး (၆) မျိုးက သဘောပေါက်သောကြောင့်
ရခိုင်သည် ဘဇောင်ဥာဏ်နှင့် ဘဇောင်ပိုင်ပျင်နီလဲဆိုခါ ရိုသေမှုမဟိ။
ကိုယ်ရို့မှာ ခြံပြိုလို့။ အခုခြံပြိုစွာကို ပျင်ဖို့စွာပါ။
လုပ်နိုင်ကေလုပ်၊ ကြားမှာ (၁) လခွဲရာ ဟိယာ။ နောက်စည်းရုံးကေရယင့်။
အခုဆင်းခီကေအခုရယင့်။ ချက်ပြီးသားထမင်းကိုစားဖို့လားစွာယာလို့ မထင်ပါကဲ့။
မြောက်ဦးမြို့ကို အကြိမ်ကြိမ်ကျွန်တော်ပြောလိုပါရေ။ ကိုယ့်လူလို့မှတ်လာ။
မလွယ်ပါ။ လေးမြို့ချောင်း တချောင်းနှင့်အစပိုင်း ဒေဖက်ပိုင်း။
ယင်းအတွက်နှင့် ကကောင်းသတိထားရပါဖို့။ တခြားတခြားမြို့တိမှာ ၀မ်းမြောက်လို့
လက်ခုပ်တီးနီကတ်ပါယာ။ မြောက်ဦးမြို့မှာ မဆင်းရပါသိမ့်လတ်။
ဇာအချိန်စည်းရုံးဖို့စိတ်ကူးရေလဲ။ အခုသေနားကစကားကို ပြန်စပါဖို့။ အေမှာ
ညီမျှရေး၊ တန်းတူရေး၊ ဗိုလ်ချုပ်အောင်ဆန်းသည် ပင်လုံကိုလားခီရေ။
လူမျိုးခြောက်မျိုးကိုစည်းရုံးရေ။ ယင်းတိုင်းရင်းသား လူမျိုးတိထဲမှာ
ရခိုင်မပါလို့ ရခိုင်ပြည်ကိုချန်လှပ်ထားခရေ။ သူရို့ မြောက်ဦးမှာ
ကျွန်တော်ရို့နှင့်တွိလို့ ပြောလို့ဟိပါရေ။ ထိုပုဂ္ဂိုလ်သီလားရေခါ
မရလိုက်ပါယာ။ တန်းတူရေးကို ကိုင်ခစွာပါ။ တဒင်္ဂလူမျိုးကို ကိုင်စွာမဟုတ်။
ရလတ်တေခါ (၄၂) နှစ်ကာလပတ်လုံး ရိုးမတောင်ထိုဖက် ရန်ကုန်ကိုလားကေ
မြင်ပါလိမ္မည်။ မှန်ကြည့်ဖို့ရရေလမ်းတိ။ တိုက်တကတိုက် တာတကတာ၊
အလုပ်ရုံကြီးတိ၊ စက်ရုံကြီးတိ ဟိန်းလို့။ ဒေဖက်ကိုကျော်ကေ၊ ပြာပြာဟဟောက်
ကျွန်းရွာချေတရွာဖြစ်နီရေ။ (၄၂) နှစ် လွတ်လပ်ရေးရစွာ
အသူခံစားရေလဲကြည့်လိုက်ပါ။ မျက်စိဖွင့်ကြည့်လိုက်ပါ။
ထမင်းထုပ်ကိုပြလို့ မိသားစုစားနီရစွာဝမ်းသာပြီးကေ ကိုယ့်လူမျိုးကို
အောက်တွင်းသွင်းပြီး စည်းရုံးနီကတ်တေ။ ကောင်းကောင်းသတိထားကတ်ပါ။
ပြည်ဖျက်လား။ တိုင်းဖျက်လား။ ရခိုင်ပြည်ဖျက်ဖို့ကြံနီကတ်တေလားလို့။
ကကောင်းကြောက်ဖို့ကောင်းပါရေ။ အဂု ကျွန်တော်ရို့
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရေ လူမျိုးစုတိနန့်စုမိပါဗျာယ်။ ၀မ်းသာကတ်ပါ။
တန်းတူရဖို့အရေးဆောင်ရွက်ထားဗျာယ်။
ဝမ်းသာကတ်ပါ။ ကိုယ့်လူကိုကိုယ် ပြုစုကတ်ပါလို့ တိုက်တွန်းလိုပါရေ။
(ကိုင်) ဘဇောင်ပျင်ဖို့လဲ။ စစ်တွေမြို့မှာ တပ်ပေါင်းစုဆိုပြီးကေ
ကျောင်းသားဂေါင်းကို ရောင်းပြီးကေ ရက္ခိုင်ကျောင်းသားများအဖွဲ့
ငါရို့ဖက်ပါရေဆိုပြီးကေ စာအုပ်တိထုတ်နီကတ်ပါရေ။ စစ်တွေမြို့က
ရခိုင်ကျောင်းသားများအဖွဲ့က မခံမရပ်နိုင်လို့ပြောရေ။ ငါရို့မပါကိုး။
အကိုရို့ ဇာလုပ်ကတ်စွာလဲလို့ ပြောပါရေ။ ယင်းပိုင်ရောင်းစားနီကတ်လို့
ပုဏ္ဏားကျွန်းမြို့တမြို့ပြိုလားခရေ။ အေအချက်တိ ဇာလုပ်စွာလဲ။
ကျွန်တော်ရို့ဥက္ကဌကြီးပြောရေအတိုင်း စစ်တွေမြို့မှာ အလီလီ။
ကျောက်တော်မြို့မှာလည်း အလီလီ။ မြောက်ဦးမှာလည်း
ကျွန်တော်ရို့ပါးကိုလာကတ်တေ တခုပိုင်လည်း စည်းရုံးလို့မရခပါ။ မရခစွာ
အသူ့လက်ညှိုးထိုးလို့လဲ။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ရခိုင်ပြည်
တစည်းတရုံးတည်း အင်အားတခုတည်း လားဖို့စွာကိုမရ။
ရခိုင်တမျိုးသားလုံး၏အဖျက်သမားဆိုပြီးကေ စာတန်းထုတ်ပါရေ။
ယင်းပိုင် ပေါင်းစည်းလို့မရရေအကြောင်းပြောခါ
ပေါင်းစည်းရေးကိစ္စနန့်ပတ်သက်လို့ အစည်းအဝေးချခါ ဟုတ်စွာမဟုတ်စွာ မသိ။
မကြားဖူးခါ ပါလားခစွာမြို့တိဟိပါရေ။ ပေါက်တောမြို့ပါလားရေ။
ကျောက်ဖြူတခြမ်းပါလားရေ။ ယင်းသူရို့နှောက်ယှက်လို့။
အဂုယင်းသူရို့နှောက်ယှက်စွာကိုလိုက်ပြီး လုပ်နီရပါရေ။
စည်းရုံးရေးကိုပစ်ခလို့ ဘလောက်နောက်ကျပါလဲ။ လပိုင်းဟိပါဗျာ။ ထိုတရက်နိက
စစ်တွေ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က စာရွက်ချေတရွက်ထုတ်လိုက်ပြီးမှ
အရှက်ရလို့ ငိုသူငို ရယ်သူရယ် ဖြစ်လားခပါရေ။ ဘလောက်နှောက်ယှက်ပါရေလဲ။
စာရွက်ထုတ်ရအောင်ထိဖြစ်လားပါရေ။ ကျွန်တော်ရို့ရခိုင်သားတိထဲက
ကျွန်တော်တနားက လူဦးရေပြခရေပိုင် ဒေဖက်ကကျန်ရစ်တေ လူဦးရေ (၁) သန်း (၂)
သန်းမျလောက်နန့် လားရဖို့စွာပါ။ အားလုံးညီညွတ်နိုင်မှ ဖြစ်ပါဖို့။
သျှမ်းမှာ (၆၂) နီရာရစွာ အပြိုင်အဆိုင်ဆိုကေ (၂) လီတိုး။ ဥပမာအားဖြင့်ဆိုကေ
(တစည) (၆၂) နီရာ၊ သျှမ်း (၆၂) နီရာ (၁၂၄) နီရာလားရပါဖို့။ (၁၂၈)
နီရာလောက်ရာဝင်ပါရေ။ ယင်းပိုင်စွာမှာ (၂၆) နီရာမှ (၁၅၅) ယောက်။
(ရခိုင်သားရူးလာ) လို့မိန်းစရာ ဟိပါရေ။ လူမျိုးစုတိက ရယ်နီပါဗျာ။
ဘဇောင်စွာလဲဥက္ကဌကြီး ရှက်တေ။ ကျွန်တော်လည်း ရှက်ပါရေ။ တခါတခါ တိုင်ပင်ပါရေ။
(ငါရို့လုပ်စွာမှားဗျာယ်ဟန်) လို့။ ကိုယ်စွာကိုယ် လက်ကိုင်မရကား။
(ရခိုင်သားအရူးတိကို) လို့ စဉ်းစားကတ်ပါရေ။ ကျွန်တော်နန့်တကွ
ကျွန်တော်ရို့ရခိုင်သားတိအားလုံး ပါရေလို့မှတ်ပါ။ သို့သော်
ကျွန်တော်ရို့မရသိမ့်ကေလည်း သည်းခံလို့နီရဖို့လားဆိုခါ မနီပါ။
ကျွန်တော်ကိုယ်တိုင် ဓိဌာန်ချက်နန့် သီအောင်လုပ်ပါရေ။ ကျွန်တော်ကိုယ်တိုင်
(၁) လနန့် (၁၀) ရက်လောက် ကုလားတန်တရိုး၊ ပြိန်းချောင်းတရိုးတက်ကေ မတန့်ခပါ။
ထိုမြို့ဒေမြို့က အကူတောင်းလို့ ပုဏ္ဏားကျန်းမှာ ကူခရပါရေ။
ပိုးရီပြင်ကလာစွာပါ၊ မိုးရွာကေ ထီးဆောင်းလို့။ ဆိုရေခါ ကျန်တော်ရို့
စိတ်မပျက်ကတ်ပါကဲ့။ ရရေပိုင် တတ်နိုင်သည့်လမ်းကြောင်းက ၀င်ပြီးနီပါ။
မြောက်ဦးမြို့တောင်ခြမ်းနန့် မြောက်ခြမ်းမှာ (၄) သောင်းကျော်ထိ ဟိပါရေ။
မဲဆန္ဒသျင် (၂) သောင်းကျော်ရကေ ကျွန်တော်ရို့နိုင်ပါဖို့။ အခြားသူတိ
ခွဲချင်ပိုင်ခွဲလီ (၂) သောင်း (၅) ထောင်ရကေ ကျွန်တော်ရို့လက်ခုပ်တီးလို့
ကကတ်ဖိ။ ယင်းအကြံကို ပီးလိုပါရေ။ ထိုင်မနီကတ်ပါကဲ့။
ကျွန်တော်ရို့အားလုံး ကျီလားပါယာ။ ကျောက်တော်မြို့ကို ၀င်လိုက်ကေ
ကျောက်တော်မြို့နယ် ကောင်းကောင်း ကြောက်ဖို့ကောင်းပါရေ။
ကုလားရလားဖို့ပျင်ခါ ကျောက်တော်မြို့အတွက် မီးပိုင်ပူပြီးကေ လူကြီးရွယ်တူ
(၁၅၀) လောက် ကျွန်တော်ရို့နန့်တွဲပြီးလိုက်ပါရေ။ လူလတ်တိ၊ လူငယ်တိ
အားလုံးတွဲပြီးကေ ဖေသာဟိရေ ဆီစက်ပိုင်သျှင်တိ၊ စက်ရုံပိုင်သျှင်တိ
တယောက်တယောက်ကို (၅) ထောင်၊ (၆) ထောင်ထည့်ပြီးကေ လုပ်လိုက်လို့
အဗြင်းအောင်လားခပါရေ။ မြောက်ဦးမြို့မှာပိုင် (၅၀၀) မလှူဝံ့၊ (၁၀၀၀)
မလှူဝံ့ကေ ကျောက်တော်မြို့ကျပါရေ။ ကျကေ ဆင်းပါယာ။ တချိန်တည်းနန့်
ပိုင်းဖြတ်နီကတ်ပါရေ။ ဇာဖြစ်လို့လဲဆိုကေ ရွာတိုင်းရွာတိုင်းမှာ
ထိုးနှက်ချက်တိ ပြည့်လားခရေအတွက် စည်းရုံးရေးဆိုင်ရာမှာ
ကိုယ့်ဖဲသာနန့်ကိုယ် လိုက်နီရရေ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရေ
လှူဖို့သူမဟိကေ စည်းရုံးရေလူမှာ တာဝန်မဟိပါ။ မြောက်ဦးမြို့သားတိမှာ
တာဝန်ဟိရေလို့ မှတ်လီပါကတ်။ ကနိ ဖွင့်လို့ပြောပါရေ။ အမျိုးဘာသာအတွက်
အေပိုင်လုပ်လို့လဲမရလိုက်ကေ ပြည်ပျက်ဖို့၊ အများ နှစ် (၂၀) မကြာပါဗျာယ်။
အကုန်သူတိ နက်ဖန်ခါ တတုတ်ကုန်ဖို့စွာ မှတ်လီပါ။ ပြည်ကိုတည်ထောင်လို့
မရလိုက်ကေ ပြောစွာပါ။ အဂုဇာလဲ။ စည်းရုံးရေး။ စည်းရုံးရေးမှာ ဇာလဲ။
တန်းတူညီမျရေးနန့်ပြောလို့ စည်းရုံးရပါရေ။ တန်းတူညီမျရေးကို နက်ဖန်ခါ
အစိုးရမှာ ဖွဲ့စည်းလားဖို့။ မရကေ အရာ (၂၅) နှစ်တောင်မကသိမ့်လို့ နှစ် (၅၀)
ခံဗျာလို့မှတ်လီ။ နောက်ကုန်းမှာ ဖဖြုတ်ရီ ထနီဗျာ။ သံခွါရာ အရာလည်း
ခံချင်ကတ်သိမ့်ရေ။ (ငါ့အိမ်သားလွတ်ကေကျီ။ ပြည်သူကို နှိပ်စက်ကေ စက်ပတ်စီ)
ဆိုစွာ ဇာပိုင်စွာအမျိုးလဲ။ ရခိုင်ပင်ဟုတ်သိမ့်ယင့်လားလို့
ကျွန်တော်ပြောစွာပါ။ တန်းတူရရေးကို ကျွန်တော်ရို့ဥက္ကကြီး အကြံပီးချက်အရ
ရခိုင်က အကြံပီးချက်အရ၊ အားလုံးတူညီထားပါဗျာ၊။ လူမျိုးများထဲမှာ
မြန်မာတမျိုးကိုပယ်ကေ ကျန်လူမျိုးစုတိရေ ဆင်းရဲခံဖက် နှိပ်စက်ခံဖက်ဖြစ်လို့
ကနိ စုရုံးဗျာ အင်အားစုတခု ဖြစ်နီပါဗျာယ်။
လူမျိုးစုထဲမှာ လူမျိုးချေတိ ဟိပါရေ။ ကချင်မှာ (၃၇) မျိုးလောက်ဟိပါရေ။
သျှမ်းမှာလည်း (၃၀) ကျော်ဟိပါရေ။ ကရင်မှာလည်း ယင်းပိုင်ပါ၊ ကွဲဖို့ဆိုကေ
ယင်းလူမျိုးစုတိစွာ ဘာသာမတူ။ အ၀တ်မတူ။ ကွဲဖို့သင့်ပါရေ။ အဂု နှစ်ဖွဲ့မဟိပါ၊
ဇူမီးချင်းနန့် တောင်ပေါ်ချင်းစွာ အမျိုးမတူ။ စကားမတူ၊ သို့သော်
တဖွဲ့တည်းပါ။ ဇူမီးချင်းလည်းချင်း။ တောင်ပေါ်ချင်းလည်းချင်း။ သို့သော်
ချင်းပြည်ကို (တ-စ-ည) မ၀င်ဝံ့ပါ။ အနည်းငယ်မျှရာ ၀င်ဝံ့ပါရေ။ ခိုင်စွာ
တပ်ကောင်းစွာကိုမြင်လို့ မ၀င်ဝံပါ။ ချင်းမှာ အောင်ပြီးသားပါ။
အနီအထားကောင်းပါရေ။ ဒေလူမျိုးစုထဲမှာ ချင်းအတော်ဆုံးပါ။ တနားက
ဥက္ကဌကြီးပြောခရေ နောက်မွန်။ ကချင်၊ သျှမ်း၊ အားလုံးတော်ပါရေ။
အေရခိုင်လူမျိုးစုရေ ဇာဖြစ်နီလဲ။ ကျွန်သက်ရှည်လို့ ကျွန်စိတ်ဝင်နီရေ။
ပြောင့်ပြောင့်ပြောဖို့ဆိုကေ အေလူတိအပြစ် မဟုတ်ပါ။ (၁၁၄၆) ခု
ရခိုင်ပြည်ကြီးပျက်ပြိုကတည်းကပင် အေနိအထိ (၂၀၅) နှစ်တိုင်တိုင်
ကျွန်စိတ်ပေါက်နီရေရခိုင်သားသည်၎င်း၊။ လွတ်လပ်ရေးရလို့ လွတ်လပ်ရေးအရသာ
မခံစားရရေ (၄၂) နှစ်ကာလအတွင်း ရခိုင်သားသည်၎င်း၊ အမြတ် (၂) ခုထွက်ပါရေ။
ဇာအမြတ်လဲ။ (တစ်) ကြောက်စွာနန့် (နှစ်) မွဲစွာ (၂) ခု အမြတ်ထွက်တေမှတ်ပါ။
အရာ အေအမွီကိုယူဖို့ဆိုကေ အေအတိုင်းထိုင်နီကတ်ပါဖိ။ ယင်းအတွက်နန့်
ကျွန်တော်ရို့ရေ ဇာပိုင်စည်းရုံးလားရဖို့လဲ။ တန်းတူရေးကို လူမျိုး (၁၉)
မျိုးသဘောတူလို့ ချပြီးဆွဲထားပါဗျာ။ ဇာအခါတင်ဖို့လဲ။ ကျွန်တော်ရို့ အဂ
ုဇာပိုင်ထင်မြင်ကတ်တေလဲဆိုကေ ကျွန်တော်ရို့က တခြားတခြားသော
အဖွဲ့အစည်းရို့သည် သိလျက်နန့်မိုက်နီစွာတမျိုး။ သိလျက်နန့်
ကိုယ်လူကြီးဖြစ်ပြီးကေ ကိုယ့်မိသားစု ထမင်းတဆုပ်စားရကေ ကျီဗျာဆိုရေ
ပါတီတိပါပါရေ။ ယင်းချက်က ဇာခါလဲဆိုကေ အယင် (ဖဆပလ) ပါတီ
ပါလီမာန်မှာအမတ်ဖြစ်ပြီးကေ တက်ဆွေးနွေးခီရဖို့ပိုင် အလားတူထင်လို့ပါ။
ယလောက်ထိ အထင်သေးသောရခိုင်လူမျိုးသည် ဇာပိုင်လူမျိုးလဲ။ ကနိ ယင်းမျိုး
အနီအထားမဟုတ်ပါ။ မဟုတ်ကြောင်းကို ကျွန်တော်ပြောပါမည်။ ရခိုင်ပြည်ကြီးသည်
တိုင်းကြီး (၁၂) တိုင်း၊ ၀တီ (၇) ရပ်နန့် ဖွဲ့စည်းလာရေ
ရက္ခပူရနိုင်ငံတော်ကြီးသည် အရှိတောင်အာသျှမှာ နှစ်ပေါင်းငါးထောင်တိတိ
ကြီးမားနီခရေနိုင်ငံကြီးပါ။ ကနိဇာဖြစ်လို့ ခွီးဖြစ်လားခရေလဲ။
အေပိုင်သစ္စာဖောက်တိကြောင့်။ ရခိုင်ပြည်ကြီး ခွီးဖြစ်လားခပါရေ။
အေကန္တ ဇာပိုင်ခွီးဖြစ်လားခရေလဲဆိုစွာ ကျွန်တော်ပြန်ပြီး
ဝတ္ထုပြောပြပါဖို့။ ရခိုင်ပြည်ကြီးပျက်ပြီးသည်နောက် အသူပိုင်ရေလဲ။
မြန်မာမြို့ဝန် အနှစ် (၄၀) ပိုင်ပါရေ။ စစ်အာဏာနန့်အုပ်ချုပ်လားခရေအတွက်
ကျွန်တော်ရို့ မော်ကြည့်ဖို့ မရ။ နောက် အင်္ဂလိပ်သိမ်းလာလတ်တေ။ အနှစ် (၁၁၂)
နှစ်ပိုင်ရေ။ နောက်ဆုံး ဆရာတော်ဦးဥတ္တမအာသျနီဝန်း အလင်းရောင်ပြလိုက်လို့
တိုင်းပြည်ကြီးလွတ်လပ်လားခရေ။ လွတ်လပ်ပြီးသည့်နောက် (ဖဆပလ)
အဖွဲ့ချုပ်ဖွဲ့ရေ။ မဖွဲ့ခင်မှာ အင်္ဂလိပ်အစိုးရလက်ထက်ခါ အေမှာရောက်ဟိနီရေထဲက
အသက် (၆၀) ကျော်ဟိရေ လူကြီးတိသိပါလိမ့်မည်။ (၉၁) ဌာနနန့်
ဒိုင်အာခီအုပ်ချုပ်ရေးလို့ တခုလဲ ရခိုင်သားကောင်းစားဖို့စွာမပါ။ အနှစ်
(၁၁၂) နှစ်ခံခပါရေ။ သို့သော် ကိုင်တွယ်ပုံသည် ညှင်းပမ်းလို့မအုပ်ချုပ်။
လျော့ပြီးအုပ်ချုပ်တေအတွက် အစာဝရေ၀က်ပိုင် ပျော်ပါရေ။ (၁၁၂) နှစ်
အုပ်ချုပ်ပုံသည် (၉၁) ဌာနနန့် ဒိုင်အာခီအုပ်ချုပ်ရေး
အရေးကြီးစွာတခုလည်းမပါကေလဲ့ လွတ်လပ်စွာ စပါးတိရောင်းချနိုင်ရေအတွက်
ဖဲသာတပြားတချပ်ချမ်းသာလို့ ကျေးဇုသျင်လို့ ပြောဖို့ကျပါရေ။ ယင်းပိုင် ဘ၀က
နီမ၀င်နိုင်ငံဖြစ်တေ အင်္ဂလိပ်မင်းနိုင်ငံအစိုးရကို အိန္ဒိယပြည်က
သန်းပေါင်းထောင်ကိုချီလို့ ဟိရေ။ ပညာဟိအပေါင်းလည်းဟိရေ။ မပြောဝံ့။ ထိုဖက်က
ဂျပန်ပြည်မပြောဝံ့။ အေဖက်က ကမ္ဘာမှာ လူဦးရေအများဆုံး တရုတ်ပြည်ကြီး
မပြောဝံ့။ မြန်မာပြည် မပြောဝံ့။ ယလောက်ထဲမှာ ရခိုင်မသားထဲက မွီးလာရေ
အာဇာနီပုဂ္ဂိုလ်ကြီး ဦးဥတ္တမပေါ်လာပါရေ။
ယင်းအချိန်မှာ ရန်ကုန်မှာဘုရင်ခံမင်းကြီးသည် မစ္စတာကရက်ဒေါက်ပါ။
ကရက်ဒေါက်လွန်ပြီးမှ လွတ်လပ်ရေးရခါ (ဆာကိုပတ္တလာ) လက်ထက်မှာရစွာပါ။
ကရက်ဒေါက်လက်ထက်မှာ မစ္စတာကရက်ဒေါက်ကို မော်မကြည့်ဝံ့ကတ်။
ကျွန်တော်ရို့အရွယ်လောက်ဟိရေ အေပုဂ္ဂိုလ်ရို့သိပါလိမ့်မည်။
မြောက်ဦးမြို့မှာ မြို့ပိုင်ချေတယောက် ရှိကဖြတ်သန်းလားကေတောင်က
(ရှိခိုးပါရေအသျင်ဘုရား) လို့ ရှိခိုးနီရရေအချိန်ပါ။ လျောက်လွှာမှာလည်း
(သနားခံရှိခိုးလျောက်ထားအပ်ပါ၏) လို့ ရွီးရရေအချိန်ပါ။
ယင်းပိုင်အချိန်မျိုးမှာမှ ရခိုင်အာဇာနီ အာသျနီဝန်းဆရာတော်ဦးဥတ္တမက
မစ္စတာကရက်ဒေါက်ကို (ကရက်ဒေါက်မင်းထွက်လားလီ) လို့ နှင်ပါရေ။ ကမ္ဘာမှာ
နာမည်တထွက်ကြီး ထိုးတက်လားခပါရေ။ ယင်းအကြောင်းနန့် ဆရာတော်ဦးဥတ္တမ
စည်းရုံးလိုက်တေခါ အိန္ဒိယမဟာသပအသင်းကြီးမှာ ဥက္ကဌနာယကဖြစ်ပါရေ။ နောက်
ဂျပန်ပြည်၊ တိုကျိုမှာ ဥက္ကဌနာယကဖြစ်ပါရေ။ ထိုနည်းတူ
တရုတ်ပြည်ကဂေါင်းဆောင်ကြီးဆွန်ယက်ဆင်ခေါ်လို့ လားခီပါရေ။ အာသျနီဝန်းကြီး
ဆရာတော်ဦးဥတ္တမ၏အမြင်ကို ကျွန်တော်ပြောပါမည်။ ရခိုင်ပြည် လူတသန်းချေဟိစွာက
ငါရခိုင်သားဖြစ်ယင့်သားနန့် ဦးဆောင်လိုက်ကေ
ကကြွတ်ကြီးချိုးပစ်လိုက်ဖို့ဗျာ။ အေအချက်သည် စုပေါင်းလုပ်ဆောင်မှ
ဖြစ်ဖို့ဆိုပြီးကေ အာသျှတိုက်တတိုက်လုံးကိုစုပေါင်းပြီး
အလင်းရောင်ပြခရေအတွက် ဆရာတော်ဦးဥတ္တမသည် (အာသျှနီဝန်း) ဟူသောစကားကို
ရခပါရေ။
ကနိရခိုင်သားတိမသိ။ ကျေးဇူးမသိရေအတွက် အဖကိုပုန်ကန်လို့
အဂုပိုင်ဆင်းရဲနီရေလို့မှတ်။ ဆရာတော်ဦးဥတ္တမတရားဟောရေခါ စစ်တွေမြို့မှာ
ရွှေပေါင်ခံရေ။ ငွေချီးစားရေ။ လယ်ငှားစားရေ။ စပါးစိုက်တေ။ စားနီရရေခါ
လူတိစွာ နိုင်ငံရေးကိုစိတ်မ၀င်စားရေအပြင် ဇာပြောလဲ။ (ဘုန်းကြီးဆိုဝါ
နိုင်ငံရေးလုပ်တေ) လို့ဆိုခါ ဆရာတော်ဆွမ်းခံလို့ဆွမ်းမရ။ ရခိုင်သားတိ
ရခိုင်သမတိစွာ ယင်းပိုင် ပုန်ကန်ခလီရေအတွက် ဆရာတော်ဦးဥတ္တမရေ
ရခိုင်ပြည်ကိုစွန့်လို့ တခါတည်းနန့် အိန္ဒိယပြည်ကြီးနန့်
ဂျပန်ပြည်မှာနီလီစွာ နောက်မြန်မာပြည်မှာနီပါရေ။
သခင်ကိုယ်တော်မှိုင်းအတ္ထုပ္ပတ္တိ သိန်းဖေမြင့်ရွီးရေစာအုပ်ကို ကြည့်ပါလီ။
ယင်းစာအုပ်မှာ ဆရာတော်ဦးဥတ္တမကို ခွီးပိုင်ရွီးထားပါရေ။ ဇာဖြစ်ပါလို့လဲ။
ဆရာတော်ဦးဥတ္တမသည် အာသျတိုက်ကိုစိုးခလို့ အင်္ဂလန်တိုင်းပြည်မှာ
ဟုမ္မရူးကိုတောင်းဖို့လားခီရေ ဦးဘဖေ၊ ဦးရှိန်တည်းဟူသော (၂) ယောက်။
အေဦးဥတ္တမတရားကြောင့်။ သခင်ကိုယ်တော်မှိုင်း သခင်ပါတီကိုထူထောင်ရေ။
မြန်မာပြည်ကြီးမှာ သခင်လို့ပေါ်လီရေ။ အသူ့ကျေးဇူးကြောင့်လဲ။
ဆရာတော်ဦးဥတ္တမကျေးဇူးကြောင့်။ နောက်ဆုံး ဆရာတော်ဦးဥတ္တမကို
မန္တလေးအစည်းအရုံးတခုကို ဖိတ်တေဆိုခါ ကမ္ဘာနန့်အရေးကြီးရေ ကမ္ဘာ့မှာညီလာခံကြီး
တရုတ်၊ ဂျပန်၊ အိန္ဒိယပြည်ကြီး သုံးပြည်မှာ အိန္ဒိယမဟာသဗအသင်းကြီးက
ဖိတ်ထားစွာယင်လို့ လားခီရေအတွက်ကြောင့် (ငါရို့ကိုအရေးမစိုက်) ဆိုပြီးကေ
ခွီးပိုင်ရွီးထားပါရေ။ ဟုတ်ဖို့လားမှန်ဖို့လား ကြည့်ကတ်ပါလီတချက်။
နောက်ဆုံး မြန်မာပြည်သို့ ပြန်လာလတ်တေခါ ဆရာတော်ဦးဥတ္တမကို
အရေးမစိုက်သည့်အပြင် တချို့တချို့လူတိ ယှဉ်းကပ်ပလိုက်စွာမှာ ဆရာတော်ဦးဥတ္တမ
ရူးလားခပါရေ။ ရန်ကုန်မြို့မှာ နပျိုးသီးခွံကောက်စားလို့။
ဆီးလိပ်ပိုင်းကောက်စားလို့။ နောက်ဆုံး ညောင်တုံးတိုက်မှာ ကွယ်လွန်လားပါရေ။
သတိထား။ ယင်းအတွက် အေလောက် ကျေးဇူးသျင်ကြီးဖွင့်ခလို့
ကနိမြန်မာပြည်ကြီးလွတ်လပ်ရေးရနီစွာ။ ဆရာတော်ဦးဥတ္တမရုပ်ထုသည်
ကမ္ဘာပေါ်မှာတက်လို့မဟိ။ ဦးဝိစာရကတော့ ရွှေတိဂုံဘုရားနောက်က ဟိလီပါယင့်။
သို့သော် ရခိုင်သားတိ ယင်းအချက်တိကို မသိလိုက်ကေ
အာသျတိုက်ကိုအလင်းရောင်ပီးခရေဆရာတော်ကို အိန္ဒိယကထုတ်တေ
အိန္ဒိယသမိုင်းကြီးမှာ အင်္ဂလိပ်ဘာသာနန့်ထုတ်တေစာအုပ်မှာ ရွီးထားပါရေ။
ဇာရွီးထားလေ။ ဘုရားရုပ်တော်ပိုင် ရွီးထားပါရေ (The Light of Asia)
(အာသျှတိုက် အလင်းရောင်) လို့ ရွီးထားပါရေ။
ကနိ ရခိုင်သားရို့ရေ ကျွန်တော်ရို့အဖမဟိလို့ အေပိုင်ခံနီရရေ။ (ငါရို့၏
ကမ္ဘာကိုဂေါင်းဆောင်ပြီး ဖခင်ပြုလားခရေ ရခိုင့်ဂေါင်းဆောင်ကြီးကို အေနိ
မမိခြင်းအားဖြင့် ငါရို့သည်အောင်မြင်အံ့) ဟူ၍ ပထမဆုံး ဆရာတော်ဦးဥတ္တမကို
ဂါရ၀ပြုကတ်ပါ။ ကျေနပ်ကတ်ပါ။ ကျောက်တော်မြို့မှာကျခါ အေအချက်ကို
လွမ်းလွမ်းဆွီးဆွီး တေးခြင်းချေတပုဒ် (၃) မိနစ်၊ (၃) စက္ကန့်လောက်လုပ်ပြီးကေ
ဖွင့်ခပါရေ။ (အိုအသျှင်၊ ကျေးဇူးတော်အသျင်ဦးဥတ္တမ
ရခိုင်သူရခိုင်သားရို့၏မြီးငယ်မြစ်ငယ်ရို့ကို အဂုအခါ ဇာဘုံဘ၀မှာပဲဖြစ်ဖြစ်
တချက်ချေလာပြီး ကြည့်ပါ။ ကျွန်တော်ရို့ ဦးချပါ၏) လို့ ဦးချခပါရေ။ ဆရာတော်
ဦးဥတ္တမအရုပ်နန့်တကွ ကျွန်တော်ရို့ဦးချစွာပါ။
ကျွန်တော်ရို့၏ကိုယ့်တိုင်းကိုယ့်ဒေသတိမှာ တဒေသနန့်တဒေသမတူပါ။ တိုင်း
(သို့မဟုတ်) ပြည်နယ်တိမှာဆိုကေ ကိုယ့်ဒေသ၏စီးပွားရေး၊ လူမှုရေး၊
တရားစီရင်ရေးတိကိုဆွဲရပါဖို့။ မပေါ်ပါသိမ့်လည်း အဂုထိုမှာ
ဇာပိုင်မျိုးဖြစ်လာမည်ကားမသိ။ ဆိုကေ အသူ့ပါးကတောင်းရဖို့လဲ။ လာဘန်ဗျာကား
ရခိုင်သား။ ကကောင်းပညာဟိရေကား၊ ယင်းသူရို့ပီးမှ ရမည်နန့်။
ဥပမာတခုပြောပါမည်။ ဒီမိုကရေစီလမ်းကြောင်းမှာ ဒီမိုကရေစီဆိုစွာကိုပြောပါမည်။
ယင်းပိုင်ပြောနီရေရခိုင်သားလူကြီးတိ စာတတ်တိ အသံချပ်ချပ်နန့်ပြောနီစွာတိ
နိုင်ငံရေးခေါင်းဆောင်တိ ဝါရင့်တိ တချို့က
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကဦးစောမြအောင်ကို မတတ်၊ နိုင်ငံရေးနားမလည်၊
ပလင်စနီတလုံးလတ်။ ကွက်စိတပိုဒ်နိုင်လိမ့်မည်ဆိုပါရေ။ ဆိုပတ်စီ ကိစ္စမဟိပါ။
သူရို့ပြောလိုက်ကေ နိုင်ငံရေးဝါတော်ကြီးတိ နိုင်ငံရေးမှာ အနှစ် (၄၀)
လုပ်ခရေ (၃၀) လုပ်ခရေလတ်။ ယင်းချက်ကိုပြောရပါဖို့။ စစီးနားထောင်ကတ်ပါ။
ကနိထမင်းငတ်ပျာယ်မှတ်ပါဖိ။ မစုံကေမကောင်း ပြောရဖို့။
နိုင်ငံရေးဝါတော်ကြီးကို ကျောက်တော်နန့်စစ်တွေမြို့မှာ ပြောခပါဗျာ။
နိုင်ငံရေးဝါတော်ကြီး။ အဝေ ဆရာတော်ကြီးဝါတော် (၄၅) ဝါရရေ။
ဓမ္မစရိယရွှေထီးဆောင်းလာလတ်စွာ ကနိပါရာဇိကကျကေ အသုံးမကျဗျာ။
မင်းရို့နိုင်ငံရေးခေါင်းဆောင်တိ ဝါတော်ကြီးတိ သွီးစွန်းသောလက်ဖြင့်
ပါရာဇိကကျနီဗျာ။ ရခိုင်ပြည်ကိုခေါင်းဆောင်ဖို့လာစွာ
ဘစောင်မျက်နှာနန့်လာရေလဲလို့။ ဗြောင်ပြောခပါရေ။ အသာချေပြောလို့ မရပါဗျာ။
ယေခါ ကျွန်တော်ရို့ဘဇောင်နည်းနန့်၊ ဇာဥပဒေပင်ရရ ဖယ်ဒရယ်ပင်ရရ
ဖယ်ဒရယ်မဟုတ်ကေ တခြားရချင်စွာကိုရရ ဒီမိုကရေစီအစစ်ရကေ
ကျွန်တော်ရို့တန်းတူရေးကိုဆွဲရဖို့။ ယင်းအတွက်နန့်
ဗမာအသုံးအနှုံးကိုဖျောက်လို့ မြန်မာလို့ဆိုရေကား။ အကြောင်းက သူရို့စွာ
လူမျိုးစုနန့်မသင့်မမြတ် ဖြစ်ပါလတ်တေ။ လူမျိုးစုနန့်မသင့်မမြတ်ကေ
ပြည်တွင်းပြည်ပ သူပုန်ထလို့ အစိုးရမှာ ငွေကုန်ကျရေ။
တိုင်းပြည်တည်ဆောက်ရေးကိုလုပ်ဖို့မရ။ ယင်းအတွက်နန့်
တိုင်ပြည်မွဲလားခရေလို့မှတ်ပါ။ ယင်းအချက်ကို ဖက်ခွက်တပ်မတော်က မလိုလားပါ။
မလိုလားရေအတွက် (ပြည်ထောင်စုမပြိုကွဲရေး) လို့ ဟောနီစွာပါ။ ဆိုခါ
အေခရီးကလားရေခါ ကျွန်တော်ရို့ကို အနာရှာလို့မရပါ။ စည်းရုံးရေခါ
စကားမလွန်ပါစီကဲ့။ လူမျိုးရေးကိုထိခိုက်၍မရပါ။ ဥပဒေနန့် ဆန့်ကျင်၍လည်းမရပါ။
ယင်းပိုင်လားဖို့ဆိုခါ ရခိုင်ပြည်မှာ ဥက္ကဌနန့်ဖွဲ့စည်းလို့ရဖို့လား။
ရခိုင်တိုင်းဒေသတခုလုံးမှာ ဥက္ကဌနန့်ကောင်စီကိုရာ အဆင့်ဆင့်ဖွဲ့ဖို့လား။
လွန်ခရေဆယ်နှစ်လောက်က မေဇူတိသူပုန်ထရေခါ ပလက်ဝကိုကျရေလတ်။
ကြားဖူးကြပါလိမ့်မည်။ အဂု ပလက်ဝချောင်းဒေဖက် မကျေးပင်ချောင်း
ထိုဖက်ကိုကျော်ခါ မီဇူရမ်ဆိုပြီးကေပြည်နယ်ရလို့ သမ္မတနန့်ပါ။
အိန္ဒိယအစိုးရကပီးလိုက်စွာ အဂုထိုဖက်ကမ်းကိုကြည့်လိုက်တေခါ
တိုက်တာအဆောက်အဦးတိ ဟိမ်းနီယင့်။ ရခိုင်သားမျိုးမှာဝါ နှစ်ပေါင်း (၂၀ဝ)
နှစ်ဟိလတ်ပျာ။ ဂန်ဒဂေါက်နန့်၊ အုန်းထရံနန့်။ ဝါးထရံ၊ အုန်းထရံကို
ဂန်ဒဂေါက်နန့် နီချင်တုန်းသိမ့်။ ကနိ ထိုဖက်ကိုကျော်လိုက်ကေ
ဟိမ်းလို့မြင်ပါလိမ့်မည်။ ယေကေလည်း ကြေနပ်နီကေ ဇာဖြစ်လားခရေလဲ။
ဝမ်းနည်းဖို့ကောင်းပါရေ။ အေပိုင်မကျချင်လို့ ကျွန်တော်ရို့အသီခံလို့
လုပ်နီကတ်စွာပါ။ သို့သော် ကျွန်တော်မှာချင်စွာက အေလူကြီးတိတော့ခါ
သင်းချိုင်းကုန်းတဖက် အိမ်တဖက်ကျနီပါယာ။ ကျန်လိုက်ဖို့အချေတိစွာ
ကျွန်တော်ရို့တည်ဆောက်ခရေအုတ်မြစ်တိစွာ အေပိုင်ကြီးကျယ်ဖို့မြင်လို့ အဂု
ကျွန်တော်ရို့ရှိတွင်မှာပင် ပျက်အောင်ဖျက်ပါလိမ့်မည်။
ခိုင်ခန့်အောင်ထားပါလီကတ်။ ခိုင်မြဲစွာထားလို့ဟိကေ
တိုင်းရင်းသားလူမျိုးစုတိနန့်တန်းတူဖို့ဆိုကေ နောက် (၂၄-၂၅) နှစ်အတွင်းမှာ
ထိုသူရို့နန့်တန်းတူ ဖြစ်ပါလိမ့်မည်။ ယင်းအခါမှ
ကျွန်တော်ရို့၏စီးပွားရေးကို ဘဇောင်ဆွဲဖို့လဲ၊ ရခိုင်ပြည် နိုင်ငံတကာနန့်
ဆက်ဆံရေး၊ ပြည်တွင်းစီးပွားရေးကို ဘဇောင်ဆွဲဖို့လဲဆိုစွာ လိုပါဖို့သိမ့်။
ယင်းဆွဲဖို့စွာက ရဖို့ပြည်အပေါ်မှာ မူတည်ပါရေ။ ဖယ်ဒရယ်မူကတော့
ပီးဖို့မဟုတ်ပါ။
တဆင့်တဆင့်ပီးကေ ဇာလုပ်ဖို့လဲဆိုစွာလိုပါရေ။ ယင်းအခါ လုပ်လာခါ
ယင်းဥပဒေကိုဆွဲဖို့ ပညာတတ်တိ ကကောင်းလိုလာပါရေ။ ဆိုခါ ပြည်တွင်းထဲမှာ
ပညာဟိတိမဟိလို့မရ။ ဆွဲဖို့စွာမှာ ကိုယ်စားလှယ်မှရာ ဆွဲရဖို့။
ကိုယ်စားလှယ်မှာ ဝက်ချုပ်နာတိကို မတင်နိုင်ပါ။ သူရို့မှာဇာတိပါလဲ။
ဝက်ချုပ်၊ မာဒရာမစင်စွာတိပါပါရေ။ ကြည့်ပါ၊ မျက်စိဖွင့်လို့။ ယင်းအတွက်နန့်
(၂၆) နှစ်တိုင်တိုင်စားလို့မဝသိမ့်လို့ အရာလိမ်ပြီးကေ
လုပ်နီစွာတိကိုကြည့်ကတ်ပါ။ ဆိုခါ ယခုမျက်မှောက်အမှားပါ။
မျက်မှောက်အမှားနောက်ကပါနီကတ်လို့ ဝမ်းနည်းလို့ ကျွန်တော်ပြောစွာပါ။
သတိထားပါ။ လွန်လီပြီးသောအခါက ဇာမှားခရေလဲ။ အတိတ်က လွန်လီပြီးသောအခါက
မှားခစွာကိုမပြောကေ အတိတ်နန့်ပစ္စုပ္ပန်ကိုမပေါင်းကေ အနာဂါတ်ကို
ခြီလှမ်းမလှမ်းနိုင်လို့မှတ်ပါ။ ယင်းအချက်တိကိုသတိမထား ရုပ်ဝါဒီနန့်
ကွန်မျူနစ်ဆန်စွာက ကျွန်ဖြစ်လာသောလူမျိုး။ ရခိုင်သမိုင်းကို မကြားဖူးသူ
(၁၀ဝ) မှာ (၁၀၁) ယောက်ဖြစ်နီပါယာ။
ကျန်တော်ရို့ ရခိုင်လို့ဇာဖို့ခေါ်ရေလဲ။ နားထောင်ကတ်ပါနန်း။
အမျိုးသီလနှစ်ဌာနကိုစောင့်လို့ ရခိုင်လို့ခေါ်ပါရေ။ အေနိ သီလမဟိ၊
အမျိုးကိုမစောင့်၊ အမျိုးစောင့်တရားမဟိကေ ရခိုင်ပျက်ပါယာ။ သတိပီးပါရေ။
အေနိကပင်စပြီးကေ ရခိုင်ကိုချက် အစစ်လုပ်ပါကတ်မည်။ ရခိုင်ကပျက်
ရခိုင်နခေါင်း မဖြစ်ပါကတ်ကဲ့။ ရခိုင်သားနခေါင်း ကောင်းကောင်းများလားခပါယာ။
ဆိုခါ ရှည်လျားလှစွာသော သမိုင်းကိုထားလိုက်ပါဖိ။
ရခိုင်ဟူ၍ခေါ်သောသမိုင်းကိုပဲ ကျွန်တော်ရို့ပြောပါမည်။ ဇာနိကခေါ်ပါရေလဲ။
လွန်ခရေအနှစ် (၅၀ဝ၀) ကဖြစ်ခကတ်ပါဖို့ ရခိုင်ခေါ်စွာ။
ကျွန်တော်ရို့သည် လွန်ခရေ အနှစ် (၅၀ဝ၀)က ကုဿမင်းသက္ကရာဇ် (၅၉၅) ခုမှာ
ဘီစီ (၃၃၀ဝ) ကျော်က ကျွန်တော်ရို့ရခိုင်ပြည်မှာ ပထမဓညဝတီမြို့ကိုတည်ပါရေ။
မာရာယုမင်းကြီးဆိုစွာ လူတိုင်းသိပါလိမ့်မည်။ မာရာယုမင်းကြီးသည်
ဇာကလာပါလဲဆိုစွာ ဆန်းစစ်ဖို့လိုပါလိမ့်မည်။ မာရာယုမင်းကြီးသည် အိန္ဒိယပြည်
ကပ္ပိလဝတ်တိုင်းက အသူ့သားလဲဆိုစွာ သိဖို့လိုပါလိမ့်မည်။ သစ္စနမင်းကြီးသားပါ။
ကပ္ပိလတိုင်းနန့် ကောသလတိုင်းစစ်ဖြစ်ကတ်တေ။ လယ်ထွန်ဖို့ရီကိုလုလို့
ဂင်္ဂါမြစ်ရီကြောင့် စစ်ဖြစ်စွာမှာ သူရို့၏ငြိမ်းချမ်းရေး ဘုရားသခင်တည်းဟူသော
ဘူးသီးစောင့်ရေဘုရားသခင်က ကောင်းခင်ကစောင်းတီးလိုက်တေ။ ထိုအခါ
ငြိမ်းချမ်းပြီး ငြိမ်းညောင်းသောအသံကိုကြားရ၍
ကောင်းကင်ကိုမော့ကြည့်လိုက်သောခါ ဘုရားသခင်က ကောင်းခင်ကတရားဟောပါရေ။ ဟေး
သစ္စန၊ သင်စစ်ပွဲအောင်လို့ ကောင်းကောင်းပျော်ရေလား။ နောင်ခါ
မင်းမျက်ရည်အသွယ်သွယ်စီးကျလိမ့်မည်။ ဇာဖြစ်လို့လဲ။ မင်းမျိုးမင်းအသွီးနှင့်
တိုင်းပြည်ကသွီးကိုနင်းပြီး သျှင်ဘုရင်လုပ်တေ။ ကကောင်းကောင်းရေထင်လား၊
ဆိုခါ ကောင်းကောင်းသံဝေဂရပြီးကေ အားလုံးစွာကိုစွန့်ပနာ တောထွက်လာလတ်စွာပါ။
ရခိုင်ပြည် ဂစ္စပနဒီမြစ်၏လက်ဝဲလက်ယာ ကိုးဆယ့်ကိုးမြို့ဟိစွာမှာ
ဤအကြောင်းအရာကို ပုဏ္ဏားကျွန်းမြို့မှာဟောရေခါ တယောက်ထပြီးကေ
ဇာပြောလည်းဆိုကေ ပုဏ္ဏားကျွန်းဝကနီပြီးကေ ပလက်ဝထိဟိစွာမှာ ရွာချေတောင်မှ
ကိုးဆယ့်ကိုးဟိဖို့မဟုတ်ပါဆရာကြီး။ ကျွန်တော်ရို့က မယုံဆိုပါရေ။ မှန်ပါရေ။
မှန်ပါရေ။ ဇာဖြစ်လို့လဲဆိုကေ ရခိုင်ကံမကောင်းလို့
ဆုတ်ယုတ်လာလတ်လို့မှတ်ပါလီ။
ယင်းခါ သိစ္စနသျှင်ရသေ့သည် တောတလျှောက်က ရခိုင်ပြည်ကိုလာရေပလက်ဝကို
ရောက်ဖူးလူတိုင်း သိပါလိမ့်မည်။ အရှိဖက်ကို ရက္ခပူရတိုင်း။ ပလက်ဝ၊
မီးဝကပင်အထက်ကို ဥဿလင်းတိုင်းလို့ခေါ်ပါရေ။ တိုင်းတတိုင်းကိုခွဲစွာမှာ
အနည်းဆုံး မြို့ဆယ်မြို့ပါပါရေ။ ရခိုင်၏ဖွဲ့စည်းပုံအရပါ။ ရခိုင်စွာ
သာမညနိုင်ငံ အနည်းချေကားမဟုတ်။ ပျက်စီးလားခစွာ အဂုမျိုးပြုတ်ဖို့ကြံနီဗျာ။
ကောင်းကောင်းသတိထားကတ်ပါ။ ယေကေ ဥဿလင်းတိုင်းအရှိဘက်ကိုဆန်လိုက်ခါ
ဇာခေါ်လဲဆိုကေ အရှိဘင်္ဂလားတိုင်း။ အဂု ဘင်္ဂလားဒေခ်ျနိုင်ငံရေ
ကျွန်တော်ရို့ပိုင်စွာပါ။ ယေကေ ၄င်း၏လက်ယာဖက်ကိုကြည့်လိုက်တေအခါ
နာဂသေနတိုင်း။ အဂု ထရိပူရပြည်ပါ၊ ယင်းဘက်မှာ ရခိုင်သားကိုကြည့်လိုက်ကေ
အဂုတသန်းခွဲဟိပါသိမ့်ရေ။ မြုံတိ၊ ဖလံတိ ရခိုင်စကားပြောပါရေ။ အဂု ကျွန်တော်
ဒေကဥဿလင်းတိုင်းအလယ်တရိုးကိုကြည့်လိုက်ကေ ဇာတွိလဲ။ ကာမရူပတိုင်းပါ။
၎င်း၏အနောက်ဘက်ကိုကြည့်ခါ မဟိံသကတိုင်း။ ရခိုင်ပြည်ပိုင်ရေတိုင်းတိပါ။
အဂုဇာသူရို့ဝင်နီလည်းကြည့်ပါ။ အားလုံးအသီးသီးဝင်လားခပါယာ။
ရခိုင်တိတောင်တန်းကပ်လို့ တဝိုင်းချေကျန်ဗျာ။ အဂု ယင်းဖက်ကရခိုင်သားတိ
ထိုဘက်ကိုကြည့်လိုက်ကေ လူနှစ်သန်းခွဲလောက် ဟိပါသိမ့်ရေ။ လာချင်နီကတ်ယာ။
ထိုဘက်မှာ အဝကျွန်းဆိုစွာ ပပေါ့ချေရွာကြီးတိမဟုတ်ပါ။ အဂု ကုလားတိဝင်လာပါယာ။
တဖြည်းဖြည်းစိမ့်ဝင်လို့ စုစုပေါင်းလူနှစ်ထောင်မဟိပါယာ။ အားလုံး
ဘုရားစေတီတိနန့် ကျောင်းတိရာကျန်လိုက်ပါရေ။ ယင်းပိုင်ထိုးဝင်လာရေပိုင်
ကျွန်တော်ရို့၏နီရာကို ထိုးဝင်လာရေ။ ဇာခါထိုးဝင်ရေလဲ အင်္ဂလိပ်သက္ကရာဇ် ၁၆၆၆
မှာထိုးဝင်လာစွာပါ။ ဇာဖြစ်လို့လဲ ယင်းအခါ ရခိုင်အင်အားညံ့လာလို့ပါ။
ရခိုင်တိမညံ့ခင် ဂွဖက်မှာ ဟိုင်းကြီးကျွန်းဟိပါရေ။ ထိုဖက်က
ကတ္တရာပူရကျွန်း၊ သောင်းကြီးကျွန်း၊ ဒေကအဝကျွန်း ကျွန်းစုတိပါ။
ရခိုင်ပြည်၏ကျွန်းကြီးသည် သောင်းကြီးကျွန်း။ ကတ္တရာပူရကျွန်းလို့ခေါ်ရေ။
ကမ္ဘာ့အရပ်ရပ်မှလူတိစွာ အဂုရခိုင်ပြည် သံတွဲငပလီသို့
အပန်းဖြေဖို့လာကတ်တေပိုင် ရခိုင်ဘုရင်လုပ်ထားလို့ အကောက်ခွန်ရနီရေကျွန်းစွာ
သောင်းကြီးကျွန်းပါ။ ယင်းကို အင်္ဂလိပ်က (ှညေိတငစ) လို့ခေါ်ပါရေ။
ကုလားစကားနန့် (ချူဒရောကြမ်န်) လို့ခေါ်ပါရေ။ ကမ်းခြီလှလတ်။ ယင်းကျွန်းကို
ဆင်မဖြူကျွန်းပါ။ ဘဇောင်ရွီးထားကတ်လဲဆိုကေ
အင်္ဂလိပ်နန့်ဟိန္ဒူကျမ်းတိမှာရွီးထားစွာက ကမ္ဘာပေါ်မှာ အလှဆုံးကမ်းခြီပါ။
အဂုအသူပိုင်လားခရေလဲ။ ရခိုင်သားတိအကျင့်ပျက်လို့ ဆုတ်လာစွာပါ။
အရာလည်းမလွတ်သိမ့်ဆိုကေ ဥက္ကဌကြီးပြောခရေပိုင် ပျူလူမျိုးပိုင်
တခုလည်းမကျန်ပါဗျာလို့မှတ်ပါလီ။ ယင်းအတွက်နန့် ၁၆၆၆ ခုနှစ်လောက်က
စစ်တကောင်းထိုဘက်ကို မိုင် (၅၀) ထိပိုင်ခရေ။ အယင် ပထမဝါလို့ဆိုကေ ထိုမှာ
ဗြမ္မာပုတ္တမြစ်ကြီး ဒေဘက်မှာ ကူကသိမြစ်ဝ။ ယင်းမြစ်ထိုဘက်မှာ လွန်ခရေ (၁၀)
နှစ်လောက်က ဘင်္ဂလားဒေ့ခ်ျအစိုးရက တူးဖော်ရေးလုပ်ရေခါ ထိုမှာ
စိုင်းဒြားမင်း၏လက်ရာဘုရားနန့် အနုပညာလက်ရာတိ ကကောင်းပေါ်ထွက်လာလို့
အားလုံးကိုမော်ကွန်းတင်ဗျာ ရွီးထားခပါရေ။
ယင်းချင့်တိအားလုံး ရခိုင်သားစွာတိပါ။ ဘလောက် ပိုင်ခရေလဲဆိုခါ
သစ္စိနသျှင်ရသေ့တောထွက်ရေခါ ယင်းနားမှာ ထိုဖက်ကအိန္ဒိယ ဒေဖက်ကရခိုင်ပါ။
ခြီတလှမ်းလှမ်းလိုက်စွာနန့်ရောက်တေအတွက် အနီးချေနန့် ရခိုင်ဒေသကို
ရောက်လာစွာပါ။ တရားအားထုတ်ဖို့ ရီကြိုင်ရာမြက်နုရာကိုရှာရေအခါ
ကုလားတန်မြစ်ကို ကျပါရေ။ သစ္စိနသျင်ရသေ့လည်း ကုလားတန်မြစ်ကိုမှီ၍
တရားဆောက်တည်ပြီးနီပါရေ။ ယင်းအနားမှာ သက်ပြည်တပြည်ဟိပါရေ။ သက်ပြည်ကို
သက်မင်းစန္ဒြသိဒ္ဓိဆိုရေမင်းက အုပ်ချုပ်နီပါရေ။ စန္ဒြသိဒ္ဓိဆိုရေ သက်မင်းရေ
ထိုသျှင်ရသေ့သိစ္စိနကို မြင်တွိဖူးမျော်ရရေခါ ကြည်ညိုသဒ္ဒါတရားပွား၍
ပစ္စည်းလေးပါးဖြင့် ဆွမ်းကွမ်းယာဂုတ်တိကို အမြဲမပြတ်ပူဇော်လျက်ထားပါရေ။
ထိုအခါ တနိသောအခါ သက်မင်းစန္ဒြရသိဒ္ဓိ၏ သမီးတော်ဣန္ဒာမာရယုကို
ဆွမ်းပို့ဖို့ခိုင်းစီပါရေ။ ထိုအခါ ဘဝအနန္ဒကကုသိုလ်ရီစက်ကြောင့်
ရသေ့လူထွက်ဗျာ ဣန္ဒာမာရယုနန့် ရလားခကတ်ပါရေ။ တချို့တချို့သော ရာဇာဝင်က
တိရိစ္ဆာန်ဆတ်မနန့် ရရေလို့ဆိုပါရေ။ မဟုတ်ပါ။ တခါလည်းမရကောင်းပါ။
ဇာဖြစ်လို့လဲဆိုကေ တချို့က ရခိုင်သားကို တိရိစ္ဆာန်ဟု ဆိုလိုချင်သောကြောင့်
ရွီးထားသောကျမ်းတိရာဖြစ်ပါရေ။
ရခိုင်ရာဇာဝင်ဆိုတိုင်း မယုံကတ်ပါကဲ့။ ကျွန်ဘဝမှာ ရွီးပစ်ခရေစာတိ
ကောင်းကောင်းဟိပါရေ။ ငါ့အဖိုးသျင်စာ၊ ငါရို့ဆရာတော်ကြီးစာကိုလည်း
ကောင်းကောင်းအားမကိုးကတ်ပါကဲ့။ ကြည့်ကြည့်ချင်း ကျွန်တော်ရို့ကမြင်ပါရေ။
ယင်းအတွက်နန့် ဣန္ဒာမာရယုမည်သော စန္ဒြသိဒ္ဓိသမီးတော်နန့် သကျသာဂီဝံသ၊ မဟာဝံသ၊
ခတ္တိယမင်းမျိုးမှဆင်းလာသော သစ္စနနန့်ထိမ်းမြားလို့ မာရယုမင်းသားကို
မွီးပါရေ။ ဥပမာအားဖြင့် ဂေါတမဘုရားသည် ကပ်ကမ္ဘာမှာပွင့်ဖို့
သာသနာစောင့်နတ်များနန့်တကွ သိကြားဗြဟ္မာရို့ရေ သုသီတာက အလောင်းတော်နတ်သားကို
မည်တော်မာယာ၏ဝမ်း၌ ပဋိသန္ဓေတည်ပြီးသကဲ့သို့ အဂုလည်း အနောက်မဉ္စိမဒေသမှာ
ဘုရားပွင့်ရေခါ ရခိုင်ပြည်ဓညဝတီကို ဘုရားသျှင်ကြွတော်မူဖို့ ထိုအခါ
ထုံးစဉ်အတိုင်း ဗျာတိတ်ပီးရန်အလို့ငှာ ရခိုင်ပြည်မှာ
မင်းဆက်ပြုတ်မလားဖို့အတွက် မင်းဆက်ဆက်ပီးစွာလို့မှတ်ပါ။
ထို့ကြောင့် သုတိသာနတ်ပြည်က သောနသိဒ္ဓိယနတ်သားကိုပင့်ပြီးကေ သစ္စိနမင်းကို
တောထွက်အောင် လုပ်လိုက်စွာပါ။ ယင်းမှာ
သစ္စနနန့်ဣန္ဒာမာရယုရို့ဇနီးမောင်နှံနှစ်ဦး ပျော်ပါးနီကတ်ကေ
တခါလည်းဆုံးဖို့မဟုတ်လို့ ကုလားတန်မြစ်မှာရီချိုးရေခါ
မြစ်မှာတယောက်တခြားမျိုးလို့ပါလားခစွာပါ။ လင်သစ္စနက ဇာကိုရောက်လားလဲမသိ၊
ဣန္ဒာမာရယုကလည်း ဇာကိုရောက်လားမှန်းလဲမသိ ဆိုခါ ကျန်ရစ်တေ သုံးနှစ်သားအရွယ်
မာရယုမင်းသားငယ်က တငိုငိုနန့်နီရေလတ်။ ယင်းခါ မြိုတောင်မင်း ငအောင်ကလည်း
တောခရီးထွက်လို့လာရေ။ ထိုအခါ အချေတယောက်တောထဲမှာငိုနီရေဆိုကာ လားကြည့်ခါ
အမိမဲ့သား ရီမဲ့ငါးပမာ ဒုက္ခသည်မာရယုမင်းသားငယ်ကို မြိုတောင်မင်းက
ကောက်ယူမွီးစားထားပါရေ။ မွီးစားထားရေခါ မြိုတောင်မင်းမှာလည်း
သမီးချေတယောက်ဟိပါရေ။ နာမည်က မဗညှာလတ်။ ဆိုအခါ မာရယုမင်းသားငယ်ကို ဒါး၊
ဒုတ်၊ လှဲအစဟိသော အဌာရသ (၁၈) ပါးသောယောကျာ်းရို့တတ်အပ်သော
ပညာရပ်တိကိုသင်ပီးလို့ တောင်မင်းရာထူးကိုပီးလိုက်သဖြင့် ဝါးအလုံး (၁၀ဝ)
တိုင်အလုံး (၁၀ဝ) ရို့ဖြင့် မာရယုမင်းသားငယ်ကို နန်းတင်ပါရေလတ်။
ကျွန်တော်စီ မကြာမကြာပြောပါရေ။ ဒေအကြောင်းကို။ ထိုအခါ ဓညဝတီပြည်ကြီးကို
တည်ထောင်ပြီး ဗုဒ္ဓဂေါတမပွင့်ဖို့စွာကိုအကြောင်းပြုလို့
သိကြားမင်းဖန်ဆင်းပြီးကေ သံလျက်တော်ကို ဆက်သက်လီပါရေ။ ဆက်တေခါ
ဒေချက်မှာပျော်ပိုက်နီကေမဖြစ်ဆိုရေခါ နောင်မှာ သမီးမဗညှာနန့် ပေါင်းဖက်လို့
သမီးချေတယောက်မွီးကျန်ရစ်တေ။ နာမည်က (မာရ)။ သူရို့မြို့စကားနန့် (အမာရ)
လို့ခေါ်ပါရေ။ အဖအသူလဲ။ သကျသာဂီဝင်မင်းသား ရခိုင်မင်းမျိုးကဆင်းလာရေ။ အမိဝါ
မြိုတောင်မင်းကြီးသမီး မြိုမ။ ရခိုင်သားနန့်ရကေ
ရခိုင်သားကပျက်မချေတယောက်ကျန်ရစ်တေ။ မြိုထက်ဝှက်၊ ရခိုင်ထက်ဝှက်။
ကိုင်ယေကေ မြိုဇာဖို့ခွဲချင်ကတ်လဲ။ မိန်းကြည့်ကေ ဖေသာမဟိလား၊ ဟိပါရေလတ်၊
နောက် ကျွန်တော်ရို့ မဟာမြတ်မုနိဘုရားကြီးကို သွန်းပြီးရေနောက် မင်း (၁၀၁)
ပါးထီးဆောင်းလို့ စန္ဒာသူရိယမင်းအပြန်မှာ လက်ဆောင်ပီးပါရေ။ ဇာပီးလိုက်တေလဲ၊
မြိုမင်းကို နဗက်ကြီး (၉) ရံပီးလိုက်တေ။ ငွေလက်ကောက်နှစ်ရံ ပီးလိုက်တေ။
လောင်ဗွန်းတချပ်ပီးလိုက်တေ။ ကြီးဟင်းဇားနှစ်လုံးပီးလိုက်တေ။ ထိုအခါ
ပျော်လို့ မြိုတိကောင်းကောင်းမကကတ်လားဆိုခါ ကပါရေလတ်။
ယင်းလက်ကောက်တိဟိပါသိယင့်လားဆိုခါ ဟိပါရေလတ်။ နားဋောင်းကို
တောင်မင်းကဆုံနန့်ထောင်းလို့လည်းမပျက်လို့ ဝတ္ထုပြောလာပါသိမ့်ရေ။
မြိုတောင်မင်းက ယင်းပိုင် ဘုရားလက်ထက်ကပင် ရခိုင်အမျိုးနန့်ဆက်ပြီးလာစွာ
ဘုရားပွင့်ခါလည်း မြိုနန့်ဆက်ပြီး ဗုဒဘာသာဖြစ်လာစွာပါ။
အဂု ကိုယ်ရို့မြိုအမတ်လောင်းကနီပြီး ခရစ်ယာန်ဝင်လာခါ ထားပါဖိ။
မခံချင်ဗျာဆိုခါ မြိုလူကြီးခြောက်ယောက်စွာ အဝတ်ဖြူဝတ်ပြီး
ခေါင်းပေါင်းကြီးတိနန့် ကျွန်တော်ရို့နန့်တတူ ဝတ်လို့စားလို့ လိုက်လတ်ပါရေ။
ဇာဖြစ်လို့ ဖြစ်ရပါရေလဲဆိုကေ ကျောက်တော်၊ မြောက်ဦးပိုင်းမှာ
မဲဆန္ဒသျင်ငါးသောင်းနန့် နှစ်ထောင်ဟိပါရေ။ မဲဆန္ဒပီးဖို့လူပါ။ ဆိုခါ
ကုလားမောင်မောင်ခင် (လွှတ်တော်တရားယုန်း ဗဟိုရှိနီချုပ်) သူက ကိုယ်စားလှယ်၊
သူ့မှာ ကုလားဘလောက်ဟိရေလဲဆိုကေ (၁၂၇၀ဝ) ဟိပါရေ။ မြောက်ဦးမော်လဗီနန့်
ကျောက်တော်မြို့မှာ သူရို့ဟိပြီးသားပါ။ ဆိုင်းဘုတ်တင်ဖို့မလို။
ဘလောက်ကောင်းလဲဆိုရေခါ မြိုခေါ်ခမီးအမျိုးသား ကျော်ဇောလှ၊ မြောက်ဦးမြို့မှာ
စာသင်ခပါယင့်။ သူ့မှာအားလုံး (၉၇၀ဝ) ဟိပါရေ။ မဲဆန္ဒသျှင် သူ့မှာလည်း
သီးခြားတက်နီရေ။ (၉၇၀ဝ) နန့် (၁၂၇၀ဝ) ပေါင်းလိုက်ကေ (၅၀ဝ၀) မဲကို
နှုတ်လိုက်ပါ။ တစညပါတီမှာ ဘဇောင်မဆို တရားသူကြီးဥက္ကဌ၊ ကောင်စီဥက္ကဌသားသမီး
(၃၀) က (၅၀) ရွာတိုင်းရွာတိုင်းမှာ မဟိပါလား၊ ပြိုလို့
ထွက်လို့မလားနိုင်ပါ။ ဟောစရာကလည်းမလို၊ ပြောစရာလည်းမလိုပါ။ သူရို့
ကျော်တော်မြို့နယ်မှာ ရွာပေါင်း (၃၃၅) ရွာဟိစွာမှာ ခွဲပစ်လိုက်ကေ
ဘလောက်ဖြစ်လာပါလဲ၊ (၁၇၀) လောက်ဖြစ်ပါရေ။ ယင်းကို တစညလူ (၅၀)
နန့်မြှောက်လိုက်ကေ အလျော့မဲလို့မှတ်ပါ။ အေအချက်စွာ ကျွန်တော်ရို့
မဲချင့်ချိန်စွာပါ။
မြောက်ဦးမြို့မှာ ယ္ခုထက်ထိမဟိပါသိမ့်။ မဟိကေ ကုလားပါးမှာယှုံးပါဖို့။
စည်းရုံးပုံကမတူပါ။ ဆိုခါ လျော့မဲဘလောက်ကျန်လိုက်တေ (၂၀ဝ၀ဝ) ဆိုလိုက်ပါဖိ၊
(၂) သောင်းကို ကိုယ်စားလှယ် (၄) ယောက်ကဝီပါဖို့။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင်ဆိုခါ တယောက်ကို (၇၀ဝ)
လောက်စီရလိုက်ပါဗျာ။ ယေကေ မဲအများဆုံးအသူလဲ။ ကုလား (၁၂၀ဝ၀) ရဗျာဆိုကေ
ကျောက်တော်မြို့သားတိပြိုပါယေနန့်ရာ။ ဆိုခါ အဂုဆင်းလို့
ဝါကျီးတိပါဆင်းလို့စုဖြစ်ကတ်ပါရေ။ ကျောက်တော်မြို့လယ်မှာ တရားဟောရေခါ
ကျွန်တော်ဟောခစွာပါ။ ကျောက်တော်မြို့ကိုစည်းရုံးလို့မရ၊ လူတတ်တိ
ရေဒီယိုနားထောင်ရေ။ အောင်ဆန်းစုကြည်ကိုကောင်းရေလို့ အထင်ကြီးနီရေ။
တစညပြန်နိုင်ဖို့လားမသိလို့လည်း ကြောက်ကတ်ပါရေ။ ကျွန်တော်ဟောခါမှ
ကျောက်တော်မြို့လေးခွဆုံမှ ပြိုထွက်လာပါရေ။ အဂုလုပ်ကတ်ရဖို့။ နက်ဖန်ခါဆိုကေ
ကုလားအောက်ကိုရောက်လားပါလိမ္မည်လို့ ကျွန်တော်ယှင်းပြခါမှ။ ယကေ
ဇာလုပ်ကတ်ရဖို့လဲလတ်။ ကျွန်တော်က ကုလားမဲဆန္ဒသျှင် (၁၂၀ဝ၀) ဆိုကေ
ကျွန်တော်ရို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က မဲပြား (၁၅၀ဝ၀) ရမှနိုင်ပါဖို့။
ယင်းတွက်နန့် အဂုရောက်ဟိလာကတ်တေ ကျောက်တော်မြို့သားမဲဆန္ဒသျှင်တိစွာ မဲပြား
(၁၅၀ဝ၀) ထက်မနည်းစီဖို့ အိမ်တိုင်းလူတိုင်း အိပ်သွန်ဖာမှောက်
ကြိုးကြိုးစားစားနန့် ကိုယ်စီကိုယ်ငှ
ကျွန်တော်ရို့ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏သင်္ကေတဖြစ်တေ ဆီမီးခွက်ကို
မဲပီးကတ်ဖို့ ကျွန်တော်ပြောကြားလိုက်ပါရေလို့ မြို့လယ်ခေါင်မှာ
ကျောက်တော်မြို့သူမြို့သားတိကို အဂုပိုင် စည်းရုံးရေးတရားဟောခလီပါရေ။
- ဆရာကြီးသည် ချမ်းအီးလှရေဆောင်းရာသီမှာ ပုဆိုးပါးချေနန့်
စစ်တွေအကျဉ်းထောင်မှာ အလှူးအလှိမ့်ခံယင်း (၁၉၉၀) ပြည့် သြဂုတ်လ (၁၄)
ရက်နိမှာ တိုင်းပြည်နန့်လူမျိုးအတွက်အသက်ပီး၍ တာဝန်ထမ်းဆောင် လားခပါသည်။
ဖက်ခွက်တိ အဆိပ်ကျွေးသတ်ဖြတ်ခြင်းကို ခံလားရပါသည်။ ဖက်ခွက်တိကို
ကမ္ဘာကြီကေလဲ့ အခဲမကြီလီကဲ့ ရခိုင်သားရို့။ ကျန်ရစ်သူများမှ
ဆရာကြီးအားသတိရလျှက် သျှစ်သောင်းဘုရားရှိတွင် အရိုးဇာတီတဆူ
တည်ထားကိုးကွယ်ထားပါကြောင်း စာရွီးကာဂုဏ်ပြုလိုက်ရပါသည်။
- ဆရာကြီးသည် မိန်းခွန်းဟောပြောရာ၌ ဆရာတော်ဦးဥတ္တမကဲ့သို့ မကြောက်မရွံ့
ပြတ်ပြတ်သားသား၊ ပွင့်ပွင့်လင်းလင်း ဟောပြောတတ်သဖြင့် (တစည) ပါတီမှ
သူရဦးစောဖြူ၊ ဦးညီညီလွင်ရို့သည် သက်သီခံပစ္စည်းများနန့်အတူ
မြန်မာတိုင်းမှူးထံမှာလည်းကောင်း၊ န၀တအကြီးအကဲရို့ထံမှာလည်းကောင်း
အရေးယူဖမ်းဆီးရန် လားရောက်တိုင်ကြားကြသောကြောင့် စစ်တွေအကျဉ်းထောင်၌ ဤသို့
မသီသင့်ဘဲ လျင်မြန်စွာသီဆုံးလားရခြင်းဖြစ်ပါရေ။ ဆရာကြီးအား စာရွီးသူ
ဤသို့ဂုဏ်ပြုအပ်ပါသည်။
အသျင်ဣန္ဒာစက္က
(ဗေဒင်နှင့်သမိုင်းသုတေသီ)
(၄။၆။၂၀၀၅)