Thursday, 9 October 2014

{ ဧဝံ မေ သုတံ } ရခိုင် ဘုရင် မင်းဗာကြီး လက်ထက်က အနောက်ကုလား ပြည် ဘင်္ဂါ ဆယ့် နှစ်မြို့ကို စစ်တိုက်ထွက်တုန်းက ဘုရင်ကြီးနန့် အတူတူ ဝင်ပနာစစ်တိုက်ပီးခရေ အာဇာနီ ဘုန်းကြီးတိ အကြောင်း တဖေ့ချေ သိစီချက် ။


{ ဧဝံ မေ သုတံ }
ရခိုင် ဘုရင် မင်းဗာကြီး လက်ထက်က အနောက်ကုလား ပြည် ဘင်္ဂါ ဆယ့် နှစ်မြို့ကို စစ်တိုက်ထွက်တုန်းက ဘုရင်ကြီးနန့် အတူတူ ဝင်ပနာစစ်တိုက်ပီးခရေ အာဇာနီ ဘုန်းကြီးတိ အကြောင်း တဖေ့ချေ သိစီချက် ။
==================================================

အေ နိ့အချိန်အခါမှာ မပြောလို့မဖြစ်ယာ အကြောင်းတရားတိ အားလုံးတိုက်ဆိုင်လှာကတ်ယာ ။ ရခိုင်သား ဖြစ်တေ ဘုန်းကြီး တိလဲ အရေးကြီးချက်အနီနန့် သိထားသင့်လို့ ပြောထားလိုက်ရခြင်းဖြစ်ပါရေ
အေ နီရာမာ ခုနစ် သက္ကရာဇ်ကို တွက်ပြပြီကေ ကျမ်း ကိုးကျမ်းကားနန့် ရီးနီဖို့ အချိန် မဟုတ်ပါ ။ဇာဖြစ်လို့လဲ ဆိုကေ အေ အဂုတင်ရေ ပိုစ့်လဲ ကျမ်းပြုစုနီစွာမဟုတ်ရေ အတွက်ကြောင်း ...။

ကုလားရန်ကို ယှင်းလင်းနိုင်ဖို့ ဘုရင် မင်းဗာကြီး အနောက် ဘင်္ဂါ ဆယ့်နှစ်မြို့ကို စစ်တိုက်တုန်းက စစ် သည် တိ အဖြစ်နန့် ဘုန်းကြီးတိလဲ ပါဝင် ခကတ်ပါရေ ။ စစ်တိုက်တုန်းက ဘုန်းကြီးပါနီရေ ဆိုစွာကို ဘုရင်ကြီး သတိမထားမိခ ၊ စစ်ပြီးလို့ အောင်ပွဲခံပနာ ရခိုင်ပြည်ကို ပြန်လှာ လို့ လက်ကျန် စစ်သည် တိကို စိစစ်ခါ ဘုန်းကြီးထက်ဝက် လူထက် ဝက် ကျန်နီခါ သတိပြုမိလိုက်တေ ။ ယင်းခါ ဘုရင်ကြီးက ဘုန်းကြီးတိကို ခေါ်ပနာ မီးလျှောက်တေ .... အသျှင်ဘုရားရို့စွာ သင်္ကန်းဝတ်ကြီးနန့် ဇာဖြစ်လို့ လူများအသက်ကို သက်ရစွာပါလဲ ။ အရင်ဘုရားရို့စွာ ကိုယ့် ကိုယ် ကျင် သိက္ခာကို မစောင့်ထိန်းဘိနန့် စစ်တိုက်ရာဒို့ဇာဖြစ်လို့ လိုက်လို့ တိုက်ပီးရစွာပါလဲ လို့ ဘုရင်မင်းဗာကြီး မီးခါ ။။

စစ်တိုက်ရာဒို့ ပါခီရေ ဘုန်းကြီးတိက ဇာပိုင်ဖြီလဲဆိုကေ .....

မင်းကြီး ကိုယ့်ကျင့်တရားဆိုစွာ အသက်ဟိနီသရွိစောင့်ထိန်းလို့ရရေ အမျိုးရာဖြစ်တေ ။ သူများအသက်ကို သတ်တေ ဆိုစွာထက် ကိုယ့်လူမျိုး အသက်ကို ကာကွယ်ထားစွာလောက်ရာဖြစ်တေ ။ ဇာဖြစ်လို့အေ စကားကို ပြောရလဲ ဆိုကေ အမှန်လို့ရာ မင်းကြီးစစ်ယှုံးကေ ၊ အေ မာ ကျန်ဟိလိုက်တေ ရခိုင်ပြည်သူပြည်သားတိလဲ အသက်မရှင်နိုင်ပါယာ ။ အထူးသဖြင့် ဘုရားသားတော် တိဖြစ်ကတ်တေ ဘုန်းကြီးတိစွာ အယင်ဆုံးအသက်ခံရပါလိမ့်မေ ၊ ကျမ်းစာပီစာ ပိဋကတ် တိုက်တိအားလုံးကို မီးတိုက်ခံရပါလိမ့်မေ ၊ ဇာဖြစ်လို့လဲ ဆိုကေ စစ်ယှုံးသူရို့ ရလဒ်က သီပီးရခြင်း ဖြစ်နီလို့ပါ မင်းကြီး ။
ယင်းစကားကြားခါ ဘုရင်ကြီး ဝမ်းသာအားရလို့ သာဓုခေါ်ရေ ယပြီးကေ စစ်တိုက်ရာဒို့ ပါခီရေ ဘုန်းကြီးတိကို အားလုံးကို လူဝတ်လဲပီးပနာ ဆုတော် အဖြစ် ငွီသားဒန်းကား တစ်ပါးကို ၁၀၀၀ (တစ်ထောင် ) ကြိုက်တေ မိန်းမ တစ်ယောက်နန့် အိမ်တစ်ဆောင် ပီးပနာ နန်းတော် မာ အမှုထမ်းစီပါရေ ။

စစ်တိုက်ရာဒို့ မလိုက်ခီရေ ဘုန်းကြီးတိကို လဲ ပင့်ပနာ ဘုရင်ကြီးမင်းဗာက မီးလျှောက်ထားပါရေ အသျှင်ဘုရားရို့စွာ စစ်တိုက်ရာဒို့ ဇာဖြစ်လို့ မလိုက် လာရစွာပါလဲ ကိုယ့်လူမျိုးနန့် ကိုယ့်ရခိုင်ပြည်ကြီးကို မချစ်လို့လား လို့ ........... မီးလျှောက်ထားရေအခါ ။

ယင်းခါ စစ်တိုက်ရာဒို့ မပါခီရေ ဘုန်းကြီးတိက .....

မင်းကြီး ....စစ်ပွဲဆိုစွာ အခန့်မသင့်ကေ စစ်သားတိ သီကတ်ရဖို့ လက်ပြတ် ခြီပြတ် အမျိုးမျိုးဟိကတ်ရဖို့ ။ယင်းနန့်ဖြစ်လို့ သူရို့စွာ စစ်တိုက်ပြီးလို့ ကိုယ့်ရခိုင်ပြည်ကို ပြန်လာကတ်ခါ ယင်းပိုင် အိမ်သျှင်သီလခရေ မမ တိနန့် လက်ပြတ်ခြီပြတ် အစဟိရေ လူတိကို တရားဓမ္မနန့် အညီ ဆိုဆုံးမ သြဝါဒ ပီးဖို့ ဘုရားသားတော် ဘုန်းကြီးတိလိုအပ်တေ မင်းကြီး ။ အားလုံးဘုန်းကြီးတိ ဂျည့်ယာစစ်တိုက်ကတ်ဖို့ဆိုကေ ဒေ ပြည်သူပြည်သားတိကို ဇာသူလာလို့ တရားဓမ္မနန့် အညီ ဆုံးမ သြဝါဒ ပီးနိုင်ပါဖို့သိလဲ ။ ယင်းပိုင် ဝေဖန်စဉ်းစားပြီးကေ စစ်တိုက်ရာဒို့ မလိုက်ခီရစွာပါ မင်းကြီး လို့ပြန်ပြောလိုက်တေ ။

ယင်းခါ ဘုရင်မင်းဗာကြီး စိတ်ကြေနပ်လို့ ဝမ်းသာအားရနန့် ကျောင်းတစ်ဆောင်ကျစီဆောက်လို့ လှူဒါန်းခရေ လို့ ကြားဖူးပါရေ ။


နန္ဒသူရိန် (သကျမျိုး)


0 comments:

Post a Comment