က – ကိုမူကား။ ။ ကဉ္စနပဗ္ပတာ၊ ငွေတောင်သာက၊ ဟင်္သာဝမ်းဘဲ၊ ပျံကျဝဲသည်၊ မစဲရံကာ၊ ရံကာသော်လည်း၊ ဟန်စိလေ၊ ဟန်စွလေ။ ။
ခ – ကိုမူကား။ ။ မြတ်လှသီးခံ၊ ရသေ့ပျံကို၊ အကြံယူမှား၊
မင်းသားပြည်သျှင်၊ ပြစ်မှားလျှင်ကေ၊ ပြည်တော်ဝင်ကာ၊ ဝင်ကာသော်လည်း၊
ဟန်စိလေ၊ ဟန်စွလေ။ ။
ဂ – ကိုမူကား။ ။ ဂန္ဓမာလာ၊ ပန်းနံ့ သာနှင့်၊ လင်ရှာမရ၊ နဂါးမလျှင်၊ နေ
့ညမပြတ်၊ လှည့်ဖျားတတ်သည်၊ သူမြတ်ရွှင်ကာ၊ ရွှင်ကာသော်လည်း၊ ဟန်စိလေ၊
ဟန်စွလေ။ ။
ဃ – ကိုမူကား။ ။ ဃရာဝါသ၊ ကိစ္စများမြောင်၊ လူတို့ ဘောင်ဝယ်၊
ခွါရှောင်ချီပြိး၊ မင်းကြိးတတပ်၊ သားလွတ်လပ်သည်၊ အထွဋ်တင်ကာ၊
တင်ကာသော်လည်း၊ ဟန်စိလေ၊ ဟန်စွလေ။ ။
င – ကိုမူကား။ ။ ငဆမုဆိုး၊ နယ်မျိုးလည်ဘိ၊ မဏိပတ္တမြား၊ ကုန်ခါစားသည်၊ လှေးမျှားကိုင်ကာ၊ ကိုင်ကာသော်လည်း၊ ဟန်စိလေ၊ ဟန်စွလေ။ ။
စ – ကိုမူကား။ ။ စန္ဒသူရိယ၊ မင်းလှပြည်ရှင်၊ တောင်းပန်ကျင်ကေ၊
သျှင်ပင်ကိုယ်စား၊ သွန်း၍ထားသည်၊ ဖူးများလွယ်ကာ၊ လွယ်ကာသော်လည်း၊ ဟန်စိလေ၊
ဟန်စွလေ။ ။
ဆ – ကိုမူကား။ ။ ဆန္ဒန်ဆင်မင်း၊ လေညှင်းခံရာ၊ မုဆိုးလာ၍၊ ဖြတ်ကာစွယ်ဖျား၊
ပေးကမ်းငြားသည်၊ မင်းအားဆက်ကာ၊ ဆက်ကာသော်လည်း၊ ဟန်စိလေ၊ ဟန်စွလေ။ ။
ဇ – ကိုမူကား။ ။ ဇနက္ကမင်းကြိး၊ သင်္ဘောစိး၍၊ ပျက်စိးရေတွင်၊ မျောရာကပင်၊
ကမ်းမှာတင်သည်၊ ပြည်ရှင်စံကာ၊ စံကာသော်လည်း၊ ဟန်စိလေ၊ ဟန်စွလေ။ ။
ဈ – ကိုမူကား။ ။ ဈာန်အဘိဉာဏ်၊ မိုးဃ်းသို့ ပျံသည်၊ ထိန်လျှံပြောင်ဝင်း၊
တန်ခိုးပြင်းသည်၊ ထွန်းလင်းဓမ္မာ၊ ကျင့်ကြံရှာ၏၊ သုဒ္ဓောမင်းမှာ၊
ဆရာသော်လည်း၊ ဟန်စိလေ၊ ဟန်စွလေ။ ။
ည – ကိုမူကား။ ။ ညေယျဓံတရား၊ ထိုငါးပါးကို၊ ပိုင်းခြားထင်ထင်၊
သိမြင်ကုံလုံ၊ ပြိးပြည့်စုံသည်၊ ဗိုလ်ပုံလူများ၊ သိမြင်ကြားအောင်၊
ဟောကြားဗုဒ္ဓါ၊ ဗုဒ္ဓါသော်လည်း၊ ဟန်စိလေ၊ ဟန်စွလေ။ ။
ဋ – ကိုမူကား။ ။ဋကူမင်းကြိး၊ မိးကျောင်းစိး၍၊ ခရိးလွန်ရှည်၊ သံလျင်ပြည်ကို၊ ဝင်လေညခါ၊ ညခါသော်လည်း၊ ဟန်စိလေ၊ ဟန်စွလေ။ ။
ဌ – ကိုမူကား။ ။ ဌာပနာကို၊ မြင့်လှတန်းဆောင်၊ ကျွှန်းလုံးပြောင်သည်၊
များမြောင်ရှစ်သွယ်၊ မွေတော်ဓါတ်ကို၊ တောင်ထွဋ်တည်ကာ၊ တည်ကာသော်လည်း၊
ဟန်စိလေ၊ ဟန်စွလေ။ ။
ဍ – ကိုမူကား။ ။ ဍဏ္ဍုလမင်း၊ ကြိးအင်းကြောက်လှ၊ ဍုဋ္ဌာဂါမဏိး၊
တိုက်စည်တီးလျက်၊ မင်းကြိးကျီပြည်၊ စစ်ထိုးလေသည်၊ ဝန်းလည်းအောင်ကာ၊
အောင်ကာသော်လည်း၊ ဟန်စိလေ၊ ဟန်စွလေ။ ။
ဎ – ကိုမူကား။ ။ ဎဌရထာ၊ နဂါးသာလျှင်၊ ရီမှာမျိုးမြတ်၊ လှည့်ပတ်တကုတ်၊
သမုဒ္ဒရာ၊ မိဂလျာကို၊ နတ်မှာမင်းမြတ်၊ စီးပြိးလတ်သည်၊ သက်မြတ်ကြင်ရာ၊
ကြင်ရာသော်လည်း၊ ဟန်စိလေ၊ ဟန်စွလေ။ ။
ဏ- ကိုမူကား။ ။ ဏစဉ်ကပင်၊ တိမ်ညွန့် မြလွန်၊ ပရစံပ၊ ကက္ကုလကို၊ ပြန်က စောင့်ကာ၊ စောင့်ကာသော်လည်း၊ ဟန်စိလေ၊ ဟန်စွလေ။ ။
တ – ကိုမူကား။ ။ တာဝတိံသာ၊ ထက်မှာနေနား၊ မိနတ်သားကို၊ တရားသာယာ၊
မြတ်စွာဘုရား၊ လာလတ်ငြားသည်၊ နတ်များသောင်းသောင်း၊ အလောင်းကျွတ်ကာ၊
ကျွတ်ကာသော်လည်း၊ ဟန်စိလေ၊ ဟန်စွလေ။ ။
ထ – ကိုမူကား။ ။ ထံပါးမကွာ၊ မယ်သူဇာနှင့်၊ မကွာတူစုံ၊ ပျော်ကြကုန်သည်၊ အာရုံပေးလမ်း၊ ရွှမ်းရွှမ်းသော်လည်း၊ ဟန်စိလေ၊ ဟန်စွလေ။ ။
ဒ – ကိုမူကား။ ။ ဒဏ္ဍုလမင်း၊ ကြိးအင်းကြောက်လှ၊ ဒုဌဂါမဏီး၊
တိုက်စည်တိးလျက်၊ မင်းကြိးကျိးပြည်၊ ထိုးဝင်လေသည်၊ ခန်းလည်အောင်ကာ၊
အောင်ကာသော်လည်း၊ ဟန်စိလေ၊ ဟန်စွလေ။ ။
ဓ – ကိုမူကား။ ။ ဓက္ကမင်းသား၊ စွမ်းစွမ်းအားနှင့်၊ ပတ္တမြားငုံကာ၊
ပျံကာကျသည်၊ ဆင်းဝါရုပ်ရေ၊ လှနတ်ကျေကို၊ မြင်ကေဝန်းကာ၊ ဝန်းကာသော်လည်း၊
ဟန်စိလေ၊ ဟန်စွလေ။ ။
န- ကိုမူကား။ ။ နဂါးရာဇာ၊ ဘုရားလျာနှင့်၊ နတ်ရွာလူ့ ပြည်၊
ပြောင့်ကြည်ဝင်းလျင်း၊ ညောင်ပင်ရင်း၌၊ သီတင်းသုံးကာ၊ သုံးကာသော်လည်း၊
ဟန်စိလေ၊ ဟန်စွလေ။ ။
ပ – ကိုမူကား။ ။ ပပဝတီ၊ ဒေဝီရတနာ၊ တောင်ညာထဋ်ထား၊ မိဖုရားကို၊ အားရကြိုးကာ၊ ကြိုးကာသော်လည်း၊ ဟန်စိလေ၊ ဟန်စွလေ။ ။
ဖ – ကိုမူကား။ ။ ဖယကုမ္မာ၊ ကြိးစွာပြောင်အား၊ ပင်းခူကျားကို၊ လွှားလွှားခွပ်ကာ၊ ခွပ်ကာသော်လည်း၊ ဟန်စိလေ၊ ဟန်စွလေ။ ။
ဗ – ကိုမူကား။ ။ ဗာလလူမိုက်၊ မိန်းမစစ်ကို၊ ပစ်တတ်တန်းတင်၊
သဖန်းပင်တွင်၊ မြင်လျှင်မင်းကြိး၊ ဆောင်းရွှေထိးနှင့်၊ ဘိသိတ်ခံကာ၊
ခံကာသော်လည်း၊ ဟန်စိလေ၊ ဟန်စွလေ။ ။
ဘ- ကိုမူကား။ ။ ဘဒ္ဒကမ္ဘာ၊ ပေါ်ခါအစ၊ ဗုဒ္ဓညောင်ဖြူ၊ မိတ္တေးဟူသည့်၊ ငါးဆူရှင်ပင်၊ ရှင်ပင်သော်လည်း၊ ဟန်စိလေ၊ ဟန်စွလေ။ ။
မ – ကိုမူကား။ ။ မဟော်သဓာ၊ ဘုန်းပညာနှင့်၊ ပုစ္ဆာနတ်လူ၊ မေးကြဟူသည်၊ လွယ်ကူဖြေကာ၊ ဖြေကာသော်လည်း၊ ဟန်စိလေ၊ ဟန်စွလေ။ ။
ယ- ကိုမူကား။ ။ ယက္ခစွယ်ပြူး၊ ဘီလူးနှင့်မြင်း၊ အန်တုချင်းသည်၊ ရန်ကိုမိကာ၊ မိကာသော်လည်း၊ ဟန်စိလေ၊ ဟန်စွလေ။ ။
ရ- ကိုမူကား။ ။ ရထားယဉ်သာ၊ နေစကြာနှင့်၊ တေဇာနည်းတူ၊ တောက်စေဟူသည်၊ တောက်စေသော်လည်း၊ ဟန်စိလေ၊ ဟန်စွလေ။
လ- ကိုမူကား။ ။ လဘက်မင်းဖျား၊ စွမ်းစွမ်းအားနှင့်၊ ရထားစိးကာ၊ စစ်ထိုးလှာသည်၊ ဗိုလ်ပါငါးရာ၊ ငါးရာသော်လည်း၊ ဟန်စိလေ၊ ဟန်စွလေ။ ။
ဝ – ကိုမူကား။ ။ ဝေဘူလတောင်၊ မြင့်ခေါင်ရွှေဆောင်း၊ ဘီလူးပေါင်းနှင့်၊
ဘေးလောင်းထွဋ်ဖျား၊ မင်းသားလုလင်၊ ကျဆုံးကျင်သည်၊ ရန်ခွင်ဖြေကာ၊
ဖြေကာသော်လည်း၊ ဟန်စိလေ၊ ဟန်စွလေ။ ။
သ – ကိုမူကား။ ။ သံတုကုမ္မာ၊ စောမင်းလျာသည်၊ ဆရာမြတ်ထံ၊ ကျိုးနွံခစား၊
နောင်တော်အားကို၊ တရားဆယ်ယူ၊ ထီးဖြူနှင်းကေ၊ နှင်းကေသော်လည်း၊ ဟန်စိလေ၊
ဟန်စွလေ။ ။
ဟ- ကိုမူကား။ ။ ဟင်္သာငှက်ငယ်၊ စစ်ဖြစ်မေကို၊ ခြေပူလောင်ဆာ၊ မကြံသာသည်၊ ရေမှာမျှောကာ၊ မျှောကာသော်လည်း၊ ဟန်စိလေ၊ ဟန်စွလေ။ ။
ဠ – ကိုမူကား။ ။ ဠလမင်းသား၊ ရထားမစိး၊ မင်းကြိးသူမြတ်၊ ဗြဟ္မဒတ်ကို၊
အမတ်ညီညာ၊ ပြင်နှင်းလာသည်၊ အရယူကာ၊ ယူကာသော်လည်း၊ ဟန်စိလေ၊ ဟန်စွလေ။ ။
အ- ကိုမူကား။ ။ အမ္ဘချိုမွှိး၊ သရက်သိးကို၊ ကျီးသားတွင်ပြီ၊ သီးဆောင်ချီသည်၊ ဒေဝီစားကာ၊ စားကာသော်လည်း၊ ဟန်စိလေ၊ ဟန်စွလေ။ ။
မှတ်ချက်။ ။ အထက်ပါ ဗျဉ်း(၃၃)လုံး လှေလှော်သံကို စာလုံးပေါင်း
ချွှတ်ယွင်းချက်များနှင့် ကာရန်ချွတ်ယွင်းချက်များကို ပြင်ဆင်မှုမပြုဘဲ
ရရှိခဲ့သည့် မူရင်းအတိုင်း ဖော်ပြထားခြင်းဖြစ်သည်။
အဆင့်ဆင့်ကူးယူထားရှိသဖြင့် ဤကဲ့သို့ ချွှတ်ယွင်းချက်များ
ပါရှိခြင်းဖြစ်သည်။
Friday, 10 October 2014
Home »
ရခိုင်စာပီ
» ဗျဉ်း(၃၃)လုံး ရခိုင်လှေတော်သံ
ဗျဉ်း(၃၃)လုံး ရခိုင်လှေတော်သံ
ဓညစံ
(အထက်ပါ ဗျဉ်း(၃၃)လုံး လှေလှော်သံကို ‘ရခိုင်ယဉ်ကျေးမှု၊ ဝေသာလီခေတ် အမှတ်(၁)၊ ၁၉၆၆-ခုနှစ်ထုတ်’ စာအုပ်တွင်ထည့်သွင်းဖော်ပြဖူးပါသည်)
0 comments:
Post a Comment