·
လှိုင်းမိဒဏ် ကွန်ငြိငါး
ခိုင်းသည့်ကျွန်၊ထွန်သည့်နွားလို
ထားရာနေ စေရာသွားခဲ့
·
ရုန်းအားရှိတုန်း၊တပြုံးပြုံးအသုံးခံ
အမုန်းဒဏ်မခံရစေဖို့ ….
ပြုံးပာန်နဲ့ရုန်းကန်နေရတော့
ဘ၀အမောမှာ၊အလှတောဆိုတာလည်း မွဲခြောက်
ကွဲအပ်ကြောင်းတွေနဲ့ပြည့်နှက်
နောက်ဆုံးသက်ထွက်ထိပဲလား၊၀ိုးတ၀ါးလေ။
·
ဗြပ္မာာစိုရ်တရားတွေကလည်း
တစစီကွဲခြမ်းပဲ့၊ကမ်းပါးမြစ်ဆိပ်သစ်ရိပ်မဲ့နေသလို
အာဏာအပိုတွေနဲ့ရောထုနှက်ခံရ
လက်ခုပ်ထဲကရေ၊ မှောက်စေသွန်စေ
အဇ္ဇုတ္တသန္ဓေအရုပ်ဆိုး
အတ္တဇောအခိုးတွေနဲ့ ပျံ့ လှောင်
ပုပ်နံ့ ပောာင်စွာနေရဲ့….။
·
ကံကြမ္မာလှည့်ကလဲ
ဝင်္ကဘာခရီးလမ်းလို၊လျှောက်လှမ်းသမျှမရောက်နိုင်
အကြောက်တရားလမ်းမပေါ်မှာ
တဒေါက်ဒေါက် ချွဲပေါက်ဖြာစီး။
·
မလိုတမာ လိုသကာတွေနဲ့ 
အစဉ်ထာဝရ ခင်းကျင်းနေတဲ့
အိုနာသေ သင်္ခါရတွင်းမှာ
ရုန်းပါရင်းနဲ့  ဇရာကတိုင်
အသုံးခံရင်း ဗျာပါဒလှိုင်
·
မကြာခဏ မှိုင်ငိုခဲ့ရတဲ့
ဘ၀မျက်ရည် ယိုစီးကြောင်းပာာ
အီကွေတာရပ်ဝန်းထဲက
အပူလှိုင်းတွေနဲ့ ရောသမလှိုင်ဆဲ…။
·
မြိုင်ရပ်ကခွာချိန်
နေမှိန်ဆည်းဆာ ဘ၀ဇတ်
အဆုံးအနားသတ်ပြီးခါမှ
သနားမညှာ အပြတ်မုန်းလို့ 
သားသတ်ကုန်းကို ပို့ လိုက်ကြပြီလားကွယ်..။
အေကေသိမ်း(မင်းပြား)
0 comments:
Post a Comment