ဆရာတော်ဦးဥတ္တမအကြောင်း

ဆရာတော်ဦးဥတ္တမ (ငယ်နာမည်-ပေါ်ထွန်းအောင်)ကို ၁၈၇၉၊ ဒီဇင်ဘာလ (၂၇)ရက်တွင် ရခိုင်ပြည်နယ် စစ်တွေ မြို့၊ ရူပရပ် အဖဦးမြ၊ အမိ ဒေါ်အောင်ကျော်သူ ရို့မှ မွီးဖွားပီးခသည်။ သက်တော် (၁၆) နှစ် အရွယ် မှာ မိဘများက မောင်သျှင်ဝတ်ပီး သဖြင့် ရှင်ဥတ္တမဟူသော ဘွဲ့နာမည်တွင်လာသည်။ နက်နဲရေ ပိဋ္ဋ ကတ် စာပီ များကို ပခုက္ကူမြို့ ရေစကြိုတိုက်တွင် လည်းကောင်း၊ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့တွင် လည်း ကောင်း ဆည်းပူး လေ့လာခဖူးသည်။ အိန္ဒိယနိုင်ငံတွင်ရှေးခိုက် အမျိုး သားကောလိပ်တစ်ခုမှာ ပါ ဠိနှင့် ဗုဒ္ဒဘာသာ စာပီဆိုင်ရာ ယာယီပါမောက္ခအဖြစ် ဝင်ရောက်ဆောင် ရွက်ခ သည်။ အိန္ဒိယတွင် ဟိန္ဒူမဟာဆပ်ဗာ အသင်း ကြီး၏ ဥက္ကဌအဖြစ် ရွေးကောက် တင်မြှောက်ခံ ခရသည်။

ဦးဦးသာထွန်း(၁၉၁၇-၁၉၉၀)

ဆရာကြီး ဦးဦးသာထွန်းကို ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ညောင်ပင်ဈေးရွာ အနီး အဖ ဦးကောင်းစံရွှီ၊ အမိ ဒေါ်အောင်ကြွဇံတို့မှ ၁၉၁၇ ခု၊ နိုဝင်ဘာလ ၂၃ ရက်၊ သောကြာနေ့တွင် ဖွားမြင်ခဲ့သည်။ တဦး တည်းသော သား ဖြစ်သည်။ ငယ်စဉ်မှစ၍ အဘိုးဖြစ်သူ ရာဇဝင်ဆရာကြီး ဦးသာထွန်းအောင်က ရခိုင် ရာဇ ဝင်၊ ဆေးကျမ်း၊ နက္ခတ်ကျမ်း၊ ပူရာဏ်ကျမ်းများအား နုတ်တိုက်အာဂုံ သင်ကြား ပေးခဲ့သည်။ နဝမတန်းတွင် ပညာသင် ကြား နေစဉ် ဖခင် ကွယ်လွန်သောကြောင့် ကျောင်းထွက်လိုက်ရပြီး ရဟန်း ပုဂ္ဂိုလ်တို့ထံတွင် သက္ကဋ ပါဠိ၊ သမိုင်း၊ အင်း၊ ဗေဒင်နှင့် အခြား လောကီ ပညာရပ်များကို သင်ကြား လေ့လာ ဆည်းပူးခဲ့သည်။

ချစ်ညီချေ ချစ်နှမချေသို့....

ချစ်ညီချေ... ကျောင်းလားပါ ဝေ မပျင်းပါကေ့ ဝေ ၄ တန်းက ထွက်ပြီးကေ နွားကျောင်းဖို့ စိတ်မကူး ပါဂေ့ ဝေ ....။ ချစ်နှမချေ.... မပျင်းပါဂေ့ ဝေ ဆီဝယ်ဖို့ ဖဲ့သာမဟိကေ ဓာတ်မီးတိုင်အောက်မှာ စာကိုဖတ်ပါ ဝေ ဓာတ်မီးတိုင် မဟိကေ မီးလှုံရေ မီးဖိုနားမှာ စာ ကိုဖတ်ပါ ဝေ ...။

ရခိုင်ကျင်

ကျင်”ဝေါဟာရနှင့်ပတ်သက်၍ အမျိုးမျိုးရွီးဖွဲ့ကတ်သည် ကိုတွိရပါသည်။ ဦးရာဇ်တောင် ဘုရားသမိုင်း လင်္ကာ၌ “လောကီဘက်က၊ ဆောင်ရွက်တခန်း၊ ကျင်လက်ပန်းနှင့်၊ မီဝန်းရုပ်သီး၊ရှုမငြီးအောင်”ဟူ၍ူ ရွီးဖွဲ့ ထားသည်။ ဆယ့်နှစ်လရာသီ လင်္ကာတပိုဒ်တွင် …“မယ်လျှင်စစ်မှာ၊ စိတ်ကြီးပျက်လို့၊ ကျင်ကိုင်လက်ပန်း၊ အခန်းခန်းကို၊ အိမ်သူအကျန်၊ မြင်ရပြန်ကေ၊ လွမ်းတော်တာရှည် ပန်းမဉ္စူကို နီပူထိုးကေ၊ ညှိုးလတ်တေ လည်း”ဟူ၍ူဖွဲ့ဆိုထား ပြန်သည်။

ရခိုင်အောင်လံတော်

ရခိုင်ထီးရိုးနန်းနေ့ မင်းအပေါင်းတို့၏ ရွှေနန်းဥက္ကံ သံနန်းမဆောင်ဦး၌ အမြဲစိုက်ထူထားအပ်သော အောင် လံတော်ကြီး၏ အကြောင်းချင်းရာဟူသမျှတို့ကို အခါအခွင့်နှင့်ကြုံကြိုက်စွာ ပုရာဏ်ကျမ်း၊ ရာဇသေနင်္ဂ ဗျူဟာ ကျမ်း၊ ဗျူဟာစက္ကိကျမ်း၊ ဗျူဟာစစ်ချီကျမ်းတို့မှ ဗဟုသုတဖြစ်စေခြင်းငှာ အနည်းငယ်ဖော်ပြပါအံ့။ ၁။ အောင်လံတော်၏ အတိုင်းအတာကား အလျား ၉-တောင်၊ အနံ ၆-တောင်တိတိရှိသည်။ ထိုထက်ငယ်စေ လိုလျှင် အ၀က်ကျအတိုင်းအတာပြု၍ သုံးခဲ့သည်။ ၂။ အရောင်အဆင်းမှာ အနီနှင့်အဖြူစပ်၍ ပြုကြသည်။ အဖြူရောင်ကို အထက်ပိုင်းတွင်ထားပြီး အနီရောင် ကို အောက်ပိုင်း၌ထားသည်။

Wednesday, 15 October 2014

လွင့်မျောခြင်း တဖက်မာ


ရပ်တန့်လားရအောင်ထိ သွီးပျက်ကြုံရပြန်လေ့ မျက်လွှာချဖို့ခက်တေလေ
မရင့်ကျက်သိရေ ဟန်ဆောင်မှုတိကြောင့်
အပြုံးမပြနိုင်စော် နားလည်ပီးဘာ...။

သင်ရိုးတန်းမရှိရေ ဘာသာရပ်ဖြစ်လို့
ပုံတူလိုက်ချဖို့လေ့ မဖြစ်နိုင်မှန်းသိယင့်
အားထုတ်စိုက်မတ်ယင်း မက်မောမိဗျာလ်
တက်မက်မှုနှိုးဆော်လို့ ထောက်ချက်တွင်းထဲ
ဝင်္ကဘာအမှတ်နန့် မွေ့ပျော်လည်နီတုန်းဘာ...။

ပုံသဏ္ဍာန်မရှိရေ ညဉ့်သန်းခေါင်ယံထဲမာ
အရောင်အဆင်းမဲ့ တိမ်တစင်းကတော့
ခေါင်းရင်ကော့မော့လို့ ဝင့်ကြွားနလီယင့်...။

ယကေလေ့ ...
အဆူးအခက်မရှိရေ နှင်းဆီချေတပွင့်
ဇာလောက်ထိများ မာန်ဝင့်နိုင်ခီဖို့လဲ
စက္ကုနန့်သွန်းဆစ် မီးတောက်ထဲတိုးဝင်ယင်း
ပြာအသွင်အဖြစ် လီမာလွှင့်လီရယာယေ...။

ဆောင်းတွင်းအိမ်မက်ပိုင် ခံစားမှုတိနဲ့
ဝေဒနာဆိုးတိကို တပွေ့တပိုက်ယူဆောင်လာ
တိုးဝှေ့လီညှင်းချေကိုလေ့ အပြစ်မတင်ရက်ပါ
ရင်ထဲကထွက်လာရေ သံဇိုင်တိလမ်းပြမှုနန့်
ရှိဆက်ပြီးကေခရီးနှင်ယင်း အားအင်တိကကုန်ခမ်း
ခရီးပန်းလို့ဒေရင်မာ ချွေးသိပ်ဖြေစရာမရှိဘာ...။

အလှတရားအပြည့်နန့် သဘာဝလောက
အပြစ်ဖို့လောက်အောင် နာကျည်းလေ့
ညီမျှမှုမရှိရေ အရောင်အစပ်အဟပ်ကြောင့်
ရွာခါနီးမှပြယ်ပျက်ရရေ မိုးသားတိမ်ရိပ်တိပိုင်
ငါ့ရင်မာ့ဆိုနင့်လို့ မင်းမရှိရေတနီရာမာရာ
အာကာပြိုလောက်အောင်ထိ ရွာချပလိုက်လီဖို့ဗျာလ်...။
.............................
အားလုံးကျေးဇူးတင်ဘာရေ။

ပိုင်သျှေ

သူသိပါစီ


အမှန်မှာတော့ခါ
စွန့်လွှတ်ခြင်းဆိုစွာ
နောက်ကွယ်မှာ
တိတ်တဆိတ် အခြွီခံလိုက်ရရေ
နှလုံးသား အပိုင်းအစတိနန့်
အလွမ်းမျိုးစေ့တိ က,ရာ
ငါ့အချစ်စစ်၏ပြယုဂ်တစ်ခုလို့
ငါမြင်ရေ...။

ခွင့်လွှတ်သီးခံခြင်းကဂါ
အချစ်စစ်၏ ပြယုဂ်တစ်ခုလို့ဆိုကေ
ငါငြင်းဆန်ချင်ရေ.ချစ်သူ .
ငြင်းဆန်ပါရစီ.. ။

ဇာဖြစ်လို့လဲဆိုကေ
ငါကမှ သူ့ကို
ခွင့်မလွှတ်နိုင်စွာကို
စွန့်လွှတ်ဖို့ချစ်ခစွာလည်း
မဟုတ်ပါ...။

ခွင့်လွှတ်ဖို့ဆိုစွာထက်
ငါ သူ့ကို မိန့်ပစ်ဖို့
အယင်ကြိုးစားရဖို့သိမ့်...။

သူ့ကို မိန့်ပစ်ဖို့ဆိုစွာ
ငါ့၏ အသက်ယှူသံတိ
ရပ်တန့်လားမှ ရပ်တန့်နိုင်ဖို့လို့
ငါထင်ရေ...။

ငါ့အချစ်တိက
ပကိတိ ဖြူစင်ရေလို့
ငါမပြောချင်ပါ...။

ပြောစကားတိ ဟိခပိုင်
ချစ်သူကို ချစ်လို့
စွန့်လွှတ်ရေ စွန့်လွှတ်ခြင်းက
အချစ်စစ်ဆိုစွာကိုလည်း
ငါက လက်မခံချင်...။

စွန့်လွှတ်ရေ ဆိုစွာ
လူပျော့လူညံ့ တစ်ယောက်အလုပ်လို့ရာ
ငါက ယူဆခစွာလေ...။

ယေကေလည်း သူထင်ရေပိုင်
ညစ်ထေးနီရေ စိတ်တိလည်း
ငါ့မှာ မဟိခဖူးပါ...။

ချစ်သူကို ချစ်လို့
ရရိုးချေပိုင်ဆိုင်ချင်ရုံမျှရာ
…။

ငါ့ဘ၀မှာ
သူတစ်ယောက်တည်းကိုရာ
ချစ်ခစွာလို့
ငါမပြောချင်ပါ...။

ယေကေလည်း
တခြားသော တစ်ဦးတစ်ယောက်ကိုလည်း
သူကလွဲလို့
တစ်ဘ၀စလုံးအတွက်ချစ်ခစွာလို့
မပြောဖူးခပိုင်
ရင်ထဲက မှန်ကန်ရေ
အချစ်စစ်ဆိုဟာကိုလည်း
သူ့ကိုတွိ့မှ သိခရစော်ရာ...။

ငါ သူ့ကို ရူးသွပ်ခမိလို့
သူ့ဥပေက္ခာတိ အောက်မှာ
ငါအကြိမ်ကြိမ် ကျယှုံးခဖူးရေ...။

ယေကေလည်
ငါဒူး မထောက်ချင်ခ...။

သူ့ဘားက
ငါမျော်လင့်ပြီး
မက်မောတမ်းတခစွာ
ဖြူစင်ရေ အချစ်တခုပါရာ...။

သူ့ကို ငါ့ ရင်ထဲက
နှစ်နှစ်ကာကာချစ်ခလို့
မိန့်ပစ်ဖို့ ကြိုးစားလိုက်တိုင်း
စီးကျလာရေ ငါ့မျက်ရည်တိကို
ကာရန်မညီရေ
ဒေပိုင် တပိုင်းတစ စာသားတိအဖြစ်
ငါရီးသားချင်ရေ...။

သူ မမြင်ချင်ကေတောင်
တခေါက်လောက်လှည့်ကြည့်ပြီ့း
သူ မဖတ်ချင်ကေတောင်
ရင်ဘတ်ထဲမှာ မှတ်ထားပီးပါလို့
ငါတောင်းဆိုဖို့ဆိုကေ
ငါတရားစကေလောက်လွန်ဖို့လား ...။

ငါဆိုရေ
သူမချစ်တေ ငါက
ငါ့အတွက်, သူ အသိအမှတ်ပြုဖို့အတွက်
ငါ့နှလုံးသားကိုရင်းပြီး
ဒဏ်ရာတိ ဗရဗွက်
တစ်ဘ၀စာ ထာဝရ တူးဆွဆဲဆိုစွာကို
သူ သိပါစီ…။

သူ့ အပေါ်ထားရေ
ငါ့အချစ်တိရာ စစ်မှန်ခဖို့ဆိုကေ
ငါ့နှလုံးသား ဒဏ်ရာတိ
ရင်ထဲမှာ သည်းထန်နီရေအလွမ်းမိုးတိ
အချိန်ဆိုရေ စီရင်ချက်နန့်အတူ
လောင်ကျွမ်း ပြာကျပါစီ.. .။

ငါ့နှလုံးသား
သီဆုံးလားသည့်တိုင်အောင်
သူရို့တိ
ထာဝရ လောင်ကျွမ်းနီပါစီလို့
ဆန္ဒပြုယင်းပါ...။
(ကျောက်ဖြူသူ)

ဒီဇင်ဘာဆိုး


ခန္ဓာထက်က
စိမ်းသစ်လတ်ဆတ်နိန်ရေ
သမိုင်းအနာကိုစမ်းမိတိုင်း...။

နံရံလေးဘက်လေးတန်က
ပိတ်ဆို့ နှိပ်စက်ခြင်းတိနန့် 
အငြိုးကြီးနိန်ရေ
ပစ္စက္ခအခန်းချေထဲမှာ...။

အပြင်ဖက်က
နှင်းကြွီညဥ့်မှာ
ဆောင်းလီကြမ်းလို့ 
ချမ်းနိန်ရစွာ ကြာနိန်ဗျာလ်…။

လူမျိုးတမျိုးလုံး
အဆိပ်မိခရရေ ဒီဇင်ဘာ
တိုင်းပြည်တပြည်လုံး
ဆိတ်သုန်းပျောက်လားစီရေ ဒီဇင်ဘာ
အားကိုးအားထားလမ်းပြတံထားတိ
ကျိုးပဲ့ပျက်လားရရေ ဒီဇင်ဘာ
ဒုက္ခတိမော်ဒန်ဒီဇိုင်းအမျိုးမျိုးနန်
့ဆန်းသစ်နိန်သိမ့်ရေ ဒီဇင်ဘာ
ဆန္ဒအိမ်မက်မျှော်လင့်ချက်တိကို
သရော်စော်ကားနိန်ရေ ဒီဇင်ဘာ
နတ်ဆိုးတိကို ဂုဏ်ပြုပီးခရေ ဒီဇင်ဘာ
ကံကြမ္မာဆိုးကို အတိုးချထားခရေ ဒီဇင်ဘာ
ဒီဇင်ဘာ
ဒီဇင်ဘာ
ဒီဇင်ဘာ…၊၊

အလင်းတစက်
မီးတပြနန့် 
လက်ချင်းကူလို့ 
နွီးဖို့ ရက်က
အို... ဇာမှာ.......။ ။ ။
 (မြောက်ဦးကဘီလူး)

ရခိုင်စာ


ရခိုင်ရို့ ဘဝ
ရခိုင်ရို့ အလှ
ရခိုင်ရို့ ကိုးကွယ်ရာ ရခိုင်စာ။

ရခိုင်ရို့ ဂုဏ်သိက္ခာ
ရခိုင်ရို့ ကံကြမ္မာ
ရခိုင်ရို့ အားထားရာ ရခိုင်စာ။

ရခိုင်ရို့ တန်ဖိုး
ရခိုင္ရို ့မ်ိဳးရိုးအမြီ
ရခိုင္ရို ့အသိပညာ ရခိုင္စာ။

ရခိုင္ရို ့ဂီတ
ရခိုင္ရို ့ရသ
ရခိုင်ရို့ ယိုင်ကျေးမှု
စီးဆင်းလားနိန်ရေနိန်ရာ ရခိုင်စာ။

ရခိုင်ရို့ အတိတ်
ရခိုင်ရို့ အရိပ်
ရခိုင်ရို့ ခြီရာ ရခိုင်စာ။

ရခိုင်ရို့ ပစ္စက္ခ
ရခိုင်ရို့ အန္တိမပန်းတိုင်
ရခိုင်ရို့ ဆုပ်ကိုင်လားရာ ရခိုင်စာ။

ရခိုင်ရို့ အနာဂတ်
ရခိုင်ရို့ စိတ်ဓါတ်
ရခိုင်ရို့ ရှင်သန်ရာ ရခိုင်စာ။

ရခိုင်ရို့ အသက်
ရခိုင်ရို့ အိမ်မက်
ရခိုင်ရို့ မျှော်လင့်ချက်တိ
ကိန်းအောင်းနိန်ရေနိန်ရာ ရခိုင်စာ။


ရခိုင်ရို့ သွီး
ရခိုင်ရို့ ခရီး
ရခိုင်ရို့ လွတ်လမ်းကို
လမ်းပြပီးစီနိုင်ရေအရာ ရခိုင်စာ…။

 (မြောက်ဦးကဘီးလူ)

မှတ်ချက်။ ။ရခိုင်သားရခိုင်သမတိက ရခိုင်စာကို မြတ်နိုးပနာ တန်ဖိုးထားလို့  ရီးသားဖို့ မကြိုးစားကတ်ကေ တခြားဇာလူမျိုးကလေ့ လာပြီးကေ ထိန်းသိမ်းစောင့်ရှောက်မြှင့်တင် ရီးပီးဖို့ မဟုတ်ပါ။ ရခိုင်စာနန့် ရခိုင်ရို့ စာပီ ဖွံ့ ဖြိုးတိုးတက်ခိုင်မာလာအောင် လုပ်ရဖို့ ဆိုရေ အသိစိတ်နန့် ဝတ္တရားက ရခိုင်သားရခိုင်သမတိုင်း ယုံကြည်စွဲမှတ်ထမ်းဆောင်လားရဖို့  မွီးရာပါတာဝန် ပင်ဖြစ်တေ။

အချစ်နန့် ချိန်းတွိခြင်း


သဇင်ပွင့်ရောင် ပါးပြင်ချေ
ဖြူစင်ဝင်းပ လှနိန်ရေ…။

ရနံ့ ချေကမွီးလို့ ကြိုင်
မောင်ကြီးစိတ်ကမထိန်းနိုင်..။

ချိန်းတွိကတ်တေ လပြည့်ည
အနမ်းမိုးတိရွာလို့ ချ…။

အချစ်တိနန့် စွတ်လို့ စို
ရင်ခွင်ထဲမှာ တေးခြင်းဆို…။

နှလုံးသားမှာ မိန့် မရ
လူပျိုဘ၀ အနှစ်သာရ….။
(မြောက်ဦးကဘီလူး)

ကျိန်စာသင့် နှလုံးသား


အချစ်ကို ကိုးကွယ်ခကေ့လေ့
အချစ်၏ ခါးသီးနာကြင်မှုတိကိုရာ
ငါ-- ထွေးပွေ့ပိုင်ဆိုင်ခရ ။

အချစ်၏
ကြင်နာ နွီးထွီးမှုအစားလတ်
နှင်းဆီးပန်းချေ တစ်ပွင့်
ဘဝနှင့်ရင်း
မြတ်နိးစွာ ငါ စိုက်ပျိုးခရေ ။

လှပရေ အဆင်းနန့်
နူးညံ့ရေ ဝတ်မှုန်လွှာရို့
ငုံအာ အဖူးမှာ
တိုက်ခတ်လာရေ
မုတ်သုန်လီ တစ်ချက်ကြောင့်
ပန်းပွင့်ချေနံဘေးက
ငါစွာ..
ထိုအဝီးကြီးသို့
လွင့်(ရွင့်)စိုင်လားခရ ။

ဖက်တွယ်ဖို့ကြိုစားယင်း
ငါ လှမ်းအကိုင်
စူးချောင်းချေတိက
ငါ့လက်ကို
ညှာတာမှုကင်း
စူးနစ်ဝင်လားကတ်တေ ။

သွီးနီတိ
ဖြာခနဲ ထွက်လာအကျ
အော်.........
ဒေချင့် အကြင်နာလတ်လား ဝေ
ရင်ထဲမှာ နင့်ခနဲ ခံစားလိုက်ရရေ ။

ပန်းပျိုးရေ လက်က
ပန်းကိုဆွတ်ဖို့
မတန်မရာ လားဝေ ။

နီးကပ်ဖို့ ကြိုးစားစဉ်မှာပင်
အသိမဲ့ရေ ငါ့ ခြီးလှမ်းတိ နောက်ဆုတ်
အချစ်၏
ထို..အစွန်းးတစ်ဖက်ကို
ငါ ရောက်မှန်းမသိ ရောက်လား ရခရေ
တစ်ဖြည်းဖြည်းနန့်
အဝီး အဝီးဆုံးကိုလေ ။

 (မောင်ချေ)

ပညာတတ် ဖပြုတ်ကေ

အဘာလေ့
ကြည့်ချထော
ကိုယ့်စွာကို ကျမ်းတတ်ပိုင်
ပြောလိုက်တေ စကားတိ
ငါရို့ လိုက်မမှီရာ ဒေ ....။

အဘာလေး...
ကြည့်ချထော
ချပြလိုက်တေ ပုံသေနည်း
အိုင်စတိုင်းတောင်
အဖိုးသျှင်ခေါ်နိန်ရယင့် ....။

အဘာလေး
ကြည့်ချထော
ကလိုက်တေဓား ပြိုန်းတောမှာ
သနားဖို့ ကောင်းလိုက်တေ
တတောလုံး ပြောင်လား ယင့် .....။

အဘာလေး
ကြည့်ချထော
ငြင်းလိုက်တေ ပြဿနာ
ရိုင်တည်ထားကေ
ရခိုင်ပြည် ကမ္ဘာကျော်လားဖို့ ယေ....။

အဘာလေး
ကြည့်ချထော
သျှင်ပြုပွဲလေ့ ဒေလူ
သမက်တတ်ပွဲလေ့ ဒေလူ
မရောက်စွာ ဟိမ့်သိမ့်လာဂု ......။

အဘာလေး
ကြည့်ချထော
မပြောချင်လို့ နိန်ရေလှုတိကို
ဆီးဆုံး ထင်နိန်လာမသိမ့်
ကျောက်ခဲ့ပိုက်ကေ
လက်ညောင်းလတ်မေ လို့ ဒေ..........။

ပြောခီကေ ခွီးပိုင်ကိုက်
မပြောခီကေ လဘောထင်
ဆီးဆောက်ကရောက် ပေါလဆီတိနန့်
အရည်မရ အဖတ်မရ
စုတ်ပီ စုတ်ပ ရီမှာဆုံး
ဖပြုတ်ကေ ရာဇ၀င် တုံး .....။

မင်းရို့တိလား
ရက္ခတိုင်းကို ကယ်တင်ဖို့ လူတိ
အလှပနိန်....မဟုတ်ကေ
ငါ...ဒရွင်စည်တီးလို့
ကမင်ညစ်ဖို့ ကျဖို့ ဒေ.....။
...............................
အေးမောင်(ရင်အုံတော်ဓာတ်)