Wednesday, 8 October 2014

ဦးဥတ္တမ

ဦးဥတ္တမ ရက္ခိတသွီး
အာဂသတ္တိ ကမ္ဘာသိယင့်
အဖိနှိပ်ခံ နယ်ချဲ့ ရန်ကို
တော်လှန်လီခ ဥတ္တမ
*
ရူပါရွာ၏ ဖွားဇာတိပါ
ဘုမ္မိနက်မြေ မြို့ စစ်တွေက
ဂုဏ်ရည်ထွန်းပ ဦးစံမြမှာ
သားလှထွန်းပြောင် ပေါ်ထွန်းအောင်ကို
ကံဆောင်သိမ်ဝင် သိက္ခာတင်ဗျာယ်
ခေါ်တွင်လီခ ဥတ္တမ
*
တိုင်းတပါးက အုပ်စိုးခလို့ 
 အူမမတင်း ဆဲရဲခြင်းကို
အစင်းခံဗျာ ပြည်မြန်မာမှာ
အာကာမိုးမောက် ကရက်ဒေါက်ကို
မကြောက်မရွံ  ဇာတိမာန်နန့် 
တော်လှန်တိုက်ထုတ် နောက်မဆုတ်ဘဲ
သွီးစုပ်ဖုတ်ယှောင် မစ္ဆာကောင်ကို
ဦးဆောင်လမ်းပြ တော်လှန်ခစွာ
ကမ္ဘာတခွင့် သမိုင်းဝင်ယင့်
ခေါ်တွင်လီခ ဥတ္တမ...။
*
အာရှတခွင့် အာဏာရှင်ရို့ 
အယင်ထွက်လီ မမြင်စီကေ့
ဇာနီစိတ်ထား လူအများကို
တရားပောာလီ ထောင်ချလီယင့်
လွတ်လီပောာလီ အာဇာနီမှာ
သာကီနွယ်ဖွား ရခိုင်သား..။
 *
ဘုရားသားတော် မထေရ်မော်၏
ထုတ်ဖော်မိန့် ကြား ထိုစကားကို
အများပြည်သူ သတိမူဗျာယ်
အတူညီညွတ် စည်းလုံးကတ်...။

စည်တော်မောင်(ကျိန်းအနောက်)


0 comments:

Post a Comment