ခြုံငုတ်ကိုရှင်း လမ်းကိုခင်း၍
ရင်းခဲ့သမျှ သွေးနဲ့ ချွေးပေါ့ 
အခုတော့........
ပမ်းခဲ့သမျှ အလကားပေါ့ 
အတ္တမာန ခ၀ါချ၍
ကြိုးစားခဲ့သမျှ ဇွဲနဲ့ ခွေးပေါ့ 
အခုတော့.......
လှမ်းခဲ့သမျှ ဝေးခဲ့ရပေါ့ 
သစ္စာကတိ ချစ်မြတ်နိုး၍
ရိုးစောင့်ခဲ့သမျှ နှစ်အလလပေါ့ 
အခုတော့ငါ့ မှာ.......
လွမ်းခဲ့သမျှ နွမ်းခဲ့ရပေါ့
တမ်းခဲ့သမျှ ဆွေးခဲ့ရပေါ့
လရိပ်ပြုံးချို
0 comments:
Post a Comment