အခန်း(၁)
အလှဆိုစွာ မြင်တတ်သိတတ် ခံစားတတ်ကေ မြင်မြင်သမျှရေ အလှတိနန့် ပြည့်နီရေလတ်။
အလွမ်းဆိုစွာ လည်း လွမ်းတတ်သူရို့အဖို့ ဒေကမ္ဘာလောကကြီးတစ်ခုလုံးရေ
လွမ်းစရာအပြည့်နန့်ပါရာ။ နွီအကြိုမှာ ဝှေ့ ယှမ်းတိုက်ခတ်လိုက်တေ
လီရူးကြောင့် ရွက်ဝါတိ တဖြုတ်ဖြုတ်ကြွီပနာ မြီပြင်ထက်မှာ ပြန့်ကြဲလို့။
ဂန္ထ၀င် မြို့ပြ၏ နန်းရာကုန်းတစ်နီရာမှာ ကျွန်တော်ထိုင်နီမိပါရေ။
ကျွန်တော့်ဘေးနားက ညောင်ပင်အိုကြီးကလည်း ရိုးတန်ပြိုင်းပြိုင်းနန့်
လွမ်းစရာကောင်းပါယင့်။ ဒေဂန္ထ၀င်မြို့ပြရေ အလွမ်းမိုးတိ အမြဲတမ်းရွာနိန်ရေ
လွမ်းရိပ် မြုံ။ ဒေလွမ်းရိပ်မြုံကို ဘုရင်မင်းစောမွန် အလွမ်းတိနန့်
တည်ဆောက်ခစွာလား။ ဒေလွမ်းရိပ်မြုံမှာ မြင်မြင် သမျှရေ လွမ်းစရာ
ဆွေးစရာချည်းဗျာယ်။ နန်းရာကုန်းကို ကြည့်ကေလည်း လွမ်းစရာညောင်ပင်အိုတိနန့်။
ဟာရီတောင်ကို ကြည့်လိုက်ပြန်ကေလည်း အလွမ်းမျှော်စင်တစ်ခုပိုင်။
မြ၀ါတောင်ထက်ကို တက် ကြည့်ပြန်ကေလည်း ဂမ္ဘီရပညာသျှင်ကြီး သျှင်မြ၀ါကို
လွမ်းမိပြန်ရေ။ ရီအုန်းတောတိ အစီအရီကြားက လှပညင်သာစွာ စီးဆင်းနိန်ရေ
သိင်္ဂနဒီ။ ရီတံရှင်ပိုင် ရီတိ တဝေါဝေါ စီးဆင်းပနာ ကျောက် တုံးကျောက်ဆောင်ချေ
တိနန့် တစ်မျိုးလှနီရေ ရီပေါက်ဝချောင်း။ တောင်တံတိုင်းချေတိ ပတ်လည်
ကာဆီးပနာ စိမ်းစိုနီရေ သစ်ပင်တိနန့် ကဗျာဆန်နီရေ လက်ဆီးကန်ရို့ကလည်း
လွမ်းတတ်တေ ကျွန်တော့်ကို ပိုလို့လွမ်းစီပါရေ။ ရခိုင့်တော်ဝင်နန်းမြို့တော်
မြောက်ဦးရေ အလွမ်းတိကို စုပုံထားရေ အလွမ်းဗိမ္မာန်၊ အလွမ်းရင်ခွင်၊
အလွမ်းမြို့ပြ (သို့မဟုတ်) လွမ်းရိပ်မြုံလေ။
ကျွန်တော်ရေ အချေကပင် စိတ်ဓါတ်ပြင်းထန်သလောက် အလွမ်းလည်း လွယ်တတ်ပါရေ။
နွီရာသီ ကို ရောက်ဗျာယ်ဆိုကေ ထိုးပင်ယံထက်က "ဥသြ ဥသြ"ဆိုပြီးကေ ဥသြငှက်ချေ
အော်မြည်သံကြားကေ အလိုလိုငိုချင်လာရေ။ တံလှပ်လှိုင်းထနီရေ ထိုးအ၀ီးက
မှုန်းမှုန်မှုန် တောင်တန်းတိကို ကြည့်ယင်း ကြည့်ယင်း မျက်ရည်ဝဲလာရေ။
မိုးရာသီရောက်ပြန်ကေ အရပ်ရှစ်မျက်နှာစလုံး အုံ့မှိုင်းပနာ တောင်လီ
တဟုန်းဟုန်းနန့် မိုးတဂြိန်းဂြိန်းရွာလာကေ စိတ်ထဲမှာ အလိုလိုလွမ်းချင်
လာရေ။ ဆောင်းရာသီမှာ ဆိုကေလည်း မိုးလင်းစွာနန့် အာကာထက်က ငွေနှင်းချေတိ
တဖွဲဖွဲကျဆင်းပနာ မြောက်ပြန်လီ သုန် သုန်ချေနန့် ရင်ထဲမှာ
ချမ်းစိမ့်စိမ့်ခံစားပြီးကေ နှင်းရီသောက်လို့ စိမ်းစိုလို့ စိမ်းစိုလှပနီရေ
သစ်ပင် တိကိုကြည့်ယင်း အလိုလိုလွမ်းမိပါရေ။ အရွယ်ရောက်လို့ ကြီးပြင်းလာရေ
အဂုပိုင်အချိန်မှာဆိုကေ ပိုပြီးကေ လွမ်းတတ်လာပါရေ။ ဇာဖြစ်လို့လည်းဆိုကေ
ကျွန်တော့်ပိုင် လူပျိုအရွယ်မှာက လွမ်းစရာတစ်ခု တိုးပါ လတ်တေ။
ယင်းလွမ်းစရာက ချစ်သူအတွက် လွမ်းဆွေးရရေ (၁၅၀၀)မေတ္တာ သမုဒယချစ်အလွမ်းပါ။
ထိုးအ၀ီးကြီးကို ရှောင်ပုန်းလားခရေ ကျွန်တော့်ချစ်သူ "လှပိုးဝါ"ကို
ကျွန်တော် နိတိုင်း ဒေနန်းရာကုန်း ထက်က နီရာဟောင်းချေမှာ အလွမ်းဖြေနီရပါရေ။
ချစ်သူမဟိရေ ရင်ခါင်စွာ ခြောက်သွိပူလောင် လွန်းလှ ပါရေ။ အဂုအချိန်မှာ
ကျွန်တော် မိလို့မရရေ အတိတ်က အကြောင်းချေတိကို လွမ်းတသသ နန့် မြင်ယောင်
လာပါရေ။
အခန်း(၂)
စိမ်းညို့ညို့ တောင်ကုန်းတောင်စွယ်ရို့အထက်က အုပ်မိုးထားရေ
အဖြူရောင်တိမ်တိုက်တိ နန့် မြောက်ဦး အာကာပြင်ရေ
အလွမ်းပန်းချီကားတစ်ချပ်နန့် တူနီပါရေ။ တဖြောက်ဖြောက်နန့် ရွာချနီရေ
မြောက်ဦး မိုးကလည်း နာပျော်ဖွယ် ဂီတသံစဉ်ချေ တစ်ခုပိုင်။ လှပသာယာပြီးကေ
မင်္ဂလာအပေါင်းနန့် ပြည်စုံရေ မိုးထဖက်အချိန် မြောက်ဦးမြို့နန်းရာကုန်းအနားက
အထက်တန်းကျောင်းဝင်းမှာ သောသော ညံပ နာ ရောင်းရောင်းသတ်နီပါရေ။ ဒေနိ
ဇူလိုင်လ (၂၀)ရက်။ ဆယ်တန်းအောင်စာရင်းထွက်တေ ရက်ထူး ရက်မြတ်ကြီး။
အောင်မြင်ရေလူတိ ပျော်မြူးပြီးကေ ကျရှုံးရေလူတိက မှိုင်နီကတ်တေရက်မျိုး။
တစ် နည်းပြောရဖို့ဆိုကေ ဆယ်တန်းကျောင်းသားကျောင်းသူရို့၏ ဘ၀ကံကြမ္မာကို
ပြောင်းလဲပီးရေနိရက်။ ကျွန်တော်ရို့သူငယ်ချင်းတစ်စု
အပျော်ကြီးပျော်နီကတ်တေ။ ယေကေလည်း အားလုံးထဲမှာ ကျွန်တော်က
အပျော်ဆုံးဆိုစွာ ကာယကံသျှင် ကျွန်တော်ကလွဲကေ
တစ်ယောက်လည်းသိကတ်ဖို့မဟုတ်ပါ။ ဇာဖြစ်လို့ လဲဆိုကေ "ဆယ်တန်းအောင်မှ
အဖြေပီးမေ"လို့ ကျွန်တော်အဖြေတောင်းထားရေ ကောင်မချေ"လှပိုးဝါ" စကားကြောင့်။
ကျွန်တော်ရို့ သူငယ်ချင်းအားလုံး ဆယ်တန်းအောင်ကတ်ပါရေ။ ထူးထူးခြားခြား
ကျွန်တော် ကတော့ခါ ဂုဏ်ထူး(၃)ဘာသာတောင် ပါသိမ့်ယင့်။
အဂုအချိန်မှာ ကျွန်တော်ရေ ရင်တိ တဒုန်းဒုန်းခုန်ပြီးကေ ၀မ်းသာအားရနန့်
စာမီးပွဲအောင်စာရင်း လာကြည့်ကတ်တေ လူအုပ်ထဲမှာ လှပိုးဝါကို ရှာကြည့်မိရေ။
မတွိပါ။ ကျွန်တောကောင်းကောင်း အားငယ် လားရေ။ ကျွန်တော့်စိတ်ထဲမှာ
သူ့မျက်နှာကိုရာ ရက်ပြတ်မြင်ယောင်လာပြီးကေ သူ့ကို လည်း
ကောင်းကောင်းတွိပစ်ချင်ပါရေ။ ယေပြီးကေ သူ့ပါးစပ်က ကျွန်တော့်ကို
"ချစ်တေ"ဆိုရေ အဖြေ စကားကိုလည်း ကောင်းကောင်းကြားပစ်ချင်ပါရေ။
ကျွန်တော်ရုန်းရင်းဆန်ခတ် ဂဏာမငြိမ်ဖြစ်နီစွာကို အရိပ်ကျကတ်တေ
သူငယ်ချင်းတိက ကျွန်တော့်ကိုကြည့်ပနာ ပြုံးနီကတ်ပါရေ။ တနားချေလောက် ကြာရေ
ခါ သူငယ်ချင်းကျော်ပုက ကျွန်တော့်ကိုလှမ်းပြောပါရေ။
"ဝေးမောင်ခိုင်မြတ်၊ ထိုမှာလှပိုးဝါရို့အုပ်စု
လာနီကတ်ဗျာယ်"သူငယ်ချင်းကျော်ပု၏ စကားကြောင့် ကျောင်း လမ်းဝကို
လှမ်းကြည့်လိုက်တေ။ ယင်းအချိန်မှာ လှပိုးဝါရေ ပြုံးပြပနာ ကျွန်တော့်အနားကို
လာလတ်ပါရေ။
"ကိုခိုင်မြတ်ရို့အုပ်စ အားလုံး အောင်ကတ်တေမနား" သူကစပြီးကေ ပြောလိုက်ပါရေ။
"အေး ဟုတ်တေ။ ယေကေ ပိုးဝါရို့အုပ်စုဂါ" ကျွန်တော်ကလည်း ပြန်ပြီးကေ မီးလိုက်တေ။
"ပိုးဝါရို့အုပ်စုလည်း အားလုံး အောင်ကတ်တေ"
"အော် ဟုတ်လား။ တိုက်ဆိုင်လိုက်တေပင်နှမ်း။ ယင်းပိုင်ဆိုကေ
အဂုပိုင်တိုက်ဆိုင်ရေအတွက် အမှတ်တရ အဖြစ် အထိမ်းအမှတ်တစ်ခုခု
လုပ်ကတ်ရဖို့ယေ" ကျွန်တော်က စပြီးကေ ပြောလိုက်ပါရေ။
"ဇာလုပ်ကတ်ဖို့လဲ ယကေ" လှပိုးဝါက ကျွန်တော့်ကို မီးပါရေ။
"ကိုယ်ရို့အုပ်စနန့် ပိုးဝါရို့အုပ်စုပေါင်းပြီးကေ လက်ဆီးကန်ကို
အောင်ပွဲခံဖို့လားကတ်မေ။ ယေပြီးကေ ပိုးဝါနန့်ကိုယ်
နှစ်ယောက်တည်းပြောစရာစကားတိ အများကြီးဟိရေ" ကျွန်တော့်စကားဆုံးစွာနန့်
ကျွန်တော့်သူငယ်ချင်းတိ၊ လှပိုးဝါ သူငယ်ချင်းတိ အားလုံးကပင်
ကျွန်တော့်စကားကို ထောက်ခံပ နာ ရောင်းရောင်းသတ်ဗျာယ် ပျော်မြူးနီကတ်တေ။
နိခင်းဖက်(၁၂)နာရီတီးရေအချိန်မှာ ကျွန်တော်ရို့အားလုံး လက်ဆီးကန်မှာ
ပျော်ပွဲစားကတ်ပါရေ။ ကလိန့်မေချေတိက ခေါက်ဆွဲပြုတ်သူပြုတ်၊
ကျော်သူကျော်နန့် အလုပ်ရှုပ်နီ ကတ်ပါရေ။ ယောက်ျားချေ တိကတော့ခါ
ရီကူးသူကကူး၊ ဒိုင်ဗင်ထိုးပနာ လက်ဆီးကန်ထဲကို ခုန်ဆင်းသူဆင်းနန့်
ရောင်းရောင်း သတ်နီကတ်ပါရေ။ နိခင်း(၁)နာရီတီးစွာနန့် လှပိုးဝါရို့အုပ်စု
ရီချိုးကတ်ပြီးကေ ကျွန်တော်ရို့ အုပ်စု ကတော့ခါ
အဆင်သင့်ပျင်ဆင်ထားကတ်ပါဗျာယ်။ လှပိုးဝါရို့အုပ်စု ရီချိုးပြီးစွာနန့်
အလှပျင်ကတ်ပါရေ။ အားလုံးအဆင်သင့် ပျင်ဆင်ပြီးရေခါ ကျွန်တော်နန့်
သူငယ်ချင်းကျော်ပုရို့က ဂီတာတီးပြီးကေ အဆိုတော် ကိုသန်းမောင်၏ "ရိုးရာက
မမ"သီခြင်းကို အားလုံးပြိုင်တူ ဆိုကတ်ပါရေ။ ဒုတိယတ်ပုဒ်အနေနန့်
အဆိုတော်ဝင်းကိုခိုင်၏ "တောင်ဝင်သဇင်"သီခြင်းကို ပျော်ပျော်ရွှင်ရွှင်
လက်ခုပ်တီးပနာ အော်ဆို ကတ်ပါရေ။ ဒေတေးခြင်းပြီးစွာနန့် ကျွန်တော်ကပြောရေ။
"အဂုပိုင် ကျွန်တော်ရို့အောင်ပွဲခံရေနိမှာ အမှတ်တရအဖြစ်
ကျွန်တော့်ခံစားချက်ဖြစ်တေ သီခြင်းတစ်ပုဒ်ကို ကိုယ်တိုင်သီဆို ပြီးကေ
နောက်ဆုံးပွဲ သိမ်းကတ်ပါရေ။ ကျွန်တော်ဆိုဖို့သီခြင်းက
အဆိုတော်ကိုသန်းမောင်၏ "ချစ်ပန်းပွင့်ယောင် မပွင့်ယောင်"
သီခြင်းပင်ဖြစ်ပါရေ" ယင်းပိုင် ကြေငြာလိုက်စွာနန့် အားလုံးကပင်
လက်ခုပ်တီးပြီးကေ အားပီးကတ်ပါရေ။
ဂီတာတီးပနာ ခံစားချက် အပြည့်နန့် သီခြင်းဆိုပါရေ။ ကျွန်တော်
သီခြင်းဆိုနီရေခါ လှပိုးဝါက ချစ်စ ရာကောင်းရေ အပြုံးချေနန့် ကျွန်တော့်ကို
စိုက်ကြည့်နီပါရေ။ ကျွန်တော်ကလည်း သူ့ကို အပြုံးနန့်ပင်
တုန့်ပြန်လိုက်ပါရေ။ တေးခြင်းဆိုလို့ ပြီးစွာနန့် လှပိုးဝါအပါအ၀င်
သူငယ်ချင်းတိအားလုံး လက်ခုပ်တီးပနာ အားပီးကတ်ပါရေ။ ယေပြီးကေ ကျွန်တော်နန့်
လှပိုးဝါရို့ကို သူငယ်ချင်းတိက အလိုက်သိစွာနန့် ရှောင်ပီး ကတ်တေအတွက်
ကျွန်တော်ရို့နှစ်ယောက်ရေ လက်ဆီးကန်တစ်နီရာမှာ ထိုင်ပနာ စကားပြော ကတ်တေ။
"ပိုးဝါ၊ ကိုယ် အဂု ဆယ်တန်းအောင်ဗျာယ်လေ။ ပိုးဝါ ကတိအတိုင်း
ကိုယ်တောင်းထားရေ အဖြေစကားကို ကိုယ် အဂုလိုချင်ရေ။" ကျွန်တော်ကလည်း
လှပိုးဝါပါးက မျှော်လင့်စောင့်နီရေ အဖြေစကားကို တောင်းရေ။ ကျွန်တော့်ရင်ထဲက
ရင်ခုန်သံရေ ကောင်းကောင်းမြန်နီပါရေ။
"အာ ကိုယ်ခိုင်မြတ်ကလည်း ပိုးဝါ ရှက်တေ။" လှပိုးဝါကလည်း ရှက်ကွန်ဆောင်ပနာ ဂေါင်းငုံ့ထားပါရေ။
"အာ ပိုးဝါကလည်း မရှက်ကေ့ပလင်။ အေး - ယင်းပိုင်ဆိုကေ ဒေပိုင်လုပ်၊ ကိုယ့်ကိုချစ်ကေ ဂေါင်းညိတ်ပြ။"
ကျွန်တော့်စကားဆုံးစွာနန့် သူ ပြုံးပြပနာ ဂေါင်းညိတ်ပြရေ။ ယင်းခါ ကျွန်တော်က ကျိပနာ ပြောလိုက်တေ။
"ဂေါင်းညိတ်ပြလို့မရ ပိုးဝါ။ ပါးစပ်နန့် ပြောရဖို့။"
"အာ ကိုခိုင်မြတ်က ကောင်းကောင်းဆိုးရေ"
"မဆိုးပါဝေ ကိုယ်လည်း ကိုယ့်ချစ်သူပါးစပ်က ကိုယ့်ကို ကောင်းကောင်းချစ်ပါရေဆိုရေ ချစ်စကားသံချေကို ကြားချင်ရေနန်းရာ"
ကျွန်တော့်စကားဆုံးစွာနန့် သူရေ မျက်လွှာချပနာ ပြောလိုက်တေ။
"ကိုခိုင်မြတ်ကို ပိုးဝါ ကောင်းကောင်းချစ်ပါရေ။"
လှပိုးဝါ ပါးစပ်က "ချစ်တေ"လို့ ပြောလိုက်စွာနန့် ကျွန်တော်
ကောင်းကောင်းပျော်လားပြီးကေ ဒေကမ္ဘာမှာ ကျွန်တော်ရေ တန်ဖိုးဟိရေလူ၊
ကံအကောင်းဆုံးလူလို့တောင် ထင်မိပါရေ။
"ကိုခိုင်မြတ်လည်း ပိုးဝါကို ကောင်းကောင်းချစ်တေ" ဆိုပြီးကေ လှပိုးဝါ၏
နူးညံ့ရေ ခန္ဓာကိုယ်ချေကို ကျွန်တော့်ရင်ခွင်ထဲကို ဆွဲသွင်းပနာ
အားရပါးရဖက်ထားလိုက်တေ။
ဒေပိုင်နန့်ပင် ရာသီစက်ဝန်း အလီလီပြောင်းလာလတ်စွာ ကျွန်တော်နန့်
လှပိုးဝါရို့ ချစ်သူဘ၀သက် တမ်းရေ အဂု ဆိုကေ သုံးနှစ်အချိန်ကိုပင်
ရောက်လာပါဗျာယ်။ ချစ်ခကတ်တေ အချိန်တိက တိလွန်းလှ ပါရေ။ တစ်နိမှာ
ကျွန်တော့်ကို လှပိုးဝါက-
"ကိုယ်နန့် ပိုးဝါရို့ အနာဂတ် ဘ၀တိကို ဇာပိုင်တည်ဆောက်ဖို့ဆိုစွာကို
ကိုယ်ဇာပိုင် စဉ်းစားထားလေ" လှပိုးဝါက ကျွန်တော့်ကို ပြုံးပနာ ကြည့်ပြီးကေ
ယင်းပိုင်မီးပါရေ။
"ကိုယ် စဉ်းစားထားစွာကတော့ခါ ကိုယ်ရို့ကျောင်းပြီးကေ လက်ထပ်ဖို့။ ယေပြီးကေ
စီးပွားရေး တစ်ခုခု လုပ်ဖို့၊ ကိုယ်ရို့ဇာတိ ဒေမြောက်ဦးမှာ
အတည်တကျနိထိုင်ပနာ သာယာအီးချမ်းလှပရေ ဘ၀တစ်ခု ကို တည်ဆော်ကကတ်ဖို့လို့
စဉ်းစားထားရေ။"
"ကိုယ်က ဇာစီးပွားရေးလုပ်ဖို့လို့ စဉ်းစားထားလေ"
"ကိုယ်က Guide တစ်ယောက်မနား။ နိုင်ငံခြားသားတိနန့် ဂန္ထ၀င်မြောက်တေ
နီရာတိကို လိုက်ပြပနာ ကင်မရာကိုင်ပြီးကေ ဓါတ်ပုံရိုက်ရရေလေ။ ယင်းပိုင်နန့်
ဓါတ်ပုံရိုက်ဖို့ ကျွမ်းကျင်ရေအတွက် တောင်ရပ်မှာ
ဆိုင်ခန်းတစ်ခန်းငှားပြီးကေ ဓါတ်ပုံဆိုင်ဖွင့်ဖို့လို့ စိတ်ကူးထားရေ။"
"ပိုးဝါကတော့ခါ ကိုယ့်ကို ကျောင်းပြီးကေ နိုင်ငံခြားကို လားစီချင်ရေ။ ဥပမာ -
မလေးရှား၊ စင်ကာပူ တစ်ခုခုကိုလေ။ ပိုးဝါလည်း ရန်ကုန်မှာ နီပနာ
ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်လုပ်ဖို့၊ ကိုယ် နိုင်ငံခြား က ပြန်လာရေခါ
ကိုယ်နန့်ပိုးဝါရို့ လက်ထပ်ကတ်ဖို့။ ယေပြီးကေ ရန်ကုန်မှာ
တိုက်ခန်းတစ်ခန်းဝယ်ပနာ စီးပွားရေး တစ်ခုခုလုပ်ပြီးကေ ရန်ကုန်မှာ
အခြီချကတ်ဖို့။ ယင်းပိုင် စိတ်ကူးထားရေ။"
လှပိုးဝါ ပြောရေစကားတိကို ကြားရခါ ကျွန်တော့် အသည်းနှလုံးကို ကျွဲခတ်စွာပိုင် ခံစားရပါရေ။
"ကိုယ် စဉ်းစားကြည့်အုံးမေ ပိုးဝါ"
"ကိုယ် သေချာစဉ်းစားကြည့်ပါ။ ခေတ်ကိုလည်း ကြည့်ပလင်။ သူများတိ
ကောင်းကောင်းတိုးတက်နီ ကတ်ဗျာယ်။ ကိုခိုင်မြတ် သူငယ်ချင်းတိဆိုကေ
အားလုံးနိုင်ငံခြားမှာ။ ပိုးဝါ သူငယ်ချင်းတိဆိုကေလည်း တချို့က နေပြည်တော်၊
တချို့က ရန်ကုန် အားလုံးအဆင်ပြေနီကတ်ဗျာယ်။ ကွန်ပျူတာ၊ အင်တာနက်၊
မီဒီယာတိပေါများပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တေ မြို့ကြီးပြကြီးတိမှာ
သူရို့က အခြီစိုက်နီကတ်ဗျာယ်လေ။ ကိုယ်နန့် ပိုးဝါရို့ကလည်း
လက်ဝါးပြင်လောက်ဟိရေ မွဲပြာပြာ ဒေမြောက်ဦးမြို့ချေမှာ ပျော်နီလို့ ရဖို့
လားယေ။"
"ကိုယ် စဉ်းစားကြည့်ဖို့သိမ့် ပိုးဝါ။ ကိုယ့်ကို စဉ်းစားခွင့်ပီးပါ။ အဂုတော့ခါ ပြန်ကတ် ဖို့ဗျာယ်။ နောက်တစ် ပတ်မှာ ပြန်တွိကတ်မေ။"
ကျွန်တော်က စကားကို အဆုံးသတ်လိုက်တေအတွက်နန့် နှစ်ယောက်လုံး နန်းရာကုန်း ညောင်ပင်အောက် က အတူတူထွက်ခွာလားခကတ်ပါရေ။
ငွေနှင်းချေတိ တ၀ီဝီကျဆင်းနီရေ မိုးထဖက်အချိန်မှာ မြောက်ဦးမြို့လယ်မှာ
တည်ဟိရေ ဟာရီတောင် စာတီနားမှာထိုင်ပနာ ကျွန်တော့်ချစ်သူကို
စောင့်မျှော်နီမိပါရေ။ ဒေဟာရီတောင်စာတီရေ မင်းဟရီ(ခေါ်) သီရိသုဓမ္မရာဇာ
ဘုရင်မင်းမြတ်နန့် သီရိသုမြတ်စွာဒေ၀ီ(ခေါ်) မိဖုရား နတ်သျှင်မယ် ရို့
ကောင်းမှုတော် ပင်ဖြစ်ပါရေ။ ဟာရီတောင်ထက်က မြင်ရရေ မြောက်ဦးရှုခင်းကလည်း
အလွန်လက်ရာမြောက်တေ ဂန္ထ၀င် ပန်းချီကားတစ်ချပ်ကို ကြည်နီရစွာပိုင်
အံ့မခန်းနိုင်လောက်အောင် မဟာဆန်လှပါရေ။ တောင် ကုန်းတောင်ထွတ်တိုင်းမှာ
တည်ဟိနီကတ်တေ မွဲပြာပြာစာတီအိုတိနန့် သာသနာ့ဗိမ္မာန်တိ၊ မြက်ရိုင်းတော
အလားဖြစ်နီရေ နန်းတော်ရာကုန်းရို့ကလည်း မလွန်ဆန်နိုင်ရေ အနိစ္စ သင်္ခါရတရားကို
ပြသနီစွာပိုင်။ တရားသဘောနန့် ဆင်ခြင်ကြည့်မိပါရေ။ အဂုအချိန်မှာ
ဘုရင်မင်းစောမွန်၊ မင်းဗာဘုရင်၊ သျှင်မြ၀ါနန့် မဟာပညာကျော်ရို့ကို
တမ်းတပြီးကေ စာဆိုတော် ဖဒူမင်းညို၊ ဥက္ကာပျံနန့် သီရိမလ္လာ
မိပန်းရံရို့ကိုလည်း ကကောင်းလွမ်းမိပါရေ။ အတိတ်တစ်ချိန်က
ရွှီရောင်လွှမ်းမိုးခရေ မြောက်ဦးရွှီမြို့တော်ကြီးနန့် ရှိရခိုင်ဘုရင်
မင်းမြတ်ရို့ အဆက်ဆက် တည်ဆောက်ခကတ်တေ တော်ဝင်အဆောက်အအုံဟောင်း အပျောက်တိက
လည်း နှမြောတသ လွမ်းမောစရာ ကောင်းပါရေ။
အတွေးအာရုံထဲမှာ ဇာလောက် နစ်မျှောနီလီလေမသိ။ သတိရလို့ လှမ်းကြည့်လိုက်ခါ
ကျွန်တော်ချိန်း ထားရေ အတိုင်း လှပိုးဝါရေ ဟာရီတောင်ထက်ကို တစ်လှမ်းချင်း
တက်လာလတ်ပါရေ။ ကျွန်တော့် ကို မြင်ရေခါ သူ ပြုံးပြီးကေ ပြောလိုက်တေ။
"ကိုခိုင်မြတ် ရောက်နီစွာ ကြာဗျာယ်လာ။"
"တစ်နာရီလောက်တော့ ဟိဗျာယ်"
သူ့ကိုကြည့်ပနာ ကျွန်တော်ပြောလိုက်တေ။ နှစ်ယောက်စလုံးပြိုင်တူပင်
ဟာရီတောင်ဘုရားကို ရှိခိုးပြီးကေ စာတီရင်ပြင်မှာဟိရေ ခုံတန်းရှည်မှာ
ထိုင်လိုက်ကတ်ပါရေ။ ယေပြီးကေ သူက ကျွန်တော့်ကို မီးပါရေ။
"ကိုခိုင်မြတ် ပိုးဝါပြောထားရေ စကားတိကို စဉ်းစားပြီးဗျာယ်လာ။ ဇာပိုင်လေ"
လှပိုးဝါ မီးရေစကားတိကို ကျွန်တော် တစ်ခွန်လည်း ပြန်မပြောဘဲ ငိုင်နီမိပါရေ။
အမှန်ပြောရဖို့ဆိုကေ သူမီးရေ စကားတိကို ကျွန်တော် လုံးဝ မဖြေချင်ပါ။
ကျွန်တော့်ရင်ထဲမှာ ဇာလောက်ထိ ခံစားနီရလေဆိုစွာ ကို သူသိဖို့မဟုတ်။
"ကိုခိုင်မြတ် ပိုးဝါပြောစွာကို မကြားလား။ ဇာဖြစ်လို့ တိန်းနီရစွာလေ။ ပြောလေ"
ဒုတိယအကြိမ် သူက ထပ်လို့ ပြောလိုက်တေအတွက် ကျွန်တော့်ရင်ထဲက စကားတိကို ပြောလိုက်တေ။
"ကိုယ် အားလုံး စဉ်းစားပြီးဗျာယ် ပိုးဝါ။ ကိုယ်ရေ စာပီ၊ ယဉ်ကျေးမှုနန့်
ဇာတိမြီကို ချစ်တေ ရခိုင်သား တစ်ယောက်ပါ ပိုးဝါ။ ကိုယ်ရေ ရခိုင်သားတစ်ယောက်
ဖြစ်ယင့်သားနန့် ကိုယ့်ရခိုင်ဒေသ၊ ကိုယ့်လူမျိုး အကျိုးအတွက် တစ်ခုလည်း
မလုပ်ဘဲ ကိုယ်ကျိုးအတွက် တစ်ခုတည်းကိုကြည့်ပနာ သူတစ်ပါးမြီကို အထင်ကြီး၊
သူများပြည်မှာရာ အခြီစိုက်ဖို့ဆိုကေ ကိုယ်ရေ တာဝန်မကျီရေ လူတစ်ယောက်၊
အသုံးမကျရေ လူညံ့တစ်ယောက်ဖြစ်လားဖို့။ ကိုယ်ရေ တာဝန်ကျီချင်ရေ။
လူညံ့တစ်ယောက် အဖြစ်မခံနိုင်။ ယင်းအတွက် နန့် ကိုယ် ပိုးဝါပြောရေ စကားတိကို
လက်မခံနိုင်။ ပိုးဝါ ကြိုက်တေပိုင် ဆုံးဖြတ်ပါ။"
"သြော် - ကိုခိုင်မြတ်က ဒေပိုင်ကိုး။ ကကောင်းပြတ်သားလှပါရေကာ
သူရဲကောင်းကြီး။ ယင်းပိုင်ဆို လည်း ကောင်းပါရေ။ ကိုခိုင်မြတ်ဖက်က
ပြတ်သားလာကေ ပိုးဝါကလည်း ပြတ်သားရဖို့နန်းရာ။ ဒေမှာ ကိုခိုင်မြတ်၊
ကိုခိုင်မြတ်ရို့ပိုင် အတ္တသမားတိရေ တစ်ခါလည်း ကြီးပွားချမ်းသာလီဖို့မဟုတ်။
သူများပြည်ကို အထင်ကြီးရဖို့နှန်းရာ။ သူများပြည်က ကိုယ့်ပြည်ထက်
တိုးတက်နီစွာကို။ ကိုခိုင်မြတ်ကို အထင်ကြီးမိစွာ ပိုးဝါမှားပါရေ။
'မြီကိုချစ်ကေ တီဖြစ်တေ'ဆိုစွာ ကိုခိုင်မြတ် မကြားဖူးလား"
သူ့ဖက်က စတင်ပြီးကေ ကျွန်တော့်ကို တုန့်ပြန်လိုက်ပါရေ။
"ကိုယ့်ပြည်ကိုယ့်မြီကို ကိုယ်ရို့မထိန်းသိမ်း၊ မစောင့်ရှောက်ကေ ဇာသူလာလို့
စောင့်ရှောက်လာဖို့လဲ။ မြီကိုချစ်ကေ တီဖြစ်တေ ဆိုပနာ ရီကြိုင်ရာ
မြက်နုရာကိုရာ ထွက်လားခကတ်ကေ နောင်အနာဂတ် ကာလတိမှာ ရခိုင်လူမျိုးနန့်
ရခိုင်ပြည်ဆိုစွာ ဟိဖို့သိမ့်လား။ ကိုယ့်ရပ်ကိုယ့်မြီမှာ နီထိုင်စွာလည်း
အမျိုး ကိုစောင့်ရှောက်ခြင်း၊ မျိုးချစ်ခြင်းတစ်ခုရာ ပိုးဝါ"
"အမျိုးကိုစောင့်ရှောက်ခြင်း၊ မျိုးချစ်ခြင်း ဇာခြင်းဖြစ်ဖြစ် ပိုးဝါတစ်ခုလည်းနားမလည်။ ပိုးဝါနားလည်စွာက လူဆိုစွာ တိုးတက်ရေနီရာမှာ နီထိုင်မှ တိုးတက်ဖို့၊ ချမ်းသာဖို့၊ ကြီးပွားဖို့။ ဒေချင့်ရေ ပိုးဝါ၏ခံယူချက်။ ကုန်ကုန်ပြောမေ ကိုခိုင်မြတ် သူများပြည်၊ ဇာပြည် အဓိကမဟုတ်။ ချမ်းသာဖို့ရာ အရေးကြီးရေ။"
"ယင်းပိုင်လည်းမဟုတ် ပိုးဝါ၊ တိုးတက်တေ မတိုးတက်ဆိုစွာက လူနန့်ရာသက်ဆိုင်ရေ။ ကိုယ်ရို့ညံ့ဖျင်းလို့၊ ကိုယ်ရို့အသုံးမကျလို့ရာ။ အဂုက ယင်းပိုင်မဟုတ်ကတ်။ ဆင်းရဲရေဒေသ၊ အလုပ်ရှားရေနီရာ၊ မတိုး တက်တေပြည်နယ်ဆိုပနာ အကြောင်းပြပြီးကေ သူများနီရာကို ထွက်ခွာလားခကတ်စွာကား အမှားရာ။ ကိုယ့်ပြည်တိုးတက်အောင် ကိုယ်ရို့လုပ်ဆောင်ကတ်ရဖို့ မနား။ သူများပြည် တိုးတက်နီစွာရေ သူများတိက သူရို့ပြည်ကို တိုးတက်အောင်လုပ်ဆောင်ကတ်လို့ တိုးတက်နီစွာလေ။ သူရို့ကို အတုယူကတ်ရဖို့။ ကိုယ် ရို့ရခိုင်ပြည်ရေ တန်ဖိုးဟိရေ ရတနာမြီရာ ပိုးဝါ။ နိုင်ငံခြားသားတိကပင် ကိုယ်ရို့ရခိုင်ပြည်နယ်ကို အထင် ကြီးပြီး လေ့လာဖို့၊ မှတ်တမ်းတင်ဖို့၊ လည်ပတ်ဖို့လာကတ်တေ။ ကိုယ်ရို့ ရခိုင်ပြည်သမိုင်းအကြောင်းတိကို မှတ်တမ်းတင် စာတမ်းပြုစုပြီးကေ ပါရဂူဘွဲ့ယူလားခရေ နိုင်ငံခြားသားတိကလည်း အများကြီး။ ကိုယ်ရို့ လူမျိုးတိကရာ အရေးမစိုက်ကတ်စွာ။ စိုင်းဒြားမင်းခွာငှက်ချေတိကပင် ကိုယ့်ပြည်ကိုယ့်မြီကို ချစ်ကတ်တေ။ အထင်ကြီးကတ်တေ။ စောာင့်ရှောက်ကတ်တေ။ ကိုယ်ရို့ကလူသားတိလေ။ အသိဥာဏ်ဟိရေ သတ္တ၀ါတိ။ သူရို့ထက်သာရဖို့။ လူသားမှန်ကေ ကိုယ့်ရပ်ကိုယ့်ပြည်အတွက် ကိုယ်တတ်နိုင်ရေပိုင် ပီးဆပ်ရဖို့စွာ ဓမ္မတာ ရာ ပိုးဝါ။ ယေမှရာ လူသားပီသဖို့လေ။ "ကိုယ့်ပြည်ကို ကိုယ်ရာချစ်မှရာ သူများပြည်သားလေးစားလီမေ" ဆိုရေ စကားကို ပိုးဝါ မကြားဖူးလား။ ပိုးဝါလည်း ရခိုင်သူမချေတစ်ယောက်ရာ။ သေချာစဉ်းစားကြည့်ပါ ပိုးဝါ။
"စဉ်းစားနီစရာလည်း မလို။ ကိုခိုင်မြတ်ရို့ပိုင် စိတ်ကူးယဉ်သမားတိပြောရေ စကားကိုလည်း နားမထောင် ချင်။ အာ... ပိုးဝါ ကိုခိုင်မြတ်နန့် စကားမပြောချင်ဗျာယ်။ အချိန်ကုန်ရေ။ လီကုန်ရေ။ ပိုးဝါပြန်ဖို့ဗျာယ်။"
ကျွန်တော့်ကို သူ့အလိုဆန္ဒအတိုင်း ပြောမရလို့ ဒေါသတိနန့် ပေါက်ကွဲနီရေ လှပိုးဝါ၏ မျက်လုံးအိမ်က မျက်ရည်တိပင် စီးကျလာလတ်ပါရေ။ ယေပြီးကေ သူရေ ကျွန်တော့်ကို အမုန်းမျက်စောင်းတိနန့် ကြည့်ပနာ ဟာရီတောင်အောက်ကို ခြီသွက်သွက်နန့် ဆင်းလားခပါရေ။ ကျွန်တော့်မှာတော့ခါ သူ့နောက်ကြောကို ကြည့်ပြီးကေ ငေးကျန်ခပါရေ။
အခန်း(၅)
နွီဦးလီရူးတိုက်ခတ်မှုကြောင့် နန်းရာကုန်းထက်က ရိုးတန်ပြိုင်းပြိုင်းနန့်
ညောင်ပင်အိုရို့၏ အကိုင်းအခက်တိ လှုပ်ခါနီကတ်ပါရေ။ ဂိမာန်ရာသီ၏
တော်ဝင်နန်းမြို့အိုကလည်း လွမ်းမောစရာပင်။ ထိုင်နီကျ
နီရာဟောင်းညောင်ပင်အောက်မှာ ထိုင်ပနာ ကျွန်တော့်ချစ်သူကို
စောင့်မျှော်နီမိပါရေ။ သူနန့်မတွိရစွာ နှစ် လကျော်လောက်ပင် ဟိလားခပါဗျာယ်။
ကျွန်တော်ကလည်း ကိုယ့်အပြစ်နန့် ကိုယ်လေ။ ယေကေလည်း သူနန့်တွိဖို့
ကြိုးစားကြည့်ပါသိမ့်ရေ။ အဆင်မပြေ၊ လုံးဝအတွိမခံ။ သူက ကျွန်တော့်ကို
တမင်သက် သက် ရှောင်နီရေ။ စိတ်နာပြီးကေ မုန်းလားခဗျာယ်လာမသိ။ သူနန့်
မတွိရကေလည်း သူနန့်ကျွန်တော်ရို့ တွိနီကျဖြစ်တေ ဒေနီရာဟောင်းမှာ
အချိန်တိုင်း စောင့်ဖြစ်ပါရေ။ သူကတော့ ပေါ်မလာ။ အဂုလည်း သူလာဖို့အချိန်ကို
စောင့်မျှောင်ယင်း ဟာရီတောင်ထက်ကို ငေးကြည့်နီမိပါရေ။"အမျိုးကိုစောင့်ရှောက်ခြင်း၊ မျိုးချစ်ခြင်း ဇာခြင်းဖြစ်ဖြစ် ပိုးဝါတစ်ခုလည်းနားမလည်။ ပိုးဝါနားလည်စွာက လူဆိုစွာ တိုးတက်ရေနီရာမှာ နီထိုင်မှ တိုးတက်ဖို့၊ ချမ်းသာဖို့၊ ကြီးပွားဖို့။ ဒေချင့်ရေ ပိုးဝါ၏ခံယူချက်။ ကုန်ကုန်ပြောမေ ကိုခိုင်မြတ် သူများပြည်၊ ဇာပြည် အဓိကမဟုတ်။ ချမ်းသာဖို့ရာ အရေးကြီးရေ။"
"ယင်းပိုင်လည်းမဟုတ် ပိုးဝါ၊ တိုးတက်တေ မတိုးတက်ဆိုစွာက လူနန့်ရာသက်ဆိုင်ရေ။ ကိုယ်ရို့ညံ့ဖျင်းလို့၊ ကိုယ်ရို့အသုံးမကျလို့ရာ။ အဂုက ယင်းပိုင်မဟုတ်ကတ်။ ဆင်းရဲရေဒေသ၊ အလုပ်ရှားရေနီရာ၊ မတိုး တက်တေပြည်နယ်ဆိုပနာ အကြောင်းပြပြီးကေ သူများနီရာကို ထွက်ခွာလားခကတ်စွာကား အမှားရာ။ ကိုယ့်ပြည်တိုးတက်အောင် ကိုယ်ရို့လုပ်ဆောင်ကတ်ရဖို့ မနား။ သူများပြည် တိုးတက်နီစွာရေ သူများတိက သူရို့ပြည်ကို တိုးတက်အောင်လုပ်ဆောင်ကတ်လို့ တိုးတက်နီစွာလေ။ သူရို့ကို အတုယူကတ်ရဖို့။ ကိုယ် ရို့ရခိုင်ပြည်ရေ တန်ဖိုးဟိရေ ရတနာမြီရာ ပိုးဝါ။ နိုင်ငံခြားသားတိကပင် ကိုယ်ရို့ရခိုင်ပြည်နယ်ကို အထင် ကြီးပြီး လေ့လာဖို့၊ မှတ်တမ်းတင်ဖို့၊ လည်ပတ်ဖို့လာကတ်တေ။ ကိုယ်ရို့ ရခိုင်ပြည်သမိုင်းအကြောင်းတိကို မှတ်တမ်းတင် စာတမ်းပြုစုပြီးကေ ပါရဂူဘွဲ့ယူလားခရေ နိုင်ငံခြားသားတိကလည်း အများကြီး။ ကိုယ်ရို့ လူမျိုးတိကရာ အရေးမစိုက်ကတ်စွာ။ စိုင်းဒြားမင်းခွာငှက်ချေတိကပင် ကိုယ့်ပြည်ကိုယ့်မြီကို ချစ်ကတ်တေ။ အထင်ကြီးကတ်တေ။ စောာင့်ရှောက်ကတ်တေ။ ကိုယ်ရို့ကလူသားတိလေ။ အသိဥာဏ်ဟိရေ သတ္တ၀ါတိ။ သူရို့ထက်သာရဖို့။ လူသားမှန်ကေ ကိုယ့်ရပ်ကိုယ့်ပြည်အတွက် ကိုယ်တတ်နိုင်ရေပိုင် ပီးဆပ်ရဖို့စွာ ဓမ္မတာ ရာ ပိုးဝါ။ ယေမှရာ လူသားပီသဖို့လေ။ "ကိုယ့်ပြည်ကို ကိုယ်ရာချစ်မှရာ သူများပြည်သားလေးစားလီမေ" ဆိုရေ စကားကို ပိုးဝါ မကြားဖူးလား။ ပိုးဝါလည်း ရခိုင်သူမချေတစ်ယောက်ရာ။ သေချာစဉ်းစားကြည့်ပါ ပိုးဝါ။
"စဉ်းစားနီစရာလည်း မလို။ ကိုခိုင်မြတ်ရို့ပိုင် စိတ်ကူးယဉ်သမားတိပြောရေ စကားကိုလည်း နားမထောင် ချင်။ အာ... ပိုးဝါ ကိုခိုင်မြတ်နန့် စကားမပြောချင်ဗျာယ်။ အချိန်ကုန်ရေ။ လီကုန်ရေ။ ပိုးဝါပြန်ဖို့ဗျာယ်။"
ကျွန်တော့်ကို သူ့အလိုဆန္ဒအတိုင်း ပြောမရလို့ ဒေါသတိနန့် ပေါက်ကွဲနီရေ လှပိုးဝါ၏ မျက်လုံးအိမ်က မျက်ရည်တိပင် စီးကျလာလတ်ပါရေ။ ယေပြီးကေ သူရေ ကျွန်တော့်ကို အမုန်းမျက်စောင်းတိနန့် ကြည့်ပနာ ဟာရီတောင်အောက်ကို ခြီသွက်သွက်နန့် ဆင်းလားခပါရေ။ ကျွန်တော့်မှာတော့ခါ သူ့နောက်ကြောကို ကြည့်ပြီးကေ ငေးကျန်ခပါရေ။
အခန်း(၅)
"ကိုခိုင်မြတ် ဇာဇာစဉ်းစားနီလေ"
အသံလာရာကို လှည့်ကြည့်လိုက်ခါမှ ကျွန်တော်ရို့မိတ်ဆွီ၊ လှပိုးဝါ၏ သူငယ်ချင်း သန္တာ ကျွန် တော့်အနား ကို ရောက်နီစွာကို သတိပြုမိပါရေ။
"သြော်... သန္တာ"
သန္တာရေ သူ့အိတ်ထဲမှာပါလာရေ စာအိတ်တစ်အိတ်ကို ထုတ်ပနာ ကျွန်တော့်ကိုပီးပြီးကေ သူကပြောပါရေ။
"ကိုခိုင်မြတ်ကိုတွိကေ ဒေစာကိုပီးလိုက်ပါလတ်။ လှပိုးဝါက သန္တာကို ပီးပစ်ခရေ။ လှပိုးဝါရေ လွန်ခရေ တစ်ပတ်ကပင် ရန်ကုန်ကို လားခပါဗျာယ်"
သန္တာစကားဆုံးစွာနန့် ကျွန်တော် ငိုင်ကျလားခပါရေ။
"သန္တာပြန်လိုက်မေ ကိုခိုင်မြတ်"
သန္တာ ကျွန်တော့်ကို နှုတ်ဆက်ပြီးကေ ကျွန်တော့်အနားက ထွက်ခွာလားခပါရေ။ သန္တာ ထွက်လားခပြီးရေ အချိန်မှာ ကျွန်တော်ရေ စာအိတ်ကို ဖွင့်ပနာ ဖတ်လိုက်ပါရေ။
သို့/
ကိုခိုင်မြတ်
ပိုးဝါ စာရွီးထားခပါရေ။ အစကခါ ကိုခိုင်မြတ်ကို ကောင်းကောင်း အထင်ကြီးမိပါရေ။ အမှန်ပြောရဖို့ဆိုကေ ပိုးဝါလေ ကိုခိုင်မြတ်ကို ကောင်းကောင်းချစ်ပါရေ။ အဂုပိုင် ကိုခိုင်မြတ်၏ ညံ့ဖျင်းရေ စိတ်ဓါတ်ကို သိရေ ခါ ကောင်းကောင်း အံ့သြလားပြီးကေ ကိုခိုင်မြတ်ကို ယုံကြည်မိရေ ပိုးဝါ၏အမှားတိကို နောင်တရပနာ ငိုမိပါရေ။ ကိုခိုင်မြတ်ရေ လောကကြီးကို ရင်မဆိုင်ဝံ့သူ၊ သတ္တိမရှိသူ၊ ကိုယ့်ကိုကိုယ် အထင်ကြီးရေ အတ္တ သမားဖြစ်တေ။ မြီကိုချစ်တေ၊ မျိုးကိုချစ်တေ ဆိုရေ စကားတိစွာ ထိုးအ၀ီးကြီးမှာ ကျန်ခပါ ဗျာယ် ကိုခိုင်မြတ်။ စိတ်ဓါတ်၊ အယူအဆချင်းမတူညီရေ ကိုခိုင်မြတ်နန့် ပိုးဝါရို့ဇာတ်လမ်း ဒေလောက်နန့် ပြီးဆုံး ပါဗျာယ်။ ကိုခိုင်တြ် ရင်ခွင်မှာဟိနီသရွိ ပိုးဝါဘ၀ တစ်ခါလည်း တိုးတက်လီဖို့မဟုတ်။ ယင်းအတွက်နန့် ပိုးဝါ ကိုခိုင်မြတ်နန့် အ၀ီးဆုံးနီရာကို ထွက်ခွာလားခပါဗျာယ်။ အပြစ်ဟိကေလည်း ခွင့်လွှတ်ပါ။
ဘ၀ကို တိုးတက်ချင်ရေ
ပိုးဝါ
စာကိုဖတ်ပြီးစွာနန့် ကျွန်တော်ရေ ငေးမှိုင်ပြီးကေ ချစ်သူနန့် တစ်ကမ္ဘာစီ ခြားလားခရေပိုင် ရင်နင့်ကြီကွဲစွာ ခံစားရပါရေ။ "သြော်... အသက်တမျှ မြတ်နိုးတွယ်တာရေ ငါ့ချစ်သူချေတစ်ယောက်ကို ငါဆုံးရှုံးရဖို့ဗျာယ် မနားယေ"
ကျွန်တော်ဇာပိုင်တတ်နိုင်ပါဖို့လဲ။ လူတစ်ယောက်စိတ်တစ်မျိုးစီရာမနား။ တစ်ယောက်စိတ်နန့် တစ်ယောက် စိတ် တူစွာကားမဟုတ်ယေ။ သူ့စိတ်မှာဟိစွာကို ကိုယ့်စိတ်နန့်တူအောင် ညှိယူပြောင်းယူလုပ်လို့ရစွာကား မဟုတ်။ ကိုယ့်ရင်ထဲက ခံစားချက်တိကို မင်းတစ်ယောက်နားလည်နိုင်ပါစီ။ အမျိုးသားရေး စိတ်ဓါတ်ပြင်း ထန်မှု၊ တာဝန်သိတတ်မှု၊ ဆုံးဖြတ်ချက်ခိုင်မာ ပြတ်သားမှုတိဆိုစွာ တန်ဖိုးဟိရေ မြင့်မြတ်တေ လူကောင်း လူမွန်တစ်ယောက်၏ လုပ်ရပ်လေ။ ကိုယ်လည်း လူကောင်းလူမွန်တစ်ယောက် ဖြစ်ချင်ပါရေ ပိုးဝါ။ မင်းကတော့ခါ ကိုယ့်ကို စူဠသုဘဒ္ဒါ ငြိုးမာန်ဖွဲ့ပနာ စိမ်းကားရက်စက်လားခဗျာယ်လား ချစ်သူ။ မင်းဘ၀ အီးချမ်းသာယာ တိုးတက်ပါစီ။ လိုရာဆန္ဒ အ၀၀နန့်လည်း ပြည့်စုံနိုင်ပါစီလို့ ကိုယ်ဆုတောင်းပီးလိုက်ပါရေ ပိုးဝါ။ ကိုယ်ကတော့ခါ အသည်းကွဲသမားဘ၀နန့် မင်းကို အမြဲတမ်း လွမ်းနီပါမေ။
အခန်း(၆)
အချိန်ကာလတိက တဖြည်းဖြည်းပြောင်းလဲလာလတ်စွာ အဂုဆိုကေ (၅)နှစ်ပင် ဟိလားခပါဗျာယ်။ ကျွန်တော့်ချစ်သူဘားက စာလည်းမလာ၊ သတင်းလည်းမပါးပါ။ သူကတော့ခါ မြို့ကြီးပြကြီးလောင်း ရိပ်အောက်မှာ ခြီရာဖျောက်ပနာ လူသစ်၊စိတ်သစ်၊ ဘ၀သစ်နန့် ပျော်မွိလို့ ဟိလီဖို့။ ကျွန်တော့်ကို သတိပင်ရလီဖို့မဟုတ်။ မိလားခဗျာယ်ထင်ယင့်။ ကျွန်တော့်မှာ ထိုတစ်ချိန်က သူနန့်ပျော်မြူးခကတ်တေ နီရာဟောင်းတိကိုရောက်တိုင်း ရင်ထဲမှာ ကြိတ်မှိတ်ပြီးကေ ရူးမတတ် ခံစားရပါရေ။ ချစ်ခကတ်တေ အယင် အချိန်ကဆိုကေ နန်းရာကုန်း၊ ဟာရီတောင်၊ မြ၀ါတောင်၊ သင်္ဂနဒီမြစ်၊ ရီပေါက်ဝချောင်း၊ လက်ဆီးကန်၊ သျှစ်သောင်း၊ ထုက္ကန့်သိမ်ရို့အစ မာန်ငါးပါးအဆုံး နီရာတိအားလုံးရေ ကျွန်တော်နန့် လှပိုးဝါရို့၏ အချစ်ရိပ်၊ အချစ်ကမ္ဘာ၊ အချစ်နယ်မြီတိပင် ဖြစ်ပါရေ။ တစ်ခါတရီဆိုလည်း သူပြောခရေစကားတိကို ကြားယောင်လီ တိုင်း စိတ်နာကြည်းပြီးကေ သူ့ကို မိပစ်လိုက်ဖို့အထိ ကြိုးစားကြည့်ပါရေ။ ယေကေလည်း မိလို့ကားမရ။ အစားထိုးမရရေအချစ်၊ သံယောဇဉ်တိနန့် ရစ်ပတ်ချည်နှောင်ထားရေ သမုဒယနှောင်ကြိုးထဲက ရုန်းထွက် လို့ မရပါ။ မင်းကတော့ခါ ကြီးမားခိုင်မာရေ သုံးရွန်းတင်အချစ်ကြိုးကို အမုန်းဓါးနန့် ပိုင်းဖြတ်လိုက်ဗျာယ် လား ချစ်သူ။
မိုးသောက်ရောင်နီအောက်မှာ ငွေနှင်းစက်ချေတိက တဖြောက်ဖြောက်နန့် ကျဆင်းနီကတ် ပါရေ ။ ဆောင်းဟေမာန်၏ အအီးဓါတ်က ပူလောင်ခြောက်သွိနီရေ ကျွန်တော့်နှလုံးသားကို မအီးမြနိုင်ပါ။ အဂု အချိန်မှာ ကျွန်တော်ရေ အဖော်မဲ့ ဥသြငှက်ချေပိုင် ချစ်သူပြန်လာဖို့ နိရက်ကို စောင့်မျှော်ယင်း နန်းရာကုန်း ထက် တစ်နီရာမှာ အထီးကျန်စွာ တစ်ယောက်တည်းထိုင်ပနာ စိတ်ကိုဖြေသိမ့်နီမိပါရေ။ ယင်းအချိန်မှာ- "ဆောင်းတစ်ရက်က မြောက်ဦးမြို့မှာပါ... ဆောင်းတစ်ရက်က... ဟောင်းပျက်ခ... အသည်းသက်တမျှ ပွင့်ဦးသဇင်ညှာ... ချစ်သူဟောင်းအကြောင်း... ပြန်ပြောင်းတွေးမိ မချိရင်မှာ... ရာသီစက်မောင်း .. . ပြောင်း... ဟောင်း၍မလာ... တွေးသမျှ...အသည်းကနာကြင်ဗျာယ်လာ...မမိန့်ကောင်း မပျောက်ကောင်း အကြောင်းက... ဆောင်းတစ်ရက်က မြောက်ဦးမြို့မှာပါ........
(ဆောင်းရတု နှင်းမြူမှုန်ကြားမှာ... တွဲလက်နွှဲယှက်လည်ဗျာယ်လား)၂ တူပျော်... ပူဇော်... ဘုရားပေါ် အပါးမှာ... တစ်သက်ကမ္ဘာ... မခွဲမခွာ... မခွဲမခွာ... တစ်သက်ကမ္ဘာ... ကတိထားဖူးစွာ သူမိလားလာ... သျှစ်သောင်း ထုက္ကန်သိမ်ဘုရားအပါး အပါးမှာ... လက်တွဲလို့တတူရာ လက်ဆီးကန်နားမှာ... မာန်ငါးပါး စုံစွာ... ထားခရေသစ္စာ... အံတော်သိမ် ဓါတ်ရွှေဂူဝအစ... ကြည်ဖြူတုန်းခါ နန်းရာကုန်းမှာ... ပျော်ရွှင်မဆုံး အပြုံးပြိုင်ကတ်စွာ... အတွက်စီပေါ်နီဗျာယ်ကာ... မမိကောင်း မပျောက်ကောင်း အကြောင်း က... ဆောင်း တစ်ရက်က မြောက်ဦးမြို့မှာပါ..." တေးရွီးဆရာကြီး ဂီတစာဆို ကိုသန်းမောင် ရွီးစပ်ပြီးကေ အဆိုတော် ကိုသန်းဆွေ သီဆိုထားရေ "ဆောင်းတစ်ရက်က မြောက်ဦးသူချေ" သီခြင်းကို အသံကျယ်ကျယ်တီးပနာ မြို့ကိုပတ်လို့ သိန်းထီရောင်းနီရေ လူတစ်ယောက်ဖွင့်ရေ တေးခြင်းကို ကြားစွာနန့် ကျွန်တော့်အသည်းနှလုံး တိ အရည်ပျော်လားပိုင် လွမ်းလွမ်းဆွေးဆွေး ခံစားရပါရေ။ အတိတ်က ဖြစ်ကြောင်းတိကို လုံးဝမိပစ်လိုက် ဖို့ဗျာယ် ဆိုပြီးကေ စိတ်ကိုဖြေသိမ့်နီရေ ကျွန်တော်။ ယင်းအချိန်မှာမှ ဒေသီခြင်းနန့် တိုက်ဆိုင်လာရေ။ မိထားရေ အလွမ်းတိက ပြန်လို့နိုးထလာကတ်တေ။
ကားဂိတ်မှာ ထိုင်ပနာ စောင့်မျှော်ကြည့်စွာကလည်း အခါခါ။ ရန်ကုန်ကားတိဝင်လာတိုင်း "သူ" ပါလာဖို့ လားလို့ လှမ်းကြည့်ရစွာကလည်း အမော။ ကားဟွန်းသံကြားကေ သူ့ခေါ်သံလားလို့ ယောင်ပ နာတောင် ပြန် ထူးမိရေ။ သူပြန်လာဗျာယ်ထင်လို့ စောင့်ကြိုပနာ စိတ်ကူးနန့် ပျော်ရစွာလည်း အကြိမ်ကြိမ်။ "ကျွန်တော်ရေ အချစ်ကျိန်စာသင့်နီရေ စိတ္တဇဝေဒနာသျှင်တစ်ယောက်ပင် ဖြစ်နီဗျာယ်လား" ကိုယ့်ကို ကိုယ် ပြန်တွေးပနာ စဉ်းစားကြည့်ရေ။ အမှန်ဆိုကေ သူနန့် ကျွန်တော်က အယူအဆချင်းမတူညီရေ ၀ိရောဓိ၊ (Opposite) ဆန့်ကျင်ဘက် လူသားနှစ်ဦး။ တစ်ယောက်ကိုတစ်ယောက် နားလည်မှု မပီးနိုင်ဘဲ ကိုယ့်လမ်းကိုယ်လျှောက်ကတ်တေ လူတိ။ ပြဒါးတစ်လမ်း၊ သံတစ်လမ်း။ သူက ကိုယ့်ကိုတန်ဖိုးမထားဘဲ စွန့်ခွာထားခသူ။ ကျွန်တော် စိတ်နာသင့်ပါရေ။ အဂုက ယင်းပိုင်မဟုတ်။ ကျွန်တော့်နှလုံးသားထဲမှာ ခံစားနီရရေ အလွမ်းဝေဒနာတိက ပိုပြီးကေ ဆိုးရွားလာလတ်ပါရေ။
အခန်း(၇)
ဒေလွမ်းရိပ်မြုံမှာ အလွမ်းမျက်ရည်တိ ဇာလောက်ကျခကတ်ရလေ မသိ။ ရခိုင်ဘုရင်ရို့ခေတ်ကလည်း လွမ်းခရရေ အလွမ်းရာဇ၀င်တိ ဟိခကတ်ပါရေ။ သံတွဲမိဖုရား "စောယဉ်မိ"၏ ချစ်ခွင့်ပန်လွှာ မေတ္တာ စာကိုဖတ်ယင်း၊ လွမ်းစာဖွဲ့ပနာ တစိမ့်စိမ့် လွမ်းခရရေ စာဆိုဘုရင် "မင်းခရီ"။ အနောက် ဘင်္ဂါကို စစ်ချီ လားခရေ လင်တော်မောင် "နန္ဒသူရ" ဇုန္တတ်ကြီးကို မျှော်တော်မူ တ၀ဂူဘုရားစာတီမှာ ပန်း သပြီ ညောင်ရီလောင်းလို့ ဆုတောင်းပနာ လွမ်းမျက်ရည်ကျခရေ စာဆိုသျှင်မ "စောမြနန္ဒာ"။ အဂုအချိန် မှာက ထိုးအာရက္ခရိုးမတောင်တန်းကြီး၏တစ်ဖက် တိုက်တာအဆောက်အအုံတိ၊ ပကာသန အဆောင် အယောင်တိ၊ မာစီးဒီး၊ လင်ခရူဆာ၊ ပါဂျဲရိုးကားတိ၊ ကွန်ပျူတာ အင်တာနက်တိ ပေါများရေ မဟာရန် ကုန်လောင်းရိပ်အောက်မှာ မွိပျော်နီရေ ကျွန်တော့်ချစ်သူ။ တောင်အထပ်ထပ်ကာရံထားပြီးကေ အင်တာ နက်မဟိရေ မွဲပြာပြာ ကျွန်းမြို့ချေမှာ ကျွန်တော့်အသည်းနှလုံးကို ရက်ရက်စက်စက်ခွဲဗျာယ် ထားခသူ။ ရခိုင်ဘုရင် မင်းဗာကြီး၏ သမီးတော် လက်သစ်၊ ရက္ခိတ တော်ဝင်သဇင်ပန်းချေ "လှပိုးဝါ"ကို အလွမ်းရိပ် အလွမ်းငွေ့တိ ၀ီဝီဆိုင်းနီကတ်တေ ဂန္ထ၀င်မြို့ပြ လွမ်းရိပ်မြုံ မြောက်ဦးမြို့တစ်နီရာက အထီးကျန် အဖော် မဲ့နီရေ ကျွန်တော်မောင်ခိုင်မြတ်တစ်ယောက် လွမ်းစာကိုဖွဲ့ လွမ်းရီသောက်ယင်း လွမ်းမျက်ရည်ယိုစီးပနာ ရာဇ၀င်မှာ စာတင်လောက်တေ တော်ဝင်အလွမ်းတိနန့် တစ်ယောက်တည်း လွန်းနီရပါရေလို့။
မောင်ခိုင်မြတ်
အောင်တံခွန် ၀ံသရက္ခိတ မဂ္ဂဇင်း အတွဲ(၅)၊ အမှတ်(၃)မှ
0 comments:
Post a Comment