Thursday, 2 October 2014

ဦးမြထွန်းအောင်

ဦးမြထွန်းအောင် (၁၈၅၆-၁၉၁၉)၊ ရခိုင်ပြည်၊ ကျောက်ဖြူမြို့ ဇာတိဖြစ်သည်။ အရေးပိုင် မြတ်ထွန်းအောင် ဟု လည်းကောင်း၊ ဒီဝီဇံ မြထွန်းအောင် ဟု လည်းကောင်း နာမည်ကြီးသည်။ တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲ အတွင်း ဗြိတိသျှစစ်တပ်တွင် အမှုထမ်းခဲ့ပြီး၊ မန္တလေးမြို့ကို သိမ်းယူရာတွင် ပါဝင်ခဲ့သည်။ ထို့နောက် နယ် ပိုင် ၀န်ထောက်ဖြစ်လာပြီး၊ မြန်မာတိုင်းရင်းသား များထဲတွင် ပထမဆုံးသော အရေးပိုင်ရာထူးကို ရရှိခဲ့သည်။ ဦးမြထွန်းအောင် မတိုင်မီက အရေးပိုင်ရာထူးကို မျက်နှာဖြူများသာ ရရှိခဲ့သည်။

ဦးမြထွန်းအောင်အား ဗြိတိသျှ အစိုးရက အိန္ဒိယ အင်ပိုင်ယာ၏ ဆွေသဟာ (CIE)ဘွဲ့ (Companion of the Indian Empire)၊ ကျက်သရေဆောင် ရွှေစလွယ်ရမင်း (KSM)ဘွဲ့နှင့် သူရဲကောင်း ဓားတော်ရမင်း (TDM) ဘွဲ့များကို ချီးမြှင့်ခဲ့သည်။ ကျောက်ဖြူမြစ်အတွင်း ရေနစ် ကွယ်လွန်သည်။ ယခုကျောက်ဖြူမြို့ရှိ၊ မြန်မာ့စီး ပွားရေးဘဏ် အဆောက်အဦး နေရာသည် ဦးမြတ်ထွန်းအောင်၏ အိမ်နေရာ ဖြစ်သည်။

(မှတ်ချက်။  ။ Wiki Myanmar ၌ ဦးမြတ်ထွန်းအောင် လို့ဖော်ပြထားပြီး၊ ကျောက်ဖြူမြို့တည် နှစ်(၁၈၀)ပြည့် အထိမ်းအမှတ် ကျောက်ဖြူ မဂ္ဂဇင်းတွင်ကား ဦးမြထွန်းအောင် လို့ပါရှိပါသည်။)

0 comments:

Post a Comment