”ဧ..ဧလည်း ဧတုံ တစုံမက်မက်၊ ခေါ်ခိုက်ခတ်လျက်၊ ဆက်ဆက်လွလေ၊
အထွေထွေတည့်၊ မရေနိုင်ဘဲ၊ ဝမ်းလျင်ကွဲမျှ၊ သဲထဲပူပန်၊ ဝှန်တုန်ကြက်သီး၊
ဘေးကြီးဘေးလျှင်၊ ပျင်မျှပြည့်လှိုင်၊ အဆိုင်ဆိုင်တည့်၊ ရခိုင်မည်သာ၊
မဟာသမတ၊ ခတ္ထိယ၏ ဆက်မှတသွယ်၊ အနွယ်ကိုပ၊ နေလပုံစင်း၊ ထွန်းပလျှင်းဟု၊
သတင်းစကား၊ နာသာများနှင့်၊ ထံပါးကသော်၊ သားကိုဖျော်၍၊ မယ်တော်ရှင်မ၊
ကျူးပါကလျှင်း”
(ရခိုင်စာဆိုပညာရှင် ဖဒူးမင်းညို)
”ကျွန်းတွင်ဇမ္ဗူ လူတွင်ရခိုင်၊
ကြိုင်ဘိသတင်း၊ ကင်းဘိအပြစ်၊
ချစ်သည့်အမျိုး၊ ကြိုးသည့်လုံ့လ၊
မြတ်စာဂနန့်၊
နှစ်ဝနတ်လူ၊ ချစ်ကြည်ဖြူသည်၊
နိဗ္ဗူ ဆုတောင်း ပြည့်အံ့တည်း။“
(ဗုဒ္ဓဝင်အလင်္ကာ)
”အမျိုးသီလနှစ်ဌါနကို၊
ပြည့်ဝမဏ္ဍိုင်၊
စောင့်စွမ်းနိုင်သည်၊
ရခိုင်နာမ၊ ဘွဲ့မည်လှဖြင့်
အန္တတ္တသညားခေါ်အပ်ရာတည်း။
(သျှင်နာဂိန္ဒမော်ကွန်း)
0 comments:
Post a Comment