Friday, 10 October 2014

သံတွဲမြို့ ကဝိသာရ ဂိုဏ်းအုပ်ဆရာတော်



(အရှင်စက္ကိန္ဒ၏ “ရခိုင်ယဉ်ကျေးမှုများ” အမှတ် (၈)၊ ၂၀၀၅ ခုနှစ်၊ စက်တင်ဘာလထုတ်မှ)
ဆရာတော်သည် ရခိုင်မင်းလက်ထက်တွင် ထင်ရှားသော ပုဂ္ဂိုလ်တစ်ပါး ဖြစ်ခဲ့သည်။ သံတွဲမြို့၌ သာသနာပြု ဂိုဏ်းချုပ်၊ ဂိုဏ်းအုပ်ဟူ၍လည်း သိရသည်။ ဘွဲ့တံဆိပ်တော်ကို ထောက်ထားက မင်းဆရာ ရာဇဂုရုဖြစ်ကြောင်း ထင်ရှားသည်။ ထိုဆရာတော် ရရှိခဲ့သော တံဆိပ် အပြည့်အစုံကား “ကဝိသာရာဘိ သီရပဝရ အဂ္ဂမဟာဓမ္မ ရာဇာဓိရာဇဂရု” ဟူ၏။
ထိုဆရာတော်သည် ရခိုင်သမ္မတမင်းထိတိုင် သံတွဲမြို့၌ သီတင်းသုံး နေထိုင်ခဲ့သည်။ သံတွဲမြို့ အပါအဝင် ရခိုင်တစ်ပြည်လုံးကို ဘိုးတော်မင်း သိမ်းပိုက်အုပ်ချုပ်စဉ်ကလည်း သံတွဲမြို့၌ပင် တည်ရှိမြဲတည်ရှိနေသည်။
ထိုစဉ် မြန်မာမြို့ဝန်များ၏ သာသနာပြုလုပ်ငန်းကို ၁၁၄၉-ခု၊ တပေါင်းလတွင် ဆောင်းရွက်ခဲ့ရလေသည်။
ဆရာတော်သည် သာသနာပြု လုပ်ငန်းဖြင့်သာမကဘဲ စာပေ ရာဇဝင်ကျမ်းများကိုလည်း ရေးသားခဲ့သည်။ ကျမ်းဂန်ဖက်၌ကား အဖူးပြောဆိုနေရန် လိုအပ်မည်မထင်။ ရခိုင်အမျိုးသား သမိုင်းရာဇဝင်များကို
စာင့်ရှောက် ထိန်းသိမ်း လာခဲ့သည်ဟု ယုံကြည်ကြရသည်။ ထိုကြောင့် ဆရာတော် ရေးသားပြုစုခဲ့သော ဓညဝတီအရေးတော်ပုံ၊ မဟာပညာကျော်လျှေက်ထုံးတို့က သက်သေခံနေသည်။
ဓညဝတီအရေးတော်ပုံကို ယခုတိုင် မှီငြမ်း အားကိုးနေကြရသည်။ ရာဇက္ကမသင်္ခေပကျမ်း၌ ဦးစန္ဒမလာ ဆရာတော်က ဦးကဝိသာရ ပုဂ္ဂိုလ်မြတ်သည် ဒိုးဝေရေး ရာဇဝင်ဟောင်းမှ ၁၁၄၉ ခုနှစ် ထုတ်နှုတ်ရေးသည် ဆို၏။ ဆရာတော် ဦးဉာဏ (ရသေ့တောင်မြို့နယ်၊ အထက်ကျောင်းတောင်) က ပြည်ရာဇဝင်မှ ထုတ်နှုတ်ရေးသားခဲ့သည် ဆို၏။ ရန်ကုန်မြို့ အမျိုးသားပြတိုက်၌ ရှိသောမူတွင် ရခိုင်ကြီးမင်း အရေးတော်ပုံဟုဆို၏။
ထို့အပြင် ၄င်းမူ၌ ဒိုးဝေ၏ ရာဇဝင်ကို မူလရာဇဝင်ကြီးက နှုတ်ကောက်၍ ၁၁၄၉ ခု၊ တပေါင်းလဆန်း (၅)ရက်နေ့၊ ဒွါရာဝတီမြို့ သာသနာပြုဆရာတော် ကဝိသာရရေးသည်ဆို၏။ မြန်မာစာပါမေက္ခ ဖြစ်သော တက္ကသိုလ် မောင်မောင်ကြီး၏ စာမျက်ရှု (၂၈၉) တွင်လည်း ရခိုင်ဆရာတော် ပြုစုဟု အတည်ပြုကြစို့ဟူ၍ ဆုံးဖြတ်ထားသည်။
ရန်ကုန်မြို့၊ မြန်မာသံတော်ဆင့် မီးစက်ကြီးပုံနှိပ်တိုက်မှ ခရစ် ၁၈၈၁ ခုနှစ်၊ ဓညဝတီအရေးတော်ပုံကို ပုံနှိပ်ခဲ့ရာ အဂ္ဂမဟာဓမ္မရာဇာဓိရာဇဂုရု ဆရာတော်ဟူ၍ ရေးသားခဲ့သည်။
ခရစ် ၁၉၂၃ ခုနှစ်ထုတ် သုဓမ္မဝတီပုံနှိပ်တိုက်ရိုက်မူတွင် အရေးတော်ပုံ ငါးစောင်တွဲ၌ ရခိုင်ဆရာတော် ဘုရား ရေးသည်ဟု ဖော်ပြထား၏။
ကျွန်ုပ်တို့ ရခိုင်မှ ရရှိသော ပေမူတွင် ရခိုင်ပြည်ကြီးစာခေါ် ရခိုင်ပြည်ကြီးမင်းတို့ အရေးတော်ပုံဆို၏။ (က) ချပ်မှ (ဈ)ချပ်ပေ အထိပါရှိ၏။ ထို့ကြောင့် ရေးသားသောပုဂ္ဂိုလ်မှာ ရခိုင်ဆရာတော် ဦးကဝိသာရ ပင်ဖြစ်ကြောင်းထင်ရှားသည်သာတည်း။
ဓညဝတီအရေးတော်ပုံ၌ သက္ကရာဇ်များကို ရှေ့ပိုင်း၌ ဖော်ပြလေ့မပြုခဲ့။ လောင်းကြက်မြို့ပျက်သည့် သက္ကရာဇ် ၆၉၅ ခုမှ စတင်၍ ဖော်ပြပါရှိ၏။
မဟာပညာကျော် လျှောက်ထုံး
ဆရာတော်သည် မဟာပည်ာကျော်လျှောက်ထုံးဟူ၍လည်း ကျမ်းတစ်စောင်တစ်ဖွဲ့ ပြုစုခဲ့သည်။ တစ်ချို့က သီးခြားကျမ်းမဟုတ်ဘဲ ဓညဝတီအရေးတော်ပုံမှ မဟာပညာကျော်၏ လျှောက်ထုံးများကို သီးခြား ထုတ်နှုတ် ရေးသား ထားခြင်းတစ်ခုဟုသာ ဆို၏။
ဓညဝတီအရေးတော်ပုံကို စာစောင်၌လည်း မဟာပညာကျော်၏ လျှောက်ထုံးများသည် ထက်ဝက်ကျော်
 ကျော်ဖြစ်သည်ဆို၏။ ဓညဝတီ အရေးတော်ပုံဆိုလျှင် ရခိုင်ပညာရှိ အမတ်ပေါင်းစုံတို့၏
 လျှောက်ထုံးပေါင်းစုံကျမ်းဟုဆိုနိုင်ရာသည်။
ပဟာပညာကျော်လျှောက်ထုံးတွင် ကျမ်းပြီးနိဂုံးမှာ ဝညဝတီအရေးတော်ပုံနှင့် ထပ်တူပင်ဖြစ်၏။ ပဟာပညာကျော်လျှောက်ထုံးသည် ဓညဝတီအရေးတော်ပုံနှင့် ထပ်တူပင်ဖြစ်၏။ ပဟာပညာကျော်
လျှာက်ထုံးသည် ဓညဝတီ အရေးတော်ပုံပါ ပဟာပညာကျော်နှင့် ဆိုင်ရာ အခန်းကဏ္ဍများကိုသာ မင်းပါကြီး (မင်းဗာကြီး)လက်ထက် လျှောက်ထုံးများလည်း တွေ့ရ၏။ ထို့အပြင် ဒသရာဇာမင်း ဘိသိက်ခံပုံကို အစီအရင်၊ စစ်ချီ၊ တိ၊နိမိတ် စသောအချက်များ၊ သိမှတ်ဖွယ်ရာများလည်း တွေ့ရှိရ၏။
ထို့ပြင် ဓညဝတီအရေးတော်ပုံနှင့် အရေးအသားကွဲပြားချက်များကုလည်း တွေ့ရရာ ကျမ်းသီးခြား သာ ဖြစ်နိုင်ပြီး ထိုဆရာတော်ပင် အစီအစဉ်တစ်မျိုးဖြင့် ထုတ်နှုတ်ပြုစု ထားခြင်း ဖြစ်နိုင်ရာသည်။
မဟာပညာကျော်လျှောက်ထုံးကို ထုံးပုံဝတ္ထုတို့၌ လည်းကောင်း၊ ဖတ်စာတို့၌လည်းကောင်း
ကာက်နှုတ်ချက် တွေ့နိုင်၏။ အစုံအလင်ကို မြန်မာနိုင်ငံသုတေသနအသင်းမှ တစ်ကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ဖူးသည်။ ဟံသာဝတီ ပုံနှိပ်တိုက် မှလည်း ခရစ် ၁၉၆၄  ခုနှစ်က တစ်ကြိမ် ထုတ်ဝေခဲ့ဖူးပေ၏။
ဆရာတော်၏ စာပေနှင့် ပတ်သက်၍ ဤမျှသာတွေ့ရ၏။ ဆရာတော်ကား ကျမ်းဂန်စာပေ၌ ထင်ရှားသော တံဆိပ်တော်ရ ဆရာတော်ပင်တည်း။ ဆရာတော်၏ ဖော်ပြပါ စာပေနှစ်ကျမ်းကပင် လောကီလောကုတ္တရာ ဗဟုသုတ စုံလင်လှသည်။ ကျမ်းဂန်ကိုးချက်များ၊ လောကနီတိကျမ်းများ၊ ထိုထိုကျမ်းထွက်ထုံး၊ နိဂုံး၊ လင်္ကာ စသည်များက အင်အားအဖြစ် ဖော်ပြ သက်သေခံနေသတည်း။
အသျှင်ဝါသဝ
ကျမ်းကိုးများ
၁။ ဓညဝတီအရေးတော်ပုံ (၁-သံတော်ဆင့် မီးစက်ပုံနှိပ်တိုက်မူ၊ ၂- သုဓမ္မဝတီမူ၊ ၃- အမျိုးသားပြတိုက်မူ၊   ၄- ရခိုင်မှ ပေမူ)
၂။ မဟာပညာကျော်လျှောက်ထုံး (ဟံသာဝတီပုံနှိပ်တိုက်၊ ၁၃၂၆/၁၉၆၄)
  
(မှတ်ချက်)  ဦးစက္ကိန္ဒက ဦးဝါသဝကလောင်အမည်ဖြင့် ဒွါရာဝတီ မြို့နယ်မဂ္ဂဇင်း၊ ၁၉၉၄ ခု၊      စက်တင်ဘာလထုတ်တွင် ဖော်ပြခဲ့သည်။
………………………www.kyaukphru.com ဘလော့မှ...

Related Posts:

  • နန်းရင်းဝန်ဟောင်း ဆာပေါ်ထွန်း ဆာပေါ်ထွန်းသည် ထင်ရှားခဲ့သော နိုင်ငံရေး ခေါင်းဆောင်းကြီး တဦး ဖြစ်သည်။ ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးရဲဖော်၏ သားအငယ် ဖြစ်သည်။ စစ်တွေမြို့၊ ရန်ကုန်မြို့ ကာလကတ္တားမြို့တို့တွင် ပညာသင်ကြားခဲ့သည်။ ဝိဇ္ဇာတန်းထိ ပညာဆည်းပူးခဲ့သ… Read More
  • ဦးဘစံ(ဓညစံ) (၁၉၁၂-၁၉၉၂) အဖဦးသာဇံဦး (အငြိမ်းစားစက်ရှင်ဆရာကြီး) နှင့် အမိ ဒေါ်ပုမတို့မှ ၁၉၁၂ ခုနှစ်တွင်စစ်တွေမြို့၊လမ်းမတော် ရပ်၌ မွေးဖွားသည်။ မွေးချင်း ဆယ့်လေးဦးအနက် ပဉ္စမမြောက်သားယောက်ျားဖြစ်သည်။ ငယ်စဉ်က မိဘ များပြောင်းရွှေ့ရာ မြို့များ၌ ပ… Read More
  • ဆရာကြီး ဦးလုံး မွေးသက္ကရာဇ်                    ၁၉၂၀ အမည်ရင်း                         ဦးလုံး မိဘအမည်     &… Read More
  • ဒေါက်တာအေးကျော် (ရခိုင်) ဆည်းပူးရရှိခဲ့သော ပညာရပ်ဆိုင်ရာ ဘွဲ့များ 1.    B.A (History and Religion) ရန်ကုန် တက္ကသိုလ် (၁၉၅၉) ၊ 2.    B.A (Honors) Oriental History ရန်ကုန် တက္ကသိုလ် (၁၉၆၀) ၊ 3.    M.A (His… Read More
  • လေထီးဦးကျော်ရင် (၁၉၁၆-၁၉၆၆) မွေးသက္ကရာဇ်                ၁၉၁၆ ခု၊ ဒီဇင်ဘာလ ၇ ရက် အမည်ရင်း                    ဦးကျော်ရင် မိဘအ… Read More

0 comments:

Post a Comment