Tuesday, 14 October 2014

နှင်းရီစွတ်ဖြန်း

ဗျိုင်းချီးပင်ချေတိထက်မှာ
နှင်းပွင့်ချေတိ တ၀ီဝီ နန့်

မြောက်ပြန်လီရှုချေတိ
တသွင်သွင်မြူးလို့

အုန်းတောထဲက ဗျိုင်းတရွီလေ့
နီထွက်စချေကို အတောင်ချေတိ
တကားကား နန့် ဆီးကြိုနိန်ကတ်တေ..........။

ကျွဲကူးမြစ်က ကြောကျောက်ထမှာ
ဗလိချေ လင်မယား
ခြီချေ လက်ချေ အခေါင်းချေတိကပ်လို့
ဇာပျင်ကတ်လေ မဆိုနိုင်.........

အဖိုးမောင်ကျန်လူ တာထဲက
ကျွဲတရွီလေ့ လမုန်းပင်ချေတိနန့်
နီထွက်စမှာ နှခေါင်းထဲက အခိုးချေတိ
တ၀ီဝီ ထွက်လို့.................................။

ရွှာတောင်ဘက်က အဖိုးသျှင်တောင်ကို
ဆိတ်ထူးပွင့်ခူးဖို့ စစောချေထွက်လာရေ
လှပျိုချေတိကို
ရဲနိန်ရေ ပေါက်ပန်းချေတိတောင်
အခြင်းပြောကျပါရေ နှုန်း.......

အော်........ရက္ခမြီကိုပိုက်၊
သန္တာမြီကို စွန့်ခွာ
လခြမ်းမြီကို ခွဲလားရေ
မင်းရို့ကို

နှင်းရီစွတ်ဖြန်း အလွမ်းပိုက်လို့
အဖပြည်က ငါစောင့်နိန်သိမ့်ရေ...................။
အချိန်တန်ကေ အိမ်ပြန်လာကတ်ပါ...............


အေးမောင်(ရင်အုံတော်ဓာတ်)
၂၉၊၁၁၊၂၀၁၀(၁၅း၅၆)

0 comments:

Post a Comment