အခက်အခဲဆိုတာ ဘ၀ရဲ့သဘာဝတွေပါပဲ။
ဘာအခက်အခဲမှမရှိတဲ့ ဘ၀ကိုနေရတဲ့သူဟာဘာရင့်ကျက်မှုမှ မရှိနိုင်ဘူး။
အားလုံးသဘောထားကြီးကြီးနဲ့ စိတ်ထားကောင်းကောင်းနဲ့ ဆက်ဆံရင် အခက်အခဲတွေ ပိုပြီးတော့ အဆင်ပြေသွားမယ်။ပိုပြီးတော့ ပြေလည်သွားမယ်။
ပြဿနာကို နားမလည်နိုင်ရင် မဖြေရှင်းနိုင်ရင် ပြဿနာကို ပိုကြောက်တယ်။
ပြဿနာကို နားလည်လာရင် ပြဿနာကို မကြောက်တော့ဘူး။ အခက်အခဲတွေကို နားလည်ပြီး ဖြေရှင်းလို့ အရည်အချင်းတိုးလာတာ ကိုယ့်ကိုယ်ကိုယုံကြည်မှုတိုးလာတာကို ခံစားရတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးလာအောင်ပဲ လုပ်ချင်နေတယ်။
ဒါပေမယ့် ကိုယ်နိုင်သလောက် အခက်အခဲရှိမှကောင်းတယ်။ ရုန်းကန်နေမှ ကောင်းတယ်။ အခက်အခဲတွေဟာ အကျိုးရှိပါတယ်။
တချို့လူတွေဟာ အခက်အခဲမရှိတဲ့ဘ၀ကို တောင်းတကြတယ်။
အခက်အခဲမရှိတဲ့ဘ၀မှာ လုပ်စရာမရှိဘူး။
ဉာဏ်လည်းမထုတ်ရတော့ဘူး။
ဝိရိယလည်း မထုတ်ရတော့ဘူး။
သည်းခံရတယ်ဆိုတာလည်း မရှိတော့ဘူး။
သဘောထားကြီးရတယ်ဆိုတာလည်း မရှိတော့ဘူး။
ပြဿနာတွေ အခက်အခဲတွေ ဒုက္ခတွေ ပညာရဖို့နဲ့ အသိဉာဏ်ကြီးဖို့ရာ အတွေ့အကြုံတွေပါ။
အခက်အခဲမရှိတဲ့ဘ၀မှာ သစ်ပင်တောတောင်မရှိတဲ့ လွင်တီးခေါင်ကြီးနဲ့တူတယ်။
အခက်အခဲမရှိတဲ့ဘ၀မှာ စိတ်ဓါတ်နဲ့ အသိဉာဏ် ရင့်ကျက်မှု မြင့်မြတ်မှု ဖြစ်လာဖို့ အခွင့်အရေးမရှိတဲ့ဘ၀ပဲ။
ဘ၀ဆိုတာ စာမေးပွဲအဆင့်ဆင့်ပဲ။ နေ့တိုင်းစာမေးပွဲ အစစ်ခံနေရတာနော်။
စာမေးပွဲတွေကို အစစ်ခံရပြီး အောင်မြင်သွားတဲ့အခါမှာ ပိုပြီးတော့ ဉာဏ်ကြီးတဲ့သူဖြစ်လာတယ်။ ကြီးပွားတဲ့သူဖြစ်လာတယ်။ အသိဉာဏ်ရော စိတ်ဓါတ်ရော ကြီးပွားလာတယ်။
ဒုက္ခနဲ့မကြုံဘဲနဲ့ ကိုယ်ဆင်းရဲမှု မကြုံဘဲနဲ့ ဘ၀ခရီးကိုဖြတ်သန်းသွားလို့ မရပါဘူး။
Credit to: Blogspot
0 comments:
Post a Comment