လပကြီးထထိန်သာနိန်သည်ကို စံရွှေမောင်မကြိုက်ချင်၊ သူချစ်သော လမင်းကြီးကို မိုးရိပ်ထဲမှာလေ့ မပုန်းစီချင်၊ လပကြီးကိုမသာစီိချင်၊ လပကြီးသာနိန်လျင် ချိန်းတွိရစွာအဆင်မပြေ၊ လူမြင်လားဖို့စိုးရိမ်ရသည်။ လမိုက်နိန်ကေလေ့ အမှောင်ရိပ်ကို စံရွှေမောင်ကြောက်သည်။ ကကောင်းဂွ၊
အချစ်ဆိုစွာ ချို့ဝှက်ထားမှ အတန်ကျသည်။ ယပိုင်မဟုတ်လျင် တစ်ရွှာလုံးသိလားလို့ စံရွှေမောင်ဒုက္ခ၊ အလုပ်ပါပြုတ်လားနိုင်သည်။ လယ်ပိုင်သျှင်သမီးကိုမှ ချစ်ကြိုက်မိသောသူ့ကိုယ်သူအပြစ်လေ့တင်နိန်မိသည်။
သူ့ငယ်ပေါင်းချေ ဘက်ကို လာရာလမ်းတစ်လျောက် လင်းခွာပန်းအနံ့တိနှင့်မွှီးကြိုင်သင့်ပျံ့နိန်သည်။ နပျိုးလက်ချေကြားတိက ဖြာကျလာရေလရောင်ချေရို့မဟာကဗျာဆန်လှသည်။ လပရောင်ကလေ့ ဒေနိန့်မှ ကကောင်း အားကောင်းနိန်ရေမြင်ယင့်၊ မင်းဂျိုပင်ရို့ထက်က မင်းဂျိုသီးတိကိုပင် ငွီရောင်လမင်းကလှမ်းပြသည်။
ည(၁၂) နာရီအတိ၊ တစ်ရွှာလုံးလေ့ တိတ်ဆိတ်လို့ ။ ခါတိုင်းဆို ငယ်ပေါင်းဖော် သူငယ်ချင်းရို့ အဖော်လိုက်ပီးကတ်သည်။ ဒေနိန့် ရိနာတိ တလင်းနှယ်လို့ ညောင်းရေဆိုပနာ အကြောင်းပြလို့ တစ်ကောင်လေ့ အဖော်မရခ။ ဘဇောင်ဘင်ဖြစ်ဖြစ် သူ့ငယ်ပေါင်းချေနှင့်တစ်ညချေတွိ့ရဖို့အရေး စံရွှေမောင်အရဲစွန့်ဝံ့သည်။ လမင်းကြီးအပြိုင်ဝင်းပကြည့်လနိန်သောချစ်သူမျက်နှာ တစ်ခါလေ့ကြည့်မ၀သောစံရွှေမောင်အတွက် ငယ်ပေါင်းနှင့်တွိ့ဖို့အရေး ဓားတောင်ကိုဖြတ်ရဖို့လား၊ စူးတောင်ကိုဖြတ်ရဖို့လား၊ မီးတောင်ကိုကျော်ရဖို့လား သူလုပ်ဝံ့သည်။
ချိန်းတွိရာသူရို့အချစ်နိဗာန်ဘုံသည် ငယ်ပေါင်းချေအိမ်နှင့်ကကောင်းမ၀ီး၊ စံရွှေမောင်ရို့အိမ်က ၁၀ မိနစ်ခန့်လမ်းလျှောက်လျှင်ရောက်သည်။ ရွှာမြောက်ဘက် သောက်ရီကန်ဘောင်နားက လယ်ဇွတ်တိနားသို့စံရွှေမောင်ခြီလှမ်းသသွက်ချေစားချလာသည်။ ငယ်ပေါင်းချေအိမ်နားအရောက် သူ့ရို့ချစ်သူနှုစ်ယောက်ချို့ဝှက်ချက်အသံချေ စံရွှေမောင်ပီးလိုက်သည်။
နှင်းဆီ၊ဂန္ဒမာ၊ခတ္တာ၊ဂမုန်း၊သဇင် စသည့်ပန်းဘုရင်ရို့လက်မြှောက်ရသော စံရွှေမောင်အသဲဦးပန်း၊ စံရွှေမောင် ငယ်ပေါင်းချေ ဒါဦးခိုင် ခြီတစ်လှမ်း၊ ကုဠေသျှစ်သန်း အိဒြေဖြင့် စံရွှေမောင်ဘက်သို့လာနိန်သည်။ သူမ၏ရှိဗြီးကိုယ်ရံတော်တိအဖြစ် အုန်းဆီရနံ့ချေတိက စံရွှေမောင်၏ဂန္ဒာအာရုံကိုလာဆွသည်။ နက်မောင်နိန်သောကေသာရို့ကို မြောက်ပြန်လီရှုးတိက မြောက်ပီးသည်။ စံရွှေမောင်ရင်ထဲမှာ ကတ်တရမ်လီပြင်းတိ တိုက်ခိုက်နိန်သည်။
နိန့်တိုင်း၊ အချိန်တိုင်း ဟန်ဆောင်၊ပန်ဆောင်ဖြင့် ခိုးချစ်၊ခိုးကြည့်ရသောအဖြစ်ကို စံရွှေမောင်မုန်းသည်။ ဖြစ်နိုင်လျှင် ဒါဦးခိုင်ကို သူလက်ထပ်ချင်သည်။ ယေဂေလေ့ သူ့ဘ၀က တစ်ခုလေ့ မပြည့်စုံ၊ အိမ်က အငှားသားနှင့် ဒါဦးခိုင်မိဘကိုလေ့ တစိလေ့ သဘောတူဖို့မဟုတ်။ ယပြီးကေ ဒါဦးခိုင်က ပညာတတ်၊ ဘွဲ့ရ၊ တစ်ရွှာလုံးက လေးစားချစ်ခင်ရေ ကျောင်းဆရာမ ။ စံရွှေမောင်က မိဘစာမသင်နိုင်လို့ (၄) တန်းကနိန် ကျောင်းထွက်၊ သနားလို့ ဒါဦးခိုင်မိဘက အိမ်မှာ ခိုင်းလာစွာ ဆယ်စုနှစ်တောင် ကျော်လာဗျာယ်ကာ…။
ခိုးလို့ဗြီးလို့လဲမဖြစ်၊ ကျေးဇုမသိတတ်၊ အနှံလက်နှင့်ရွှေခွက်နှိက်ဖို့ပျင်လို့ပြောကတ်ဖို့၊ ဒါဦးခိုင်ကို သူမခွဲနိုင်၊ သီအောင်ချစ်တေ….၊ စံရွှေမောင်ဇာလုပ်ကေကောင်းဖို့လဲ ……..။
“ ကိုစံရွှေ…… အချိန်ကောင်းတိကျဂါ၊ ဒေမှာ ဘဘာနန့်အမိရို့ အိပ်အောင်မနည်း စောင့်နိန်ရရေ…ကံကောင်းလို့ တန်းဗျင်းချေက ရီခွက်ကို ခနှုန့်သတ်မိဖို့ တဒါးချေလို့ရေနှုန်း ……ခိခိ…...။” ဒါဦးခိုင် အပြစ်ကင်းစွာအသာချေ လှမ်းပြောသည်။
“ အော်… ငယ်ချေ…ခိုးကြည့်ရစွာလေ့ အကိုစံရွှေ တစ်ပိုင်းသီနိန်ဗျာယ်…ဒေပိုင်တစ်ညတွိရဖို့ဘဇောင်မျော်လင့်ရမှတ်လေ………” ကန်ဘောင်နားက ကန်းသင်းထက်ထိုင်ချယင်း စံရွှေမောင် ဂရုနာသက်စွာပြောသည်။
“ ….. ယင်းအတွက်နန့် ငယ်ချေပြောစွာ……ဖဲ့သာအများကြီးရှာ..ဘာဘာနန့်အမိကို ဖွင့်ပြောပနာ လက်ထပ်ကတ်မေလို့………” စံရွှေမောင်ရင်ဘက်ခေါင်းချေမှီယင်း ဒါဦးခိုင် တတိုးချေပြန်ပြောသည်။
“…. ငယ်ချေ..ဝေ…အကိုစံရွှေလေ့ ငယ်ချေကို လက်ထပ်ချင်နိန်စွာ ကကောင်းကြာယာ၊ အကိုရို့နှစ်ယောက် ထိုး အငယ်ချေကပင် တတူတတူစား၊ တတူလာ၊ တတူကြီးလာကတ်စွာမလား၊ အကိုလေ့ အားမတန်လို့မာန်လျော့နိန်ရစွာပါဝေ….ငယ်ချေကို အကိုစံရွှေဇာလောက်ထိချစ်တေဆိုစွာ …၊ ငယ်ချေသိယင့်သားနန့် ……၊ “ စံရွှေသိမ်ငယ်စွာနှင့်ယှင်းပြသည်။
ချစ်သူဆံနွယ်စချေတိကိုဂရုနာသက်စွာပွတ်သပ်ယင်း၊ အသင့်ဝင်လာသော ဒါဦးခိုင်ခေါင်းချေကို ရင်ခွင်မှာခိုနားခွင့်ပီးလိုက်စဉ်……..
“ ယဂေ…..ငယ်ချေရို့နှစ်ယောက်ပေါင်းဖက်ဖို့ အကိုစံရွှေမှာ ဇာတိစိုင်းစားထားလေ….” သူမအားကိုးတစ်ကြီးမီးလိုက်သည်။
“ …ငယ်ချေ……ငါလေ့ဝေး ကြံရာမရရာ…ယေဂေလေ့ မျော်လင့်ချက်တိတော့ခါ အကိုစံရွှေမှာ အပြည့်ဟိရေလေ……. အကို့သူငယ်ချင်းတိခေါ်နိန်ရေ….ကချင်ဘက်တက်ပါလတ် လတ်…ယင်းမှာ..အပိုးထမ်းလို့ဖြစ်ဖြစ်၊…..ကျောက်ရှာလို့ဖြစ်ဖြစ် အဆင်ပြေကတ်တေလတ်…….” လမင်းနှင့်အပြိုင် လှနိန်သောချစ်သူမျက်နှာကြည့်ရင်း စံရွှေမောင် လေးနက်စွာပြောသည်။
“….အိုး ..အကိုစံရွှေ… ငယ်ချေကိုခွဲပနာ အ၀ီးကြီးကို လားဖို့စိတ်ကူးနိန်ရေမလားယေ….”
ဒါဦးခိုင်စိုးရိမ်ကြောင်းကြလားသည်။
“ စိတ်မပူဂေ့ ငယ်ချေ၊ ကိုစံရွှေလေ့ ငယ်ချေကိုဇာပိုင်ခွဲချင်ပါဖို့လဲဝေ….၊ ယေဂေလေ့ ငယ်ချေနန့်အကိုဘ၀ရှိရေးအတွက် အကိုစွန့်စားရဖို့ …. ငယ်ချေသိရေမလား..ကျော်ဦးမောင်ရို့၊ ထွန်းမြအောင်ရို့ …..အကိုရို့သူငယ်ချင်းတိ အားလုံး ကချင်မှာလေ၊ ………..”
ဒါဦးခိုင်တားဖို့လဲအခက်၊ စံရွှေမောင် စိတ်ဆုံးဖြတ်ထားပုံရသည်၊ သူမအမိဘကလေ့ တစ်နှစ်စပါး(၁၀၀) ကလွှဲလို့ စံရွှေမောင်ကိုပိုမပီး၊ ယင်းချင့်နှင့် ဒါဦးခိုင်အမိဘတောင်းရေအသွင်းကို စံရွှေမောင် ၁၀ သက်လုပ်တောင်လိုက်မှီဖို့မဟုတ်………။ ချစ်သူနှင့်တစ်သက်လုံးပေါင်းဖက်ဖို့အရေး ဒါဦးခိုင် တစ်ချက်ချေ ခွဲနိန်နိုင်ရမည်။ ရွီးစရာလမ်းလေ့ အရာမဟိ…….။
၁၀ နှစ်မတိုင်ခင် ……………
“ သင်္ကြန်ကျလို့ ရီလောင်းရေ မာန်မပါဂေ့ မရီးချေရို့ …၊ အ၀ီးကကြည့်ကေ လှရေပရေ အပါးချေရောက်ကေ အမိလေ အဘာလေ…..၊”
နှစ်ဦးသင်္ကြန်ရက်မြတ်မှာ စံရွှေမောင်ရို့တစ်ရွှာလုံးပျော်ကြီးကျနိန်သည်။ ဖြူ၊နီပြာ၊၀ါ ပန်းရောင်စုံရို့ဝေဆာဖူးပွင့်နိန်ကတ်သည်။ ပိတောက်ပန်းနှင့်ငုံးပန်းရို့အလှတိကအပြိုင်အဆိုင်၊ ရွှာကလူတိကလေ့ ရုပ်မျိုးသုံးဆယ်လုပ်လျက် ကထိုက်ရိုက်။ တစ်ရွှာလုံးလေ့ ကျကျွတ်ရိုက်လို့ … ဘုစုကရုနှင့်ဝါကြီး၊၀ါကြီးမတိပါကျန် တစ်ရွှက်လုံး ရီလောင်းပွဲ ပါဝင်ဆင်နွဲလျက်…………..
ဆယ်ကျော်သက်အရွှယ် စံရွှေမောင်ရို့ လူပျိုချေအုပ်စီ ရွှာလယ်ကောင်ဟိ ပိတောက်ရွှေဝါရီလောင်မဏ္ဍိုပ်သို့ချီတက်လာသည်။ ဒါချေခိုင်ရို့အပျိုမချေရို့အုပ်စု ဒေမဏ္ဍိုပ်မှာ မဏ္ဍိုပ် ၀င်လျက်ဟိသည်။ မဏ္ဍိုပ်ရှိကွင်းပြင်တွင် ရီကစပ်တေလူတိနှင့်အပြည့်၊ ရခိုင်သင်္ကြန်တေးခြင်းတိလေ့ တညံညံ………
“ ဒေနှစ်သင်္ကြန်ကျစွာမှာ…မောင်မောင်လောင်ပေါ်ပေါက်စွာရာ………”
မဏ္ဍိုပ်ရှိမှာ ကျကျိတ်တိုးနိန်ကတ်သောလူတိကိုတောင်းပန်လျက် စံရွှေမောင်တိုးဝင်လာသည်။
ခြီထောက်တိလေ့ဘိတ်တိနှင့်အလိပ်လိပ်…. ဖိနပ်တစ်ဖက်ကို ခါးမှားထိုးလို့ အစွတ်ရီဖတ် စံရွှေမောင် ဒယိမ်းဒယိုင်….။
အရက်ကလေ့ တစိချေယစ်လို့ ။ သူငယ်ချင်းတိကို ဒေနှစ် ဒါဦးခိုင်အချစ်ကိုအရယူဖို့ မောင်းထုထားသည်။
“ အော်…အရီး.. မဏ္ဍိုပ်သျှင်မ.. နံပါတ်(၅) ကိုတစ်ခေါက်ချေထုတ်ပီးပါ ရီလောင်ချင်လို့ ….၊..”
ရီလောင်းဖို့အသင့်စောင့်နိန်သောကလိန့်မေချေရို့ရင်ဘက်တွင်နံပါတ်တိတပ်ထားသည်။ စံရွှေမောင်ရီလောင်းသျှင်သော နံပါတ်(၅) ကလိန့်မေချေအသူလေချင့်……၊ ဒါဦးခိုင်ကလွှဲလို့ တစ်ယောက်လေ့သင့်မဖြစ်နိုင်….။
“ အဘာလေ့ ကိုစံရွှေ…ဘဘက်ပျိုလို့ဂါ…အဂုမှ ရီလောင်းဖို့လာရေ…ရီခွက်ကို အလှပကိုင်ထားထော အရာ .. အကျွန့်ကို မလောင်းခင် ကိုယ့်စွာကိုလောင်းမိနိန်မေ…..ခိခိ….။”
အသောက်အစားမဟိ၊ ရရိုးသသားနိန်သော စံရွှေမောင် ဒေနိန့် ရဲဆီးတင်လာခြင်းဖြစ်သည်။ သူငယ်ချင်းရို့က စံရွှေမောင်ကို ရီမရောသော အဥရည်အပြင်းစားတိုက်ထားသည်။ တစ်ခွက်တည်းနှင့်နခက်ကမီးတောက်လားသော စံရွှေမောင် က ဒါဦးခိုင်ရီလောင်းရင်း လျှာအလိပ်လိပ်နှင့်ဆီးရောက်ကရောက်ပြောလာသည်။
“ ငယ်ချေ…..ဒေသင်္ကြန်မှာ ငယ်ချေတစ်ယောက်တည်းကိုရာ လောင်းဖို့လို့ အကိုစံရွှေ ရည်ရွှယ်ထားစွာ၊ ငယ်ချေက လွှဲလို့ တစ်ယောက်ကိုလေ့ မလောင်း၊ မိုးထက ရီတောင်မချိုးထားဒေ..ဟဲဟဲ………”
ငယ်ချေဟု ပထမဆုံးအခေါ်ခံရလို့ ဒါဦးခိုင် ရှက်လားသည်။…… “ ဇာလေဂု လျှာတိအလိပ်လိပ်နန့် စိမ်းကြီးစိမ်းကင်… ငယ်ချေ…ဟုတ်လာ..ဇာက ငယ်ချေလေ့…… ယစ်ပနာ မြို့နန့်ကျွန်းနန့်မှားလားဟန်….. အချေကဘင်နိန်လာရေ သူငယ်ချင်းကို ဘဘောင်းမိလားယာဟန်…….” ရီအလောင်းခံယင်း ဒါဦးခိုင် ရှက်ကချေပြောသည်။
“….အော်….အချေကဘင် တတူနိန်လာလို့….ငယ်…ငယ်ချေ လို့ အကိုစံရွှေခေါ်စွာမလားယေ…..ငယ်ချေ…အ..အ…ကို…ငယ်ချေကို တ…၀…တ၀ ချစ်…”
စကားမဆုံးလိုက် စံရွှေမောင် လျှော်လဲသတ်လျက် ဖင်ထိုင်ကျလားသည်။ ခေါင်းတိ အရက်ချိန်ပိုရိုင်လာသောကြောင့် မထနိုင်……။ သူငယ်ချင်းတိ လာထူပီးသည်။ဒါဦးခိုင် ရှက်ကချေနှင့်မဏ္ဍိုပ်နောက်ဗြီးဝင်လားသည်။
အချေအရွှယ်ဘ၀……………
“…အဖိုး…အဖိုး….ဇာတူးလေ…ရွှေငွေတူးရေ… ရွှေနန့် ငွေနန့်ဖက်ဖို့လား၊ မဖက်၊အဖိုးရို့ရွှာ ဇာရွှာ နန္ဒရာသီးရွှာ၊ နန္ဒရာသီးတစ်လုံးပီး…..”
ရွှာလယ်ပြင်လယ်ဂေါင်မှာ အချေကစပ်သံတိ ကျကျွတ်ရိုက်နိန်သည်။ နွီရာသီကျောင်းပိတ်ရက်များတွင်အချေတိအားရဘရကစပ်ကတ်သည်။ ကျောင်းဖွင့်ရာသီတွင် ကစပ်ဖို့အချိန်ကောင်းမဟိ။
“ သားချေ…စံရွှေ..ထမင်းစားဖို့ပါလတ်ဖိ……” အမိသယ်ခေါ်သံ သံရွှေမောင်ကြားသည်။ ယင်းကြောင်း ဒါဦးခိုင်အနားတိုးကပ်လိုက်ပြီး……။
“ဒါဒါ ……နာယားဖို့ယာ…အမိ အမင်းစားဖို့ခေါ်နိန်ယာ…….”
“ယားယီ၊ နရို့က၀မ်းအဆာသိမ့်…ဘာဘာလေ့ မခေါ်သိမ့်…နင် နခြင်းဘက် ကစပ်ဖို့ယာဖို့ယား….၊” ဒါဦးခိုင် အားကိုးတကြီးမီးလိုက်သည်။
“ အင်း…နာလာဖို့…အမင်းစားလို့ဗြီးစွာနန်ပ နာဗြီးပါလတ်မေ…နင် စောင်နိန်နန်း….ကျားယာ..”
ဒါဦးခိုင်နှင့်စံရွှေမောင်သည်ရွှယ်တူငယ်ပေါင်းရို့ဖြစ်သည်။ အခုသူရို့ပထမတန်းတက်ရောက်သင်ကြားနိန်သည်။ ဒါဦးခိုင်အမိဘရို့ ဥစ္စာဓနပြည့်စုံသော်လည်း စံရွှေမောင်မိဘတိက လက်လုပ်လက်စား၊
“ဒါဒါ….နာမယားခင် နင့်ကို ငါ ကြက်ပွင့်တစ်ပွင့်လက်ဆောင်ပီးခယင့်..ယာ..ယူ……”
ဒါဦးခိုင်လှမ်းယူလျက် စကားမပီတပီပြောသည်။
“ အမိပျောထားယေ..ကြက်ပွင့်ပန်ကေ ကြက်မဖြစ်ဖို့လတ်…၊ ယေဂေယေ့ နင်ပီးစွာဆို နာယူလိုက်ဖို့ယာ…ငါကြက်ဖြစ်လို့၊ ကြက်ဥ ဥခါ နင့်ကို တစ်ဥ ယာပီးမေနန်း……”
ကျွန်းရွှာဒေသသည်ငြိမ်းချမ်းလှသည်။ ရွှာသားရို့သည် အသက်မွီးဝမ်းကျောင်းအဖြစ် စပါးစိုက်ခြင်းအလုပ်ကိုအဓိကလုပ်ကိုင်ကတ်ပြီး၊ တံငါအလုပ်နှင့်အသက်မွီးလူတိလေ့ဟိသည်။ ရိုးသားဖြူစင်ပြီး အပူပင်ကင်းစွနိန်တက်ကတ်သည်။ ယေဂေလေ့သွင့်… လောကကြီးက လူတိုင်းကိုမျက်နှာသာမပီးပါ….. အမိတစ်ယောက်တည်းရုန်းကန်လာသောစံရွှေမောင်ရို့မိသားစုအတွက် ကျောင်းဆက်ထားရန်အခက်အခဲ့တိဒူနှင့်ဒေ့….။ ကံမကောင်းစွာဖြင့် စံရွှေမောင်(၄)တန်းအရောက်တွင် ကျောင်းထွက်လိုက်ရသည်။
မိသားစုစားဝတ်နိန်ရေဖြေရှင်းရန် အသက်ဘင်မပြည့်သော စံရွှေမောင်ကို ဒါဦးခိုင်ရို့အမိဘက အိမ်မှာတိုလီမိုလီခိုင်းရန် ခေါ်ထားသည်။ ဇာဘင်ဖြစ်ဖြစ် စံရွှေမောင်ပျော်သည်။ သူ့ငယ်ပေါင်းနှင့်နိန့်တိုင် စကားပြောရသည်။ ဒါဦးခိုင်ကျောင်းကပြန်လာချိန်တွင် အတူတူ ကစပ်ရသည်။ သူခပ်ပီးသော ရီတိကို ဒါဦးခိုင်ချိုးသောအခါ စံရွှေမောင်အလွန်ပျော်သည်။ အဆင့်အတန်း၊အနှိမ့်အမြင့်ဆိုစွာ သူရို့ဘ၀မှာ မဟိခ……၊
ကံဆိုးသူစံရွှေမောင်မှာ ကျောင်းက(၄)တန်းကထွက်ရလို့ မတန်းသိမ်ပါ…၊ ဒါဦးခိုင် (၇) တန်းအရောက်တွင်၊ စံရွှေမောင်အမိ နာမည်မရသောရောဂါတစ်မျိုးဖြင့်သီဆုံးလားသည်။ ခိုကိုးရာ၊နားခိုရာမိနိန်သောရီခမ်းငါးစံရွှေမောင်ကို ဒါဦးခိုင်ရို့မိဘက အိမ်မှာ စပါးရိတ်၊လယ်ထွန်၊ အိမ်မှုကိစ္စတိဝင်ကူဆောင်ရွှက်ရန် တာဝန်ယူလိုက်သည်။
ဓနသျှင်ရို့အောင်ပွဲ ………………..
စုမိသောဖဲ့သာရို့ကိုကြည့်လျက် စံရွှေမောင် ငါးခူပြုံး ပြုံနိန်သည်။ စိတ်ကူးထဲမှာလဲ အဘုချေရို့တစ်ဒါဇင်အဖသည်ဖြစ်ကြည့်မိသည်။ အိမ်သျှင်မ ဒါဦးခိုင်ကိုအစစအရာကူညီစောက်ရှောက်ကြည့်သည်။ စိတ်ကူးနှင့်စံရွှေမောင်ချစ်သုခဘုံတည်ဆောက်ကြည့်သည်။ အလှဘုရင်ဒါဦးခိုင်လက်တွဲလျက် ရွှာရိုးတစ်လျှောက်လှည့်လည်ကြည့်သည်။ မသုံးမဖြုန်း ချွေတာစုဆောင်မှုကြောင်း ငါးနှစ်အတွင်းစံရွှေမောင် တရင်းစာစုမိသည်။
ဖားကန့်တွင်နိန်စိုင်အတွင်း ကြုံသမျှအလုပ်စံရွှေမောင်လုပ်သည်။ အပိုးထမ်းသည်၊ ရွှေတူးသည်၊ ညဘက် စားသောက်ဆိုင်ရို့တွင် စားပွဲထိုးဝင်လုပ်သည်။ သူငယ်ချင်းရို့က ကျမ္မာရေးဂရုစိုက်ရန်သတိပီးသော်လည်း စံရွှေမောင်မထုန်…၊ ငယ်ချေအိမ်မက်၊ ငယ်ချေအချစ်၊ ငယ်ချေနှင့်ဘ၀ဆက်ရေး သည် စံရွှေမောင်ဘ၀ စံရွှေမောင်၏တစ်ခုတည်းသော ဘ၀ရည်မှန်းချက်……။
ဒါဦးခိုင်တစ်ယောက် စံရွှေမောင်ကိုလွမ်းရလို့ တစ်ပိုင်းသီနိန်သည်။သူမ၀ါသနာပါသော ကျောင်းဆရာမအလုပ်ကိုစေတနာထားလုပ်ယင်း အလွမ်းရက်တိနှင့်ကျင်ကိုင်လျက်ဘ၀ဆက်နိန်ရသည်။ စံရွှေမောင်အတွက် သူမအလွန်ပင်စိုးရိမ်သည်။ ကချင်တွင် မကောင်းသောမိန်းမရို့ပေါကြောင်း၊ ငှက်ဖျားရောဂါအဖြစ်များကြောင်းယင်းပိုင် ရက်ပြတ်ကြားနိန်ရသည်။ ကိုစံရွှေတစ်ယောက် ဘေးမသီ၊ရန်မခဘဲ ရွှာပြန်ရောက်စီရန် ဘုရားမှာလေ့ နိန့်တိုင်းဆုတောင်းမိသည်။ စံရွှေမောင်ဘားက တစ်လတစ်စောင်ကျ စာချေ၊ဘာချေ ရောက်လာလို့ကံကောင်း၊………
ပြာသိုလ မြူနှင်းချေရို့နှင့်အတူ ဒါဦးခိုင်နိုးထလာသည်။ ဇရက်ချေရို့၊စာချေရို့က အယင်နိုးနိန်ကတ်သည်။ အိမ်ရှိကသစ်ပင်ထက်ကငှက်မျိုးစုံသံပြိုင်ကျူးလျက်………၊ အိပ်ရာကထ၊မျက်နှာသစ်အပြီး ဒါဦးခိုင်ဘုရားခန်းဝင်လားသည်။ ညောင်ရီပန်းခက်ရို့လှူအပြီး၊ သတ္တ၀ါအပေါင်းအမျှဝီမိသည်။ အကိုစံရွှေ ရွှာအယင်ပြန်ရောက်စီအကြောင်းဆုတောင်းမိသည်။ တရားမိနစ်(၂၀)ခန့်ထိုင်ပြီးပြန်အထွက် ဆင်ဝင်ခန်းတွင် သူမမိဘ(၂)ပါး ထိုင်နိန်နှင့်ထိပ်တိုက်တွိသည်။
“သမီးချေ…..ဒါဒါ…ဒေကိုလာ..၊ ဘာဘာရို့ အရေးကြီးရေကိစ္စပြောစရာဟိရေ….”
ဒါဦးခိုင်ကြက်သီးထလားသည်၊ အရေးကြီးရေ ကိစ္စဆိုစွာ အိမ်ထောင်ချဖို့စွာကလွှဲလို့ ဇာတစ်ခုလေ့မဖြစ်နိုင်။ လာဆိုလာသောလူရို့ကိုငြင်းလာသည်မှာ နှစ်ပေါင်းလေ့မနည်းယာ၊ ဒေတစ်ခေါက် ဘာဘာနှင့်အမိ မျက်နှာက တစ်စုံတစ်ခုကိုဆုံးဖြတ်ချ ချထားသောမျက်နှာ……….၊
“ သမီးချေ…..မိုးထစစစော မင်္ဂလာဟိရေအချိန်မှာ သမီးချေအတွက် ဘာဘာရို့ မင်္ဂလာဟိရေ သတင်းပြောချင်လို့……..သမီးသိရေအတိုင်းယာ…သမီးအသက်ကလေ့ မနည်းယာလေ….လာဆိုရေလူတိကိုလေ့ ငြင်းရစွာလေ့ ဘာဘာရို့ကောင်းညောင်းနိန်ယာ….”
မင်္ဂလာဟုသောစကားသည် ဒါဦးခိုင်အတွက် အမင်္ဂလာတစ်ပါး၊ ပိုဆိုးစွာက အကိုစံရွှေရှိလရွှာပြန်လာဖို့လို့စာထည့်ထားသည်။
“ ဘာဘာ……..” စကားမဆုံးလိုက်၊ ဒါဦခိုင်အမိက…
“ ဒါဒါ…နင်တစ်ခုလေ့ စောဒကမတက်နိန်ဂေ့….အဂုလာမီးရေလူတိက ရွှေအကျပ်(၂၀) အသွင်းပီးရေ.. ဒါးကိုင်ရွှာက ဥက္ကဌ ဦးစံဂိုးအောင်ရို့သားကြီး၊ ယင်းသူချေ ကကောင်းလိမ္မာရေသမီး၊ ပညာတတ်၊ ဘွဲ့ရလေ…. နင့် နောင်ရေးအတွက် ငါရို့မိဘ နှစ်ပါးလုံးဝ စိတ်ချရဖို့လူ…သမီး ယလောက်ထိငြင်းလာစွာ.... ဇာလေ နင့်မှာရည်းစားဟိလာ………”
ဒါဦးခိုင် ကကောင်းအကျပ်ရိုက်လားသည်၊ မသိဖူး၊မမြင်းဖူးသောလူတစ်ယောက်ရင်ခွင်ထဲကို ဒါဦးခိုင်ဇာပိုင်ဝင်ဖို့လဲ၊ လူမဆန်ရာကျမည်။ ကိုစံရွှေသိလျှင်ရင်ကွဲနာကျမည်။ သူ့မကို တစ်သက်လုံးစိတ်နာလိမ့်မည်။ ဒါဦးခိုင်ဇာဆက်လုပ်ရဖို့လဲ...မိဘနှစ်ပါးကိုအကြောင်းစုံဖွင့်ပြောမှဖြစ်မည်။ နောက်ဖြစ်လာဖို့ဿနာပြနောက်ရှင်းမည်………။
“ ဘာဘာနန့်အမိ…ဒါဒါကို ထင်ချင်ပိုင်ထင်ကတ်ဖိ……. ဒါဒါမှာ ..ဟုတ်တေ…ရည်းစားဟိရေ…” ဒါဦးခိုင်ရရဲ၀၀ံ့ပြောမိသည်။ စစ်မှန်သောအချစ်တစ်ခုအတွက်သူမသတ္တိဟိရမည်။ ထူးဆန်းသည်မှာ ဘဘာနှင့်အမိစိတ်မဆိုးဘဲပြုံးနိန်ကတ်သည်။ အဆင်ပြေဖို့အထင်နှင့်ဒါဦးခိုင် စိတ်ပေါ့လားသည်။
“ ယေဂေ သမီး ရည်စားက အသူလေ၊ ဇာရွှာကလဲ၊ မြို့ကလား၊ ကျောင်းဆရာလား၊ အင်ဂျင်နီယာလား……”
ပြောရဖို့စွာကိုဘင်ဒါဦးခိုင်ကြောက်လားမိသည်။ မထူးဇာတ်ကရမည်။ နောက်ဆုတ်လို့တစ်ခုလေ့မထူး ….။
“ ဘာဘာနန့်အမိ..ဒါဒါရို့အိမ်မှာ အကြာကြီးနိန်ခရေ စံရွှေမောင်ကို သိရေမလား…….”
“……………ဇာ…………..” မိဘ(၂)ပါးဘားကကျယ်လောင်သောအသံနှင့်အတူ ငှက်ချေတိလှန့်ပျံလားသည်။
“……ဇာ…ပြောရေ…ဒါဒါ…နင်ကကောင်းဘင်တော်ရေဂါသမီး၊ ကိုယ့်အိမ်မှာ အငှားခံနိန်ခရေ လူနန့်မှ မျောက်ဇာတ်ခင်းရေလို့…လူကြားမကောင်း…၊ရှက်ဖို့ကောင်းလိုက်တေဘင်….အော်…နင်က အချစ်သူရဲကောင်း မပဌာလုပ်ချင်ရေပ…နောက်ခါ..ဘ၀လေ့ဆုံး၊ လင်လေ့ဆုံး၊သားလေ့ဆုံး ဖြစ်ချင်နိန်ရေ…ဒေမှာ နင်နားထောင်……၊”
မိုးကြိုးပစ်သံထက်ပင်ကြောင်စရာကောင်းသောမိဘ(၂)ပါးပြောဆိုဆုံးမခြိမ်းခြောက်သံတိဆူညံနိန်သည်။ ပိုပြီးမတရားသည်မှာ ဒါဦးခိုင်ဆန္ဒမပါဘဲအသွင်းကိုလက်ခံထားလျက်၊ သမက်တက်ဖို့နိန့်ကိုဘင်အားလုံးသတ်မှတ်ထားပြီးဖြစ်ကြောင်းသိရသည်။ စီးကျလာသောမျက်ရည်ကိုသုတ်၊ နားနှစ်ဘက်ကိုပိတ်လျက် ဒါဦးခိုင် သူမအခန်းထဲဗြီးဝင်လားသည်။ စံရွှေမောင်ဘားကိုပို့လိုက်သော ချစ်ရတုရို့ကိုဖတ်လျက် ဒါဦးခိုင်အလွန်ပင်စိတ်ထိခိုက်ရသည်။
- - - - - -
“ ရခိုင်က ကိုစံရွှေမောင် ရှိလားရှင့်…ရခိုင်က စာလာလို့ပါ..” ကချင်သံဝဲ၀ဲမြန်မာစကားပြောသောကချင်အရီးအသံကြောင်း
စံရွှေမောင်ပျော်ကြီးကျလားသည်။ စာ၊စာ ငယ်ချေဘားကစာ၊ လက်တိတုန်တုန်ရီရီဖြင့် စာအိပ်ကိုဖောက်လိုက်သည်။
“ သို့………/
အကိုစံရွှေ…. ပြန်လာဖို့ရက်တိကိုရွီတွက်ရစွာလေ ငယ်ချေ ကကောင်းပင်ပန်းနိန်ယာ…၊ ဒေတစ်ခေါက်စာကိုအရှည်ကြီးရွီးဖို့အချိန်လေ့မရခ၊ ငယ်ချေရို့ဘ၀အတွက် ကကောင်းအရေးကြီးရေအချိန်တစ်ခုကိုရောက်နိန်ယာ အကိုစံရွှေ… တတိုချေပြောဖို့ယာ…
အဂု ငယ်ချေကို အိမ်ကလူတိက ဒါးကိုင်ရွှာက
ဥက္ကဌသားနန့်ပစပ်ဖို့ပျင်နိန်ကတ်ယာ…ငြင်းလို့လဲမရ..ဂိတ်ဆုံးနိန်ယာ…သမက်တတ်ဖို့ရက်က
ပြာသိုလဆုတ်(၁၃) ရက်နိန့်…..ကျေးဇုပြုလို့ လဆုတ်(၁၃) ရက်နိန့်မကျခင်အကိုစံရွှေ ရွှာကိုအယင်ပြန်လာပါ… ငယ်ချေကို တစ်စိမ်ရင်ခွင်ထဲမထားခပါဂေ့….ဖဲ့သာအဆင်မပြေပြေ မပြေပြေ..အကိုစံရွှေအယင်ပြန်လာပါ..ငယ်ချေမျော်နိန်ဖို့.. (သတိ…ကျေးဇုပြုလို့ အကိုစံရွှေလာဖို့ရက်ကို လျို့ဝှက်ထားပါ )
အကိုစံရွှေအတွက်
ငယ်ချေ……..”
ဆို့တက်လာသောရင်ထဲခံစားချက်နှင့်အတူမျက်ရည်တိအလုံးလိုက်ကျလာသည်။ စီးလာသောမျက်ရည်ကိုစံရွှေမောင် မသုတ်၊ စီးကျခွင့်ပီးလိုက်သည်။ ရက်ပေါင်း(၂၀)အတွင်းသူ့ဘ၀တစ်ခုလုံးဆီးဆောက်ကရောက်ဖြစ်လားနိုင်သည်။ လကုန်ကေ ရွှာကိုပြန်ဖို့ပျင်နိန်ခါမှ ဖြစ်ဘင်ဖြစ်ရရေဟုလဲတစ်ယောက်တည်းဝမ်းနည်းစွာပြောမိသည်။
မှိုင်နိန်လို့မဖြစ်၊ ငယ်ချေကိုသူအဆုံးအရှုံးမခံနိုင်၊ ဆုံးဖြတ်ချက်တစ်ခု ပြပြတ်သသားချက်ရမည်။ ညဇာဘက်တွင်သူငယ်ချင်းတိကို စံရွှေမောင်အကြောင်းစုံရှင်းပြသည်။ သူငယ်ချင်းတိအားလုံးက စံရွှေမောင်အစီအစိုင်ကိုအသက်နှင့်လဲကူညီမည်ဖြစ်ကြောင်းကတိပီးကတ်သည်………။
ဒါဦးခိုင် သမက်တက်ပွဲ………
ဓနသျှင်ရို့သမက်တက်ပွဲကားစည်ကားသိုက်မြိုက်လှသည်။ ထိုရွှာ၊ဒေရွှာကလရဒတ်တိသည်ရွှေတိအတွဲလိုက်ဝတ်လျက်ဓနလာပြိုင်ကတ်သည်။ လူတိုင်း၊လူတိုင်းမှာ အပြုံးကိုယ်စီနှင့်…. ဟန်ဆောင်အပြုံးလား၊ အဂွင့်အပြုံးလားခွဲရခက်သည်၊ ရွှာရှိသမက်တတ်ပွဲရို့အထဲမှာ ဒါဦးခိုင်သမက်တက်ပွဲသည် အစည်ကားဆုံးဆိုရမည်။
လူတစ်ထာင်ခန့်ဆန့်သောအိမ်ရှိမဏ္ဍိုပ်တွင်တတင်းပြည်နိန်သည်။ ယစ်သူယစ်၊ ကလူက၊ရယ်လူရယ် သရောင်ဘောင်းသတ်နိန်သည်။ တစ်လောကလုံးပျော်နိန်ကတ်သည်၊ တစ်ရွှာလုံးပျော်ကတ်သည်။
မပျော်နိုင်ဘဲစိတ်လှုပ်ရှားနိန်သူ တစ်ယောက်ဟိသည်။ မင်္ဂလာဆောင်အတွက် စိတ်လှုပ်ရှားနိန်ခြင်းမဟုတ်၊ စံရွှေမောင်ဘားကပို့လိုက်သောလျိုဝှက်စာကြောင်းဒါဦးခိုင်စိတ်လှုပ်ရှားနိန်ခြင်းဖြစ်သည်။ စိတ်လှုပ်ရှားမှုရို့နှင့်အတူစိတ်လေ့အလွန်ပင်ပူပင်မိသည်။ စံရွှေမောင်အစီအစိုင်သည်အလွန်ဘင်အန္တရာယ်များပြီး၊ အခန့်မသင့်လျှင်သွီးချောင်းစီးလားနိုင်သည်။
ဇာပိုင်ဘင်ဖြစ်ဖြစ် သူရို့ချစ်သူနှစ်ယောက်အတွက်ရွီးစရာလမ်းလေ့မဟိ..၊ တိုက်ပိတ်ခံလိုက်ရသော ဒါဦးခိုင်အတွက် ခိုးရွှာလိုက်ဖို့ဆိုသည်မှာလုံးဝမဖြစ်နိုင်ခရေကိစ္စ၊ ဖြစ်သမျှကိုအချစ်အတွက် သတ္တိဟိဟိရင်ဆိုင်ရန်ဆုံးဖြတ်ထားသည်။
ဟန်ဆောင်ပြုံးယင်း၊ စီးကျလာသောမျက်ရည်တိကို တတိတ်ချေခိုးသုတ်ယင်း
ဒါဦးခိုင်ရောက်လာမည့်အချိန်တစ်ခုကိုစိတ်မရည်စွာနှင့်စောင့်နိန်မိသည်။
“ အဝေး၊ သမက်သျှင်ရွှာထဲဝင်လာဗျယ်….ကျောက်သီးပစ်ဖို့လားကတ်ဖို့….”
အချေတိ၊ ပြောယင်းဆိုယင်းရွှာအရှိဘက်ကိုဗြီးလားကတ်သည်။
ရွှာဓလေ့ထုံးစံအရ၊ သမက်သျှင်သည်သမီးသျှင်မအိမ်သို့တိုက်ရိုက်မ၀င်ရဘဲ ပါလာသောသမက်စောင့်ရို့နှင့်ရွှာလယ်ဂေါင်တွင်စောင့်ဆိုင်နိန်ရသည်။ ယင်းသို့စောင့်ဆိုင်နိန်စိုင်ထိုင်လျက်ထီးအရိပ်အောက်တွက်ပုန်းအောင့်နိန်ရသည်။ ယင်းသို့ပုန်းအောင့်နိန်စိုင်ရွှာရှိအချေသူငယ်ရို့ ကျောက်စရစ်ချေ၊ တုတ်ချောင်းချေရို့နှင့်ထီးကိုပစ်ပေါက်ရသည်။ တစ်ရွှာသားကို မိမိရွှာသူမနှင့်မလိုလားသည်ကိုပြသခြင်းဖြစ်သည်။
- - - - -
ရွှာရှိချောင်းသို့စက်သံချေညင်ညင်သာသာမောင်းလျက်ဘုတ်တစင်းတတိတ်ချေဝင်လာနိန်သည်။ ထိုဘုတ်တွင် ၂၅နှစ်ခန့်အရွှယ်လူငယ်အယောက်(၂၀)ခန့်ပါသည်…….။
- - - - - -
စံရွှေမောင်အယင်လာစီကြောင်း ဒါဦးခိုင်
အိမ်ရှိမဏ္ဍိုပ်သို့ခန့်ခန့်နားနားဝင်လာသောသမက်သျှင်ဟန်ဆောင်ကိုပြုံးပြယင်းဆုတောင်းနိန်မိသည်။ သမက်သျှင်ကိုသူမပထမအကြိမ်မြင်တွိရခြင်းဖြစ်သည်။ ဥပဓိရောင်ကောင်းပြီးခန့်ငြားသောလူရွှယ်တစ်ယောက်၊ စိတ်ကောင်းနှလုံးကောင်းရှိပုံရသည်။သူသည်သူမအနားသို့ဝင်ထိုင်လိုက်ပြီး …
.” မဒါဦးခိုင် ကကောင်းပင်ပန်းနိန်ပါယာဟန်…..” လလေးစစားနှုတ်ဆက်သည်။
ဒါဦးခိုင်ပြန်ပြုံးပြလိုက်သည်။ ကွမ်းတယာခန့်အညက်တွင် သမက်တတ်အစီအစိုင်စတင်သည်။
(၈)မိနစ်ခန့်အကြာတွင်…………………
လူငယ်အယေက်(၂၀)ခန့် ဓားရှည်ရို့ကိုင်ဆောင်လျက်သမက်တက်မဏ္ဍိုပ်သို့ဝင်ရောက်လာသည်။ ဦးဆောင်သူမှာ စံရွှေမောင်ဖြစ်သည်။ ပရိသတ်ရို့ပါးစအဟောင်းသား၊ ဒါဦးခိုင်ကလွှဲလို့တစ်ယောက်လေ့မပြုံးနိုင်ကတ်…….သမက်သျှင်မှာ မှင်သက်မိနိန်သည်။
“ အားလုံးကိုလေးစားပါရေ……စိတ်လေ့မကောင်းပါ….. ဒေရွှာမှာ အသျှေကဘင်နိန်လာရေ အကျွန်စံရွှေမောင်ပါ…..ယဲဒီယဲဒါးလုပ်ဖို့မပျင်ကတ်ပါကဲ့ အသက်ပါလားပါလိမ့်မေ.. ကျွန်တော်အဂု ဒါဦးခိုင်ကို ဘုတ်နန့်တင်ဆောင်လားဖို့ဖြစ်ပါရေ…….သတ္တိဟိကေ တားပါ…သွီးချောင်းစီးလားပါလိမ့်မေ………”
မဏ္ဍိုပ်ထက် သမီးသျှင်မရှိတွင်ရပ်ရင်းစံရွှေမောင်ခြိမ်းခြောက်လိုက်သည်။ ဒါဦးခိုင်မတ်တပ်ရပ်လိုက်ပြီး၊ စံရွှေမောင်လက်ကိုဆုပ်ကိုင်ထားသည်။ ယင်းနောက်အသင့်ပါလာသော ဓားမြှောင်နှင့်သူမလည်ပင်းကိုထောက်ထားသည်။
“ ဘာဘာရို့အမိရို့ ဒါဒါအချစ်ကိုခွဲကေ အဂု ကိုယ့်ကိုသတ်သီဘလိုက်မေ….” မဏ္ဍိုပ်တစ်ခုလုံးကျကျွတ်ရိုက်လားသည်။
သမက်သျှင်ဖက်လူရွှယ်တစ်ချို့ပြန်လည်တိုက်ခိုက်ရန်တာစူးလာသည်။ ယင်းတွင်သမက်သျှင်ကမတ်တတ်ရပ်လိုက်ပြီး
…….၊ “ အားလုံးအမျိုးတိ၊အဆီတိပါ၊ ထထိမ်သသိမ်းလုပ်ကတ်ပါ..၊ တစ်ခုလေ့သွီးချောင်းစီးစရာ၊ရန်ုဖြစ်စရာမလိုပါ…..၊ ကိုစံရွှေမောင်နန့် ဒါဦးခိုင် အချစ်ကိုအကျွန် အသိအမှတ်ပြုပါရေ၊လေးစားပါရေ………၊ အကျွန်လေ့ ကကောင်းရှက်မိပါရေ…၊ မချစ်မကြိုက်ဘဲနန့် မမတစ်ယောက်ကို ဖဲ့သာအားနန့်ဆိုပနာ အကျွန်လိုချင်ရေဘ၀ထဲကိုဆွဲထည့်ဖို့ကြိုးစားရေ အကျွန် ကကောင်းဆိုးလားပါယာ………. ကိုစံရွှေမောင်နန့် ဒါဦးခိုင်..အကိုရို့ လိုရာခရီးကို ပြပြင့်လားပါ......အိုအောင်၊မင်းအောင်းပေါင်းနိုင်ကတ်ပါစီ…….”
ရိုသေစွာခေါင်းငုံ့လက်ပြလျက်ထိုင်ချလိုက်သော သမက်သျှင်ကို စံရွှေမောင်ကျေးဇုတင်ကြောင်းပြုံးပြလိုက်သည်။
ဓာတ်ရှည်ကိုင်ဆောင်ထားသော မျက်နှာဖုံးစွပ်စံရွှေမောင်သူငယ်ချင်းရို့ လူအပ်ကြီးကို အလယ်ကခွဲလိုက်သည်။ စံရွှေမောင်ရို့အတွဲအားရှိမှ ဆယ်ယောက်၊ နောက်မှဆယ်ယောက်ဝိုင်းထားလိုက်ပြီး ဘုတ်ဆိပ်သို့အယင်လျှောက်လာကတ်သည်။
ဒါဦးခိုင် အမိနှင့်အဖကို ၀မ်းနည်းစွာလှည့်ကြည့်ယင်း စံရွှေမောင်ခေါ်ရာသို့လိုက်ပါလားသည်။
မော်တော်ဘုတ်သည် မြစ်ကြီးအသွယ်သွယ်၊ချောင်းငယ်အသွယ်သွယ်ကိုဖြတ်ကူးလျက် ဘင်္ဂလာ၊ ရခိုင်နယ်စပ်ဘက်သို့ဦးတည်မောင်းနိန်သည်။
ဘုတ်ဝမ်းပိုင်အဟပ်တိနှင့်ကာထားယာယီအခန်းချေတွင်ကြည်နှုးနိန်သောချစ်သူနှစ်ယောက်ကို စိုင်းဒရားမင်းခွာတိက ချောင်းကြည့်နိန်ကတ်သည်။
………”……. အကို စံရွှေ…….ငယ်ချေဘားကို အဂွင့်လိုက်လာရေ မလားနန်း……ငယ်ချေမှာ စိတ်တိပူလိုက်ရစွာ တစ်ပိုင်းသီလားရေ သိလာ…..”
နွမ်းနိန်သောချစ်သူမျက်နှချေကိုစံရွှေမောင်ယုယကြင်နာစွာနမ်းရှုတ်လိုက်သည်။
“………..ဇာဘ၀၊ဇာဌာန၊ဇာတိဘင်ဖြစ်နိန်ဖြစ်နိန်၊ ငယ်ချေဟိရာအရပ်၊ ငယ်ချေဘ၀ထဲကို အကိုစံရွှေမရနန့်အရလာဖို့စွာ ငယ်ချေသိမလား၊ အကိုစံရွှေအချစ်ကိုနားလည်ကေ ငယ်ချေ
ယင်းမီးခွန်းချေတိမီးစရာမလိုလေ……ကဲကဲ..နိန်လေ့မှောင်လာယာ…သမက်သျှင်နန့်သမီးသျှင် ၊ သဘာဝတရားထဲမျောလိုက်ကတ်မေ…….ဟိဟိ………”
‘……အကိုစံရွှေ…နန်း……” ဟုရှက်ကချေနှင့်ငြိမ်းချမ်းသော ချစ်သူရင်ခွင်ထဲသို့ ဒါဦးခိုင်အလိုက်သင့်ခေါင်းငုံ့ဝင်လျက်…………….၊
ချစ်သူတိုင်းပေါင်းနိုင်ကတ်စီ…………။
ချစ်ဖွယ်ဦး
0 comments:
Post a Comment