Thursday, 9 October 2014

စည်း

ခါတိုင်းဆို အဂုပိုင် စားပွဲမျိုးကို မြောက်မြို့ရိုးက ဖဲသာလေးရွေးကို လားယူနီရေ ရီသည်ယောက်ျား ပိုင် ပျောက်ပျောက် ခုန်ပနာ လားလို့ဟိဖို့။ အမှန်က ဒေစားပွဲကို ကိုယ်တိုင်လေ့ စိတ်တစ်ပေါက် စီစဉ်ခစွာရာ။ အဂုမှစိတ်က ပေါင်တစ်ရာလောက် ဖိထားရစွာပိုင် လီးနီရေ။

"မင်းမလာကေလေ့ ဖြစ်တေဝေ။ မလာချင်ကေ မလာကေ့ဖိ"လို့ တစ်ယောက်ယောက်က ဟန့်ဖို့ဆိုကေကာ။ တရွိ့ရွိ့လှမ်းနီရေ ကျွန်တော့်ခြီထောက်ကို ကျွန်တော်မပိုင်။ တင်ကြိုလို့ ပြောခစွာအတိုင်း ကြက်သား လေးထောင်ဖို့ကို အိတ်တစ်လုံးမှာ ထည့်ပြီးကေ ကျွန်တော့်ဆိုင်ကယ်က သူရို့ရွာဘက်ကို တရွိရွိ။

"ထော ကျေးဇူးရှင်...၊ ငါရို့က မလာ။ဗျာယ်ထင်လို့"

"မလာကေ ဆန်နှစ်သစ်အိုးကို ထမ်းလို့ မင်းခေါင်းမှာ စွပ်ပစ်လာဖို့မှတ်စွာ... လွတ်လီ"

"ဇာမှာ ပါမစ်တင်နီခီရလေဟေ့၊ လေးနာရီတိတိမှာ လာဖို့ ပြောခပြီးကေ"

သူရို့ပြောမှ နာရီကို တစ်ချက်ကြည့်မိရေ။ (၅)နာရီတီးဖို့ (၁၀)မိနစ်။ မလာဥကို ပပါးချေ သင်နီရေ မလုံးချောနန့် မြင့်မြင့်ဌေးက စရေ။ ငရုတ်သီးခွက်နန့် ကျင်ကိုင်နီရေ ငုဝါက ကြဲစီကြဲစေး တစ်ခေါက်လှည့်ကြည့်ပြီးကေ ၀င်မပြော။ ညနီအရောင်ပျော့ပျော့အောက်မှာ အားလုံးလှနီကတ်တေ။ အယင်ပပိုင် ဗြန်းစီဗြန်းစောင်းနန့် လှရေ အပျိုပေါက် အလှမျိုးတိမဟုတ်။ အိနြေ္ဒအပြည့်နန့် ရင့်ကျက်မှု အလှ။ ဒေလမ်းမတော်ရွာလေ့ အယင်ကျွန်တော်နီခခါနန့်မတူ။ ကစ္ဆပနဒီတန်းတား ဖွင့်ပြီး နောက်ပိုင်း အရောင်တိ ပြာလွင်လွင်နန့် လွမ်းမောဖွယ် ပန်းချီကားတစ်ချပ်ပိုင် သင်္ခါရတရားကို လက်တွိကျ ကျ ဟောပြနီရေ။ အချိန်တိအများကြီး ပြောင်းလဲလားဗျာယ်။ ဆယ်နှစ်တောင်ဟိဗျာယ်ကို။ ကာလယန္တရား ထဲမှာ ပုံပျက်မလား။ သူငယ်ချင်းဆိုရေ ဂေါင်းစဉ်အောက်မှာ ဖြူစင်ရေမေတ္တာတရားက အရောင်မပျက်။ အရွက်မကြွီ၊ အပွင့်မညှိုး။ တွိလီတိုင်းမှာ ပိပိကျောင်းသားဘ၀ခါပိုင် ငယ်မူငယ်ဟန်၊ ငယ်သံတိနန့် နပ်တုန်း၊ သွမ်းတုန်း။ ပြောင်းလဲလားစွာဆိုလို့...။ အဲ... ဟုတ်ပါရေလေ။ ပြောင်းလဲလာစွာတိက... ကျွန်တော်... ပြီးကေ... သူ။

"အေးမြညို... နှုတ်ချေယက်ချေဆက်လိုက်ထော။ အရာငိုနီမေ။"

အချေတစ်ယောက်အမိ ဖြစ်နီကေလေ့ မြင့်မြင့်ဌေးကတော့ နပ်ယောင်ကားစိတ် တစ်ပွာလေ့မယော့။ ညိုမေ မပြောပါ။ ကြက်သွန်ဖြူဥချေတိကို အဖိုးတန် ပုလဲလုံးတိပိုင် အိနြေ္ဒရ ရနန့် တယုတယကိုင်ပနာ ဖျင်နီရေ။ ဆယ်စုနှစ်တစ်ခုနန့် ကျောင်းဆရာမဆိုရေ ဂုဏ်ပုဒ်တစ်ခုက သူ့ကိုတည်ငြိမ်မှုသင်တန်းတိ ဇာလောက်ထိ ပီးလိုက်လေမသိ။ သူမ ပျော်နီရေလို့ အဓမ္မ စွပ်စွဲရအောင် သူ့နှုတ်ခမ်းတစ်စုံမှာ အပြုံးရိပ်ချေတိ ရှာကြည့်ရေ။ မတွိ။ ရှင်းသန့်ပြေပြစ်တေ သူမ အလှမှာ တည်ငြိမ်မှုနန့် ထပ်ပေါင်းထားရေခါ။ အေးလေ ဒေ အချိန် သူ့အလှကို အပြည့်အ၀ ခံစားငေးမောဖို့ ကျွန်တော့်မှာ လိုင်စင်က ဟိကမဟိဗျာယ်။

"ကြက်သားရောက်မှ ဆီဝယ်ဖို့ ကလိမေတိ ၀ယ်ခီကတ်ဖိ။ ငါ ၀င်းဝင်းမိုးကို လားခေါ်မေ။ တနားကေ တိုနီလာလိမ့်မေ။ စောင့်နီ။"

"အေးမြညိုလေ့ ထမင်းအိုးကို တချက် အရေးစိုက်။ အရာ ရန်ဖြစ် မနီလီကေ့"

ငုဝါ၊ မြင့်မြင့်ဌေးနန့် မလုံးချောရို့က အပြင်ကို ထွက်လားရေ။ အယင်ခါ ဒေရွာမှာ အထက်တန်းမှာ အတူတက်ခရေ သူငယ်ချင်း တစ်ဆယ်လောက်ဟိရေ။ ကျွန်တော်က ဒေရွာနန့် သုံးမိုင်ခန့်လောက်ဝီးရေ ဗျာလာရွာက။ ဒေမှာ စားစရိတ်ပီးပြီးကေ ကျောင်းလာတက်သူ။ ဒေသူငယ်ချင်းတိနန့် တတူလား၊ တူတူကျောင်းတက်ပြီးကေ ဆရာ ဦးညွန့်ဖေ (အဂု အ.လ.က ကျောင်းအုပ်ဆရာကြီး) အိမ်မှာ တူတူကန့်ဝင်ပြီးကေ တစ်ဆောင်တည်းမှာ အိပ်ခကတ်တေ သူငယ်ချင်းတိဖြစ်လို့ ကောင်းကောင်း သံယောဇဉ်ဟိရေ။ ယင်းအထဲမှာ အေးမြညိုနန့် ကျွန်တော်နန့် နှစ်ယောက်က...။

ဒေနိ လလေ့ မပ။ ကျောင်းသား ဘ၀ခါပိုင် ဂီတာ တဂြန်းဂြန်းနန့် ရရောင်းသတ်တေ dinner မျိုးလေ့မဟုတ်။ မနောဝိညာဏ နားသောတထဲမှာ ငယ်ကျွမ်းဆွေ တေးခြင်းရာ အလိုလို စီးဝင်လာစွာ ကာလဒေသက ဆွပီးလို့လား မပြောတတ်ပါ။ တနားက သသောရရူးနန့် ပတ်ဝန်းကျင်ကတော့ စက္ကန့်ပိုင်းအတွင်းမှာ ကျိန်း လို့။

"အားလုံးနီကောင်းကတ်တေမဟုတ်လား ခိုင်မင်း။"

သူမ နှုတ်ဆက်တေ။

"အင်း... နီကောင်းရေ"

ကျွန်တော့်ခန္ဓာကိုယ် အစိတ်အပိုင်းတိအားလုံး အဂုမှ နီသားတကျဖြစ်လားပိုင် ခံစားမိရေ။

"အညို... ဒေနှစ် ရာထူးတိုးလျှောက်လိုက်လာ"

မင်း ပညာရေးမှူးလားလို့ မမီးစွာ ကျေးဇူးတင်ရဖို့။ စကားစလို့ ပြောစရာကားမဟိ။

"မလျှောက်လိုက်"

စကားမဆက်ဖြစ်။ ဘာသာစကားမွဲနီရေ လူနှစ်ယောက်ကြားမှာ တိတ်ဆိတ်မှုက အင်တန်ချေ နီရာယူ လားရေ။ ရုပ်ရှင်ပြကွက်တစ်ခုဆိုကေ ပရိသတ်တိအားလုံး ထပြန်လားဖို့ အခြေအနေ။ ဇာတ်လမ်းအီလို့။ နီကလေ့ တောင်ကျော်ယင့်မေ။ တစ်ခါလေ့ ပြဿနာ မဟိဖူးရေ လူနှစ်ယောက်၊ ခံစားမှုကို ဂဟေ ဆက်ခဖူးရေ လူနှစ်ယောက်က ဗြုန်းခနဲကြည့်ကေ တစိမ်းတိ၊ ရန်သူတိပိုင်။ ဆယ်နှစ်တာကာလက ရင်ဘတ်နှစ်ခုကို ဇာပိုင် ကာလာတိနန့် အရောင်ချယ်ပီးလိုက်လေမသိ။ ရင်ခုန်သံကို အဂေါင့်ဂေါင့် နရီ စည်းဝါးညှိခရေ လူနှစ်ယောက်က ညစာဖက်တစ်ခုမှာ ရှိဆိုင်ထိုင်ပနာ အဂုပိုင်အီးစက်နီကတ်ပါရေလို့ ဆိုကေ...။

"ဆယ်တန်းအောင်အောင် ကြိုးစားကတ်မေ။ နှစ်ယောက်လုံး ဆယ်တန်းအောင်ရေနိမှာ မင်းကြားချင်ရေ အဖြေကို မင်းမျက်နှာကိုကြည့်လို့ ပီးဖို့၊ စိတ်ချ။"

ကြာဗျာ။ သူပြောခစွာစကား။ မိမိဒြပ်မဲ့ ပြတိုက်ထဲမှာ ရှိဟောင်းပစ္စည်းအဖြစ် မြတ်မြတ်နိုးနိုး ထိန်းသိမ်း ထားရေစကား။ ဒေအကြောင်းကို အဂုချိန်ပြန်ပြောခီကေ ဇာတ်မနာ၊ နာအောင် အဓမ္မဖန်တီးရေ ခပ်ညံ့ ညံ့စာရီးဆရာတစ်ယောက်ပိုင် လူရယ်စရာဖြစ်ရုံကလွဲလို့။

"တိုနီ လာဖို့စွာက ဟုတ်လာ... အညို"

"အညို လားခေါ်ခီစွာ လာဖို့ပြောယင့်"

အရပ်တိုပြီးကေ ဆံပင်နီလို့ မောင်ခိုင်ထွန်းလို့ မခေါ်ဘဲ တိုနီလို့ခေါ်စွာ။ သူငယ်ချင်းတိထဲမှာ စကား အနည်းဆုံးနန့် အတည်ကြည်ဆုံး သူငယ်ချင်း။ ယင်းလောက်စွာမှာ သူလေ့ ကျောင်းဆရာဖြစ်လားရေ ဆိုကေ ဂုဆို ကျောင်းထိုင်ဘုန်းကြီးပုံစံဟိလီဖို့လား မပြောတတ်။ အရာအားလုံးက ပြောင်းလဲသင့် သလောက် ပြောင်းလဲလားဗျာ။ ကျွန်တော်ရို့ ရင်ခုန်သံတိ၊ အိပ်မက်တိလေ့ လမ်းတစ်ဝက်မှာ ကျိုးပြတ် ကျကျန်ခစွာတိလေ့ ကျန်။ ပျောက်စွာတိလေ့ ပျောက်။ အားလုံးသောအရာတိက အနိစ္စကို သရုပ်ဖော်ပီးနီရေ ဇာတ်ကောင်တိ မဟုတ်လား။ ယေလေ့ ဒေနိထိ မဖိတ်မယို မပွန်းမပဲ့ သိရေအရာတိ ကျွန်တော့်ရင်ထဲမှာ ဟိသိစွာပိုင် သူ့ရင်ဘတ်ထဲမှာ ဟိရေဆိုစွာ စပ်ရဲပါရေ။

"ငါ ပညာရေးကောလိပ်ပါရေ ခိုင်မင်း... ငါကျောင်းဆင်းလို့ အလုပ်စ၀င်စွာနန့် ဘ၀အတွက် စဉ်းစား ကတ်မေ"

အောင်စာရင်းထွက်လို့ ငါးလအကြာမှာ သူနန့် ထပ်တွိတုန်းပြောခစွာစကား။ ချစ်တေလို့ အဖြေမပီးသိ။ ဘ၀ဆိုရေ စကားတိနန့် သူမ ၀ါကျထဲမှာ အိပ်မက်ရှည်တိ ဇာလောက်ထိ ထည့်ထားလဲဆိုစွာ မခန့်မှန်း တတ်။ အရာရာကို ချင့်ချိန် စဉ်းစားတတ်သူပီပီ ကျွန်တော့်အိပ်မက်တိကိုလေ့ ဆွဲဆန့်ပီးလိုက်သိယင့်။

ကျွန်တော် သူ့ကို ကောင်းကောင်းချစ်ပါရေ။ အညိုအတွက် တစ်ခါရင်ခုန်တိုင်း အချစ်ဝတ္ထု၊ အချစ်ပုံဆောင်ခဲ တစ်ခုစီ ဖြစ်ဖို့ဆိုကေ ဒေလောကမှာ လူနီဖို့နီရာတောင် ဟိဖို့မဟုတ်။ ကျွန်တော့်အချစ်တိနန့် ပြည့်ကျပ်နီ ဖို့လား မသိ။ သူလေ့ ချစ်တေဆိုစွာ ယုံမှားစရာ မဟိ။ သာယာလှပရေ မေတ္တာသိုက်မြုံတစ်ခု စိတ်တိုင်းကျ တည်ဆောက်ဖို့ စိတ်ကူးပရိုဂျက်တိ ဆွဲခစွာ အပီအပြင်။ အမှန်က သူနန့် ကျွန်တော်ကြားမှာ မမြင်ရရေ မဟာတံတိုင်းကြီး တစ်ခုဟိရေ။ ဟုတ်ပါရေ။ ရက္ခ၀ံသရို့အတွက် နှစ်ပေါင်းများစွာကပင် ချခရေစည်း။ ကျွန်တော်ရို့ ရင်ခုန်သံကို ကာရံပျက်စီရေ စည်း။ မျှော်လင့်ချက်နန့် တက်ကြွနီရေ နှလုံးသားကို ထုံအလားအောင် ပြုစားနီရေစည်း။ ယင်းစည်းကိုဖြတ်ဖို့ မျက်ရည်ပေါင်း ဇာလောက် ရင်းရဖို့လဲ။ ကျွန်တော်ရို့ မခန်းမှန်းတတ်။ ယင်းစည်းကို ဖြတ်မိစွာနန့်ပင် ကျဆင်းလားဖို့လို့ ပြောကတ်တေ ရက္ခ၀ံသ သိက္ခာ။ ဖြတ် မိသူအတွက် ပြစ်ဒဏ်ကြီးမားရေ ရက္ခ၀ံသ ဥပဒေသ။ သူငယ်ချင်းတိထဲမှာ တားဖြစ်သူလည်းမဟိ။ အားပီး သူလည်း မပါ၊ အားလုံး ဖာသိဖာသာ။ ကျွန်တော့်ကို သံယောဇဉ်ကြီးရေ ယောက်ဖချေ ဦးထွန်း လင်းတောင် ဒေကိစ္စနန့်ပတ်သက်လို့  စဉ်းစဉ်းစားစားလုပ်ပါဆိုရေ စကားကလွဲလို့ မပြော။ အို...ရှုပ်တေ။ ကျွန်တော်ရို့ကတော့ ရောင်စုံအိပ်မက်တိကို အားပြင်းရေ ရင်ခုန်သံတိနန့် Charging လုပ်ပြီးရင်းလုပ်ရင်း။ ယကေလေ့။

ဘ၀ဆိုစွာ ကျောင်းမှာသင်ရေ ပုစ္ဆာတိပိုင် အလိုက်သင့် အစားထိုးပနာ အဖြေထုတ်ဖို့ ဖော်မြူလာတိ နိယာမတိ မဟိ။ ဘ၀ပုစ္ဆာတိထဲမှာ မသိကိန်းတိ အများကြီး။ သူမ အလုပ်ဝင်ရေနှစ်မှာ ကျွန်တော်က တွဲဖက် ဆရာဘ၀နန့် ချောင်းဖျားရွာ တစ်ရွာမှာ။ ကာလအတိုအရှည် နီရာအနီးအဝေးတိက ရင်ထဲက ခံစားမှုကို အရောင်မပြောင်းပီးနိုင်။ ယေလေ့ ကျွန်တော်ရို့ ကံကြမ္မာကိုတော့ ဇာတ်ညွှန်းခွဲပီးလိုက်တေ။ ပရိသတ် တိ မျှော်လင့်မထားရေ ဇာတ်ကောင်တိကို ကျွန်တော်ရို့ဇာတ်လမ်းထဲ ဆွဲသွင်းပီးလိုက်တေ။

"အေးမြညို... နင့်နားက ဘော်ဒါဆောင်ဆရာကြီးကို ငါးထည့်ပီးလိုက်ထော။ အရာ အခြင်းပြောနီမေ"

စားယင်းပြော၊ ပြောယင်းစားနီရေ အပျိုကြီး မလုံးချောလည်း ပိပိ ကျောင်းသူမချေပိုင်သိ။ အညိုထည့်ပီးရေ အသည်းအမြစ် တစ်အုံကို ကျွန်တော် မစားရက်။ အညိုကတော့ ပြောယင်းနန့် စကေ အသားကျ လာပုံပေါက်တေ။ အပြုအမူတိက ပေါ့ပေါ့ပါးပါးနန့် အရယ်အပြုံးတိပင် ရက်ရက်ရောရော။ တစ်ခါတစ်ခါ လပရောင်အောက်မှာ သူမနန့် မျက်နှာချင်းဆိုင်မိလီလာ မပြောတတ်။ အရောင်လက်တေ မျက်လုံးတစ်စုံနန့် မကြာ မကြာအက်တေ။ ဒေနိလေ့ မမြဲခြင်းတရားနန့် အသာားကျနီရေ လျှပ်စစ်မီးက ထုံးစံအတိုင်းပြတ်တေ။ ရိုးရာမီးခွက်ချေ တလက်လက်နန့် ခင်မင်သတိရခြင်းတိပါ ရောချက်ထားရေ ဖျာချင်းထက်က ထမင်းဝိုင်းက ခါတိုင်းဆို ပဖြဲနဖြဲ ဇာလောက်စားပစ်ဖို့လဲ။ ယေကလေ့ အမှန်အတိုင်း ၀န်ခံရကေ ကျွန်တော် အရသာ မတွိတစ်ချက် တွိတစ်ချက်။ ရင်ဘတ်ထဲမှာလေ့ တစ်ခုခု ခံနီရေ။

"သူငယ်ချင်းတိ အိမ်ထောင်ကျခါ မစားလိုက်ရစွာတိကို အဂုရာ အငြိုးနန့် စားပစ်လိုက်ဖို့ဗျာယ်"

ထမင်းလုတ်သံ အလုံးပြတ်နန့် မောင်ခိုင်ထွန်းက စရေ။

"ဟုတ်တေဟေ့။ တစ်ယောက် မယားရရေ တတိတ်ချေ။ တစ်ယောက် လင်ယူရေ တိန်းလို့။ အရာ တစ်ယောက်အိမ်ထောင်ချရေ အရုပ်မမြင် အသံမကြား။ ဒေတစ်ခါ အေးမြညိုရို့ မင်္ဂလာဆောင်ဖြစ်ကေတော့ ခါ ယင်းပိုင် မဖြစ်စီကေ့"

ဒေတစ်ခါ မြင့်မြင့်ဌေးက သူ့အပြစ်နန့်သူ ၀င်မပြော။ အပျိုကြီး ငုဝါစကားကို ငြိမ်ပနာ နားထောင်နီရုံကလွဲလို့ မတတ်နိုင်။

"အေး... ကျွေးမေ။ ငါ့မင်္ဂလာဆောင်မှာ ကျွေးဖို့ မြစ်က တံငါသည်တိကို မှာထားရေ။ ဂျီမသေကျ ပြော လို့။ တောမုဆိုးလေ့ တောင်က ငမန်းတိယက်တိ ဖမ်းရကေ ငါဝယ်မေဆိုပြီး မှာထားရေ"

အသံချိုချို မှင်သီသီနန့် တစ်ယောက်က ပြန်ပက်တေ။

"ဟား... ဟား..."

အလှပ ညဥ့်ကို သရုပ်ပျက်စီရေ ရက်ပါ။ သရပေါင်းထလို့။

"ကိုးနာရီတောင် ထိုးဗျာထော။ အရာပိုင်သျှင်နန့်လူတိမှာ နောက်ကျကေ မိုးကြိုးပစ်ခံနီရမေ"

"ယင်းချင့်တိကို ခေါက်ထည့်ထား။ ဖွင့်မဖတ်နီကေ့။ ပိုင်သျှင်တိ မိုးကြိုးလောက်ကို မျက်စောင်းနန့် ကာပစ် လို့ရရေ။ ဟား... ဟား..."

လက်ဖက်သုတ်ကို ပစအပြည့် ထည့်ပနာ လက်ထဲက အဖန်ရည်ခွက် မှောက်ကျလုနီးပါး ရယ်နီရေ ၀င်းဝင်းမိုး ပုံစံက သူငယ်ချင်းတိအတွက် အသက်ရှည်ဆီးတစ်ခွက်။

ဆောင်းလီညှင်းက ပပါးချေ တိုက်ခတ်နီကေလေ့ လွတ်လပ်မှု၊ ကြည်နူးမှုတိနန့် ပေါ့ပါးလန်းဆန်းနီရေ ကျွန်တော်ရို့ကို အနှောင့်အယှက်မပီးနိုင်။ လမ်းမတော်ရွာကတော့ စိတ်ရောကိုယ်ပါ လျှော့ချထားရေ လူ တစ်ယောက်ပိုင် ငြိမ်ကျနီဗျာ။ တိတ်ဆိတ်မှုက ပတ်ဝန်းကျင်ကို ၀ိုင်းရံသိမ်းပိုက်ထားတောင်မက ကျွန်တော်ရို့ဝိုင်းထဲကိုလေ့ တစ်ချက် တစ်ချက် ၀င်လို့နီရာယူနီဗျာ။ အေနိ ကျွန်တော်ပျော်နီလာ၊ မပျော် လာဆိုစွာ သေချာ မဝေခွဲတတ်။ ကျွန်တော်ပြန်ခါ     ရွာတစ်ဆုံး သူရို့လိုက်ပို့ရေ။ နောက်ထပ် အေပိုင်တွိဆုံမှု တစ်ခုကို ဖန်တီးဖို့မလွယ်။ လွယ်ဖို့ဆိုကေတောင် ကျွန်တော့်စိတ်ထဲမှာက...။

ကျွန်တော့်ဆိုင်ကယ်ကို စက္ကန့်ပိုင်းအတွင်းမှာ သူရို့နန့် အ၀ီးဆုံးနီရာကိုပို့ဖို့ အားပြင်းနီရေ။ လမ်းကွေ့ တစ်ခုကနီလို့ တစ်ခေါက် လှည့်ကြည့်ပစ်လိုက်သိရေ။ ဆွေးမြေ့နိန်ရေ မျက်လုံးတိနန့် ကျွန်တော့်ကို လက်ပြနှုတ်ဆက်နိန်ရေ ရိုမန်တစ်ဆန်ရေ မြင်ကွင်းမျိုးမတွိပါ။ သူရို့အားလုံး မြင့်မြင့်ဌေး၏ ကျယ်လောင်ရေ ဟားတိုက်သံတစ်ခုနန့်အတူ ရွာထဲကို တရွိရွိ။

ကစ္ဆပနဒီတန်းထားမှာ မီးထိန်ထိန် လင်းနီဗျာ။ ဆောင်းလီအီးထဲကို ဆိုင်ကယ်နန့် တိုးဝင်လာလို့လား မပြောတတ်။ ကျွန်တော့်ရင်တိ တုန်နီရေ။

"အညို... နင့်ကို ရင်ကွဲမတတ်ချစ်ပါရေ။ ငါ့ကို ခွင့်လွှတ်ပါ အညို"

တစ်ချိန်ချိန်က တစ်နီရာရာမှာ တစ်ယောက်တည်း ပေါက်ကွဲခရေစကား။ နောက်ထပ် ပေါက်ကွဲပစ်လိုက်ဖို့ ဆိုကေလေ့ ရင်က ပေါ့ပါးလားဖို့ မဟုတ်ပါ။ ဆိုင်ကယ်လီဘာကို လျှော့လိုက်တေ။ သူ့ကိုပီးဖို့ ရီးထားရေ ကဗျာတစ်ပုဒ်ကို အိတ်ထဲက ဆွဲထုတ်ပနာ သက်မကြီးတစ်ခုနန့် အပြိုင် အ၀ီးကို လွှင့်ပစ်လိုက်တေ။ ပြီးဗျာ အားလုံးပြီးပါဗျာ။

ဒိုင်ယာရီထဲက ၀ါကျဟောင်းတိ၊ ပြဇာတ်ထဲက ဒိုင်ယာလော့တိပိုင် အပြင်ကမ္ဘာမှာ အသက်မဲ့ခြောက်သွိလို့ အားလုံးအ၀ီးမှာ ကျန်ခဗျာ။

မြို့အ၀င်က အရီးကြာညို မုန့်တီဆိုင်က ကျွန်တော့်ကို အိပ်မက်ကမ္ဘာထဲက ဆွဲထုတ်လိုက်တေ။

"ကြုံကေ အရီးကြာညို မုန့်တီဆိုင်က ပါဆယ်ဝယ်ခဗလင်။ သိန်း အရီးကြာညိုမုန့်တီ ကြိုက်တေ"

ညဦးက မှာလိုက်စွာစကား။ ညဥ့်မှောင်မဲမဲထဲမှာ ဆိုင်ကယ်စီးလာဖို့စွာကို စိုးရိမ်စိတ်တိ ဘောင်ဘင်ခတ်ပနာ လိုင်ပင်းအရှည်နန့် မျှော်လို့ ဟိနိုင်ရေ ကျွန်တော့်ချစ်မယား သိန်းသိန်းမျက်နှာက ကျွန်တော့်အာရုံကို သိမ်းပိုက်လိုက်တေ။ ဆိုင်ကယ်ကို တန့်ပနာ အရည်နန့်တစ်ထုပ်၊ အသုတ်တစ်ပွဲ ပါဆယ်ဆွဲလိုက်တေ။ ကျွန်တော့် အလိုကိုလိုက်၊ ကျွန်တော့်အကြိုက်ကို ဆောင်ပနာ အနားမှာ အချိန်ပြည့် ပါရမီ ဖြည့်ပီးနီရေ သူ့မေတ္တာကို ကျွန်တော်က အလေးထား မတုန့်ပြန်လို့ ဖြစ်ပါဖို့လားယေ။

ဗျာလာခိုင်

အောင်တံခွန် ၀ံသရက္ခတိ မဂ္ဂဇင်း အတွဲ(၅)၊ အမှတ်(၂) မှ-

0 comments:

Post a Comment