ဆရာတော်ဦးဥတ္တမအကြောင်း

ဆရာတော်ဦးဥတ္တမ (ငယ်နာမည်-ပေါ်ထွန်းအောင်)ကို ၁၈၇၉၊ ဒီဇင်ဘာလ (၂၇)ရက်တွင် ရခိုင်ပြည်နယ် စစ်တွေ မြို့၊ ရူပရပ် အဖဦးမြ၊ အမိ ဒေါ်အောင်ကျော်သူ ရို့မှ မွီးဖွားပီးခသည်။ သက်တော် (၁၆) နှစ် အရွယ် မှာ မိဘများက မောင်သျှင်ဝတ်ပီး သဖြင့် ရှင်ဥတ္တမဟူသော ဘွဲ့နာမည်တွင်လာသည်။ နက်နဲရေ ပိဋ္ဋ ကတ် စာပီ များကို ပခုက္ကူမြို့ ရေစကြိုတိုက်တွင် လည်းကောင်း၊ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့တွင် လည်း ကောင်း ဆည်းပူး လေ့လာခဖူးသည်။ အိန္ဒိယနိုင်ငံတွင်ရှေးခိုက် အမျိုး သားကောလိပ်တစ်ခုမှာ ပါ ဠိနှင့် ဗုဒ္ဒဘာသာ စာပီဆိုင်ရာ ယာယီပါမောက္ခအဖြစ် ဝင်ရောက်ဆောင် ရွက်ခ သည်။ အိန္ဒိယတွင် ဟိန္ဒူမဟာဆပ်ဗာ အသင်း ကြီး၏ ဥက္ကဌအဖြစ် ရွေးကောက် တင်မြှောက်ခံ ခရသည်။

ဦးဦးသာထွန်း(၁၉၁၇-၁၉၉၀)

ဆရာကြီး ဦးဦးသာထွန်းကို ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ညောင်ပင်ဈေးရွာ အနီး အဖ ဦးကောင်းစံရွှီ၊ အမိ ဒေါ်အောင်ကြွဇံတို့မှ ၁၉၁၇ ခု၊ နိုဝင်ဘာလ ၂၃ ရက်၊ သောကြာနေ့တွင် ဖွားမြင်ခဲ့သည်။ တဦး တည်းသော သား ဖြစ်သည်။ ငယ်စဉ်မှစ၍ အဘိုးဖြစ်သူ ရာဇဝင်ဆရာကြီး ဦးသာထွန်းအောင်က ရခိုင် ရာဇ ဝင်၊ ဆေးကျမ်း၊ နက္ခတ်ကျမ်း၊ ပူရာဏ်ကျမ်းများအား နုတ်တိုက်အာဂုံ သင်ကြား ပေးခဲ့သည်။ နဝမတန်းတွင် ပညာသင် ကြား နေစဉ် ဖခင် ကွယ်လွန်သောကြောင့် ကျောင်းထွက်လိုက်ရပြီး ရဟန်း ပုဂ္ဂိုလ်တို့ထံတွင် သက္ကဋ ပါဠိ၊ သမိုင်း၊ အင်း၊ ဗေဒင်နှင့် အခြား လောကီ ပညာရပ်များကို သင်ကြား လေ့လာ ဆည်းပူးခဲ့သည်။

ချစ်ညီချေ ချစ်နှမချေသို့....

ချစ်ညီချေ... ကျောင်းလားပါ ဝေ မပျင်းပါကေ့ ဝေ ၄ တန်းက ထွက်ပြီးကေ နွားကျောင်းဖို့ စိတ်မကူး ပါဂေ့ ဝေ ....။ ချစ်နှမချေ.... မပျင်းပါဂေ့ ဝေ ဆီဝယ်ဖို့ ဖဲ့သာမဟိကေ ဓာတ်မီးတိုင်အောက်မှာ စာကိုဖတ်ပါ ဝေ ဓာတ်မီးတိုင် မဟိကေ မီးလှုံရေ မီးဖိုနားမှာ စာ ကိုဖတ်ပါ ဝေ ...။

ရခိုင်ကျင်

ကျင်”ဝေါဟာရနှင့်ပတ်သက်၍ အမျိုးမျိုးရွီးဖွဲ့ကတ်သည် ကိုတွိရပါသည်။ ဦးရာဇ်တောင် ဘုရားသမိုင်း လင်္ကာ၌ “လောကီဘက်က၊ ဆောင်ရွက်တခန်း၊ ကျင်လက်ပန်းနှင့်၊ မီဝန်းရုပ်သီး၊ရှုမငြီးအောင်”ဟူ၍ူ ရွီးဖွဲ့ ထားသည်။ ဆယ့်နှစ်လရာသီ လင်္ကာတပိုဒ်တွင် …“မယ်လျှင်စစ်မှာ၊ စိတ်ကြီးပျက်လို့၊ ကျင်ကိုင်လက်ပန်း၊ အခန်းခန်းကို၊ အိမ်သူအကျန်၊ မြင်ရပြန်ကေ၊ လွမ်းတော်တာရှည် ပန်းမဉ္စူကို နီပူထိုးကေ၊ ညှိုးလတ်တေ လည်း”ဟူ၍ူဖွဲ့ဆိုထား ပြန်သည်။

ရခိုင်အောင်လံတော်

ရခိုင်ထီးရိုးနန်းနေ့ မင်းအပေါင်းတို့၏ ရွှေနန်းဥက္ကံ သံနန်းမဆောင်ဦး၌ အမြဲစိုက်ထူထားအပ်သော အောင် လံတော်ကြီး၏ အကြောင်းချင်းရာဟူသမျှတို့ကို အခါအခွင့်နှင့်ကြုံကြိုက်စွာ ပုရာဏ်ကျမ်း၊ ရာဇသေနင်္ဂ ဗျူဟာ ကျမ်း၊ ဗျူဟာစက္ကိကျမ်း၊ ဗျူဟာစစ်ချီကျမ်းတို့မှ ဗဟုသုတဖြစ်စေခြင်းငှာ အနည်းငယ်ဖော်ပြပါအံ့။ ၁။ အောင်လံတော်၏ အတိုင်းအတာကား အလျား ၉-တောင်၊ အနံ ၆-တောင်တိတိရှိသည်။ ထိုထက်ငယ်စေ လိုလျှင် အ၀က်ကျအတိုင်းအတာပြု၍ သုံးခဲ့သည်။ ၂။ အရောင်အဆင်းမှာ အနီနှင့်အဖြူစပ်၍ ပြုကြသည်။ အဖြူရောင်ကို အထက်ပိုင်းတွင်ထားပြီး အနီရောင် ကို အောက်ပိုင်း၌ထားသည်။

Thursday, 30 October 2014

ဘဝအတွက် ကြိုးစားနေချိန် ဒါတွေ ရှောင်ပါ



မပျင်းနဲ့

ပျင်းရိနေရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်တစ်ခုကို တော်တော်နဲ့ မရောက်ဘူး။ ပြောတုန်းကတော့ စီမံကိန်း ချတုန်း ကတော့ မိုးလားကဲလားနဲ့ တကယ်လည်း လုပ်မယ်ကျတော့ နေပူတယ်၊ မိုးရွာတယ်၊ ဇာတ်ကျောတတ်တယ်၊ ခေါင်းကိုက်တယ်၊ ဖျားတယ်နဲ့ဆို တော်တော်နဲ့ ခရီး မရောက်တော့ဘူးလေ။ ဒီတော့ မပျင်းဖို့လိုပါတယ်။

မတွေဝေနဲ့

လောကီလူသားပေးပဲ။ တစ်ခါခါ ကြိုးစားနေရင်းနဲ့ စိတ်ဓာတ်ကျတဲ့အခါ ကြုံတတ်မယ်။ ငါဘာလုပ်နေတာ ပါလိမ့်။ ဒါကို လုပ်လိုက်တော့ကော ငါ့အတွက် ဘာထူးလာမှာလဲ။ အဲ့ထက်ဆိုးတာက တစ်ခုခုကို ရည်ရွယ်ပြီး လုပ်နေရင်းတန်းလန်း ရည်ရွယ်ချက်ပျောက်သွားတာမျိုးပေါ့။ အဲဒါ တွေဝေတာ။ ကြိုးစားနေသူ တစ်ယောက်က မတွေဝေဘူး။ ခဏလေး ပျင်းလို့ ဟိုတွေးဒီတွေး လုပ်လိုက်တာနဲ့ တွေဝေ သွားတတ်ပါတယ်။ ဒီတော့ တွေဝေရင် ဘဝခရီးနှောင်နှေးပါတယ်။

မစိုးရိမ်နဲ့

ဖြစ်တောင်မလာသေးဘူး။ ငါလုပ်ကောလုပ်နိုင်ပါ့မလား။ ငါ့အတွက် လုံလောက်တဲ့ Resource တွေ ရှိကော ရှိရဲ့  လား။ လုပ်လိုက်တာတော့ ဟုတ်ပါပြီ။ ရလဒ်က သေချာပါ့မလား အစရှိသဖြင့် စိုးရိမ်စိတ် ဝင်တတ် ကြပါတယ်။ ဒါတွေက မလုပ်ခင် မလျှောက်ခင်ကတည်းက Plan ချထားရမှာလေ။ အဲဒါတွေ မချထားရင်တော့ စိုးရိမ်စိတ်က အမြဲလိုလို ဝင်နေမှာပဲ။

အားမငယ်နဲ့

ငါ့ဘော်ဒါတွေများ၊ သူတို့တွေများ ဘာတွေဖြစ်ကုန်ပြီ၊ ညာတွေဖြစ်ကုန်ပြီ၊ ငါ့ကျတော့ ဘာမှ ဖြစ်မလာသေးပါလား အစရှိသဖြင့် အားငယ်စိတ်က တော်တော်များများ ဝင်တတ်ကြပါတယ်။ အဲ့လို ဝင်စရာမလိုပါဘူးကွယ်။ သူတို့လည်း ထမင်းစား၊ တို့လည်း ထမင်းစားပေမယ့် ဘဝပေး ကုသိုလ်၊ ကံကြမ္မာကြောင့် သူတို့မြန်မြန် ဖြစ်သွားကြတာပဲ။ (ဘာဖြစ်တာလဲတော့ မသိဘူး) ကိုယ်က ဘဝရဲ့ အဓိပ္ပါယ် ကို သူတို့ စောစော စီးစီး ရှာမှီးခွင့် ရတယ်လို့ သဘော ထားလိုက်။ ဘာကြီးဖြစ်မှ၊ ညာကြီးဖြစ်မှ အောင်မြင်တယ်လို့ မခေါ်ဘူး။ ကိုယ်ကျင်လည်နေရတဲ့အခြေအနေထဲမှာ စိတ်အကျေနပ်ဆုံး အကောင်းဆုံး ဖန်တီးလိုက်နိုင်ခြင်းကလည်း အောင်မြင်ခြင်း တစ်မျိုးပဲ။ ပြီးတော့မှ နောက်တစ်ဆင့်တက်ပေါ့။ ဒီတော့ တွေးပြီး အားငယ်နေမယ့်အစား သူတို့ထက် ပိုပြီး ကြိုးစားဖို့ အားရှိနေလို့ နောက်ကျ တယ်ဆိုတဲ့ ခံယူချက် ထားရပါမယ်။ လုံးဝ အားမငယ်ပါနဲ့။

အချစ်ဆိပ် မတက်နဲ့

ထူးဆန်းတယ်ဟုတ်။ မထူးဆန်းပါဘူး။ ပတ်ဝန်းကျင်မှာ တွေ့နေရလို့ပါ။ လူတွေက ကြိုးစားနေရင်းနဲ့ အရမ်း Romantic ဆန်သွားရင် ရောင့်ရဲသွားတတ်ကြပါတယ်။ တော်ပြီလေ။ တူနှစ်ကိုယ် တဲအိုပျက်မှာ နေရတာမျိုးမဟုတ်တောင် တိုက်ခန်းလေးတစ်လုံး နဲ့ နေရရင်ပြီးပါပြီဆိုတာမျိုးနဲ့ ဘဝရည်မှန်းချက် တွေကို အတိုက်စားခံလိုက်ကြတယ်။ စိတ်ညစ်နေတုန်း အားပေးဖော်လေးရှိ၊ ပင်ပန်းနေတုန်း ရေတိုက်မယ့်သူရှိ တာက ကောင်းပေမယ့် ဘယ်သွားသွား ခြေတောက်မှာ တွဲပါနေမယ့် ကျောက်ခဲတုံးကြီးဖြစ်နေရင်တော့ လုံးဝ မကောင်းဘူး။

စိတ်နှလုံး ယာယီပျော်ရွှင်မှုအတွက် အတ္တစိတ် နည်းဖို့အတွက် ပေးဆပ် တယ်ဆိုတဲ့ အချစ်မျိုးက လိုအပ်တာတော့ ဟုတ်ပါတယ်။ သို့ပေမယ့် အလုပ်လုပ်နေလည်း ဖုန်းတွေဆက်၊ ညအိပ်လည်းဆက်၊ မအိပ်လည်းဆက်၊ တစ်ပတ်မှာ ၇ ရက်တွေ့၊ တွေ့တော့ ၂၄ နာရီ၊ ၈ နာရီက အပြင်မှာ ၈ နာရီက အွန်လိုင်းမှာ အိပ်ချိန်တောင် ညက အိပ်မက်ဆိုး မက်လို့ ကိုကို့ကို သတိရလို့ပါ ဘာညာနဲ့ မိမိရဲ့ တိုးတက်ချင်တဲ့ စိတ်ကလေးတွေ ရောင့်ရဲ သွားကြမှာ အမှန်ပါပဲ။ ဒီတော့ ချစ်တော့ ချစ်နိုင်ပါတယ်။ သို့ပေမယ့် Target တစ်ခုထားပြီး ကြိုးစားနေစဉ် ကာလမှာ အဆိပ်တော့ မတတ်ပါနဲ့။ ဖြေဆေးမရှိပါဘူး။ ကြိုးစားနေတဲ့ လူငယ်တွေအတွက် ကျရှံးစေမယ့် အကြောင်းပြချက် တစ်ခု ဖြစ်ပါတယ်။

အပျော်မမက်နဲ့

စိတ်ထွက်ပေါက်၊ စိတ်ထွက်ပေါက်ဆိုပြီး ဘော်ဒါတွေနဲ့ သောက်လိုက်မယ်။ စားလိုက်မယ်။ ကဲလိုက်မယ်။ လုပ်တော့ လုပ်ပေါ့။ ဒါကိုလည်း Limit လေးတော့ ထားလေ။ ကိုယ်လက်ရှိ လုပ်နေတဲ့ လုပ်ငန်းဆောင်တာတွေ ကို ပျက်ပြားလောက်အောင် အပျော်တွေ အရမ်းများနေရင်လည်း မကောင်းဘူး။ ပြီးတော့မှ ငါ့ကို အရက်ဝိုင်းတိုက် ကောင်တွေ သူတို့ကျတော့ Project ပြီးသွားပါလားဟ ဆိုပြီး နောင်တတွေ ရနေလိမ့်မယ်။ အချို့ က ကိုယ့် အောင်မြင်မှုအတွက် တစ်ဖက်သားကို လမ်းလွဲအောင်လုပ်ဖို့ ဝန်မလေးဘူး။ ဒီတော့ ကိုယ့်ကိုအချိုသတ်ပြီး ဆီစမ်း ပဲဆီနံလေး မွေးလိုက်တာလို့ ရေရွတ်နေရင်း ဘဝပျက်သွားပါမယ်။ အချို့ ကျတော့လည်း ဘယ်သူမှ မဖျက်ပဲ ကိုယ်တိုင် ဝါသနာနဲ့ကို ပျော်တတ်တာလည်း ရှိတယ်လေ။ Limit လေးနဲ့တော့ ကဲကြပေါ့။ အိနြေ္ဒရရလေး ပျော်နိုင်ပါတယ်။

ဒါနဲ့ ထပ်လောင်းပြောချင်တာက ကြိုးစားနေတဲ့ ဘဝရဲ့  အရသာဆိုတာဟာလည်း ပန်းတိုင်ရောက်မှခူးဆွတ်ရမှာ မဟုတ်ပါဘူးနော်။ အသီးမသီးသေးပေမယ့် အရွက်တွေ ခူးပြီး ဟင်းစားလုပ်နိုင်ပါသေးတယ်။ တစ်ခါတစ်လေကျ ကြိုးစားနေရင်းနဲ့ အချို့ က Quality of Life ကိုမေ့သွားကြတယ်လေ။ ဒီတော့ အောင်မြင်မှုအတွက် ပန်းတိုင်ကို ထားရှိပေမယ့် ပျော်ရွှင်မှုအတွက်ကတော့ စက္ကန့်တိုင်းဟာ ပန်းတိုင်ပါပဲ။

အားလုံး ကြိုးစားရကျိုးနှပ်တဲ့ ပန်းတိုင်တစ်ခုသို့ ရောက်ရှိနိုင်ကြပါစေ။

အောင်ခမ်း (ရိုးရာလေး)






အခက်အခဲနှင့် ဘဝ



အခက်အခဲဆိုတာ ဘ၀ရဲ့သဘာဝတွေပါပဲ။
ဘာအခက်အခဲမှမရှိတဲ့ ဘ၀ကိုနေရတဲ့သူဟာဘာရင့်ကျက်မှုမှ မရှိနိုင်ဘူး။


အားလုံးသဘောထားကြီးကြီးနဲ့ စိတ်ထားကောင်းကောင်းနဲ့ ဆက်ဆံရင် အခက်အခဲတွေ ပိုပြီးတော့ အဆင်ပြေသွားမယ်။ပိုပြီးတော့ ပြေလည်သွားမယ်။

ပြဿနာကို နားမလည်နိုင်ရင် မဖြေရှင်းနိုင်ရင် ပြဿနာကို ပိုကြောက်တယ်။
ပြဿနာကို နားလည်လာရင် ပြဿနာကို မကြောက်တော့ဘူး။ အခက်အခဲတွေကို နားလည်ပြီး ဖြေရှင်းလို့ အရည်အချင်းတိုးလာတာ ကိုယ့်ကိုယ်ကိုယုံကြည်မှုတိုးလာတာကို ခံစားရတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးလာအောင်ပဲ လုပ်ချင်နေတယ်။
ဒါပေမယ့် ကိုယ်နိုင်သလောက် အခက်အခဲရှိမှကောင်းတယ်။ ရုန်းကန်နေမှ ကောင်းတယ်။ အခက်အခဲတွေဟာ အကျိုးရှိပါတယ်။

တချို့လူတွေဟာ အခက်အခဲမရှိတဲ့ဘ၀ကို တောင်းတကြတယ်။
အခက်အခဲမရှိတဲ့ဘ၀မှာ လုပ်စရာမရှိဘူး။
ဉာဏ်လည်းမထုတ်ရတော့ဘူး။
ဝိရိယလည်း မထုတ်ရတော့ဘူး။
သည်းခံရတယ်ဆိုတာလည်း မရှိတော့ဘူး။
သဘောထားကြီးရတယ်ဆိုတာလည်း မရှိတော့ဘူး။

ပြဿနာတွေ အခက်အခဲတွေ ဒုက္ခတွေ ပညာရဖို့နဲ့ အသိဉာဏ်ကြီးဖို့ရာ အတွေ့အကြုံတွေပါ။
အခက်အခဲမရှိတဲ့ဘ၀မှာ သစ်ပင်တောတောင်မရှိတဲ့ လွင်တီးခေါင်ကြီးနဲ့တူတယ်။
အခက်အခဲမရှိတဲ့ဘ၀မှာ စိတ်ဓါတ်နဲ့ အသိဉာဏ် ရင့်ကျက်မှု မြင့်မြတ်မှု ဖြစ်လာဖို့ အခွင့်အရေးမရှိတဲ့ဘ၀ပဲ။

ဘ၀ဆိုတာ စာမေးပွဲအဆင့်ဆင့်ပဲ။ နေ့တိုင်းစာမေးပွဲ အစစ်ခံနေရတာနော်။
စာမေးပွဲတွေကို အစစ်ခံရပြီး အောင်မြင်သွားတဲ့အခါမှာ ပိုပြီးတော့ ဉာဏ်ကြီးတဲ့သူဖြစ်လာတယ်။ ကြီးပွားတဲ့သူဖြစ်လာတယ်။ အသိဉာဏ်ရော စိတ်ဓါတ်ရော ကြီးပွားလာတယ်။

ဒုက္ခနဲ့မကြုံဘဲနဲ့ ကိုယ်ဆင်းရဲမှု မကြုံဘဲနဲ့ ဘ၀ခရီးကိုဖြတ်သန်းသွားလို့ မရပါဘူး။

Credit to: Blogspot

သားသမီးကိုဖျက်ဆီးလိုက်သောဖခင်၊ သင်ပါဝင်နေပါသလား

ကို ကွန်း's photo.

၁။ အိမ်ထောင်ရေး ဖောက်ပြန်တတ်သောဖခင်
ဖခင်ကအိမ်ထောင်ရေး ဖောက်ပြန်တော့ မိခင်နဲ့ခဏခဏပြဿနာတက်တယ်။ အိမ်မှာနေ့တိုင်းဆိုသလို တိုက်ပွဲဖြစ်နေတော့ ဘယ်သူ့မှသားသမီးကို မကြည့်အားဘူး။ သားသမီးတွေရဲ့စိတ်ကို အရမ်း ထိခိုက် စေပါတယ်။ ကိုယ့်အဖေကိုကြည့်ပြီး အိမ်ထောင်ပြုမဲ့အရွယ်ရောက်နေတဲ့ မိန်းခလေးတစ်ယောက် အိမ်ထောင်ရေးအကြောင်းလုံးဝမစဉ်းစားရဲတာ ကိုတွေ့ဖူးတယ်။


၂။ စိတ်ကြီးတဲ့ဖခင်
နည်းနည်းဆိုဆူပြီ၊ ထစ်ကနဲဆို လက်ပါပြီ၊ ( ၆ ) နှစ်အောက်ခလေး ဒီလိုဖခင်မျိုးနဲ့တိုးရင် ချစ်စရာအမူအကျင့်လေးတွေ ပျောက်ဆုံးပြီး ထုံထုံအအ ဖြစ်သွားမှာပဲ။ ကလေးရဲ့စိတ်ဟာ အလွန်နုနယ်လွန်းလှပါတယ်။ ကလေးတွေ အတွက် အယုံကြည်ရဆုံးနဲ့ အားအကိုးရဆုံးဆိုလို့ မိဘပဲရှိပါတယ်။

၃။ ဆေးလိပ်သောက်တတ်သောဖခင်
အချို့ကသားသမီးရှေ့မရှောင် ဆေးလိပ်သောက်တတ်ကြပါတယ်။ ဆေးလိပ်ဆိုတာ သောက်တဲ့လူတင် မကပဲ ဘေးမှာရှိတဲ့လူတွေကိုပါ ကျန်းမာရေးထိခိုက်စေပါတယ်။ ဆေးလိပ်သောက်တတ်သောဖခင်ဟာ ဆေးလိပ်သောက်တတ်သော သားကိုပိုမိုမွေးထုတ်တတ်ပါတယ်။ ဖခင်ကိုအထင်ကြီးတော့ အတုမြင်အတတ်သင်တော့တာပါပဲ။

၎။ ဂိမ်းဆော့ဝါသနာပါသောဖခင်
ဖခင်ကဂိမ်းဆော့ဝါသနာပါရင် သားသမီးကိုတိုက်ရိုက်ကူးစက်တတ်ပါတယ်။ သားသမီးတွေဟာ ဂိမ်းရဲ့ဆွဲဆောင်မူကို ငြင်းဆန်နိုင်စွမ်း မရှိပါဘူး။ ဖခင်ကဂိမ်းဆော့နေမယ်။ သားသမီးကလိုက်ဆော့မယ်။ ကလေးရဲ့ပညာရေးဘယ်လောက်ထိခိုက်တယ်ဆိုတာ ပြောနေစရာတောင်မလိုတော့ပါဘူး။

၅။ အမြဲပျက်ကွက်တတ်သောဖခင်
မိဘဆရာတွေ့ဆုံပွဲ၊ အားကစားပွဲ၊ ကျောင်းအကြိုအပို့၊ ကလေးမွေးနေ့ စသည်တို့မှာ ဖခင်ကခဏခဏ ပျက်ကွက်နေရင် ကလေးကိုစိတ်ထိခိုက်စေတတ်ပါတယ်။ အတန်းဖေါ်တွေက အဖေအမြဲလာကြိုပြီး ကိုယ့်အဖေကျတော့ အမြဲအမအားဘူးလို့ပဲ ပြောနေတယ်။ ဖခင်မေတ္တာနဲ့ မိခင်မေတ္တာ ဟာ တခါတလေမှာ ကွာခြားတတ်ပါတယ်။ ဖခင်မေတ္တာဟာ ကလေးတွေ မိမိကိုယ်မိမိ ယုံကြည်ချက်တည်ဆောက်တဲ့နေရာမှာ အလွန်အထောက်အကူဖြစ်ပါတယ်။
ကျွန်တော်အပါအ၀င် ဖခင်များဆင်ခြင်နိုင်အောင် Wechat မှ ကောက်နုတ်ဘာသာပြန်ထားပါသည်။

Wednesday, 15 October 2014

လွမ်းနီရေ အရိပ်ချေ


တပ်မက်နီရေ အချစ်ချေ
မင်းမျက်ဝန်းအကြည့်တိနန့်
လှမ်းခေါ်ရေ အသံချေ
တုန်ခါနီ ဒေရင်ဘတ်ထဲက
မက်မောရင်း လွမ်းရေဝေ...။

သတိရရေ အချစ်ချေ
အနမ်းတိ ဝေရေညနန့်
အပြုံးကဘာ နိရက်တိ
တယောက်တည်း ခုချိန်
မျှော်တွီးယင်း လွမ်းရေဝေ...။

ကြယ်မရှိ လမရောက်
တိမ်ရိပ် မိုးသားတိလေ့
အမည်မဖော်ဘဲ ပျောက်
ငါတယောက်တည်းနန့်
လွင်တီးခေါင် ဒေသမာ
ခိုလှုံစရာ လမ်းမရှိပါဝေ...။

မင်းမရှိရေ ငါ့ဘဝမာ
အလွမ်းတိ တာကျိုးလို့
ပြည့်သိပ်နီ စိုးရိမ်စိတ်တိ
နယ်ကျွံလေ့ လွှတ်မိဗျာလ်
မင်းစိတ်နန့် ရူးပါစီဖိဝေ...။

လိုအပ်တေ အချစ်ချေ
ပုံပမာ နှိုင်ယှဉ်လို့မရ
ရိုက်ပြီးသား တံဆိပ်
မြဲနီဖို့ ယုံကိုးလင့်စားယင်း
ငါ့အလွမ်းတိ မင်းသိပါစီဝေ...။
..................
ကျေးဇူးဘာ။
(ပိုင်ချေ)

ကျဆုံးခြင်း


လွှတ်ချလိုက် ကတည်းက
ကွဲကျဖို့မှန်း သိလိုက်ကေလေ့
စိတ်ထဲအသိ မသိစိတ်မာ
နှမြောတသ ဂလန့်ခံဗျာလ်
အမှောင်ထုထဲ ဆိတ်ငြိမ်စွာနန့်
ပြဇတ်ချေတပုဒ် မရှုမလှဘဲ
ပိတ်ကားချခံလိုက်ရဗျာလ်ကာယေ...။

မျိုသိပ်ဖုံးဖိ သိုသိပ်ယင်းနန့်
အတွင်းကြွီ ငါ့ဒဏ်ရာတိ
ပုပ်ပွဆွီးမြှေ့ ရခဲရိုက်ထားလေ့
အပြင်ဘက် ရုပ်ကလပ်ချေ
ဟန်ဆောင်ဗျလ် ကွယ်ဝှက်ယင်း
ကျောက်ရုပ်သွင် အဖြစ်နန့်ရာ
တနီရာမာ ဇာတ်မြှုပ်နီလိုက်မေ...။

ပြောင်းလဲမှုမာ မျောလိုက်ယင်း
အစိုးမရရေ ဒေလောကထဲမာ
မိန့်ဖျောက်မရ ငါ့စွဲလန်းစိတ်ကို
နီဝင်ရာဘက်မာ ငါ့ဝိဥာဉ်နန့်ထပ်တူ
ချိုင်ပနာ လွှတ်လိုက်ဗျာလ် ...။


ကြွီဗျလ် ဆိုခါကတည်းက
ပြန်ပနာ မဝေနိုင်ဖို့စော်တော့
လက္ခဏာ နက္ခတ်ကိုင်လေ့
လေးတန်း ကွက်ပျောက်ဖဲကို
ကိုးဂဏန်း လိုချင်ရေဆိုလို့
ထိုနာမည်ကြီး မျက်လှည့်ဆရာပိုင်
ငါ့မာ အစွမ်းမရှိစော်တော့
နောက်ကုန်းမာ လာအပ်တေဓား
တရားခံက ကံကြမ္မာရာလာဝေ ...။
..................
ကျေးဇူးဘာ။
(ပိုင်ချေ)

လွင့်မျောခြင်း တဖက်မာ


ရပ်တန့်လားရအောင်ထိ သွီးပျက်ကြုံရပြန်လေ့ မျက်လွှာချဖို့ခက်တေလေ
မရင့်ကျက်သိရေ ဟန်ဆောင်မှုတိကြောင့်
အပြုံးမပြနိုင်စော် နားလည်ပီးဘာ...။

သင်ရိုးတန်းမရှိရေ ဘာသာရပ်ဖြစ်လို့
ပုံတူလိုက်ချဖို့လေ့ မဖြစ်နိုင်မှန်းသိယင့်
အားထုတ်စိုက်မတ်ယင်း မက်မောမိဗျာလ်
တက်မက်မှုနှိုးဆော်လို့ ထောက်ချက်တွင်းထဲ
ဝင်္ကဘာအမှတ်နန့် မွေ့ပျော်လည်နီတုန်းဘာ...။

ပုံသဏ္ဍာန်မရှိရေ ညဉ့်သန်းခေါင်ယံထဲမာ
အရောင်အဆင်းမဲ့ တိမ်တစင်းကတော့
ခေါင်းရင်ကော့မော့လို့ ဝင့်ကြွားနလီယင့်...။

ယကေလေ့ ...
အဆူးအခက်မရှိရေ နှင်းဆီချေတပွင့်
ဇာလောက်ထိများ မာန်ဝင့်နိုင်ခီဖို့လဲ
စက္ကုနန့်သွန်းဆစ် မီးတောက်ထဲတိုးဝင်ယင်း
ပြာအသွင်အဖြစ် လီမာလွှင့်လီရယာယေ...။

ဆောင်းတွင်းအိမ်မက်ပိုင် ခံစားမှုတိနဲ့
ဝေဒနာဆိုးတိကို တပွေ့တပိုက်ယူဆောင်လာ
တိုးဝှေ့လီညှင်းချေကိုလေ့ အပြစ်မတင်ရက်ပါ
ရင်ထဲကထွက်လာရေ သံဇိုင်တိလမ်းပြမှုနန့်
ရှိဆက်ပြီးကေခရီးနှင်ယင်း အားအင်တိကကုန်ခမ်း
ခရီးပန်းလို့ဒေရင်မာ ချွေးသိပ်ဖြေစရာမရှိဘာ...။

အလှတရားအပြည့်နန့် သဘာဝလောက
အပြစ်ဖို့လောက်အောင် နာကျည်းလေ့
ညီမျှမှုမရှိရေ အရောင်အစပ်အဟပ်ကြောင့်
ရွာခါနီးမှပြယ်ပျက်ရရေ မိုးသားတိမ်ရိပ်တိပိုင်
ငါ့ရင်မာ့ဆိုနင့်လို့ မင်းမရှိရေတနီရာမာရာ
အာကာပြိုလောက်အောင်ထိ ရွာချပလိုက်လီဖို့ဗျာလ်...။
.............................
အားလုံးကျေးဇူးတင်ဘာရေ။

ပိုင်သျှေ

သူသိပါစီ


အမှန်မှာတော့ခါ
စွန့်လွှတ်ခြင်းဆိုစွာ
နောက်ကွယ်မှာ
တိတ်တဆိတ် အခြွီခံလိုက်ရရေ
နှလုံးသား အပိုင်းအစတိနန့်
အလွမ်းမျိုးစေ့တိ က,ရာ
ငါ့အချစ်စစ်၏ပြယုဂ်တစ်ခုလို့
ငါမြင်ရေ...။

ခွင့်လွှတ်သီးခံခြင်းကဂါ
အချစ်စစ်၏ ပြယုဂ်တစ်ခုလို့ဆိုကေ
ငါငြင်းဆန်ချင်ရေ.ချစ်သူ .
ငြင်းဆန်ပါရစီ.. ။

ဇာဖြစ်လို့လဲဆိုကေ
ငါကမှ သူ့ကို
ခွင့်မလွှတ်နိုင်စွာကို
စွန့်လွှတ်ဖို့ချစ်ခစွာလည်း
မဟုတ်ပါ...။

ခွင့်လွှတ်ဖို့ဆိုစွာထက်
ငါ သူ့ကို မိန့်ပစ်ဖို့
အယင်ကြိုးစားရဖို့သိမ့်...။

သူ့ကို မိန့်ပစ်ဖို့ဆိုစွာ
ငါ့၏ အသက်ယှူသံတိ
ရပ်တန့်လားမှ ရပ်တန့်နိုင်ဖို့လို့
ငါထင်ရေ...။

ငါ့အချစ်တိက
ပကိတိ ဖြူစင်ရေလို့
ငါမပြောချင်ပါ...။

ပြောစကားတိ ဟိခပိုင်
ချစ်သူကို ချစ်လို့
စွန့်လွှတ်ရေ စွန့်လွှတ်ခြင်းက
အချစ်စစ်ဆိုစွာကိုလည်း
ငါက လက်မခံချင်...။

စွန့်လွှတ်ရေ ဆိုစွာ
လူပျော့လူညံ့ တစ်ယောက်အလုပ်လို့ရာ
ငါက ယူဆခစွာလေ...။

ယေကေလည်း သူထင်ရေပိုင်
ညစ်ထေးနီရေ စိတ်တိလည်း
ငါ့မှာ မဟိခဖူးပါ...။

ချစ်သူကို ချစ်လို့
ရရိုးချေပိုင်ဆိုင်ချင်ရုံမျှရာ
…။

ငါ့ဘ၀မှာ
သူတစ်ယောက်တည်းကိုရာ
ချစ်ခစွာလို့
ငါမပြောချင်ပါ...။

ယေကေလည်း
တခြားသော တစ်ဦးတစ်ယောက်ကိုလည်း
သူကလွဲလို့
တစ်ဘ၀စလုံးအတွက်ချစ်ခစွာလို့
မပြောဖူးခပိုင်
ရင်ထဲက မှန်ကန်ရေ
အချစ်စစ်ဆိုဟာကိုလည်း
သူ့ကိုတွိ့မှ သိခရစော်ရာ...။

ငါ သူ့ကို ရူးသွပ်ခမိလို့
သူ့ဥပေက္ခာတိ အောက်မှာ
ငါအကြိမ်ကြိမ် ကျယှုံးခဖူးရေ...။

ယေကေလည်
ငါဒူး မထောက်ချင်ခ...။

သူ့ဘားက
ငါမျော်လင့်ပြီး
မက်မောတမ်းတခစွာ
ဖြူစင်ရေ အချစ်တခုပါရာ...။

သူ့ကို ငါ့ ရင်ထဲက
နှစ်နှစ်ကာကာချစ်ခလို့
မိန့်ပစ်ဖို့ ကြိုးစားလိုက်တိုင်း
စီးကျလာရေ ငါ့မျက်ရည်တိကို
ကာရန်မညီရေ
ဒေပိုင် တပိုင်းတစ စာသားတိအဖြစ်
ငါရီးသားချင်ရေ...။

သူ မမြင်ချင်ကေတောင်
တခေါက်လောက်လှည့်ကြည့်ပြီ့း
သူ မဖတ်ချင်ကေတောင်
ရင်ဘတ်ထဲမှာ မှတ်ထားပီးပါလို့
ငါတောင်းဆိုဖို့ဆိုကေ
ငါတရားစကေလောက်လွန်ဖို့လား ...။

ငါဆိုရေ
သူမချစ်တေ ငါက
ငါ့အတွက်, သူ အသိအမှတ်ပြုဖို့အတွက်
ငါ့နှလုံးသားကိုရင်းပြီး
ဒဏ်ရာတိ ဗရဗွက်
တစ်ဘ၀စာ ထာဝရ တူးဆွဆဲဆိုစွာကို
သူ သိပါစီ…။

သူ့ အပေါ်ထားရေ
ငါ့အချစ်တိရာ စစ်မှန်ခဖို့ဆိုကေ
ငါ့နှလုံးသား ဒဏ်ရာတိ
ရင်ထဲမှာ သည်းထန်နီရေအလွမ်းမိုးတိ
အချိန်ဆိုရေ စီရင်ချက်နန့်အတူ
လောင်ကျွမ်း ပြာကျပါစီ.. .။

ငါ့နှလုံးသား
သီဆုံးလားသည့်တိုင်အောင်
သူရို့တိ
ထာဝရ လောင်ကျွမ်းနီပါစီလို့
ဆန္ဒပြုယင်းပါ...။
(ကျောက်ဖြူသူ)

ဒီဇင်ဘာဆိုး


ခန္ဓာထက်က
စိမ်းသစ်လတ်ဆတ်နိန်ရေ
သမိုင်းအနာကိုစမ်းမိတိုင်း...။

နံရံလေးဘက်လေးတန်က
ပိတ်ဆို့ နှိပ်စက်ခြင်းတိနန့် 
အငြိုးကြီးနိန်ရေ
ပစ္စက္ခအခန်းချေထဲမှာ...။

အပြင်ဖက်က
နှင်းကြွီညဥ့်မှာ
ဆောင်းလီကြမ်းလို့ 
ချမ်းနိန်ရစွာ ကြာနိန်ဗျာလ်…။

လူမျိုးတမျိုးလုံး
အဆိပ်မိခရရေ ဒီဇင်ဘာ
တိုင်းပြည်တပြည်လုံး
ဆိတ်သုန်းပျောက်လားစီရေ ဒီဇင်ဘာ
အားကိုးအားထားလမ်းပြတံထားတိ
ကျိုးပဲ့ပျက်လားရရေ ဒီဇင်ဘာ
ဒုက္ခတိမော်ဒန်ဒီဇိုင်းအမျိုးမျိုးနန်
့ဆန်းသစ်နိန်သိမ့်ရေ ဒီဇင်ဘာ
ဆန္ဒအိမ်မက်မျှော်လင့်ချက်တိကို
သရော်စော်ကားနိန်ရေ ဒီဇင်ဘာ
နတ်ဆိုးတိကို ဂုဏ်ပြုပီးခရေ ဒီဇင်ဘာ
ကံကြမ္မာဆိုးကို အတိုးချထားခရေ ဒီဇင်ဘာ
ဒီဇင်ဘာ
ဒီဇင်ဘာ
ဒီဇင်ဘာ…၊၊

အလင်းတစက်
မီးတပြနန့် 
လက်ချင်းကူလို့ 
နွီးဖို့ ရက်က
အို... ဇာမှာ.......။ ။ ။
 (မြောက်ဦးကဘီလူး)

ရခိုင်စာ


ရခိုင်ရို့ ဘဝ
ရခိုင်ရို့ အလှ
ရခိုင်ရို့ ကိုးကွယ်ရာ ရခိုင်စာ။

ရခိုင်ရို့ ဂုဏ်သိက္ခာ
ရခိုင်ရို့ ကံကြမ္မာ
ရခိုင်ရို့ အားထားရာ ရခိုင်စာ။

ရခိုင်ရို့ တန်ဖိုး
ရခိုင္ရို ့မ်ိဳးရိုးအမြီ
ရခိုင္ရို ့အသိပညာ ရခိုင္စာ။

ရခိုင္ရို ့ဂီတ
ရခိုင္ရို ့ရသ
ရခိုင်ရို့ ယိုင်ကျေးမှု
စီးဆင်းလားနိန်ရေနိန်ရာ ရခိုင်စာ။

ရခိုင်ရို့ အတိတ်
ရခိုင်ရို့ အရိပ်
ရခိုင်ရို့ ခြီရာ ရခိုင်စာ။

ရခိုင်ရို့ ပစ္စက္ခ
ရခိုင်ရို့ အန္တိမပန်းတိုင်
ရခိုင်ရို့ ဆုပ်ကိုင်လားရာ ရခိုင်စာ။

ရခိုင်ရို့ အနာဂတ်
ရခိုင်ရို့ စိတ်ဓါတ်
ရခိုင်ရို့ ရှင်သန်ရာ ရခိုင်စာ။

ရခိုင်ရို့ အသက်
ရခိုင်ရို့ အိမ်မက်
ရခိုင်ရို့ မျှော်လင့်ချက်တိ
ကိန်းအောင်းနိန်ရေနိန်ရာ ရခိုင်စာ။


ရခိုင်ရို့ သွီး
ရခိုင်ရို့ ခရီး
ရခိုင်ရို့ လွတ်လမ်းကို
လမ်းပြပီးစီနိုင်ရေအရာ ရခိုင်စာ…။

 (မြောက်ဦးကဘီးလူ)

မှတ်ချက်။ရခိုင်သားရခိုင်သမတိက ရခိုင်စာကို မြတ်နိုးပနာ တန်ဖိုးထားလို့  ရီးသားဖို့ မကြိုးစားကတ်ကေ တခြားဇာလူမျိုးကလေ့ လာပြီးကေ ထိန်းသိမ်းစောင့်ရှောက်မြှင့်တင် ရီးပီးဖို့ မဟုတ်ပါ။ ရခိုင်စာနန့် ရခိုင်ရို့ စာပီ ဖွံ့ ဖြိုးတိုးတက်ခိုင်မာလာအောင် လုပ်ရဖို့ ဆိုရေ အသိစိတ်နန့် ဝတ္တရားက ရခိုင်သားရခိုင်သမတိုင်း ယုံကြည်စွဲမှတ်ထမ်းဆောင်လားရဖို့  မွီးရာပါတာဝန် ပင်ဖြစ်တေ။

အချစ်နန့် ချိန်းတွိခြင်း


သဇင်ပွင့်ရောင် ပါးပြင်ချေ
ဖြူစင်ဝင်းပ လှနိန်ရေ…။

ရနံ့ ချေကမွီးလို့ ကြိုင်
မောင်ကြီးစိတ်ကမထိန်းနိုင်..။

ချိန်းတွိကတ်တေ လပြည့်ည
အနမ်းမိုးတိရွာလို့ ချ…။

အချစ်တိနန့် စွတ်လို့ စို
ရင်ခွင်ထဲမှာ တေးခြင်းဆို…။

နှလုံးသားမှာ မိန့် မရ
လူပျိုဘ၀ အနှစ်သာရ….။
(မြောက်ဦးကဘီလူး)

ကျိန်စာသင့် နှလုံးသား


အချစ်ကို ကိုးကွယ်ခကေ့လေ့
အချစ်၏ ခါးသီးနာကြင်မှုတိကိုရာ
ငါ-- ထွေးပွေ့ပိုင်ဆိုင်ခရ ။

အချစ်၏
ကြင်နာ နွီးထွီးမှုအစားလတ်
နှင်းဆီးပန်းချေ တစ်ပွင့်
ဘဝနှင့်ရင်း
မြတ်နိးစွာ ငါ စိုက်ပျိုးခရေ ။

လှပရေ အဆင်းနန့်
နူးညံ့ရေ ဝတ်မှုန်လွှာရို့
ငုံအာ အဖူးမှာ
တိုက်ခတ်လာရေ
မုတ်သုန်လီ တစ်ချက်ကြောင့်
ပန်းပွင့်ချေနံဘေးက
ငါစွာ..
ထိုအဝီးကြီးသို့
လွင့်(ရွင့်)စိုင်လားခရ ။

ဖက်တွယ်ဖို့ကြိုစားယင်း
ငါ လှမ်းအကိုင်
စူးချောင်းချေတိက
ငါ့လက်ကို
ညှာတာမှုကင်း
စူးနစ်ဝင်လားကတ်တေ ။

သွီးနီတိ
ဖြာခနဲ ထွက်လာအကျ
အော်.........
ဒေချင့် အကြင်နာလတ်လား ဝေ
ရင်ထဲမှာ နင့်ခနဲ ခံစားလိုက်ရရေ ။

ပန်းပျိုးရေ လက်က
ပန်းကိုဆွတ်ဖို့
မတန်မရာ လားဝေ ။

နီးကပ်ဖို့ ကြိုးစားစဉ်မှာပင်
အသိမဲ့ရေ ငါ့ ခြီးလှမ်းတိ နောက်ဆုတ်
အချစ်၏
ထို..အစွန်းးတစ်ဖက်ကို
ငါ ရောက်မှန်းမသိ ရောက်လား ရခရေ
တစ်ဖြည်းဖြည်းနန့်
အဝီး အဝီးဆုံးကိုလေ ။

 (မောင်ချေ)

ပညာတတ် ဖပြုတ်ကေ

အဘာလေ့
ကြည့်ချထော
ကိုယ့်စွာကို ကျမ်းတတ်ပိုင်
ပြောလိုက်တေ စကားတိ
ငါရို့ လိုက်မမှီရာ ဒေ ....။

အဘာလေး...
ကြည့်ချထော
ချပြလိုက်တေ ပုံသေနည်း
အိုင်စတိုင်းတောင်
အဖိုးသျှင်ခေါ်နိန်ရယင့် ....။

အဘာလေး
ကြည့်ချထော
ကလိုက်တေဓား ပြိုန်းတောမှာ
သနားဖို့ ကောင်းလိုက်တေ
တတောလုံး ပြောင်လား ယင့် .....။

အဘာလေး
ကြည့်ချထော
ငြင်းလိုက်တေ ပြဿနာ
ရိုင်တည်ထားကေ
ရခိုင်ပြည် ကမ္ဘာကျော်လားဖို့ ယေ....။

အဘာလေး
ကြည့်ချထော
သျှင်ပြုပွဲလေ့ ဒေလူ
သမက်တတ်ပွဲလေ့ ဒေလူ
မရောက်စွာ ဟိမ့်သိမ့်လာဂု ......။

အဘာလေး
ကြည့်ချထော
မပြောချင်လို့ နိန်ရေလှုတိကို
ဆီးဆုံး ထင်နိန်လာမသိမ့်
ကျောက်ခဲ့ပိုက်ကေ
လက်ညောင်းလတ်မေ လို့ ဒေ..........။

ပြောခီကေ ခွီးပိုင်ကိုက်
မပြောခီကေ လဘောထင်
ဆီးဆောက်ကရောက် ပေါလဆီတိနန့်
အရည်မရ အဖတ်မရ
စုတ်ပီ စုတ်ပ ရီမှာဆုံး
ဖပြုတ်ကေ ရာဇ၀င် တုံး .....။

မင်းရို့တိလား
ရက္ခတိုင်းကို ကယ်တင်ဖို့ လူတိ
အလှပနိန်....မဟုတ်ကေ
ငါ...ဒရွင်စည်တီးလို့
ကမင်ညစ်ဖို့ ကျဖို့ ဒေ.....။
...............................
အေးမောင်(ရင်အုံတော်ဓာတ်)

အိန်တာနတ်ချစ်သူ

 
(ပင့်ကူ)ပင်းခူအိမ်ချေပိုင်
လျှပ်စစ်စီးကြောင်းတိလက်ချင်းဆက်ထားရေ
ဝင်္ကဘာကွန်ယှက်ထဲမှာ
နှလုံးသားစာသားနန့် 
ရင်ခုန်ခြင်းသံဇိုင်ကို
တီးခတ်ဆိုလို့ 
မီးကိုရှာတွိခကတ်တေ လူတိထက်
ဒီဂရီမနိမ့်ကျရေ အပျော်တိနန့် 
အချစ်ကို မြင်လာကတ်တေ…။

ရင်ဖတ်အခွံနန့် 
မျှော်လင့်ချက်တိ ပျောက်နိန်ခရေ
အထီးကျန်နိန့် ရက်ချေတိ
အသက်ဝင်လတ်ဆတ်
လမ်းစ လျှောက်တတ်တေ
အဘုသျှေပိုင်
အချစ်ခရီးအတွက်
တာစထွက်ခွင့်ရပါလတ်တေ…။

ရီမြီကွာခြား
ပထ၀ီနံရံတိကြားမှာ
ရင်ချင်းကပ်ပနာ
ကဗျာစပ်ဖို့ မဖြစ်နိုင်ကေလေ့
အလွမ်းတိကို စွန်လုပ်ပနာ
အိန်တာနတ်အာကာပြင်မှာ
စက္ကန့် မိနစ်တိုင်းတင်ခွင့်ရနိန်ခြင်းက
အရသာတမျိုး…။
 (မြောက်ဦးကဘီလူး)

လှစီချင်ရေ အိမ်အပြန်လမ်း


အဖြူရောင်သုတ်ထားရေ
အာကာမိုးရိပ်တိထဲမှာ
စိတ်ကူးတောင်ပံဖြန့် လို့ 
ပျံကြည့်ချင်ယင့်…။

ထိုး…အ၀ီးမှာ
ပြောင်းလဲခြင်းတရားကို
နောက်လှည့်ထိုင်ထားရရေ
ရိုးမတိုင်း
အိမ်မက်ရိုင်းတိနန့် 
ဘင်္ဂလားလှိုင်းသံတိကြားမှာ
တတိတ်ချေ ဆိတ်ငြိမ်လို့ 
အတွင်းဒဏ်ရာ
သမိုင်းအနာတိနန့် 
သမိုင်းစကားကိုပြော
အနာဂတ်ကို တွိချင်ဇောနန့် 
ပစ္စက္ခလမ်းမထက်မှာ
လားနိန်ရစွာ ညောင်းနိန်လောက်ဗျာယ်….။

အသိတခု
အရင်းပြုလို့ 
တတ်နိုင်သလောက်ဝိုင်းဗျာယ်ကူ
စိတ်တူလက်တွ
ရင်ချင်းမြဲကေ
သေချာပါရေဝေ
ငါရို့ တိ အိမ်ပြန်လှကတ်ဖို့ ယေ…။

မြောက်ဦးကဘီလူး

နီဝင်ချိန်ညဇာ


ညဇာဖက် နီဝင်ချိန်ကသင်္ခါရတရားကိုထမ်းလို့ 
စိတ်ဓါတ်တိအ၀ိစီတွင်းဆုံးထိကျပနာ
မျှော်လင့်ချက်ပျောက်နိန်ရေလူတယောက်ပိုင်
မဖြစ်နိုင်ခြင်းတေးခြင်းကိုဆိုလို့ 
အိပ်ရာဝင်ဖို့ ပြင်နိန်ယင့်….။

မှောင်ရိပ်သန်းနိန်ရေ အာကာပြင်ထက်က
ကြယ်တိမလင်းရေ လမ်းမှာ
မိုးရိပ်ချေတိ ခိုကိုးရာမဲ့လားလို့ 
အသိုက်ပျောက်နိန်ရေ ငှက်ချေတိ
တနားဇာချေရဖို့ 
ရွက်ခြောက်ပင်ကိုင်းဖျားတိကို
လိုက်ရှာနိန်ကတ်ယင့်….။

ခန္ဓာကိုယ်သွီးသားထဲက
ခွန်အားတိကို ထုတ်ရောင်းပနာ
တရက်လုံးရုန်း
ဂေါင်းဆုံးကခြီဖျား
ချွေးတိစီးကျလားမှ
ရလာရေ ဒင်္ဂါးချေကို
ဆန်တစ်သိုက်ဝယ်ပနာ
အိမ်ပြန်လာရေ အမိတယောက်မျက်နှာမှာ
အချေသုံးယောက်ဝမ်းဆာနိန်ဖို့ ဗျာယ်လို့ 
စိုးရိမ်စိတ်အပူလှိုင်းတိဖြတ်လို့ 
တထွာဝမ်းနန့် 
ဆီခမ်းနိန်ကတ်ရရေ ဘဝ
ပကတိဒုက္ခကို
ကျင်ကိုင်နိန်ကတ်ရယင့်….။

နီဝင်ချိန်ညဇာ
ငါရို့ ရခိုင်ပြည်မှာ
ဒေပိုင် နီဝင်ချိန်ညဇာ
ငါရို့ လခြမ်းမြီမှာ
တခုပိုင်လေ့ မလှပါ…..။
 (မြောက်ဦးကဘီလူး)

ရင်ကလွမ်းရေ အာသျှနီဝန်း



အသျှင်ချခရေ
နိုင်ငံရေးမျိုးစိ
ရခိုင်ပြည်မှာရာ
ရှင်သန်လာခကေ...။

အသျှင်ပြောခရေ
နိုင်ငံရေးစကား
ရခိုင်သားနားမှာ
ရက်ပြတ်ကြားပနာ
မှတ်မိနိန်ပါကေ..။

အသျှင်ပီးခရေ
နိုင်ငံရေးအသိ
ရခိုင်သားတိနှလုံးသားမှာ
စွဲငြိလို့ ရာ
ကျန်နိန်ခပါကေ...။

ယာသျှင်ကိုမျောက်နှင်
အသျှင်သခင်ကိုစော်ကား
ဘုရားစင်ထက်မှာထိုင်
အစိုင်မကောင်းရေ
အောက်သားစစ်ခွီးတိ
ရခိုင်ပြည်ကိုအမှောင်ကြီးချ
ကျွန်ဇတ်ကခိုင်းနိန်စွာကို
တွန်းလှန်ဖြိုချ
ဆုံးမဒဏ်ပီး
ရခိုင်သွီးတိနီနိန်ကြောင်းကို
ပြလို့ နိန်ကတ်ဖို့ ဒေ..။

လွမ်းမိပါရေ
အာသျှနီဝန်း
အသျှင်ထွန်းခပိုင်
ပြည်ရခိုင်ကို
ခေတ်သစ်ကမ္ဘာမှာ
ထိန်ထိန်လင်းလာစီဖို့ 
နီဝန်းသစ်တိ လိုအပ်နိန်ပါရေ..။

........................

မြောက်ဦးကဘီလူး

Tuesday, 14 October 2014

ရွှေနန်းရှင်နှင့် အာဏာပိုင် အပိုင်း(၂)



အသက်ကိုးနှစ်လောက်ကတည်းက ထိုင်းဘုရင်ဖြစ်လာတဲ့ အနန္ဒမဟီဒေါဟာ ဖခင်ဖြစ်သူ နိုင်ငံခြားရောက်နေတဲ့အချိန် ဂျာမနီနိုင်ငံ၊ Heidelberg မှာ မွေးဖွားခဲ့သူဖြစ်ပါတယ်။ ထိုင်းဘာသာစကားထက် ဥရောပဘာသာစကားတွေကို ပိုကျွမ်းကျင်ပြီး အနောက်တိုင်းယဉ်ကျေးမှုနဲ့ ကြီးပြင်းခဲ့ရသူဖြစ်ပါတယ်။ သူ့ခမည်းတော်မင်းသား မဟီဒေါကိုယ်တိုင်က ထီးညွှန့်နန်းလျာမဖြစ်ခဲ့တဲ့အတွက် အနန္ဒမဟီဒေါနဲ့ ဘူမိဘောတို့ညီအစ်ကိုဟာ နောင်တချိန်မှာ ဘုရင်ဖြစ်လာလိမ့်မယ်လို့ ဘယ်သူကမှ မမျှော်လင့်ခဲ့ကြပါဘူး။ အနန္ဒမဟီဒေါဘုရင်ဖြစ်ပြီးတဲ့အချိန်ထိ နိုင်ငံခြားမှာ ကြီးပြင်းလာခဲ့တဲ့ ညီနောင်နှစ်ပါးဟာ အချင်းချင်းစကားပြောရင် မိခင်ထိုင်းဘာသာစကားနဲ့ မပြောပဲ ပြင်သစ်စကားနဲ့ပဲ ပြောလေ့ရှိတယ်လို့ သိရပါတယ်။ ကိုယ်ဟန်အမူအရာ ယဉ်ကျေးသိမ်မွေ့ပြီး ကျန်းမာရေးချူချာတဲ့ အနန္ဒမဟီဒေါဟာ မိခင်ဖြစ်သူရဲ့ အချစ်ဆုံးသားကြီးဖြစ်ပါတယ်။

အနန္ဒမဟီဒေါနှင့် ဘူမိဘော ညီအစ်ကို
ထိုင်းနိုင်ငံကိုအလည်ပြန်လာတဲ့ အနန္ဒမဟီဒေါဘုရင်လေး






































မင်းပျိုမင်းလွင် ညီနောင်နှစ်ပါး


ချက္ကရီမင်းဆက်ရဲ့ အဌမမြောက်ရာမဘုရင် အနန္ဒမဟီဒေါရဲ့ ပဟေဠိဆန်တဲ့ နတ်ရွာစံမှုမတိုင်ခင် ၇-လအလို ၁၉၄၅ခုနှစ် ဒီဇင်ဘာလ ၅ရက်နေ့မှာ ဆွစ်ဇာလန်ကနေ ထိုင်းကိုပြန်လာတဲ့ အနန္ဒမဟီဒေါမိသားစုကို အစိုးရက ခန့်အပ်ထားတဲ့ ဘုရင့်ကိုယ်စားလှယ်တော် ပရီဒီ(Pridi Phanomyong)က ဒွန်မောင်းလေဆိပ်မှာ တော်ဝင်အခမ်းအနားနဲ့ဒူးထောက်ကြိုဆိုခဲ့ပါတယ်

ထိုင်းနိုင်ငံရေးလောကထဲမှာ ကြီးထွားလာခဲ့ပါတယ်။ မဟီဒေါဘုရင်လေး ထိုင်းကိုပြန်လာပြီး မကြာခင်မှာပဲ ပြိုင်ဖက် စစ်အာဏာရှင်ဆုန်ခရမ်ကို ရာထူးကနေဖယ်ရှားပြီးနောက်ပိုင်း ပရီဒီရဲ့သြဇာဟာ ပရီဒီဟာ ဘုရင့်ကိုယ်စားလှယ်တော် ရာထူးကနေ ပြန်နုတ်ထွက်ခဲ့ပြီး နိုင်ငံတော်အကြံပေးအရာရှိအဖြစ် တာဝန်ယူခဲ့ပါတယ်။ ထိုင်းစကားကို ကျွမ်းကျွမ်းကျင်မပြောတတ်သေးတဲ့၊ ထိုင်းယဉ်ကျေးမှုနဲ့ စိမ်းနေသေးတဲ့ ဘုရင်လေးဟာ အစောပိုင်းကာလတွေမှာ ပရီဒီပုံစံသွင်းသလို လိုက်လုပ်နေခဲ့တာပါ။ ဒါပေမယ့် လပိုင်းအတောအတွင်းမှာပဲ အာနန္ဒမဟီဒေါဘုရင်လေးဟာ ထိုင်းပြည်သူတစ်ရပ်လုံးရဲ့ နှလုံးသားကို ရာဇအိနြေ္ဒအပြည့်နဲ့ သိမ်းပိုက်နိုင်ခဲ့ပါတော့တယ်။


နန်းစွန့်ဘုရင် ဖရာချာ့ဒိပေါက်ခ်ရဲ့နေရာကို ဆက်ခံဖို့  အာနန္ဒမဟီဒေါကို ထီးညွှန့်နန်းလျာအဖြစ် ရွေးချယ်တဲ့နေရာမှာ အစိုးရထဲက မင်းဆွေမင်းမျိုးတွေအပြင် အရပ်သားအစိုးရအဖွဲ့ဝင် ပရီဒီလည်း နောက်ကွယ်ကနေ ပါဝင်ခဲ့ပါတယ်။ မဟီဒေါဘုရင်မိသားစု လေဆိပ်ကနေ အမိုးဖွင့်ကားနဲ့ နန်းတော်ဆီသွားရာ လမ်းတလျှောက်မှာ ထောင်ပေါင်းများစွာရှိတဲ့ ထိုင်းပြည်သူတွေဟာ သူတို့ရဲ့ဘုရင်လေးကို သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပါတယ်။ အဲဒီအချိန်မှာ နိုင်ငံရေးလောကရဲ့ အပြင်ဖက်က သာမန်ထိုင်းပြည်သူတွေဟာ မကြာခင်မှာ ကြုံရမယ့် အနန္ဒမဟီဒေါရဲ့ ဖြစ်ရပ်ဆိုးကို ယောင်လို့တောင် တွေးမိမှာမဟုတ်ပါဘူး။


ညီတော်နှင့်အတူ တိုင်းခိုင်းလှည့်လည်နေသော အနန္ဒမဟီဒေါဘုရင်















































အသက် ၂၀ အရွယ် အနန္ဒမဟီဒေါ ဘုရင့်တာဝန်ကို အပြည့်အ၀ထမ်းဆောင်နေတဲ့အချိန်မှာ ထိုင်းနိုင်ငံရေးလောကထဲမှာ ပါဝါလွန်ဆွဲမှုတွေ ပြင်းထန်လာနေခဲ့ပါတယ်။ ပရီဒီရဲ့ သြဇာကြီးမားလာတာနဲ့အမျှ နိုင်ငံရေးလောကထဲမှာ ပရီဒီကိုထောက်ခံတဲ့အုပ်စုနဲ့ သူ့ကို တူးတူးခါးခါး ဆန့်ကျင်တဲ့အုပ်စုဆိုပြီး နှစ်စုကွဲနေခဲ့ပါတယ်။ ပရီဒီကိုဆန့်ကျင်တဲ့ အုပ်စုထဲမှာတော့  ပရီဒီရဲ့ပြိုင်ဖက် မင်းဆွေမင်းမျိုးတစ်ဦးဖြစ်တဲ့ ၀န်ကြီးချုပ် Seni Pramoj ရဲ့ Royalist ဘက်တော်သားတွေ ပါဝင်နေပါတယ်။ ၀န်ကြီးချုပ် Seni ရာထူးကနှုတ်ထွက်တဲ့အချိန်မှာ ပရီဒီကို ထောက်ခံတဲ့အုပ်စုတွေက သူ့ကို ၀န်ကြီးချုပ်အဖြစ် အဆိုတင်သွင်းခဲ့ပေမယ့် သူကငြင်းဆန်ပြီး သူ့ရဲ့ဘက်တော်သားတစ်ဦးကို ၀န်ကြီးချုပ်လောင်းအဖြစ် အဆိုပြုခဲ့ပါတယ်။ ဒါပေမယ့် ပါလီမန်က ပရီဒီအဆိုပြုတဲ့ပုဂ္ဂိုလ်ကို မရွေးပဲ ယခင်ဝန်ကြီးချုပ်ဟောင်းတစ်ဦးဖြစ်တဲ့ Khuang Aphaiwong ကို ထိုင်းနိုင်ငံရဲ့ဝန်ကြီးချုပ်အဖြစ် ပြန်လည်တင်မြှောက်လိုက်ပါတယ်။ Khuang ဟာရာထူးလက်ခံပြီး အစိုးရဖွဲ့တဲ့အခါ ပရီဒီကိုဆန့်ကျင်တဲ့အုပ်စုထဲက မင်းဆွေမင်းမျိုးတချို့ကို ၀န်ကြီးရာထူးတွေ ပေးခဲ့ပါတယ်။ တပ်မတော်ဗိုလ်မှူးဟောင်းနဲ့ ဥပဒေပညာရှင်တစ်ဦးဖြစ်တဲ့ Khuang ရဲ့ ဒုတိယအကြိမ်မြောက် ၀န်ကြီးချုပ်ရာထူးသက်တမ်းဟာ သုံးလပဲကြာမြင့်ခဲ့ပြီး ၁၉၄၆ ဇန်န၀ါရီကနေ မတ်လထိပဲ အာဏာရှိခဲ့တာပါ။ Khuang ရာထူးကနေ နုတ်ထွက်သွားတဲ့အချိန်မှာ ပရီဒီတစ်ယောက် ထိုင်းနိုင်ငံရဲ့ ၀န်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။

ဝန်ကြီးချုပ် ပရီဒီ





















သမ္မာဆတ်တက္ကသိုလ်ကို စတင်ထူထောင်သူနဲ့ ထိုင်းနိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲရေးမှာ အဓိကဗိသုကာတစ်ဦးဖြစ်တဲ့၊ ပြည်ထဲရေးဝန်ကြီး၊ဘဏ္ဍာရေးဝန်ကြီး၊နိုင်ငံခြားရေးဝန်ကြီး၊ ဘုရင့်ကိုယ်စားလှယ်တော် တာဝန်တွေကို အဆင့်ဆင့်ထမ်းဆောင်ပြီး ၀န်ကြီးချုပ်ဖြစ်လာတဲ့ ပရီဒီဟာ ထိုင်းနိုင်ငံရဲ့ အထင်ရှားဆုံး တိုင်းပြုပြည်ပြုပုဂ္ဂိုလ်(Stateman) တစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် ပရီဒီလက်ထဲက နိုင်ငံရေးအာဏာဟာ ဘုရင်အနန္ဒမဟီဒေါ ရုတ်တရက် နတ်ရွာစံမှုကြောင့် တာရှည်မခံခဲ့ပါဘူး။

၁၉၄၆ခုနှစ် ဇွန်လ ၇ရက်နေ့မှာ ဘုရင်မဟီဒေါက ၀န်ကြီးချုပ်ပရီဒီကို ဘုရင့်ကိုယ်စားလှယ်တော်ကောင်စီကို အသစ်ပြန်လည်ဖွဲ့စည်းမယ့်ကိစ္စနဲ့ ပတ်သက်ပြီး ခေါ်တွေ့ပါတယ်။ ကောင်စီအဖွဲ့ဝင်ရွေးချယ်တဲ့နေရာမှာ ပရီဒီနဲ့ ဘုရင်မင်းမြတ် သဘောထားကွဲလွဲပြီး အငြင်းပွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီအငြင်းပွားမှုဟာ နောင်တချိန်မှာ ဆန့်ကျင်ဖက်အုပ်စုတွေက ပရီဒီရဲ့ နောက်ကျောကိုဓားနဲ့ထိုးဖို့ အကောင်းဆုံးအခွင့်အရေးတစ်ခု ဖြစ်သွားခဲ့ပါတယ်။

ပရီဒီနဲ့ဘုရင်မဟီဒေါတို့ အငြင်းပွားမှုအပြီး နောက်နှစ်ရက်အကြာမှာ တိတ်ဆိတ်ငြိမ်သက်နေတဲ့ နန်းတော်တွင်းမှာ သေနတ်သံတစ်ချက် ရုတ်တရက်ထွက်ပေါ်လာပါတယ်။ မယ်တော်၊ညီတော်ဘူမိဘောနဲ့ နန်းတော်အမှုထမ်းတွေဟာ သေနတ်သံထွက်ပေါ်လာရာ ဘုရင့်စက်ရာဆောင်ကို အပြေးအလွှားရောက်သွားတဲ့အချိန်မှာတော့ ညအိပ်ဝတ်စုံအပြာရောင်ကို ၀တ်ဆင်ထားတဲ့ ဘုရင်လေးဟာ နဖူးမှာသေနတ်ဒဏ်ရာနဲ့ အိပ်ရာထဲမှာ အသက်မဲ့နေတာကို တွေ့လိုက်ရပါတော့တယ်။ သူ့နဘေးမှာတော့ အမေရိကန်စစ်တပ်သုံး Colt.45 ပစ္စတိုကို တွေ့လိုက်ရပါတယ်။ အဲဒီအချိန်မှာတော့ အမြဲတမ်း တိတ်ဆိတ်ငြိမ်သက်နေတဲ့ ထိုင်းဘုရင့်နန်းတော်တစ်ခုလုံး ငိုကြွေးရှိုက်သံတွေနဲ့ ဆူညံသွားခဲ့ပါတော့တယ်။  တသက်တာပတ်လုံး ငါးနှစ်တောင်ပြည့်အောင် မနေဖူးတဲ့  ထိုင်းနိုင်ငံဟာ အနန္ဒမဟီဒေါဘုရင်လေးအတွက် ခေါင်းချရာနေရာဖြစ်သွားခဲ့ပါပြီ။

အနန္ဒမဟီဒေါနတ်ရွာစံပြီး မကြာခင်မှာပဲ ထိုင်းပါလီမန်မှာ အရေးအပေါ်အစည်းအဝေးတစ်ခု ဆင့်ခေါ်ပြီး လစ်လပ်သွားတဲ့ ဘုရင့်နေရာကို ခန့်အပ်ဖို့ အရေးတကြီး ဆွေးနွေးပြီးတဲ့နောက်မှာတော့ ချက္ကရီထီနန်းဟာ ညီတော်ဘူမိဘောမင်းသားအတွက် ဖြစ်လာခဲ့ပါတယ်။ ဘသိက်မြှောက်အခမ်းအနားမှာ တော်ဝင်ကောင်စီအကြီးအကဲ မင်းသားကြီး ရန်ဂ်စစ်က ချက္ကရီထီးနန်းဦးသျှောင်သရဖူကို န၀မမြောက်ရာမဘုရင်အဖြစ် နန်းတက်တဲ့ ဘူမိဘောအဒူလျာဒက်ကို အပ်နှင်းပေးခဲ့ပါတယ်။

မင်းသား ဘူမိဘော ထိုင်းဘုရင် ရာမ ၉ အဖြစ် ဘိသက်ခံယူစဉ်





















ဘူမိဘောဘုရင်နန်းတက်ပြီးမကြာခင်မှာပဲ ထိုင်းအစိုးရ၀န်ကြီးချုပ် ပရီဒီဟာ ထုံးတမ်းစဉ်လာအတိုင်း ဘုရင့်ရှေ့တော်ကို အခမ်းအနားနဲ့ အခစားဝင်ရောက်ခဲ့ပါတယ်။

မဟီဒေါဘုရင် သေနတ်ဒဏ်ရာနဲ့ နတ်ရွာစံတဲ့ဖြစ်ရပ်ကို အစိုးရက ဖြစ်ဖြစ်ချင်း ဇွန်လ၉ရက်နေ့မှာ မတော်တဆမှုအဖြစ် သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

ဒီသတင်းထုတ်ပြန်ချက်ဟာ ၀န်ကြီးချုပ်ပရီဒီက ဘုရင့်မယ်တော်၊ တော်ဝင်ကောင်စီအကြီးအကဲ မင်းသားကြီး ရန်ဂ်စစ်တို့နဲ့ တိုင်ပင်ပြီး ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ ဒီထုတ်ပြန်ချက်ထဲမှာ အစာအိမ်ရောဂါ ခံစားနေရပြီး အားနည်းနေတဲ့ ဘုရင်လေးဟာ သေနတ်ကိုဆော့ကစားရင်း မတော်တဆ ကျည်ထိမှန်ပြီး နတ်ရွာစံသွားတယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် ရက်ပိုင်းအတွင်းမှာပဲ နန်းတော်အသိုင်းအ၀ိုင်းနဲ့ နိုင်ငံရေး လောကထဲမှာ ဘုရင်နတ်ရွာစံမှုနဲ့ ပတ်သက်ပြီး ကောဟာလဟတွေ အများကြီးထွက်ပေါ်လာခဲ့ပါတယ်။ တော်ဝင်မိသားစုနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းကထွက်လာတဲ့ ကောဟာလဟတွေထဲမှာတော့ ဘုရင်လေးဟာ မိသားစုနဲ့ ကိုယ်ရေးကိုယ်တာပြဿနာတွေကြောင့် စိတ်ဖိစီးမှုများပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံတာဖြစ်တယ် ဆိုတဲ့အချက်ဟာ အတော့်ကိုရေပန်းစားခဲ့ပါတယ်။ မဟီဒေါဘုရင်လေးမကွယ်လွန်ခင် မယ်တော်ဖြစ်သူ မုဆိုးမဆန်ဂ်ဝါနဲ့ အကြီးအကျယ်စကားများခဲ့ပြီး အဲဒီပြဿနာဖြစ်တဲ့အကြောင်းရင်းက အရွယ်ရှိသေးတဲ့ မုဆိုးမမိခင်ဖြစ်သူရဲ့ နှလုံးသားရေးရာ ဇာတ်ရှုပ်တွေကြောင့် အရှက်ရပြီး သေကြောင်းကြံတာ ဖြစ်တယ်လို့ သတင်းထွက်ခဲ့ပါတယ်။ နောက်ထပ် ကောဟလဟတစ်ခုက အနန္ဒမဟီဒေါဟာ သူသဘောမတူပဲ ဘုရင်အဖြစ်အတင်းအကြပ် တင်မြှောက်ခံခဲ့ရတဲ့အတွက် ဆွစ်ဇာလန်မှာ တက္ကသိုလ်တက်တုန်းက ချစ်ကြိုက်ခဲ့တဲ့ ဆွစ်လူမျိုးချစ်သူနဲ့ ကွဲကွာခဲ့ရလို့ အသည်းကွဲပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံတာဖြစ်တယ် ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။ ဒီသတင်းတွေဟာ ဖြစ်နိုင်ချေရှိပေမယ့် သက်သေအထောက်အထား ခိုင်ခိုင်လုံလုံမပြနိုင်တဲ့ ကောဟာလဟတွေ ဖြစ်ကြပါတယ်။ နောက်ပိုင်းမှာ အစိုးရက စုံစမ်းရေးကော်မရှင်တစ်ရပ်ဖွဲ့ပြီး စုံစမ်းစစ်ဆေးခဲ့ပါတယ်။ ၁၉၄၆ခုနှစ် အောက်တိုဘာမှာ ထုတ်ပြန်ခဲ့တဲ့ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာမှာတော့ ဘုရင်နတ်ရွာစံခြင်းဟာ မတော်တဆဖြစ်မှု လုံးဝမဟုတ်ဘူးလို့ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် လုပ်ကြံခံရတာ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို သေကြောင်းကြံတာလားဆိုတာနဲ့ ပတ်သက်ပြီးတော့ သဲသဲကွဲကွဲ ဖော်ပြထားတာ မတွေ့ရပါဘူး။ ထိုင်းနိုင်ငံတ၀န်းလုံးမှာ ပြန့်နှံ့နေတဲ့ မေးခွန်းတစ်ခုကတော့ အနန္ဒမဟီဒေါကို ဘယ်သူလုပ်ကြံတာလဲ ဆိုတဲ့မေးခွန်းပဲဖြစ်ပါတယ်။

အဲဒီမေးခွန်းအတွက် ရေပန်းအစားဆုံး ကောဟာလဟကတော့ ဘုရင်မဟီဒေါကို ၀န်ကြီးချုပ်ပရီဒီနဲ့ လက်ပါးစေတွေက လုပ်ကြံသတ်ဖြတ်ခဲ့တာဖြစ်တယ်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။ အဲဒီသတင်းဟာ ပရီဒီကို မုန်းတီးနေတဲ့ မင်းမျိုးမင်းနွယ်အသိုင်းအ၀ိုင်းကနေ ထွက်လာတာဖြစ်ပြီး တော်ဝင်ကောင်စီ ရွေးချယ်ရေးကိစ္စနဲ့ ပတ်သက်ပြီး အနန္ဒမဟီဒေါနဲ့ပရီဒီကြားမှာ ဖြစ်ပွားခဲ့တဲ့ သဘောထားကွဲလွဲမှုကို အခြေခံပုံရပါတယ်။ ဒါပေမယ့် ဒီစွပ်စွဲမှုအတွက် ခိုင်မာတဲ့ သက်သေအထောက်အထား မယ်မယ်ရရမပြနိုင်ပဲ ပရီဒီကို နိုင်ငံရေးလောကကနေ ဖယ်ရှားလိုတဲ့ရည်ရွယ်ချက်နဲ့ ထွက်လာတဲ့ ကောဟာလဟပဲဖြစ်ပါတယ်။ နောက်ထပ် ကောဟာလဟတစ်ခုကတော့ ညီတော်ဘူမိဘောဟာ ဘုရင်ဖြစ်ချင်တဲ့အတွက် နောင်တော်ကို လုပ်ကြံသတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ကောဟာလဟပဲဖြစ်ပါတယ်။ အနန္ဒမဟီဒေါအခန်းက သေနတ်သံထွက်ပေါ်မလာခင် မိနစ်၂၀ခန့်အလိုမှာ နောက်ဆုံးတွေ့ဆုံခဲ့သူက ညီတော်ဘူမိဘောပဲဖြစ်ပါတယ်။ ဘူမိဘောဟာ နောင်တော်ရဲ့အခန်းကို ၀င်ခဲ့ပြီး အဲဒီအချိန်မှာ နောင်တော်ဟာ အိပ်ရာပေါ်မှာ ငိုက်မြည်းနေတယ်လို့ စုံစမ်းထောက်လှမ်းတဲ့အချိန်မှာ ထွက်ဆိုခဲ့ပါတယ်။ ဒါပေမယ့် ညီတော်ဘူမိဘောက နောင်တော်ကို လုပ်ကြံသတ်ဖြတ်ခဲ့တယ်ဆိုတဲ့အချက်နဲ့ ပတ်သက်လို့ ခိုင်မာတဲ့သက်သေအထောက်အထား မတွေ့ရပါဘူး။ ခုချိန်ထိ တရားခံတိတိကျကျ မဖော်ထုတ်နိုင်ခဲ့တဲ့ ဒီပဟေဠိဆန်တဲ့ သေဆုံးမှုဟာ လက်ရှိဘုရင်ဘူမိဘောရဲ့ လက်ချက်ဖြစ်တယ်၊ သူ့ရဲ့သြဇာကြောင့် ဒီအမှုကို ခုချိန်ထိဘယ်သူမှ မဖော်ထုတ်နိုင်ခဲ့ဘူးဆိုတဲ့ သံသယကတော့ ဆယ်စုနှစ်ပေါင်းများစွာ ကြာတဲ့အထိ တည်ရှိနေတုန်းပါပဲ။ ဒီကောဟာလဟတွေနဲ့ ပတ်သက်ပြီး နိုင်ငံခြားသံတမန်တွေဆီကို နန်းတွင်းအသိုင်းအ၀ိုင်းကနေ လူသတ်တရားခံအဖြစ် အများဆုံးလက်ညှိုးထိုးခဲ့တာကတော့ ၀န်ကြီးချုပ်ပရီဒီပဲဖြစ်ပါတယ်။

ဘုရင်ဘူမိဘောက ပရီဒီဟာ သူ့နောင်တော်ကို လုပ်ကြံခဲ့တဲ့ကိစ္စမှာ ပါဝင်ပတ်သက်လိမ့်မယ်လို့ သူမထင်ဘူးဆိုပြီး နောက်ပိုင်းမှာ အလွတ်သဘောပြောခဲ့ပေမယ့် စုံစမ်းရေးကော်မရှင်မှာ ထွက်ဆိုတဲ့အချိန်တုန်းကတော့ အဲဒီကောဟာလဟနဲ့ ပတ်သက်ပြီး ဘာတစ်ခုမှ မှတ်ချက်မပေးခဲ့ပါဘူး။ အဲဒီအချက်ကိုကြည့်ရင် အမှုစစ်ဆေးစဉ်ကာလ အတောအတွင်းမှာ  ဘူမိဘောရဲ့ ရပ်တည်မှုအနေအထားက စဉ်းစားစရာဖြစ်နေပါတယ်။ ဒီလိုမျိုးစွပ်စွဲမှုတွေ၊ ကောဟာလဟတွေနဲ့ ရှုပ်ထွေးနေတဲ့အချိန် ဘုရင်အနန္ဒမဟီဒေါရဲ့ နတ်ရွာစံမှုနဲ့ပတ်သက်ပြီး အများပြည်သူကို အသိပေးတဲ့အချိန်မှာ နတ်ရွာစံဘုရင်ရဲ့ ဂုဏ်သိက္ခာပိုင်းနဲ့ ပတ်သက်ပြီး တော်ဝင်အသိုင်းအ၀ိုင်းမှာ အငြင်းပွားစရာဖြစ်ခဲ့ပါတယ်။ တိုင်းပြည်က ဘုရားတစ်ဆူ၊ဂူတစ်လုံး ကိုးကွယ်ခံထားရတဲ့ ဓမ္မရာဇာဟာ သေကြောင်းကြံတာ ဒါမှမဟုတ် ရှေးဘ၀ အကုသိုလ်ကြောင့် မတော်တဆကျည်ဆန်ထွက်ပြီး နတ်ရွာစံသွားရတယ်ဆိုတဲ့ အချက်ဟာ တော်ဝင်မိသားစုရဲ့ပုံရိပ်ကို အများကြီးထိခိုက်တယ်၊ ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတဲ့ ဝေဖန်မှုတွေထွက်ပေါ်ခဲ့ပါတယ်။ ပရီဒီအစိုးရကနေ သတင်းထုတ်ပြန်တဲ့ ဘုရင်မဟီဒေါဟာ မတော်တဆမှုကြောင့် နတ်ရွာစံသွားတယ်ဆိုတဲ့ အချက်ကို Royalist တွေက ခါးခါးသီးသီးငြင်းဆန်ခဲ့ပြီး လူသတ်မှုကိုဖုံးကွယ်ဖို့ ကြိုးစားတယ်ဆိုပြီး စွပ်စွဲခဲ့ကြပါတယ်။

အဲဒီစွပ်စွဲမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ၀န်ကြီးချုပ်ပရီဒီဟာ အထွေထွေရွေးကောက်ပွဲအပြီး ၁၉၄၆ခုနှစ် သြဂုတ်လ ၂၃ရက်နေ့မှာ ၀န်ကြီးချုပ်ရာထူးကနေ နုတ်ထွက်ပေးလိုက်ရပါတယ်။ ပရီဒီရဲ့နေရာကို ဆက်ခံသူ ကတော့ သူ့ရဲ့မဟာမိတ် တစ်ဦးဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ အဌမမြောက် ၀န်ကြီးချုပ် သာဝန်သန်မ်ရောင် (Thawan Thamrongnawasawat) ပဲဖြစ်ပါတယ်။ ဒါပေမယ့် ၁၉၄၇ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ ထိုင်းတပ်မတော်က ဒုတိယဗိုလ်ချုပ်ကြီး Phin Choonhavan နဲ့ ဗိုလ်မှူးကြီး Kat Katsongkhram တို့ အာဏာ ပြန်သိမ်းလိုက်လို့ ၀န်ကြီးချုပ် သန်မ်ရောင် အစိုးရပြုတ်ကျပြီး ၀န်ကြီးချုပ်ဟောင်း Khuang Abhaiwongse ဟာ ထိုင်းနိုင်ငံရဲ့ ၀န်ကြီးချုပ် ရာထူးကို တတိယအကြိမ် ဆက်ခံခဲ့ပါတယ်။

စစ်အာဏာသိမ်းခေါင်းဆောင်တွေဟာ ပရီဒီကို အမြစ်ဖြတ်သုတ်သင်ဖို့ ဘုရင်အာနန္ဒမဟီဒေါကို လုပ်ကြံမှုနဲ့ ဖမ်းဆီးမိန့်ထုတ်လိုက်ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေဟာ ပရီဒီရဲ့နေအိမ်ကို ၀င်ရောက်စီးနင်းခဲ့ပေမယ့် သတင်းကြိုရထားတဲ့ ပရီဒီက ထိုင်းစစ်တပ်ထဲက မိတ်ဆွေအချို့ရဲ့အကူအညီနဲ့ ကြိုတင်ရှောင်တိမ်းနိုင်ခဲ့ပါတယ်။ ဆုန်ခရမ်ရဲ့လူတွေ ပိုက်စိပ်တိုက်လိုက်ရှာနေတဲ့ကြားက ၀န်ကြီးချုပ်ဟောင်းပရီဒီဟာ အမေရိကန်နဲ့ဗြိတိသျှသံရုံးအေးဂျင့်တချို့ရဲ့ အကူအညီနဲ့ ထိုင်းနိုင်ငံကနေ စင်္ကာပူကို ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့ပါတယ်။ ၁၉၄၈ခုနှစ် ဧပြီလ ၈ရက်နေ့မှာတော့ ၀န်ကြီးချုပ် Khuang ရဲ့အစိုးရကို စစ်တပ်က အာဏာပြန်သိမ်းပြီး ထိုင်းနိုင်ငံဟာ စစ်အာဏာရှင်ဗိုလ်ချုပ်ကြီး ဆုန်ခရမ်ရဲ့လက်အောက်ကို ဒုတိယအကြိမ် သက်ဆင်းသွားခဲ့ရပါတော့တယ်။

စစ်အာဏာရှင် ၀န်ကြီးချုပ်ဆုန်ခရမ်ဟာ အနန္ဒမဟီဒေါဘုရင်သတ်ဖြတ်ခံရမှုကို စတင်စစ်ဆေးခဲ့ပါတယ်။ ဘုရင့်အတွင်းရေးမှူး Chaleo Patoomros နဲ့ ဘုရင့်အပါးတော်မြဲဝန်ထမ်းနှစ်ဦးဖြစ်တဲ့ Busya Patamasirind (၅၀နှစ်)နဲ့ Chit Singhaseni(၄၄နှစ်) တို့ကိုဖမ်းဆီးပြီး နိုင်ငံတော်လုပ်ကြံမှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။

ဒီဖမ်းဆီးမှုနဲ့ပတ်သက်ပြီး လူအများက သံသယကြီးကြီး ၀င်ခဲ့ကြပါတယ်။ နောက်ကွယ်ကနေ ကြိုးကိုင်ထားတဲ့ တရားစီရင်မှုဖြစ်တဲ့အတွက် ခိုင်မာတဲ့သက်သေအထောက်အထား တိတိကျကျမရှိပဲ တရားခံသုံးဦးစလုံးဟာ နိုင်ငံတော်လုပ်ကြံမှုနဲ့ သေဒဏ်စီရင်ခံခဲ့ရပါတယ်။

ဘုရင်အနန္ဒမဟီဒေါရဲ့ ကိုယ်ရေးအတွင်းရေးမှူး အထက်လွှတ်တော်အမတ် Chaleo Patoomros ဟာ ဘုရင့်မယ်တော်ဆန်ဂ်ဝါရဲ့ တိတ်တိတ်ပုန်းချစ်သူဖြစ်တယ်ဆိုတဲ့ ကောဟာလဟတစ်ခု ထွက်ခဲ့ပါတယ်။ အဲဒီကောဟာလဟနဲ့ ပတ်သက်ပြီး စဉ်းစားစရာတစ်ခုကတော့ Chaleo အပါအ၀င် တရားခံသုံးဦးကိုဖမ်းဆီးပြီး သေဒဏ်မစီရင်ခင် တစ်လလောက်အလိုမှာ ဘုရင့်မယ်တော်ဟာ ရုတ်တရက် တရားစခန်းဝင်သွားပြီး လူတွေ့မခံပဲနေခဲ့တယ်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။ အဲဒီလို ဆန်ဂ်ဝါမင်းသမီးရဲ့ ပုံမှန်မဟုတ်တဲ့ အနေအထားကြောင့် ဘုရင့်အတွင်းရေးမှူးဟောင်းနဲ့ သူမအကြားပတ်သက်မှုရှိခဲ့တယ်ဆိုတဲ့ သံသယတစ်ရပ်ဟာ တော်တော်ကြာအောင် တည်ရှိနေခဲ့ပါတယ်။ ဆုန်ခရမ်အစိုးရကတော့ ဒီတရားခံသုံးဦးစလုံးဟာ ပရီဒီရဲ့ခိုင်းစေမှုကြောင့် ဘုရင်မင်းမြတ်ကို လုပ်ကြံခဲ့တာဖြစ်တယ်လို့ ကြေငြာခဲ့ပါတယ်။ အဲဒီစွပ်စွဲမှုတွေကို ပြန်လည်ဖြေရှင်းခွင့်မရတဲ့ ပရီဒီဟာ ဆုန်ခရမ်ရဲ့စစ်အာဏာရှင်အစိုးရကို တော်လှန်ရေးလှုပ်ရှားမှုအတွက် ၁၉၄၉ခုနှစ်မှာ ထိုင်းနိုင်ငံထဲကို ခဏတဖြုတ် တိတ်တဆိတ်ဝင်ရောက်ခဲ့တာကလွဲလို့ ထိုင်းနိုင်ငံရေးလောကထဲကို တရားဝင်ပြန်အခြေချနိုင်ခြင်း လုံးဝမရှိတော့ပဲ နိုင်ငံခြားမှာ အသက်ထက်ဆုံး နေထိုင်ခဲ့ရပါတော့တယ်။ ၁၉၈၃ မေလ၂ရက်နေ့မှာ ထိုင်းဝန်ကြီးချုပ်ဟောင်း ပရီဒီဟာ ပြင်သစ်နိုင်ငံ၊ပဲရစ်မြို့မှာ ကွယ်လွန်ခဲ့ပါတယ်။
တရားခံသုံးဦးအား ရုံးတင်စစ်ဆေးနေစဉ်
နိုင်ငံတော်လုပ်ကြံမှုတရားခံအဖြစ်
သေဒဏ်အပြစ်ပေးခံရတဲ့ ဘုရင့်အပါးတော်မြဲအမှုထမ်း
Chit SinghaSeni
နိုင်ငံရေးနာမည်ဖျက်ခံရပြီး တိုင်းပြည်ကနေ အသက်လုထွက်ပြေးခဲ့ရတဲ့ ပရီဒီဟာ နောက်ပိုင်းမှာ တချိန်ကသူ့ရဲ့ကြိုးစားအားထုတ်မှုတွေ၊ တိုင်းပြည်အပေါ် အကျိုးပြုခဲ့မှုတွေကို ပြန်ဖော်ထုတ်ပေးတဲ့လူတွေကြောင့် တိုင်းပြည်ရဲ့ကျေးဇူးရှင်တစ်ဦးအဖြစ် ပြန်လည်အသိအမှတ်ပြုခံခဲ့ရပါတယ်။ ပရီဒီကို ဂုဏ်ပြုမှည့်ခေါ်ထားတဲ့ လမ်းတွေ၊တက္ကသိုလ်တွေ၊ အထိမ်းအမှတ်ပြတိုက်တွေ၊ စာကြည့်တိုက်တွေ ရှိလာတဲ့အပြင် သူ့ရဲ့နေအိမ်ကိုလည်း အများပြည်သူ လည်ပတ်တဲ့နေရာအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ၁၉၉၉ခုနှစ်မှာ UNESCO က ထုတ်ဝေတဲ့ ပြက္ခဒိန်မှာ ပရီဒီကို ထူးချွန်ထင်ရှားတဲ့ ပုဂ္ဂိုလ်တစ်ဦးအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။ ပရီဒီကို ခုလိုပြန်လည်ဂုဏ်ပြုတာကို တချိန်ကသူ့ရဲ့ရန်ဖက်ဖြစ်တဲ့ နန်းတော်အသိုင်းအ၀ိုင်းက ကန့်ကွက်မှုမရှိတာ စဉ်းစားစရာပါ။




ပရီဒီထိုင်းနိုင်ငံကနေ ထွက်ပြေးသွားပြီးနောက်ပိုင်းမှာ အသစ်စက်စက် ဘုရင်လေးဘူမိဘောနဲ့ တော်ဝင်မျိုးနွယ်တွေကို ကြည့်မရပဲ သူ့ကိုယ်သူဘုရင်တစ်ပါးလို သွေးနထင်ရောက်နေတဲ့ အာဏာရူး ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဆုန်ခရမ်တို့ ဘယ်လိုမျိုးစခန်းသွားကြမလဲ ဆိုတာကိုတော့ နောက်အပိုင်းမှာ ဆက်လက်တင်ပြပေးပါ့မယ်။

အပိုင်း (၃) ကို ဆက်လက်တင်ပြပေးပါ့မယ်။

ဘွရှင် (မြတ်သိန်းထွန်း)
 
 

ရွှေနန်းရှင်နှင့် အာဏာပိုင် အပိုင်း(၁)

  ရွှေနန်းရှင်နှင့် အာဏာပိုင်


၂၀၁၃ခုနှစ် ဒီဇင်ဘာလငါးရက်နေ့မှာ ဗန်ကောက်မြို့ ဘုရင့်နန်းတော်ရှေ့မှာ အ၀ါရောင် အလံတွေကိုင်ဆောင်ပြီး အ၀ါရောင်တီရှပ်တွေ ၀တ်ဆင်ထားတဲ့ ထိုင်းပြည်သူတွေနဲ့ စည်ကားနေပါတယ်။ အဲဒီနေ့ရက်ဟာ ထိုင်းဘုရင်မင်းမြတ်ရဲ့ သက်တော် ၈၆နှစ်မြောက် မွေးနေ့ပဲ ဖြစ်ပါတယ်။ နန်းတော်တွင်းမှာတော့ အစိုးရအကြီးအကဲတွေ၊ မင်းမျိုးမင်းနွယ်တွေနဲ့ ထိုင်းသူကောင်းမျိုးတွေဟာ ချပ်ဝတ်တန်ဆာ၊ မှူးမတ်အဆောင်အယောင်တွေနဲ့ ဘုရင်မင်းမြတ်ရဲ့ မိန့်ခွန်းကို နာခံဖို့ စောင့်ဆိုင်းနေကြပါတယ်။

လွန်ခဲ့တဲ့နှစ်တွေတုန်းက ဘူမိဘောဘုရင်မင်းမြတ်ဟာ ထိုင်းပြည်သူတွေကို နန်းတော်လသာဆောင်ပေါ်ကနေ မိန့်ခွန်းပြောနေကျပါ။ ဒါပေမယ့် ဒီနှစ်မှာတော့ ကျန်းမာရေးယိုယွင်းနေပြီး ဘီးတပ်ကုလားထိုင်နဲ့ သွားလာနေရတဲ့ ဘုရင်မင်းမြတ်ဟာ နန်းတော်တွင်းက ညီလာခံပလ္လင်တော်ပေါ်ကပဲ စာရွက်ကြည့်ပြီး မိန့်ခွန်းပြောခဲ့ရပါတယ်။



ကမ္ဘာ့နန်းသက်အရှည်ဆုံး ဘုရင်ဘူမိဘောရဲ့ နောက်ဆုံးနေ့ရက်က တဖြည်းဖြည်း နီးကပ်လာနေပြီဖြစ်ပါတယ်။ ထိုင်းပြည်သူတွေသာမက အိမ်နီးနားချင်းနိုင်ငံတွေက ပြည်သူတွေကပါ ရိုသေလေးစားခြင်းခံရတဲ့ ဘုရင်ဘူမိဘောဟာ စည်းမျဉ်းခံဘုရင်တစ်ပါးဖြစ်ပေမယ့် အာဏာလွန်ဆွဲမှုတွေကြောင့် မကြာခဏ မငြိမ်မသက်ဖြစ်လေ့ရှိတဲ့ ထိုင်းနိုင်ငံရေးလောကကို တစ်ဦးတည်းသော ထိန်းကျောင်းပေးနိုင်သူ ဖြစ်ပါတယ်။ ချက္ကရီမင်းဆက်ရဲ့ အထင်ရှားဆုံး မဟာချူလာလောင်ဂွန်ဘုရင်ရဲ့ ခြေရာကို မြေးဖြစ်တဲ့ ဘုရင်ဘူမိဘောက မှီအောင်နင်းနိုင်ခဲ့တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ချူလာလောင်ဂွန်ခေတ်နဲ့ ဘူမိဘောရဲ့ခေတ် ဖြတ်သန်းပုံချင်း မတူညီခဲ့ပါဘူး။ နောက်တစ်ချက်ကတော့ ဘုရင်ဘူမိဘောနောက်ပိုင်းမှာ ဆက်ခံကြမယ့် ထိုင်းရွှေနန်းရှင်တွေ ဘယ်လိုအနေအထားရှိမလဲဆိုတာ စဉ်းစားစရာပါ။

ထိုင်းဘုရင်ကျန်းမာရေးယိုယွင်းလာပြီး နန်းတော်မှာမနေနိုင်ပဲ ဆေးရုံမှာပဲ ကျန်းမာရေးအစောင့်အရှောက်နဲ့ နေရတဲ့အခြေအနေကို ရောက်သွားတဲ့အချိန်မှာ ထိုင်းနိုင်ငံမှာ နိုင်ငံရေးသမားတွေရဲ့ အာဏာလွန်ဆွဲမှုတွေ တစတစပိုပြင်းထန်လာပြီး လူထုဆူပူအုံကြွမှုတွေ ဆိုးဆိုးရွားရွားဖြစ်လာခဲ့တာ အားလုံးအသိပါ။ ဒီအခြေအနေကိုကြည့်ရင် ထိုင်းဘုရင်ဘူမိဘောကလွဲပြီး ကျန်တဲ့တော်ဝင်မိသားစုဝင်တွေဟာ ထိုင်းနိုင်ငံရေးအင်အားစုတွေအပေါ် အပြည့်အ၀သြဇာမညောင်းဘူးလို့ အကြမ်းဖျဉ်းသုံးသပ်လို့ရတဲ့ အနေအထားပဲ ဖြစ်ပါတယ်။ အကယ်၍သာ ဘုရင်ဘူမိဘောနတ်ရွာစံသွားခဲ့ရင် တော်ဝင်မိသားစုနဲ့ ခေတ်အဆက်ဆက် အာဏာပိုင်အစိုးရတွေကြား ဖြစ်ပျက်ခဲ့ဖူးတဲ့ အာဏာလွန်ဆွဲမှုတွေ တကျော့ပြန်လည်လာပြီး အခန့်မသင့်ရင် ထိုင်းဘုရင်စနစ်တောင် နိဂုံးချုပ်သွားနိုင်တဲ့ အလားအလာတွေရှိနေပါတယ်။ နောက်ပြီးတော့ တော်ဝင်မိသားစုအတွက် ပြဌာန်းထားတဲ့ Lèse-majesté Law (ဘုရင်နှင့် တော်ဝင်မိသားစုအား စော်ကားမှု) ဟာလည်း တော်ဝင်မိသားစုဝင်အချို့ရဲ့ အပြုအမူကြောင့် အငြင်းပွားစရာဖြစ်နေပြီး နိုင်ငံရေးပါတီအချင်းချင်း အာဏာလွန်ဆွဲတဲ့နေရာမှာ အသုံးချခံဥပဒေတစ်ခု ဖြစ်နေခဲ့တာ ကြာပါပြီ။ ထိုင်းဝန်ကြီးချုပ်ဟောင်း တရုတ်ကပြား သက်ဆင် အာဏာကနေဖယ်ရှားခံလိုက်ရတဲ့ အကြောင်းရင်းတွေထဲမှာ အဲဒီဥပဒေဟာလည်း တစိတ်တဒေသပါဝင်တယ်လို့ လူသိများကြပါတယ်။
တိုက်ဆိုင်တာတစ်ခုက သက်ဆင် (Thaksin) ဆိုတဲ့နာမည်ဟာ လက်ရှိထိုင်းနိုင်ငံရဲ့ ဥသျှောင် ချက္ကရီမင်းဆက်ကို စတင်တည်ထောင်ခဲ့တဲ့ မွန်လူမျိုး ဗိုလ်ချုပ်ကြီးThong Duang (ဗုဒ္ဓရွတ်ဖာဘွဲ့ခံ ဘုရင် ရာမ-၁)ရဲ့ မူလပထမရန်သူတော်တစ်ဦးရဲ့ နာမည်နဲ့ ခပ်ဆင်ဆင်တူပါတယ်။



အယုဒ္ဓယထီးနန်း ဗမာကျူးကျော်စစ်ကြောင့် ကျဆုံးသွားတဲ့အချိန်မှာ တရုတ်ကပြားတစ်ဦးဖြစ်တဲ့ တက်ဆင်(Taksin)ဟာ ဗမာကျူးကျော်စစ်ကို တော်လှန်ခဲ့ပါတယ်။ သူ့ရဲ့လက်ရုံးကတော့ အရင်းနှီးဆုံးငယ်သူငယ်ချင်းဖြစ်သူ လက်ရှိထိုင်းဘုရင်ဘူမိဘောရဲ့ ဘိုးဘေးဘီဘင်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး Thong Duang ပဲဖြစ်ပါတယ်။ တက်ဆင်ဟာ လက်ရှိဗန်ကောက်မြို့ရဲ့ တစ်ဖက်ကမ်း သွန်ဘူရီမှာ ထီးနန်းတည်ထောင်ပြီး Somdet Phra Chao Taksin Maha Rat ဆိုတဲ့ဘွဲ့နဲ့ ဘုရင်ဖြစ်လာခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး Thong Daung ဟာ ထွန်ဘူရီဘုရင်တက်ဆင်ကို လုပ်ကြံပြီး မဟာချက္ကရီမင်းဆက်ကို ၁၇၈၂ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ နန်းတော်ကို ထွန်ဘူရီကနေ ကျောက်ဖရားမြစ်ရဲ့ အရှေ့ဖက်ကမ်း ရတနာ့ကော့စင်(Rattanakosin)ကို ပြောင်းရွှေ့စိုးစံခဲ့ပါတယ်။ ခုတော့ အဲဒီနှစ်နေရာစလုံးဟာ ခါန်ထေ့မဟာနဂုန် လို့ ထိုင်းတွေခေါ်ကြတဲ့ ဗန်ကောက်မြို့ဖြစ်နေပါပြီ။


ထွန်ဘူရီဘုရင် တက်ဆင်(Taksin)


ဗိုလ်ချုပ်ကြီး မဟာချက္ကရီ Thong Duang (ပထမမြောက်ရာမဘုရင်)

ထိုင်းနိုင်ငံရဲ့ ဥသျှောင် ချက္ကရီမင်းဆက်ကို ရာမမင်းဆက်လို့လည်း ခေါ်ကြပါတယ်။ စတင်တည်ထောင်သူ ဗိုလ်ချုပ်ကြီး Thong Duang ကို ပထမမြောက် ရာမဘုရင်(Rama I) လို့ခေါ်ပြီး လက်ရှိဘုရင်ဘူမိဘောကတော့ န၀မမြောက် ရာမဘုရင် (Rama IX) ဖြစ်ပါတယ်။ ချက္ကရီမင်းဆက်ရဲ့ အထင်ရှားဆုံးဘုရင်ကတော့ ပဉ္စမမြောက်ရာမဘုရင် မဟာချူလာလောင်ဂွန်ပဲဖြစ်ပါတယ်။


ပဉ္စမမြောက်ရာမဘုရင် မဟာချူလာလောင်ဂွန် မိသားစု

ရှေးဘုရင်တွေရဲ့ ထုံးစံအတိုင်း ကနဦးရာမဘုရင်တွေမှာ မိဖုရား၊ကြင်ယာတော် အများအပြားရှိခဲ့ပါတယ်။ ပထမမြောက်ရာမဘုရင်မှာ သားသမီး ၄၂ယောက် ထွန်းကားခဲ့ပြီး ဒုတိယမြောက်ရာမဘုရင်မှာတော့ သားသမီး ၇၃ယောက် ထွန်းကားခဲ့ပါတယ်။ ထင်ရှားတဲ့ဘုရင်တစ်ပါးဖြစ်တဲ့ စတုထ္ထမြောက်ရာမဘုရင် မောင်းဂွတ်ဟာ မိဖုရားနဲ့ ကြင်ယာတော် ၃၅ဦး လက်ထပ်ယူခဲ့ပြီး သားသမီး ၈၂ယောက် ထွန်းကားခဲ့ပါတယ်။ ပဉ္စမမြောက်ရာမဘုရင် ချူလာလောင်ဂွန်ကတော့ ညီမ၀မ်းကွဲသုံးယောက်ကို မိဖုရားမြှောက်ခဲ့ပြီး ကြင်ယာတော်စုစုပေါင်း ၉၂ယောက် ရှိခဲ့ပါတယ်။ အဲဒီ ကြင်ယာတော်တွေထဲက ၃၆ယောက်ကနေ သားသမီး စုစုပေါင်း ၇၇ယောက် ထွန်းကားခဲ့ပါတယ်။ မဟာဆီမဟာသွေးကိုမှ တန်ဖိုးထားတတ်တဲ့ အရှေ့တောင်အာရှဗုဒ္ဓဘာသာ နိုင်ငံတွေရဲ့ ထုံးစံအတိုင်း ဖအေတူမအေကွဲ မောင်နှမ၀မ်းကွဲချင်း လက်ဆက်ခဲ့ကြတဲ့အတွက် ထိုင်းတော်ဝင်မိသားစုရဲ့မျိုးရိုးမှာ သဘာဝချို့တဲ့မှုပြဿနာတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

လက်ရှိဘုရင်ဘူမိဘောရဲ့ ခမည်းတော် မင်းသား မဟီဒေါအဒူလျာဒက်ဟာ မဟာချူလာလောင်ဂွန်ဘုရင်ရဲ့ ညီမ၀မ်းကွဲဒုတိယမိဖုရားကနေ မွေးဖွားတဲ့သားဖြစ်ပါတယ်။ မောင်နှမချင်းလက်ဆက်တဲ့အတွက် ဖြစ်ပေါ်လာတဲ့ မျိုးဗီဇချို့တဲ့မှုကြောင့် မင်းသားမဟီဒေါဟာ ကျန်းမာရေးချို့တဲ့ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ ဖခင်ဖြစ်သူ အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ်က ဟားဗတ်တက္ကသိုလ်မှာ ဆေးပညာသွားသင်နေတဲ့အချိန်  ဘူမိဘောကို ဘော်စတွန်မြောက်ပိုင်း ကင်းဘရစ်မြို့က Mount Auburn ဆေးရုံမှာမွေးဖွားခဲ့ပါတယ်။ လက်ရှိအမေရိကန်ပြည်ထောင်စု တည်ဆဲဥပဒေအရ ဘုရင်ဘူမိဘောဟာ အမေရိကန်နိုင်ငံသားအဖြစ် ခံယူခွင့်ရှိသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဘုရင်ဘူမိဘောရဲ့ မွေးချင်းတွေကတော့ အစ်မတော် ပဌာနကလျာဏီမင်းသမီးနဲ့ နောင်တော် အနန္ဒမဟီဒေါဘုရင်တို့ပဲ ဖြစ်ကြပါတယ်။ ဘူမိဘောတို့မောင်နှမသုံးယောက်ဟာ မိခင်ဖြစ်တဲ့ သာမန်အရပ်သူ တရုတ်ကပြား ဆန်ဂ်ဝါ (Princess Srinagarindra) ရဲ့ ထိန်းကြောင်းမှုအောက်မှာ ကြီးပြင်းခဲ့ရပါတယ်။


မင်းသားကြီး မဟီဒေါအဒူလျာဒက်နှင့် ကြင်ယာတော် ဆန်ဂ်ဝါ


ဘုရင်ဘူမိဘောမိသားစု ငယ်စဉ်ကပုံ

ဘူမိဘောရဲ့ဘိုးတော် ချူလာလောင်ဂွန်ဘုရင်လက်ထက်အထိ ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာဟာ တော်ဝင်မိသားစုက အလုံးစုံထိန်းချုပ်မှု လက်အောက်မှာပဲ ရှိနေခဲ့တာပါ။ ခေတ်အဆက်ဆက်မှာ မင်းမျိုးမင်းနွယ်တွေဟာ နေပြည်တော်ကနေ နယ်စွန်နယ်ဖျားအထိ သူကောင်းပြုခံ ၀န်ကြီး၊ မှူးမတ်၊နယ်စားတွေအဖြစ် အုပ်ချုပ်ခွင့်ရရှိခဲ့ပါတယ်။ ခတ်ပညာတတ်တစ်ဦးဖြစ်တဲ့ ချူလာလောင်ဂွန်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ဘုရင်ဖြစ်လာခဲ့ပေမယ့် သူ့နိုင်ငံကို လွှမ်းမိုးဖို့ကြိုးစားနေတဲ့ ကိုလိုနီနယ်ချဲ့ဝါဒီတွေကို လိမ္မာပါးနပ်စွာ ဆက်ဆံတဲ့အပြင် သူ့ကိုကြိုးကိုင်ဖို့ ကြိုးစားတဲ့ မှူးမတ်မျိုးရိုး Chuang Bunnag ကိုလည်း ကောင်းကောင်းကိုင်တွယ်နိုင်ခဲ့ပါတယ်။ Bunnag မိသားစုဟာ ပထမမြောက်ရာမဘုရင် လက်ထက်ကတည်းက အုပ်ချုပ်ရေးစနစ်မှာ သားစဉ်မြေးဆက်သြဇာရှိခဲ့တဲ့ ပါရှမ်းမျိုးနွယ် အရပ်သားသူကြွယ်တွေ ဖြစ်ကြပါတယ်။ နောက်ပိုင်းမှာ ချူလာလောင်ဂွန်ဟာ Bunnag မိသားစုဝင်တွေကို အုပ်ချုပ်ရေး၊စီးပွားရေး၊ တရားစီရင်ရေးအစရှိတဲ့ နယ်ပယ်တွေကနေ ဖယ်ရှားပြီး နိုင်ငံခြားမှာ ပညာသင်ကြားခိုင်းထားခဲ့တဲ့ သူ့ရဲ့ဖအေတူ မအေကွဲ ညီအစ်ကို မောင်နှမတွေကို အစားထိုးအမှုထမ်းစေခဲ့ပါတယ်။ ဒါ့အပြင် အရင်ဘုရင်တွေလက်ထက်မှာ မရှိခဲ့တဲ့ ဗျူရိုကရေစီအုပ်ချုပ်ရေးစနစ်ကို စတင်အကောင်အထည်ဖော်ပြီး အရပ်သားတွေကိုလည်း အရည်အချင်းအလိုက် နေရာပေးခဲ့ပါတယ်။ ရုပ်သေးဘုရင်အဖြစ်ကြိုးဆွဲခံရလိမ့်မယ်လို့ ရှုမြင်ခံခဲ့ရတဲ့ ချူလာလောင်ဂွန်ဘုရင်ဟာ နန်းတက်ပြီးမကြာခင်မှာပဲ တိုင်းပြည်ရဲ့ အထွတ်အထိပ်အာဏာကို ကိုင်စွဲနိုင်ခဲ့ပါတယ်။

Bunnag မိသားစုကနေစပြီး ခုခေတ်အထိ အရပ်သားနိုင်ငံရေးအုပ်စုတချို့ဟာ ထိုင်းတော်ဝင်မိသားစုရဲ့ အာဏာကို ထိန်းချုပ်ဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားခဲ့ကြပါတယ်။ တော်ဝင်မိသားစုရဲ့ ပါဝါတည်မြဲမှုဟာ စည်းမျဉ်းခံဘုရင်စနစ်ကျင့်သုံးပြီးနောက်ပိုင်းမှာ  နိုင်ငံတော် သံဃာ့မဟာနာယက၊ အစိုးရနဲ့ တပ်မတော်စစ်သေနာပတိချုပ်တို့ရဲ့ ကြားထဲမှာ ထိန်းညှိနေရတယ်လို့ အကြမ်းဖျဉ်းပြောလို့ရပါတယ်။ ပြည်သူတွေကတော့ ခေတ်အဆက်ဆက် ဘုရင်ဆီမှာ သစ္စာခံခဲ့ကြပေမယ့် တခါတလေမှာ နန်းလျာရွေးချယ်တာမျိုး၊ နောက်ကွယ်ကနေ ဘုရင်ကိုကြိုးကိုင်ပြီး နိုင်ငံကိုအုပ်ချုပ်တာမျိုး၊ နန်းချတာမျိုးကျတော့ ၀င်စွက်ဖက်နိုင်စွမ်း မရှိပါဘူး။ အဲဒီကိစ္စမျိုးတွေကို အစဉ်အလာသြဇာကြီးတဲ့ အဲဒီပုဂ္ဂိုလ်တွေကပဲ လုပ်ဆောင်နိုင်တဲ့ အနေအထားမှာ ရှိခဲ့ဖူးပါတယ်။

အရပ်သားမှူးမတ်၊တပ်မတော်၊ ပြင်ပနိုင်ငံရေးအုပ်စုတချို့ရဲ့ တော်ဝင်မိသားစုအပေါ် ပါဝါပြိုင်အံတုတဲ့ဖြစ်ရပ်တွေထဲမှာ အထင်ရှားဆုံးကတော့ ၁၉၃၂ ခုနှစ် ဇွန်လ၂၄ရက်နေ့မှာ ကြည်းတပ်နဲ့ ရေတပ်က တော်ဝင်မိသားစုအပေါ် သစ္စာမခံလိုတဲ့ ခေတ်ပညာတတ်အရာရှိတချို့ဟာ ဟွာဟင်းနယ်က Klaikangworn နွေရာသီစံနန်းတော်မှာ အပန်းဖြေခရီးထွက်နေတဲ့ သတ္တမမြောက်ရာမဘုရင် ဖရာဂျာ့ဒိပေါက်ခ်ကို အာဏာသိမ်းပြီး ချုလာလောင်ဂွန်ခေတ်ကတည်းက အုပ်ချုပ်ရေးပါဝါကို သားစဉ်မြေးဆက် ချုပ်ကိုင်ထားတဲ့ မင်းမျိုးမင်းနွယ်တွေကို ဖယ်ရှားခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ထိုင်းဘုရင်ဟာ အာဏာသိမ်းသူတွေဖွဲ့စည်းထားတဲ့ Khana Ratsadon(လူထုပါတီ)ရဲ့ အလိုကျ စည်းမျဉ်းခံဘုရင်စနစ်ကို လိုက်နာဖို့ သဘောတူခဲ့ရပါတယ်။

ဒီလိုမျိုးပုန်ကန်အာဏာသိမ်းရတဲ့ အခြေခံအကြောင်းရင်းတွေထဲမှာ အရေးပါတဲ့အချက်တစ်ခုကတော့ တိုင်းပြည်အုပ်ချုပ်ရေး ယန္တရားထဲမှာ ရွေးကောက်ခံစရာမလိုတဲ့ မင်းမျိုးမင်းနွယ်တွေ အစဉ်အဆက် နေရာယူထားတာကို မကျေနပ်တာကြောင့်လို့ ပြောလို့ရမယ် ထင်ပါတယ်။ နောက်တစ်ချက်က ချက္ကရီမင်းဆက်တည်ထောင်ကတည်းက ဆင်းသက်လာတဲ့ ထောင်နဲ့ချီတဲ့ မင်းသားမင်းသမီးတော်ဝင်အမျိုးအနွယ်တွေ၊ အခွင့်ထူးခံ သူကောင်းမျိုးဆက်တွေဟာ သူ့အဆင့်နဲ့သူ တိုင်းပြည်ရဲ့ဘဏ္ဍာနဲ့အာဏာကို အလွဲသုံးစားလုပ်နေတာကို မကျေနပ်လို့လည်း ဖြစ်နိုင်ပါတယ်။ မြေရှင်ပဒေသရာဇ်တော်လှန်ရေး အတွေးအခေါ်တွေ နိုင်ငံတကာကိုလွှမ်းမိုးလာတဲ့အချိန်မှာ အဲဒီအယူအဆတွေက သာမန်အရပ်သား ပညာတတ်တချို့ဆီမှာ စိမ့်ဝင်လာပြီး လူ့မလိုင်တော်ဝင်လူတန်းစားတွေ ဘာလုပ်လုပ် ခေါင်းငုံ့ဒူးတုပ်နာခံနေရတဲ့ဘ၀ကနေ ရုန်းထွက်ဖို့ ကြိုးစားတဲ့သဘောပါပဲ။ ဒီလိုအာဏာသိမ်းမှုရဲ့ဇစ်မြစ်ကို သုံးသပ်ကြည့်တဲ့အခါ တရားခံကတော့ အောက်စဖို့ဒ်တက္ကသိုလ်နဲ့ ဆင်းဟတ်ဒ်စစ်တက္ကသိုလ်ဆင်း ဆဌမမြောက်ရာမဘုရင် Vajiravudh ပဲဖြစ်ပါတယ်။


ဆဌမမြောက် ရာမဘုရင်

သူ့လက်ထက်မှာ ဘုရင်ကို ပြည်သူတွေက ဘုရားတစ်ဆူဂူတစ်လုံးသဘောမျိုး ကိုးကွယ်လာအောင် ပုံစံသွင်းနိုင်ခဲ့ပါတယ်။ ပညာတတ်နည်းပါးတဲ့ သာမန်ပြည်သူတွေအတွက် နိုင်ငံတ၀ှမ်း ပညာရေးမြှင့်တင်မှု၊ ဘဏ်စနစ်တွေကို တည်ထောင်ခဲ့ပြီး အုပ်ချုပ်ရေးစနစ်နဲ့ တပ်မတော်ကိုလည်း အဆင့်မြှင့်ပေးခဲ့ပါတယ်။ ဘေးထွက်ဆိုးကျိုးကတော့ သူစနစ်တကျမြှင့်တင်ပေးခဲ့တဲ့ တပ်မတော်ထဲက အရာရှိတချို့ကပဲ သူ့ကိုပုန်ကန်ဖို့ ကြံစည်ခဲ့သလို သူနတ်ရွာစံပြီးနောက်ပိုင်းမှာ သူ့ကိုဆက်ခံတဲ့ ညီတော် သတ္တမမြောက် ရာမဘုရင်လက်ထက်မှာ စိတ်ထင်ရာလျှောက်လုပ်ပြီး မင်းဆွေမင်းမျိုးတွေကို အရည်အချင်းမရှိပဲ ရာထူးဌတ္တရတွေ ပေးလို့ မကျေနပ်တဲ့လူတွေက အာဏာသိမ်းပြီး ချုပ်ကိုင်ခဲ့တာပါ။ ဆဌမမြောက်ရာမဘုရင်ဟာ သီးသန့်နေတတ်ပြီး လိင်တူစိတ်ဝင်စားသူဖြစ်တယ်လို့ အနောက်တိုင်းသမိုင်းဆရာတွေက မှတ်တမ်းတင်ခဲ့ပါတယ်။ သူ့အရင်ကဘုရင်တွေလို မင်းဆွေမင်းမျိုးချင်း လက်ဆက်တာမျိုးမရှိပဲ သာမန်အရပ်သားမိဖုရားလေးယောက်သာရှိတဲ့ ရာမ -၆ ဘုရင်ဟာ မိဖုရားတွေနဲ့အတူနေတာမျိုး သိပ်မရှိပဲ သူနဲ့လိုင်းတူ အရပ်သားလူငယ်တွေနဲ့ အချိန်ဖြုန်းနေတတ်တယ်လို့ သိရပါတယ်။ အဲဒီအရပ်သားမိဖုရားလေးယောက်ထဲက တစ်ယောက်ကနေ သူနတ်ရွာစံဖို့ ရက်ပိုင်းအလိုမှာ သမီးတော်တစ်ပါး ထွန်းကားခဲ့တာကလွဲလို့ တခြားနန်းလျာတစ်ပါးမှ မထွန်းကားခဲ့ပါဘူး။

အာဏာသိမ်းခံရပြီး နောက်ပိုင်းမှာ သတ္တမမြောက်ရာမဘုရင် ဖရာဂျာ့ဒိပေါက်ခ်ဟာ အစိုးရရဲ့ သဘောတူညီချက်မပါပဲ အရင်လို အရာရာကို ဆုံးဖြတ်ပိုင်ခွင့်မရှိတော့ပါဘူး။  အစိုးရထဲမှာ မင်းမျိုးမင်းနွယ်တချို့ကို ထည့်သွင်းခန့်အပ်ထားပေမယ့် အခြေခံဥပဒေကိုရေးဆွဲတဲ့ နိုင်ငံတော်ကောင်စီဝင်အများစုကတော့ အာဏာသိမ်းခဲ့တဲ့ တော်လှန်ရေးခေါင်းဆောင်တွေ ဖြစ်ကြပါတယ်။ အဲဒီလိုနဲ့ ဖရာဂျာ့ဒိပေါက်ခ်နဲ့ အာဏာသိမ်းအစိုးရကြားမှာ အာဏာလွန်ဆွဲမှုပြင်းထန်လာတဲ့အချိန်မှာ ဘုရင့်ဘက်တော်သား တပ်မတော်စစ်ဦးစီးချုပ်တစ်ဦးဖြစ်တဲ့ မင်းသား Bororadej ခေါင်းဆောင်တဲ့ Royalist တပ်မတော်သားတွေက အာဏာသိမ်းအစိုးရရဲ့ ဘတ်ဂျက်ဖြတ်တောက်မှုကို မကျေနပ်လို့ ပုန်ကန်ရာကနေ ပြည်တွင်းစစ်ဖြစ်ပွားခဲ့ပါတယ်။ အဲဒီပုန်ကန်မှုကို ဘုရင်ကနောက်ကွယ်ကနေ ကြိုးကိုင်ခဲ့တယ်လို့ အစိုးရကစွပ်စွဲတဲ့အတွက် ဘုရင်ဟာ ဗြိတိသျှပိုင် မလေးကျွန်းဆွယ်မှာ ခိုလှုံရတဲ့အဆင့်ထိရောက်သွားခဲ့ပါတယ်။ အဲဒီကနေ အင်္ဂလန်ကို ထွက်သွားခဲ့ရတဲ့အထိ တော်ဝင်မိသားစုရဲ့ အနေအထားဆိုးရွားလာခဲ့ပါတယ်။ တဖက်မှာ တော်ဝင်မိသားစုကို ထောက်ခံတဲ့ သာသနာပိုင် သမ္မာရွတ်(ဓမ္မယုတ္တိကနိကာယ)ဂိုဏ်းနဲ့  မဟာနိကာယဂိုဏ်းတို့ရဲ့ အကွဲအပြဲကလည်း ပြင်းထန်လာခဲ့ပါတယ်။ ဘုရင့်ဘက်တော်သားတွေနဲ့ အစိုးရစစ်တပ်အကြား အပြင်းအထန်တိုက်ပွဲတွေဖြစ်ခဲ့ပြီးတော့ ဗန်ကောက်မြို့ကို ဗုံးကြဲတဲ့အဆင့်ထိရောက်သွားခဲ့ပါတယ်။ ဒါပေမယ့် အာဏာသိမ်းအစိုးရရဲ့ တပ်မတော်ခေါင်းဆောင် ဖီးလ်မာရှယ် ဖီဘန်ဆုန်ခရမ်က ပုန်ကန်သူတွေကို အနိုင်ရရှိခဲ့ပါတယ်။ ဒီအောင်ပွဲဟာ မကြာခင်မှာ စစ်အာဏာရှင်ဖြစ်လာမယ့် ဗိုလ်ချုပ်ကြီးဆုန်ခရမ်ရဲ့ ပွဲဦးထွက်အောင်ပွဲတစ်ခုလည်း ဖြစ်ပါတယ်။ အဲဒီကတည်းက ဘုရင့်သစ္စာခံနဲ့ ပြည်သူ့ဘက်တော်သားတွေကြားက ခုချိန်ထိ ပြန်စေ့စပ်လို့မရတဲ့ ရှပ်နီရှပ်ဝါအကွဲအပြဲဟာ စတင်ခဲ့တယ်လို့ ပြောလို့ရပါတယ်။ နောက်ဆုံးမှာတော့ ပြည်ပမှာ ကျန်းမာရေးယိုယွင်းလာတဲ့ ဖရာဂျာ့ဒိပေါက်ခ်ဟာ ထီးနန်းစွန့်ရမယ့် အခြေအနေကို ဆိုက်ရောက်လာခဲ့ပါတော့တယ်။


သတ္တမမြောက် ရာမဘုရင် ဖရာဂျာ့ဒိပေါက်ခ်

ဖရာဂျာ့ဒိပေါက်ခ်မှာ ထီးနန်းဆက်ခံမယ့် သားတော်မရှိလို့ သူ့ရဲ့ညီအစ်ကိုတွေဖြစ်တဲ့ နန်းမတက်ရသေးတဲ့ မဟာချူလာလောင်ဂွန်ရဲ့ လက်ကျန်သားတော်တွေထဲကနေ ရွေးဖို့ဖြစ်လာပါတယ်။ ဒါပေမယ့် မဟာချူလာလောင်ဂွန်နဲ့ သူ့ရဲ့ ညီမ၀မ်းကွဲ အဓိကမိဖုရားတွေကနေ မွေးဖွားလာတဲ့ မဟာဆီမဟာသွေး မင်းသားတွေဟာ မျိုးရိုးချို့တဲ့မှု ပြဿနာကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ နတ်ရွာစံကုန်ကြပါပြီ။ ဖရာဂျာ့ဒိပေါက်ခ်ကိုယ်တိုင် သက်တော် ၄၇နှစ်မှာ နတ်ရွာစံပြီး သူ့ထက်အရင် နန်းစံခဲ့တဲ့ သူ့အစ်ကို ဆဌမမြောက်ရာမဘုရင်ဟာလည်း သက်တော် ၄၅နှစ်မှာ နတ်ရွာစံသွားခဲ့တာပါ။ ထီးနန်းဆက်ခံဖို့ မင်းသွေးစစ်စစ် ညီအစ်ကိုမင်းသားတွေ မရှိတော့တဲ့အတွက် အဲဒီမင်းသားတွေဆီကနေ မွေးဖွားလာတဲ့ သားတော်တွေထဲကနေ ထီးညွှန့်နန်းလျာ ရွေးချယ်ဖို့ ဖြစ်လာခဲ့ပါတယ်။ အင်္ဂလန်မှာခိုလှုံနေတဲ့ ဖရာဂျာ့ဒိပေါက်ခ်ဟာ အဲဒီရွေးချယ်ရေးတာဝန်ကို အာဏာရအစိုးရဆီ ပုံချလိုက်ပါတယ်။ အာဏာရအစိုးရထဲက အရပ်သားခေါင်းဆောင်တွေဟာ ဒီကိစ္စကို ဘယ်လိုဖြေရှင်းရမှန်း မသိတဲ့အတွက် အဲဒီတာဝန်ကို အစိုးရထဲက မင်းမျိုးမင်းနွယ်တွေကပဲ တာဝန်ယူခဲ့ပါတယ်။
နန်းလျာဆက်ခံဖို့ အရည်အချင်းပြည့်မှီတဲ့ မင်းသားငယ်တွေထဲကနေ ဘုရင်ဖရာဂျာ့ဒိပေါက်ခ်ရဲ့ နောင်တော် မဟီဒေါအဒူလျာဒက်ရဲ့သား လက်ရှိဘုရင် ဘူမိဘောရဲ့ နောင်တော် အနန္ဒမဟီဒေါကို နန်းလျာအဖြစ် ရွေးချယ်လိုက်ပါတယ်။ ၀ါစဉ်အရ အနန္ဒမင်းသားရဲ့ ခမည်းတော် မဟီဒေါထက် ပိုကြီးတဲ့ ကွယ်လွန်သူ နောင်တော်မင်းသား Chutadhaj မှာ သားတော်တစ်ပါးရှိပေမယ့် အဲဒီသားတော်ရဲ့ မိခင်ဖြစ်သူဟာ သာမန်အရပ်သားဖြစ်ပြီး တော်ဝင်မိသားစုက အသိအမှတ်မပြုခဲ့တဲ့အတွက် တော်ဝင်မိသားစုကနေ အသိအမှတ်ပြုခံထားရတဲ့ ဆန်ဂ်ဝါမင်းသမီးနဲ့ ကွယ်လွန်သူ မင်းသားမဟီဒေါတို့ရဲ့ သားကြီး အနန္ဒမဟီဒေါကို ဘုရင်အဖြစ်တင်မြှောက်ဖို့ ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။ အဲဒီရွေးချယ်မှုမှာ အဓိကကျသူကတော့ ဆန်ဂ်ဝါမင်းသမီးရဲ့ ယောက္ခမ၊ မင်းသားမဟီဒေါရဲ့မယ်တော်၊ မောင်းဂွတ်ဘုရင်ရဲ့ သမီးတော်၊ မဟာချူလာလောင်ဂွန်ဘုရင်ရဲ့ ဖအေတူမအေကွဲ ညီမ၀မ်းကွဲနဲ့ တတိယမိဖုရား ဆာဝန်ပဓာနာ့ပဲ ဖြစ်ပါတယ်။


မိဖုရားကြီး ဆာဝန်ပဓာနာ့နှင့် မြေးတော်မင်းသားနှစ်ပါး (၁၉၃၈ခုနှစ်)

ဘွားတော်ကြီးက သူ့ချွေးမဆန်ဂ်ဝါဟာ ထီးညွှန့်နန်းလျာဖြစ်လာမယ့် သူ့မြေးနှစ်ပါးကို အကောင်းဆုံးထိန်းကျောင်းနိုင်လိမ့်မယ်လို့ အပြည့်အ၀ယုံကြည်ထားပါတယ်။ မယ်တော်ကြီးရဲ့သြဇာကြောင့် တော်ဝင်အသိုင်းအ၀ိုင်းတစ်ခုလုံးရဲ့ ထောက်ခံမှုကို ရရှိခဲ့ပြီး နန်းတော်ဓလေ့ထုံးစံတွေနဲ့ အကျွမ်းတ၀င်မရှိတဲ့ အရပ်သားအစိုးရခေါင်းဆောင်တွေကတော့ မင်းသားလေးတွေထဲက ဘယ်သူပဲတက်လာလာ သူတို့ကြိုးကိုင်လို့ရမယ့်ဘုရင်ဖြစ်လာမယ်လို့ ကြိုတွက်ပြီး စောဒကတက်မယ့်လူ မရှိခဲ့ပါဘူး။ အဲလိုနဲ့ ၁၉၃၅ အမျိုးသားညီလာခံကနေ အနန္ဒမဟီဒေါကို ဘုရင်အဖြစ် တညီတညွတ်တည်း ရွေးကောက်တင်မြှောက်လိုက်ကြပါတယ်။



အနန္ဒမဟီဒေါ(အဌမမြောက်ရာမဘုရင်)

ထိုင်းဘုရင်ဖြစ်လာပေမယ့် အနန္ဒမဟီဒေါဟာ ဆွစ်ဇာလန်မှာကျောင်းတက်နေတဲ့ ကိုးနှစ်အရွယ်လူမမယ်လေးပဲ ရှိပါသေးတယ်။ ချက္ကရီမင်းဆက်ရဲ့ မျိုးရိုးချို့တဲ့မှုပြဿနာကြောင့် အနန္ဒမဟီဒေါဟာလည်း ငယ်စဉ်ကတည်းက ကျန်းမာရေးချူချာခဲ့ပါတယ်။ အနန္ဒမဟီဒေါ ဘုရင်အဖြစ် ရွေးချယ်တင်မြှောက်ခံရပြီး သုံးနှစ်အကြာ ၁၉၃၈ခုနှစ်မှာ ထိုင်းနိုင်ငံဟာ ဗိုလ်ချုပ်ကြီးဖီဘန်ဆုန်ခရမ်ရဲ့ စစ်အာဏာရှင်အုပ်ချုပ်ရေး လက်အောက်ကို သက်ဆင်းခဲ့ရပါတယ်။ ဆုန်ခရမ်ဟာ စစ်ဗိုလ်ဘ၀ကနေ ပြင်သစ်ဧကရာဇ်ဖြစ်လာသူ နပိုလီယန်ကို အထူးလေးစားအားကျသူ တစ်ဦးဖြစ်ပါတယ်။ ဆုန်ခရမ်က အနန္ဒမဟီဒေါကို ရုပ်သေးဘုရင်အဖြစ်ထားပြီး ထိုင်းနိုင်ငံစိတ်ကြိုက်ခြယ်လှယ် အုပ်စိုးဖို့ စိတ်ကူးထားပါတယ်။ ဆုန်ခရမ်ဟာ ထိုင်းနိုင်ငံကို မူလနာမည် Siam ကနေ လက်ရှိသုံးစွဲနေတဲ့ Thailand နာမည်ကိုပြောင်းလဲခဲ့သူလည်း ဖြစ်ပါတယ်။


ဖီးလ်မာရှယ် ဖီဘန်ဆုန်ခရမ်

ဆုန်ခရမ်ဟာ ဖက်ဆစ်ဂျပန်တွေနဲ့ မဟာမိတ်ပြုပြီး ဂရိတ်ဗြိတိန်နဲ့ အမေရိကန်ကို စစ်ကြေငြာတဲ့အတွက် သူနဲ့တော်လှန်ရေးကာလတလျှောက် လက်တွဲခဲ့တဲ့ နိုင်ငံရေးခေါင်းဆောင်  Pridi Phanomyong နဲ့ လမ်းခွဲခဲ့ရပါတယ်။ Pridi ဟာ ထိုင်းနိုင်ငံရဲ့ ဂုဏ်ထူးဆောင် နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ဘုရင်အနန္ဒမဟီဒေါ ဆွစ်ဇာလန်မှာရှိနေတဲ့အချိန်မှာ ဘုရင့်ကိုယ်စားလှယ်တော်တစ်ဦးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် တိုင်းပြည်ရဲ့အချုပ်အခြာအာဏာက စစ်အာဏာရှင် ၀န်ကြီးချုပ်ဆုန်ခရမ်လက်ထဲမှာပဲရှိပါတယ်။ ဂျပန်နဲ့မဟာမိတ်ပြုတာကို အသိအမှတ်ပြုတဲ့စာချုပ်မှာ လက်မှတ်ထိုးဖို့ ငြင်းဆန်တဲ့ Pridi ကို ဆုန်ခရမ်က ဘုရင့်ကိုယ်စားလှယ်အဖြစ်ကနေ ဖယ်ရှားခဲ့ပါတယ်။ အဲဒါကြောင့် Pridi ဟာ ဂျပန်ဆန့်ကျင်ရေး မြေအောက်လှုပ်ရှားမှုကွန်ယက် (Seri Thai Network) ကို လျှို့ဝှက်တည်ထောင်ခဲ့ပါတယ်။ ဆုန်ခရမ်ရဲ့ စစ်အာဏာရှင်စနစ်လက်အောက်မှာ မင်းညီမင်းသားတွေနဲ့ တော်ဝင်မိသားစုရဲ့ ဘက်တော်သားတွေ တော်တော်များများ ကွပ်မျက်ခံခဲ့ရပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျပန်ကျူးကျော်မှုကြောင့် ထိုင်းနိုင်ငံတ၀ှန်း ဂျပန်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပြင်းထန်လာတဲ့အချိန်မှာ ဂျပန်နဲ့မဟာမိတ်လုပ်ခဲ့တဲ့ ဆုန်ခရမ်ဟာ တိုင်းပြည်မှာ လူမုန်းများလာပြီး ၀န်ကြီးချုပ်အဖြစ်ကနေ ဖမ်းဆီးဖယ်ရှား ခံလိုက်ရပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးစအချိန် ဘုရင်အနန္ဒမဟီဒေါရဲ့ ထိုင်းနိုင်ငံ အလည်အပတ်ခရီးစဉ်အတွင်းမှာ Pridi ကို ပါလီမန်ကနေ ဘုရင့်ကိုယ်စားလှယ်တော်အဖြစ် ပြန်လည်တင်မြှောက်ခဲ့ပါတယ်။ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး စည်းမျဉ်းခံဘုရင်စနစ်အောက်မှာ တိုးတက်တဲ့ ပါလီမန် ဒီမိုကရေစီနိုင်ငံတော်ကို ထူထောင်ဖို့ ကြိုးစားနေတဲ့ အချိန်အတောအတွင်းမှာပဲ ၁၉၄၆ခုနှစ် ဇွန်လ ၉ရက်နေ့မှာ အသက်၂၀အရွယ် ဘုရင်လေးဟာ သူ့အိပ်ယာပေါ်မှာ ဦးခေါင်းသေနတ်ဒဏ်ရာနဲ့ နတ်ရွာစံသွားခဲ့ပါတော့တယ်။



အပိုင်း(၂) အား စောင့်မျှော်ဖတ်ရှုပါရန်


မြတ်သိန်းထွန်း(ဘွရှင်)

၂၁.၁.၂၀၁၄
နယူးယောက်စံတော်ချိန် ည ၁နာရီ ၅၇မိနစ်

မဟာဝါဒအောက် လောင်းရိပ်မိသူများ

ကျွန်ပ်တို့၏ကမ္ဘာမြေပြင်၌နေထိုင်ကြသောလူမျိုးတိုင်းသည်လူမျိုးစုများဖြစ်ကြပါသည်။ မြန်မာနိုင်ငံတွင်လူမျိုးစုပေါင်း ၁၀၀ ကျော်ခန့်နေထိုင်ကြောင်းလေ့လာမှတ်သားဖူးသည်။ မည်သို့ပင်ဖြစ်စေ လူမျိုးစု၊ လူနည်းစုဆိုသည်မှာ လူဦးရေနည်းသော လူမျိုးတစ်စုကိုခေါ်ဆိုကြောင်းကျွန်တော်တို့အလွယ်တကူသဘောပေါက်မိကြသည်။ ထိုသဘောပေါက်မှုသည်မှားယွင်းသောသဘောပေါက်မှုဖြစ်သည်။ ထိုသို့ယူဆမိသောကြောင်း ( ethnic minorities as ethic, ethic people ) လူမျိုးစု၊ လူနည်းစုဖြစ်ရခြင်းမှာ သာမန်မဟုတ်သလိုထင်တတ်ကြပြီး၊ လူဦးရေများသည့် လူအဖွဲ့အစည်းတစ်ခုမှ ကွဲပြားခြားနားသူများ (Diviant) အဖြစ်ရှုမြင်တတ်ကြသည်။ Neil Thomspon ရေးသားသော Anti-Discriminatory Practice စာအုပ်တွင် သူပြောသည်မှာ..

“it is often forgotten that all people are ‘ ethnic’, that is, belong to a cultural group, and so it is both inaccurate and misleading to refer to members of ethnic minorities as ‘ethnics’ or ‘ethnic people’. This implies that to be a member of the ethnic majority is ‘normal’ and so members of ethnic minorities are by definition deviant. This is a form of racism” ဟုဆိုပါသည်

လူတိုင်း၊လူတိုင်း၊ လူ့အဖွဲ့အစည်းတိုင်းကို ယင်းတို့၏ တန်ဖိုးများ၊ ယဉ်ကျေးမှုများ၊ အတွေးအမြင်များ၊ အမျိုးသားရေလက္ခဏာများဖြင့်ဖွဲ့စည်းထားပါသည်။ ယင်းကြောင်း လူမျိုးစု များနှင့် တခြားလူဦးရေများသော လူမျိုးတစ်မျိုးနှင့် လူဦးရေများသည်ကလွဲပြီး မည်သည်တစ်ခုမျှကွာခြားခြင်းမရှိပါ။ ထို့ကြောင်း သည်ကမ္ဘာမြေကြီးပေါ်တွင်နေထိုင်လူအားလုံးသည် လူမျိုးစုများဖြစ်ကြပါသည်။ အခြားတစ်မျိုးယူဆလျှင် သည်ကမ္ဘာမြေကြီးတွင် လူမျိုးစု (သို့) တိုင်းရင်းသားဆိုသည်ဝေါဟာရများမရှိနိုင်ပေ။

ကျွန်တော်စဉ်းစားမိသည်မှာ လူမျိုးတိုင်းသည်လူမျိုးစုဖြစ်သည် (သို့မဟုတ်) သည်ကမ္ဘာမြေကြီးတွင်လူမျိုးစုဟုခေါ်သောလူအစုမျာုးမရှိပါ။ ကျွန်တော်တို့သည်လူသားမျိုးနွယ်များသာဖြစ်ကြပါသည်။ Thomspon စကားကိုပြန်ကောက်ရသော် မြန်မာနိုင်ငံ၌လူများစုဖြစ်သောဗမာ(မြန်မာ) ဖြစ်ရခြင်းသည် အခွင့်ထူးခံလူတန်စား(သို့မဟုတ်) နံပါတ်တစ်ဦးစားပေးလူတန်းစားဖြစ်နေပြီး တစ်ခြားလူမျိုးနွယ်စုများမှာ နံပါတ်(၂) အဆင့်ရှိလူတန်းများကဲ့သို့ဖြစ်နေတော့သည်။ မြန်မာတပ်မတော်တွင် နှင့်အုပ်ချူပ်ရေးဘက်ဆိုင်ရာများတွင် ရခိုင်လူမျိုးများ မည်သို့ပင်တော်စေကာမှု အဆင့်ထိပ်သို့မတက်နိုင်ကြပေ။ သည်ကိစ္စနှင့်ပတ်သတ်လျှက် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှဒေါက်တာအေးမောင်မှပွင့်ပွင့်လင့်လင့်ဝေဖန်ထောက်ပြထားသည်။

ကျွန်တော်တို့နေထိုင်သောမြန်မာပြည်တွင်လူတိုင်းသည်တိုင်းရင်းသားဆိုသောစကားလုံးကိုကြားဖူးလိမ့်မည်။ တနည်းဆိုရသော် သည်တိုင်းရင်းသားဆိုသည့်စကားလုံးသည် အလွန်ပင်ပေါ်ပျူလာဖြစ်သောစကားလုံးတစ်လုံးဖြစ်သည်။ အစိုးရ၊အတိုက်အခံ၊လူမျိုးစု ထိုထိုသောနိုင်ငံရေးအဖွဲ့အစည်းများကြားတွင်တိုင်းရင်းသားဆိုသည့်စကားလုံးအလွန်ပင်ခေတ်စားလေသည်။ တိုင်းရင်းသားအခွင့်အရေး၊တိုင်းရင်းသားအရေး၊ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးစသည် အရေးပေါင်းသောင်းခြောက်ထောင်နှင့်နပန်းလည်းလုံးလာကြသည်မှာများပြီ။

တိုင်းရင်းသားဟုသောစကားပေါ်ပေါက်လာခြင်းသည်မြန်မာနိုင်ငံအတွက်အကျိုးတစ်စုံတရာဖြစ်ထွန်းနိုင်၊မဖြစ်ထွန်းနိုင်ဆိုသည်မှာ အလွန်ပင်စဉ်းစားရခက်ပါသည်။ မည်သူပင်ဆိုစေ တိုင်းရင်းသားဆိုသည့်စကားကြောင်း မြန်မာနိုင်ငံတွင်ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒများဖြစ်ပေါ်ခဲ့သည်။ လူနည်းစုတိုင်းရင်းသားအားလုံးမြန်မာလူမျိုးများအား အစာမကြေမှုများသာ ရလဒ်အဖြစ်ပေါ်ထွက်ခဲ့ပါသည်။ တိုင်းရင်းသားဆိုသည့်စကားလုံးကြောင်း လူမျိုးရေး ခွဲခြားဆက်ဆံမှုများ ကျွန်တော်တို့ကြုံတွေ့လာရသည်။

ကျွန်တော်နေဖူးသော ယူကေတွင် မြောက်အိုင်ယာလန်၊စကော့တလန်၊ဝေလနယ်နှင့်အင်္ဂလန်ဟု ပြည်သုံးပြည်ရှိပါသည်။ အတူတကွအေးချမ်းစွာနေထိုင်ကြသည်။ ကျွန်နော်နေထိုင်စဉ်ကာလအတွင် စကော့လူမျိုးများ၊ဝေလေလူမျိုးနှင့်မြောက်အိုင်ယာလန်သားများအား အင်္ဂလိပ်တိုင်းရင်းသားများဟုသုံးနှုန်းသံ၊ပြောဆိုသံ၊ ရေးသားမှုများ မမြင်ဖူးမကြားဖူးပါ၊ စကော့၊ဝေး(လ်)၊ အိုင်းရစ် စသည့်အသုံးနှုန်းသာကြားဖူးပါသည်။

မည်သည့်အတွက်ကြောင်းတိုင်းရင်းသားဆိုသည့်စာလုံးမြန်မာစကားတွင်ပေါ်ပေါက်ခဲ့ပါသနည်း။ တိုင်းရင်းသားဆိုသည့် စာလုံးကို အဓပ္မာယ်ဖော်ဆောင်သည့်ဖော်ညွန်းချက်မြောက်မြားစွာရှိပါသည်။ ကျွန်တော်ညာဏ်မမီ၍အကျယ်မချဲ့လိုပေ။ ရန်ကုန်တွင်ကျွန်တော်နှင့်အလွန်ရင်းနှီးသော သမာသမတ်ကျသောမြန်မာဆရာတစ်ယောက်ကို တိုင်းရင်းသားဆိုသည့်စကားလုံးအကြောင်းကျွန်တော်မေးဖူးသည်။ ဆရာပြောသည်မှာ ရှင်းသည်၊ တိုသည်၊ပြတ်သားသည်။ “ တိုင်းရင်းသားလို့သမှတ်လိုက်တာ၊ခေါ်လိုက်တာဟာ မင်းတို့ ရခိုင်၊ရှမ်း၊ကချင်၊ကရင် စတဲ့လူမျိုးတွေကို ဗမာခေါင်းဆောင်တွေ တဆင့်နှိမ့်လိုက်တာဖြစ်တယ်” ဟုသူပြန်ဖြေသည်။ သူ့အဖြေကိုအတိုင်းအတာတစ်ခုကျွန်တော် လက်ခံမိသည်။

တစ်နေ့တွင် ကျွန်တော်သည် တောင်ဒဂုံအခွန်ရုံးသို့ရောက်ရှိခဲ့သည်။ အခွန်ဝန်ထမ်းများနှင့်ကျွန်တော်စကားလက်ဆုံကျဖြစ်သည်။ ကျွန်တော်စကားပြောရာတွင်ရခိုင်ဝဲသံပါလေရာ အခွန်အရာရှိအမကြီးတစ်ယောက်က ကျွန်တော်အား တိုင်းရင်းသားလားဟုမေးသည်။ ကျွန်တော်က ဟုတ်မှန်ကြောင်းကျွန်တော်သည် ရခိုင်လူမျိုးဖြစ်ကြောင်းပြောပြသည်။ အမကရော ဘာတိုင်းရင်းသားလဲဟုကျွန်တော်ပြန်မေးရာ သူမအဖြေကြောင်းကျွန်တော်ခေါင်းထဲ အတွေးပေါင်းများစွာရိုက်ခတ်ကုန်သည်။ သူမအဖြေမှာ သူမသည် တိုင်းရင်းသားမဟုတ်ကြောင်း၊ မြန်မာလူမျိုးစစ်စစ်ဖြစ်ကြောင်းပြောသည်။

    ဆက်စပ်တွေးတောရလျှင် တိုင်းရင်းသားဖြစ်ခြင်းသည် အဆင့်(၂)တွင်ရှိလျက်မြန်မာ(ဗမာ)လူမျိုးသည် အဆင့်(၁)တွင်အမြဲတမ်းရှိနေသည်။ယင်းကြောင်းမြန်မာလူမျိုးများသည်မိမိကိုယ်ကို ဗမာတိုင်းရင်းသား (သို့ ) မြန်မာတိုင်းရင်းတိုင်းဟု မခံလိုကြပေ။ တိုင်းရင်းသားဖြစ်ခြင်းသည်တဆင့်နှိမ့်သည်ဟုခံစားထင်မြင်တတ်ကြသည်။ တခြားမွန်၊ချင်း၊ ရခိုင်များကသာ မြန်မာတိုင်းရင်းများဖြစ်လျက် မြန်မာ၊ဗမာ များမှာ လူမျိုးကြီး (သို့မဟုတ်)
မဟာအဖြစ်ဆိုက်ရောက်ကုန်တော့သည်။ဗမာ(သို့)မြန်မာများသည် မြန်မာနိုင်ငံတွင်မှီတင်းနေထိုင်ကြသောတခြား ညီအစ်ကိုလူမျိုးစုများ၏တိုင်းရင်းသားမဟုတ်ပေလား၊ ထိုခံစားမှုသည် လူအချင်းချင်းခွဲခြားဆက်ဆံမှု၊ လူမျိုးကြီးဝါဒ၏ သန္ဒေသားလောင်းများဖြစ်သည်။ ပိုဆိုးသည်မှာ မြန်မာ (၀ါ ) ဗမာ လူမျိုးသည် မိမိကိုယ်ကို လူမျိုးစုတစ်စုဆိုသည်ကိုပင်မေ့လျော့နေတတ်သည်။

မကြာသေးမီက ကျင်းပလားသော အကယ်ဒမီဆုပေးပွဲတွင် အနောင်စာမှ သက်မွန်မြင့်အား ချင်းတိုင်းရင်းသူလေးဟု သုံးနှုန်းသွားသည်ကို စာဖတ်သူတို့ကြားလိုက်မိကြလိမ့်မည်။ မြှောက်စားလိုခြင်းကြောင်းလား၊ နှိမ့်ချခြင်းလား ပြုလုပ်သူများသာသိမည်။ တခြားအကယ်ဒမီဆုကြီးများ မြောက်မြားစွာရလားသော မြန်မာ(၀ါ)ဗမာ လူမျိုးများအား အနောင်စာမှ ဗမာတိုင်းရင်းသူ(၀ါ) မြန်မာတိုင်းရင်းသားလေး မည်သူမည်ဝါဟု မခေါ်သင့်ပေဘူးလားဟု ကျွန်တော်ဆပ်စပ်တွေးတောမိတော့သည်။ လူမျိုးရေးခွဲခြားသူများသည် မည်သူများနည်း၊ စာဖတ်သူများသုံးသပ်ကြည့်ပါလေ။

မည်သို့ပင်ဆိုစေ မြန်မာနိုင်ငံတွင်တိုင်းရင်းသားဆိုသောစကားလုံးသည် နိုင်ငံရေးလက်နက် ( political weapons) အဖြစ်အသုံးပြုရန်တွက်ပေါ်ထွက်လာခြင်းဖြစ်သည်မှာ ငြင်းစရာမလိုပါ။ တိုင်းရင်းသားအစား ပြည်ထောင်စုသားဟုမှည့်ခေါ်လျှင် ကောင်းဦးမည်ဟုထင်မိပါသည်။ ၎င်းတိုင်းရင်းသားဆိုသည့်စကားလုံးစနက်ကြောင်းမြန်မာနိုင်ငံသည် အနောက်ဘက်မှခိုးဝင်သည့် လူမျိုးခြားများ၏ တိုင်းရင်းသားတောင်းဆိုမှု၊ နယ်မြေချဲထွင်မှုများနှင့်ကြုံတွေ့နေရပြီဖြစ်သည်။ ထိုကိစ္စများအား ရခိုင်ပြည်နယ်တွင်သာဖြစ်ခြင်းဖြစ်သည်၊ ရခိုင်လူမျိုးများ၏ပြဿနာသာဖြစ်သည်စသည်ဖြင့် အတွေးလွယ်ပါက မကြာမှီကာလအတွင်း မြန်မာပြည်တစ်ပြည်လုံးဒုက္ခလှလှတွေ့လားပါလိမ့်မည်။ ကြာမည်၊မြန်မည် ထိုနှစ်မျိုးသာရှိနိုင်သည်။

ကျွန်တော်စကော်တလန်တွင်ရှိစဉ်ကာလအတွင်းလန်ဒန်မြို့ရှိမြန်မာဘုန်းတော်ကြီးကျောင်းတွင် တရားစခန်းဝင်ဖူးသည်။ တစ်နေ့တွင်စကားလက်ဆုံကျခိုက်မြန်မာမျိုးချစ်များမှ မြန်မာသမိုင်းအကြောင်းအစချီတော့သည်။ မြန်မာဘုရင်များ၏စစ်ပွဲများအကြောင်း၊ မြန်မာပညာရှိများ၏အပြောအဆို၊ မြန်မာဘုရင်များ၏စစ်ပရိယယ်ကြွယ်ဝမှု စသည့် ပြောမဆုံးနိုင်သောမြန်မာသမိုင်းအကြောင်းများဆွေးနွေးကြသည်။ ကျွန်တော်လည်း ပွင့်ပွင့်လင့်လင့်ဝင်ရောက်ဆွဲနွဲမိသည်။
မြန်မာသမိုင်းအကြောင်းပြောလို့သူတို့မောနေလောက်ပြီဟုအထင်နှင့်ကျွန်တော်ရခိုင်သမိုင်းအကြောင်း အနည်းငယ်မိတ်ဆတ်မိတော့သည်။ ဤ်တွင်ပြဿနာစတော့သည်။

မြန်မာမျိုးချစ်များမှကျွန်တော့ကိုပြောပြသည်မှာ ရခိုင်သည်ဗမာလက်အောက်ခံဖြစ်ကြောင်း၊ ရခိုင်ဘုရင်များမှ မြန်မာဘုရင်များအား အခွန်ပဏာဆက်ရကြောင်း၊ ရခိုင်ပြည်အား မည်သည့်အချိန်မဆိုသိမ်းပိုက်လျှင်ရကြောင်း၊ ရခိုင်စကားနှင့်ဗမာစကားဆင်တူနေခြင်းကြောင်း မြန်မာဘုရင်များညီငယ်များသဖွယ်ဆက်ဆံသောကြောင်း သနားညှာတာသောအားဖြင့် ဗမာ(၀ါ)မြန်မာများမသိမ်းပစ်ခဲ့ခြင်းဖြစ်ကြောင့် စသည့် ရခိုင်သမိုင်းအသစ်များဖြင့်မိတ်ဆတ်ပေးပါတော့သည်။

အလွန်ပင်အထက်စီးနိုင်လွန်သည်ဟုကျွန်တော်ထင်မိပါသည်။ ပိုထူးဆန်းသည်မှာ
ဤစကားဝိုင်းတွင်ဝင်ရောက်ပြောဆိုကြသေူလူငယ်များမှာ လန်ဒန်၌ကျောင်းတတ်နေသောခောတ်ပညာတတ်လူငယ်များဖြစ်နေခြင်းကြောင်းပင်။ နောက်လူငယ်တစ်ယောက်မှဆက်ပြီး “ ရခိုင်တွေမဆိုးပါဘူး၊ မြန်မာနိုင်ငံမှာ အဆင့်(၃)လောက်ရှိတာဘဲ” ဟုဆိုသည်။ ကျွန်တော်မှ လွန်စွာအံ့သြသင့်လျက် အဆင့်ဆိုသည်မှာ မည်သည့်အရာကိုပြောပါသနည်းဟု စိတ်ဝင်စားစွာမေးမိရာ သူရှင့်ပြမှပိုပြီးအံ့သြရတော့သည်။ သူဆက်ပြောသည်မှာ မြန်မာနိုင်ငံတွင် မြန်မာလူမျိုးသည် အဆင့်(၁)ဖြစ်ကြောင်း၊မွန်သည်အဆင့်(၂)ဖြစ်ကြောင်းနှင့် ရခိုင်သည်သမိုင်းအထောက်အထားအရ အဆင့်(၃) လောက်ရှိကြောင်းစသည်ဖြင့်ပြောပြသည်။

သမိုင်းအထောက်အထားအရ မြန်မာနိုင်ငံတွင် ရခိုင်သည်အဆင့်(၃)ဟုပြောသော် အမှားကြီးမှားနေပါသည်။ အဘယ့်ကြောင်းဆိုသော်
ရခိုင်လူမျိုးများသည် မိမိကိုယ်ပိုင်နိုင်ငံတည်ထောင်ပြီး ဗမာ(မြန်မာ) လူမျိုးများထက် နှစ်ပေါင်း(၁၀၀၀)ခန့်စောလျက် မြို့ပြနိုင်ငံတည်ထောင်ခဲ့ကြသည်။ ယဉ်ကျေးမှုများထွန်းကားခဲ့သည်။ ရခိုင်လူမျိုးများသည်ငွေကြေးစနစ်များတီထွင်ပြီး ရွှေဒင်္ဂါးများသွန်းလုပ်ချိန်တွင် ဗမာနိုင်ငံတွင် စီးပွားရေးဆိုင်ရာငွေကြေးလှဲလယ်မှုစနစ်မှာ အလွန်ပင်နိမ့်ကျနေပါသေးသည်။ သမိုင်းအထောက်အထားအရ ရခိုင်ဘုရင်များသည်မည်သည့်နိုင်ငံသြဇာမှမခံယူခဲ့ပေ။

မဂိုများပင်ဖိန့်ဖိန်တုန်အောင်ကြောက်ရသောရခိုင်ပြည်သည် ဗမာဘုရင်အား အခွန်ဆက်သသည်ဆိုသည်မှာရာယ်စရာတော့ကောင်းပါသည်။ဤသို့ထောက်ပြရခြင်းမှာ ရခိုင်သမိုင်းကြောင်းကြွားလို၍မဟုတ်ပေ။ အမှန်တရားတစ်ခုကိုမိတ်ဆက်ပေးခြင်းသာဖြစ်သည်။ဤသို့ဖြင့်ကျွန်တော်သည် ကိုယ့်ထီး၊ကိုယ့်နန်း၊ကိုယ့်နိုင်ငံဖြင့် နှစ်ပေါင်းထောင်ချီနေထိုင်ခဲ့သော ရခိုင်လူမျိုးအတွက် သမိုင်းစာမျက်နှာအသစ်တစ်ခုရလိုက်သည်။

အမှန်တရားကိုရင်ဆိုင်နိုင်မှုမြန်မာလူငယ်များစိတ်ထဲတွင် အလွန်နည်းပါးနေပြီးလား၊ မိမိနှင့်မတူခြားနားသောလူများကို လေးစားနိုင်သောစိတ်ထားများအလွန်ပင်နည်းနေပြီးလား၊ မိမိသမိုင်းကိုတန်ဖိုးထားသကဲ့သို့ တစ်ခြားလူမျိုးများ၏သမိုင်းများကိုလည်း မြန်မာလူငယ်များတန်ဖို့ထား လေးစားတတ်ပြီလား၊ မေးစရာများတန်းစီနေပါတော့သည်။
မည်သည့်အတွက်ကြောင်းထိုကဲ့သို့ဖြစ်ရပါသနည်း။ မြန်မာနိုင်ငံတွင်မှီတင်းနေထိုင်ကြသော လူမျိုးများ၏သမိုင်းများကို လေ့လာမှုအားနည်းခြင်းကြောင်းလား၊ အရွဲ့တိုက်ခြင်းလား၊ မြန်မာလူမျိုးကြီးဝါဒလောင်းရိပ်မိခြင်းကြောင်းလား၊ တိုင်းရင်းများအားအဆင့်လိုက်ခွဲခြားသတ်မှတ်ခြင်းကြောင်းလား၊ စသည့်လားပေါင်းတစ်ရာနှင့်ကျွန်တော်နပန်းလုံးရတော့သည်။

ညာဏ်မှီသလောက်စဉ်းစားရသော် မြန်မာလူငယ်များသည် မဟာဝါဒလောင်းရိပ်မိနေကြသည်။ တိုင်းရင်းသားဆိုသည်မှာ အဆင့်နှိမ့်သောလူမျိုးစုနွယ်များအဖြစ်ထင်မြင်နေကြသည်။ ယင်းကြောင်း ရခိုင်လူမျိုးများမှ သမိုင်းကြောင်းများကိုထုတ်ဖော်ရေးသားပြောဆိုလာလျှင် မြန်မာအများစုမှာ မနှစ်မြို့ကြပေ။ ရခိုင်ထမင်းဆိုင်တွင် ရခိုင်သီချင်း ဗွီစီဒီ ကာရာအိုကေဖွင့်သောကြောင်း  စိတ်ကသိကအောက်ဖြစ်ဟန်တူသော မြန်မာများကို ကျွန်တော် ထူးဆန်းအံ့သြစွာတွေ့ဖူးပါသည်။
ထိုသို့ထင်မြင်လာအောင်လည်းအဘက်ဘက်မှတွန်းအားပေးလျက်ရှိပါသည်။ ဆက်စပ်ပြောရလျှင်ယင်းကဲ့သို့စိတ်ထားများဖြင့် တိုးတက်သောပြည်ထောင်စုလူ့ဘောင်အဖွဲ့အစည်းအားတည်ဆောက်အလှမ်းဝေးနေဦးမည်။ အပေါင်းလဏ္ခာဆောင်သော ချဉ်းကပ်မှုများကို လူငယ်များလက်ခံမှုအားနည်းပေလိမ့်မည်။ လူမျိုးစုများကြား ညို့နှိင်းမရသော ကွာဟမှုများကျွန်တော်တို့ယခုလက်ရှိခံစားနေရသည်။ အနာဂတ်တွင်လည်းခံစားလာရမည်။

ကျွန်တော်စကောတလန်တွင်သက္ကသိုလ်တက်နေစဉ်အတွင်း ရခိုင်ပြည်နယ်ကိုယ်စားပြု ပဉ္စ၀တီအက်(ဖ)အမ် ကိုရခိုင်ဘာသာဖြင့်လွင့်မည်ဟုကြားသိမိခြင်းကြောင်းအလွန်ပင်ဝမ်းမြောက်မိသည်။ သို့သော်လည်း မှန်ချက်နှင့်နှမ်းထွက်တက်တက်စင်လွဲခဲ့ရသည်။ ထိုရေဒီယိုအသံလွင်ဌာနမှာ ရခိုင်ဘာသာစကားနှင့် လွင့်မလိုလိုနှင့်ထုံးစံအတိုင်းမြန်မာဘာသာဖြင့်လွင့်သည်။ ရခိုင်သီချင်းဂဏ္ဍ မိနစ်(၂၀)မှလွဲလျက် အားလုံးမြန်မာစကားဖြင့်လွင့်သည်။ စစ်တွေမြို့မှ ရပ်မိရပ်ဖ နှင့် ရခိုင်လူငယ်၊ ဘုန်းကြီး၊ကိုရင်စသည့်တို့ကို ပဉ္စ၀တီအက်(ဖ်)အမ်ကို ပတ်သတ်လျက်ကျွန်တော် စစ်တမ်းကောက်ကြည့်သောအခါ ၎င်းတို့မှ ရခိုင်ဘာသာဖြင့်လွင့်စေချင်ကြောင်းပြောကြသည်။

ဂျာပန်နိုင်ငံ၌ အိန္ဒိယ လူမျိုးများအတွက် အိန္ဒိယကုလားဘာသာဖြင့် ရေဒီယိုအသံလွင့်ပေးသည်ဟုကြားသိရသည်။ ယူကေတွင် ပျောက်ကွယ်လုနီးပါးဖြစ်နေသော ( စကော့တလန်လူမျိုးမှုရင်းစကား၊ စကော်တလန်သားများယင်းစကားကိုမပြောကြတော့ပါ) ဂေလိလ့်( Gaelic) ဆိုသောဘာသာစကားဖြင့်ပင် အသံလွင့်ပေးခြင်း၊ သတင်းစာများရိုက်ထုတ်ဝေခြင်းများရှိသည်။ လူဦးရေ ၃ သန်းခန့်မျှပြောဆိုသောရခိုင်စကား၊ရခိုင်ဘာသာဖြင့် သတင်းစာမပြောနှင့် ပြည်တွင်းထုတ်ဂျာနယ်တစ်စောင်မဖတ်ဖူးပါ။ ဘာသာစကာများမပျောက်ကွယ်ရအောင် ယူနစ်စကိုမှ လုံးလမ်းထုတ်နေချိန်တွင် မြန်မာနိုင်ငံတွင် မြန်မာစကားပြောရာတွင် မိခင်အသံဝဲနေသောကြောင်း အဟားခံရကိန်းဆိုက်နေပါသည်။

အထက်တွင်ပြောခဲ့သည့်အတိုင်းလူမျိုး တစ်မျိုးနှင့်မည်သို့ထပ်တူမကျနိုင်ပေ။ မြန်မာများဖြစ်ကြသော ရန်ကုန်သားနှင့်မန္တလေးသူတောင် မတူမတူ၊ ဘယ်အရာမှမတူကြပါ။ ထို့ကြောင်း ရခိုင်နှင့်မြန်မာ တူရမည်ဆိုသည်မှာ မဖြစ်နိုင်ပေ။ လူအချင်းချင်းအဘယ့်ကြောင့်မတူရပါသနည်း။
Storkey(1991) ကထောက်ပြသည်မှာ
“ All the characteristics which go to make up cultural identity origins, physical appearance, language, family structure, religious belief, political, food, art, music, literature, attitudes towards the body, gender roles, clothing, education.” ဟုဆိုပါသည်။ လူမျိုးတစ်မျိုး နှင့် တစ်ယောက်နှင့်တစ်ယောက် ယင်းတို့၏ကြီးပြင်ပုံနေရာဒေသအလိုက်ကွဲပြားမှုရှိပါသည်။ ဥပမာ ဆိုရသော် ရခိုင်ဒေသတွင်မွေးလျှင် ရခိုင်ရိုးရာဓလေ့ထုံးတမ်းအစီအလာ၊ဘာသာစကား၊ယုံကြည်မှု၊တွေးခေါ်မှု၊ဂီတ၊အနှပညာ စသည့်ရေမတွက်နိုင်သောအရာများသည် ယင်းလူအား ရခိုင်တစ်ယောက်အဖြစ်ပုံသွင်းပေးပါသည်။ ရန်ကုန်တွင်မွေးသောရခိုင်တစ်ယောက်နှင့် ရခိုင်ပြည်နယ်တွင်မွေးဖွားသောရခိုင်တစ်ယောက်မတူကြပါ။ ကွဲပြားခြားနားမှုများစွာရှိပါသည်။

စစ်မှန်သော၊ဟန်ဆောင်မှုကင်းသော၊လူမှုရေးအရတိုးတက်ဖွံ့ဖြိုးသောပြည်ထောင်စုအစစ်အမှန်ကိုသွားလိုလျှင်မတူကွဲပြားမှုများကိုကျွန်တော်တို့လက်ခံတက်ရပါမည်။ လူမျိုးတစ်မျိုးသည် တစ်ခြားလူမျိုးတစ်မျိုး၏     ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာ၊ဘာသာစကား၊ယုံကြည်မှု၊တွေးခေါ်မှု၊ဂီတ၊အနှပညာ စသည့်ရေမတွက်နိုင်သောအရာများသည်ကို အပေါင်းလက္ခဏာဆောင်သော အမြင်များဖြင့်ကြည့်တတ်ရပါမည်။ Each people on this earth are with different characteristics and patterns and it is important for us to see it through. ဟု Storkey(1991) ဆိုထားပါသည်။

နေရာတိုင်းတွင် အလောင်းမင်းတရား၊ကျန်စစ်သား၊ဗိုလ်ချူပ်အောင်ဆန်၊အောင်ဆန်းစုကြည်စသည်ဖြင့် ပြောနေလို့မပြီးချေ၊ ငါတို့မှာ စသည့်သမိုင်းဂုဏ်ပုဒ်များရှိသလို မြန်မာနိုင်ငံရှိ တစ်ခြားလူမျိုးများတွင်ဆိုင်ရာဂုဏ်ပုဒ်များ များစွာရှိသည်ဟု Mutual ကျသော အတွေးအမြင် အသိအမြင်များ မွေးဖွားရပါမည်။ ရခိုင်တစ်ယောက်မှ ဗိုလ်ချူပ်အောင်ဆန်းဓာတ်ပုံကို အလေးထားမြတ်နိုးသလို မြန်မာတစ်ယောက်မှလည်း ဘုရင်မင်းဘာကြီး၊ ဆရာတော် ဦးဥတ္တမကဲ့သို့သောပုဂ္ဂိုယ်တို့ကိုလည်း လေးစားကြည်ညိုတတ်ရမည်။ မွန်သူရဲကောင်းများကိုလေးစားဂုဏ်ယူရမည်။ ရှမ်းစော်ဘွားများကို တန်ဖိုးထားလေးစားရမည်။ နောင်ရိုးတိုက်ပွဲအကြောင်းကိုသိသလို၊ ပေါ်တူဂီရေတပ်ကိုတိုက်ခိုက်အောင်မြင်သော ဘုရင်မင်းဘာကြီးအကြောင်းကိုလေ့လာရမည်။

ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ်ကြေးမုံသတင်းစာမှ အေဒီတာအာဘော်တစ်ခုကျွန်တော်ဖတ်မိသည်။ အိုင်ဒီယာအများစုကိုလက်ခံနိုင်သော်လည်း သမိုင်းကြောင်းကိုထောက်ပြရာတွင်အမှန်ကိုအမှန်တိုင်းပြတ်ပြတ်သားသား လိပ်ပြာသန့်သန့် ရေးသားရန်များစွာလိုနေပါသေးသည်။ မြန်မာနိုင်ငံတွင်ဗမာ(၀ါ)မြန်မာလူမျိုးတည်း၌သာသမိုင်းကြောင်းရှိသည်မဟုတ်ပါ။ မြန်မာတိုင်းရင်းသားများသည်တောင်ငူ၊ပုဂံ၊အင်းဝစသည့်ခေတ်များတည်ထောင်လျက်အတူတကွငြိမ်းချမ်းစွာနေခဲ့ကြသည်ဟု
မြန်မာလူမျိုးကြီးဝါဒကိုအသက်သွင်းခြင်းသည်မြန်မာနိုင်ငံရှိတခြားလူမျိုးများ၏ကြီးကျယ်သောသမိုင်းကြောင်းများကို
သီအိုရီအသစ်များနှင့်စော်ကားရာကျနေပါသည်။အမှန်ကိုအမှန်အတိုင်းရေးစေချင်ပါသည်။ သို့မှသာ ပြည်ထောင်စုသားများ တစ်ယောက်အပေါ်တစ်ယောက်လေးစားကြည့်ညိုကြပါလိမ့်မည်။

စစ်မှန်သောပြည်ထောင်စုစိတ်ဓာတ်ကိုဖော်ဆောင်ရာတွင် ဦးရွှေရိုးနှင့်ဒေါ်မိုး အကကို ကမ္ဘာဆုံးထိကပြနေ၍မပြီးချေ။ လုပ်သင့်လုပ်ထိုက်သည်မှာ စိတ်ထားမှန်ကန်စွာဖြစ်လုပ်လားရန်အလွန်အရေးကြီးသည်။ ပြည်ထောင်စုဖွားညီနောင်များအား သူတို့လိုချင်သော identity များကိုအာမခံပေးရမည်။ ပြည်နယ်၊ပြည်မ မခွဲခြားဘဲ တိုးတက်ရန်အလားအလာကောင်းနေသောမည်သည့်ပြည်နယ်၊တိုင်းမဆို ကူညီလုပ်ဆောင်ပေးရမည်။ ပြည်မတိုးတက်ပြီးမှပြည်နယ်တိုးရမည်စသော လက်တွေ့မကျသော အတွေးအခေါ်၊ နှိမ့်ချမှုများအား ခ၀ါချရမည်။

ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒသည် လူမျိုးကြီးမဟာဝါဒ အပေါ်အခြေခံပေါ်ပေါက်သည်ဟု ကျွန်တော်ယုံကြည်ပါသည်။ မဟာဝါဒမရှိလျှင် ကျဉ်းမြောင်းသောအမျိုးသားရေးဝါဒမရှိနိုင်ပေ။ သာမာန်အားဖြင့်မတူညီသောလူမျိုးစုများအကြား ညီညွတ်ခြင်း၊စည်းလုံးခြင်း၊ချစ်ခြင်းစသည် ဟာမိုနီများကိုယူဆောင်ရာ မဟာဝါဒကို ခ၀ါချဖို့လိုပါသည်။

ပြည်ထောင်စုသားများအကြားကျွန်တော်တို့သည် Act Justly, Love Tenderly, Walk Humbly စသည့် တန်ဖိုးကြီးသော လူသားအခြခံစိတ်ဓာတ်များလိုအပ်သည်။ စစ်သူကြီးမဟာဗန္ဒူလကြေးရုပ်ကို ရခိုင်ပြည်လမ်းဆုံလမ်းကြားများထုလုပ်ထားရှိခြင်းဖြင့် ရခိုင်လူထု၏ လေးစားချစ်ခင်မှုကိုမရနိုင်ပေ။ ယင်း၏ဆန့်ကျင်ဘက်သက်ရောက်မှုများသာတိုးပွားစေပါသည်။ စစ်မှန်သောပြည်ထောင်စုဖော်ဆောင်ရန် မဟာဗန္ဒူလထက် ရခိုင်ပြည်နယ်တွင် ဆရာတော်ဥတ္တမ ကြေးသွပ်ရုပ်ကြီးများပိုအရေးကြီးပါသည်။

အချူပ်အားဖြစ်ဆိုရသော မြန်မာလူထုတွင် အမြစ်တွယ်နေသော မဟာစိတ်ကိုတိုးတက်သောလူသားစိတ်ဓာတ်များအခြေခံကာဖျောက်ပစ်ဖို့လိုပါသည်။ မြန်မာနိုင်ငံရှိလူငယ်များသည်မတူကွဲပြားသောအရာများကို ထောင့်စုံ (ecologically ) သုံးသပ်ကာ လက်ခံနိုင်စွမ်းရှိလာအောင်၊ ယင်းမတူကွဲပြားမှုများကိုတန်ဖို့ထားတတ်လာအောင် လေ့ကျင့်ဖို့လိုသည်။ မိမိကိုယ်ကို ငါသည် ပြည်ထောင်စုသားတစ်ယောက်ဖြစ်သည်၊ အခွင့်ထူးခံလူတန်းစားမဟုတ်။ ပြည်ထောင်စုသားအားလုံး တန်တူအခွင့်အရေးရှိရမည်၊ ကရင်တစ်ကျပ်၊ မြန်မာ(ဗမာ) တစ်ကျပ်ဟု သီအိုရီထုတ်ပြီး လက်တွေ့ မြန်မာ (၇) ကျပ်ရချင်သည့် အချောင်ခိုအခွင့်ရေးယူချင်သည့်စိတ်များကို ဖျောက်ရမည်။ သို့မှသာ ကျွန်တော်တို့ပြည်ထောင်စုသားအားလုံးမဟာဝါဒလောင်းရိပ်မှ လွတ်မြောက်ပြီး ခေတ်မှီဖွိ့ ဖြိုးတိုးတက်သော မဟာဝါဒကင်း ဒီမိုကရေစီပြည်ထောင်ကြီးဆိုသို့ ဦးတည်နိုင်မည်။

“ ပြည်ထောင်စုသားများလိုချင်သောအရာသည် ခွဲထွက်ရေးမဟုတ် ပေါင်းစည်းရေးဖြစ်သည်။
ပြည်ထောင်စုသားများလိုချင်သောအရာသည် မုန်းတီးရေးမဟုတ် ကြင်နာရေးဖြစ်သည်။
ပြည်ထောင်စုသားများလိုချင်သောအရာသည် မဟာဝါဒမဟုတ် ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ရေးဖြစ်သည်။”

                                                                                                                                                      ချစ်ဖွယ်ဦး