ထလော့ပြည်သူ
ပြည်သူထလေ့၊ နိုးထလော့
ထလော့ပြည်သူ၊ နယ်ချဲ့ဟူသမျှ
ဆန့်ကျင်ကြရန်၊ မောင်းထုတ်ရန်နှင့်
တွင်းရန်ပြင်ရန်၊ ရန်ဟူသမျှ
တိုက်ကြဖျက်ကြ။
ကျွန်နှစ်သက်ရာ၊ ဘဝတာ၌
တိုင်းပျက်ပြည်ပျက်၊ လူမျိုးပျက်၍
အကျင့်သိက္ခာ၊ ဖျက်ဆီးလာလည်း
သီလမဏ္ဍိုင်၊ ရခိုင်ရက္ခ
စောင့်ရှောက်ကြလော့။
မျိုးဖျက်ရန်သူ၊ အကြံဟူသမျှ
ဆန့်ကျင်ကြ။
နဖူးလက်တင်၊ မစဉ်းစားခင်က
ငါပြောပြမည်၊ အိုပြည်သူ
လက်ဝါးတွင်းဖေါက်၊ ကြီမ်ကြိုးလျှောက်သီ
တစီတတန်း၊ လူသိန်းသန်းနှင့်
သျှင်ပင်မုနိ တုမဟိကို
ဆောင်ယူဘိသည်၊ မြန်မာပြည်သို့
ထိုစဉ်ခါက၊ နန်းအမရ
ပြည်ဌာနဟု ဆိုလတ်၏။
နန်းအမရ၊ ဘဝသျှင်ပင်
မောင်ဝိုင်းတွင်၏။
မောင်ဝိုင်းဆိုတိုင်း
ရခိုင်တိုင်းတွင်၊ မယွင်းဤမှာ
နီရာထိုထို၊ ရခိုင်ဆိုလျှင်
အရှင်လတ်လတ်၊ ဂေါင်းကိုဖြတ်၍
ကွပ်ညှပ်သုတ်သင်၊ ဒါးစီရင်၏။
ကုန်စင်အောင်သတ်၊ မလွတ်ပြီယှောင်
ကောင်ပုတ်တောင်နှယ်ပုံလီ၏။
သီလီမကြွင်း၊ လူခပင်းရို့
ချင်းချင်းနွိးနွိး၊ ကနိမွိးသား
သားထွီးသားငယ်၊ နုနုငယ်ရို့
ပြုံးရယ်ရွှင်ဘိ၊ မိမသိကို
မွီးမိထံက၊ ယူပြိးမှလျှင်
လက်နှင့်ကိုင်မြှောက်၊ ကောင်းခင်ရောက်က
အောက်မှတဖန်၊ ဒါးကိုလှန်၍
ခံပြန်ပြိးခါ၊ ပြုသည်မှာ ကြောင့်
ကျကာမလွဲ၊ ရဲရဲသွီးစက်
အအူထွက်၏။
တချက်မြီ၌၊ လှံကိုစိုက်၍
ခံလိုက်တံကျင်၊ ရင်ကဝင်၏။
ပုံဘိတောင်နှယ်၊ ကောင်ပုတ်ဝယ်ကား
လူငယ်တသောင်း၊ လူကြီးပေါင်းလျှင်
တသိန်းသျှစ်သောင်းစွန်း၊ လေးထောင်မွှန်း၏။
နှစ်လိုပျော်ပါး၊ လင်မယားကို
ပေါင်ကြအတူ၊ မထားမူဘဲ
ဆွဲယူရိုက်သတ်၊ နားကြိုးတတ်လျှက်
ပူးပြွတ်ချိုင်နှောင်၊ ကြက်ကိုလှောင်သို့
ပုံဆောင်ပမာ၊ ယူကြပါ၏။
များစွာခွတ်ထစ်၊ သတ်၍ပစ်လျှက်
အချစ်ဝါသနာ၊ မဟိပါငြား
ပျူအောက်သားသည်
စကားမုသားဝါဒီတည်း။
ဤသောစာဟောင်း၊ သမိုင်းကြောင်းဟိ
ဟိကြောင်းဤသည်၊ ထိုသည်သာဓက
မမိကြနှင့်။
သသိဟိကြ၊ နာကျဉ်းကြလော့။
အမျိုးမာန၊ နိုးထကြ။
နာလော့ပြည်သူ၊ အိုပြည်သူရို့
နားကိုစွင့်လေ့၊ နားစွင့်လော့
ရိုးမတဝှန်း၊ မြစ်ကမ်းပင်လယ်
လယ်ကွင်းမြို့ပြ၊ တောကအုံက
ဇနပုဒ်က၊ ငိုသံသဲ့သဲ့
အင်အားမဲ့စွာ၊ ပင်ပန်းစွာဖြင့်
ရခိုင်သူမ၊ ငိုချိုက်ရ၏။
အောက်သားမြန်မာ၊ ရိုင်းပြစွာနှင့်
ဗလက္ကာယ၊ ပြုကျင်ကြပြီ
ကန်ဆီထိ။
ချောင်းနွယ်မြစ်မ၊ ရီလျှံကျသို့
ရခိုင်သူမ၊ ကျသည့်မျက်ရည်
ထိုမျက်ရည်တွက်
သမိုင်းကြွီးလျှင် ဟိသင့်၏။
မှတ်လော့ပြည်သူ၊ ရခိုင်ဟူသမျှ
နာကျိန်းခံခက် ဟိကြလော့။
သူနာ သူအို၊ ကျိုးကန်းကိုကား
မလိုပိတ်ထား၊ တိုက်လုပ်ငြား၍
သွင်းထားအပြည့်၊ ယမ်းဆိးထည့်လျှက်
မြီမြေ့ညက်ကြီ၊ မီးတိုက်စီ၏။
အဆိပ်ငွေ့ လွှတ်၊ သတ်သည့်ပညာ
ဂျာမန်ဖက်ဆစ်၊ နောက်မှဖြစ်သည်
စစ်ရှိသမိုင်း၊ အရိုင်းမြန်မာ
ကျင့်ခပါ၏။
ပင်လယ်ကမ်းစ၊ သဲသောင်ရွမှာ
ဖြားရီကျခါ၊ ဝါးခြံကာ၍
ချိုင်ကာနှောင်ထား၊ လူအများမှာ
ဖြားရီတက်ခါ၊ မြုတ်လို့သီရ
ကယ်ပါယူပါ၊ တစာစာ
အော်မြည်ဟစ်ကျွှိး၊ ရင်တီးလက်တင်
အသက်ငင်၍၊ ထိုတွင်ခဏ
ခန္ဓာကြွ၏။
ရင်ကိုခွဲ၍၊ အသဲကိုကင်
အအူကိုထုတ်၊ အရီဆုတ်နီလှန်း
ယုံတမ်းစကားမဟုတ်
အယုတ်တမာ၊ မိစ္ဆာကောင်ရို့
မယုံအောင်ရက်စက်၊ ခွီးဝက်လင်းဒ
ဝဝကျွေး၏။
နာလော့ပြည်သူ၊ အိုပြည်သူ
ဗဟိုစည်နှင့်၊ နန်းမနန်းဆောင်
ကျောင်းကန်ဇာတီ၊ သိမ်ကြီးဇရပ်
ပြဿဒ်တန်းဆောင်၊ မောင်းခေါက်နာရီစင်
တော်ဝင်ခန်းနား၊ သပ်ယပ်ရွာရို့
မြို့ ရိုးတံတိုင်း၊ တုနှိုင်းမဟိ
ပိဋကတ်တော်၊ ကျမ်းငယ်အစုံ
အကုန်မိးတိုက်၊ မပြိးမကျန်
မြီလှန်ဖျက်ဆီး၊ ဆင်ကြီးမြင်းကြီး
သမီးကညာ၊ ဥစ္စာရွှေငွေ
ရန်ကာပြောင်းအမြောက်
အောက်သားလုယူ၊ လူသျှင်ပညာဟိ
ဗေဒင်တတ်ဝှရား၊ ဆီးသမားပန်းထိမ်သည်
ယိုင်စင်သျှင်နှင့်၊ ပန်းချီနှင့်
ကြီးသွန်းတတ်နှင့်၊ ဆောက်ခတ်နှင့်
ဗိသုကာတတ်၊ အတတ်သည်မျိုးစုံ
မတ်မျိုးမူးမျိုး၊ စစ်ထိုးအတတ်
နပမ်းသတ် လက်ပန်းသည်
သူကြွယ်သူဌီး၊ သူရဲခြီသည်
ကြီးရီဇုန္ဒာတ်၊ ခြီချင်းခတ်၍
သုံးပန်းကွပ်ညှပ်၊ ယူဆောင်လတ်သည်
ပြည်ကြီးဓည၊ သုဉ်းလီစွ။
ရူလော့ပြည်သူ
ပြည်သူရူလော့၊ နာခံလော့။
လှိုင်းသံလီသံ၊ သောသောညံ၍
ရီပြင်လှိုင်းကြား၊ ဆံဖျားသက်စွန့်
လူးလွန့်မှောက်တုံ၊ လွတ်မြောက်တုံ့နှင့်
တပြည်ဘဂသုံးပန်းကွပ်ညှပ်၊ ယူဆောင်လတ်သည်
ပြည်ကြီးဓည၊ သုဉ်းလီစွ။
ရူလော့ပြည်သူ
ပြည်သူရူလော့၊ နာခံလော့။
လှိုင်းသံလီသံ၊ သောသောညံ၍
ရီပြင်လှိုင်းကြား၊ ဆံဖျားသက်စွန့်
လူးလွန့်မှောက်တုံ၊ လွတ်မြောက်တုံ့နှင့်
တပြည်ဘင်္ဂလား၊ ပြီးလွှားယှောင်ပုန်း
အုံးကြွတ်ဆူညံ၊ ဟေဝန္တာခရီး
တောကြီးမျက်သျှင်၊ လိပ်ပြာစင်မျှ
ကျားဆင်သားရဲ၊ ဘေးကိုချဲ၍
ခဲဖွယ်ထမင်း၊ ကင်း၍မင
ငတ်ကြပြတ်ကြ၊ သီကြီကြနှင့်
ကျားဟောက်လောင်းမှောက်
သက်ပျောက်ကတ်လီ
သီကတ်လီ။
ထိုစဉ်ခါက
ရခိုင်စစ်ပြီ၊ ဘေးကင်းဝီးရာ
ပုန်းခွာယှောင်ပြီး၊ စာရင်းရွီးသူမဟိ
နိုင်ငံတကာ မသိ။
သိန်းသန်းလူခပင်း
ကယ်သူကင်း၍၊ ချင်းချင်းကြီကြီ
အသီအပျောက်
ထောင်သောင်းမြောက်၏။
အိုပြည်သူရို့၊ နာခံကြလော့
နာကြလော့။
နားကိုစွင့်၍၊ သတိဝင်လျှက်
အမျိုးမာန၊ နိုးထကြ။
ပန်းဂေါ်သဇင်၊ တော်ဝင်ပန်းမျိုး
တမျိုးတသီး၊ သားကြီးငါးကြီး
ကျောက်ကြောမချန်၊ ဘဏ္ဍာဆက်သွင်း
မယွင်းမပျက်၊ ပီးဆက်ရတုံ
ကမ်းရတုံနှင့်၊ ကုံလုံပြည့်ဝ
ပြည်ဓည၏၊ စပါးဆန်ရီ
ကျီလှောင်အပြည့်၊ ဖြည့်ဆီးယူင်
ပြည်မြန်မာသို့။
မောင်ရစ်လျှင်ဗန္ဓုလ၊ လူ့ဗာလသား
ကုလားဖြူကို
စစ်ယှုံးသည်နှင့် မုန်းသည်နှင့်။
အပြီးဆုတ်လှမ်း၊ စစ်ဦးလမ်းမှာ
ထောင်းထောင်းကြီညက်
ပြည်ကိုဖျက်၏။
သက်ဟိသက်မဲ့၊ အကြောင်းမငဲ့စွာ
စုပုံသတ်ဖြတ်၊ စာရင်းမှတ်ယူ
သန်းကျော်ဟူ၏။
ကုလားမနိုင်၊ ရခိုင်ကိုမဲ
တရားမဲ့လုပ်ရပ်
ကိုပင် ရို့မိကတ်ဖို့လား။
မှတ်လော့ပြည်သူ
ပြည်သူနာလော့
နာခံလော့။
စစ်ကိုင်းဖက်ကမ်း၊ မင်းကွန်းဇာတီ
မိတ္ထိလာကန်တော်၊ မြို့တော်လမ်းခင်း
တွင်းတူးမြီပေါက်၊ တာရိုးဆောက်ဖို့
ထင်းခွပ်အုတ်ဖုတ်၊ အလုပ်ကြမ်းမျိုး
လွှထိုးမောင်းငင်၊ တစင်တသီး
မူးကြီးမတ်ပေါင်း၊ အိမ်ကြီးအိမ်ကောင်း
ကျွန်သီးသဘောက်၊ အောက်ကျဝပ်စင်း
ခြီနင်းမြက်ပင်။
စစ်ဆင်စစ်တက်၊ အသီခံထွက်
ယိုးဒယားချီ၊ စစ်သည်အဖြစ်
မလိုက်မဟိ၊ လိုက်ရဘိသည်
ချွေးတပ်သားနှင့်၊ ကူလီနှင့်
ကျွှန်သဘောက်နှင့်၊ ဓါးမောက်နှင့်
ရခိုင်သားနှင့်၊ သင်းချိုင်းနှင့်။
စပါးဆန်ရီ၊ ဘဏ္ဍာမကြွင်း
ခပင်းလူလူ၊ တောင်းယူကြိမ်ဖန်
မြို့ တည်ပြန်ဟု၊ တဖန်လူငယ်
ယောင်္ကျားငယ်မျိုး၊ ဓါးမိုးယူင်
အမျိုးကိုဖြတ်၊ မြန်မာဇာတ်သွင်း
အလျှင်းမရောက်၊ အောက်သားဖြစ်ခြင်း
လူနှောခြင်း။
မြို့ရပ်တည်ပြန်၊ အင်းလေးကန်တော်
လောင်းလှော်ရပ်စောက်၊ တချောင်းထောက်ခြီ
အံ့လောက်သည်လော့
မှတ်လော့ပြည်သူ၊ စဉ်းစားလော့။
ရွာချတည်ပြန်၊ ကန်တော်အင်းလေး
သျှမ်းပြည်ထဲ၌၊ ယ္ခုအင်းသား
ဆင်းသက်ပေါ်ပေါက်၊ ဇာကရောက်အံ့
အကြောက်အလန့်၊ မဝံ့မစား
အောက်သားမင်းလျှင်၊ ဆင်တပ်မြင်းတပ်
စစ်တတ်ပညာ၊ ဇုန္ဒာဇုန္ဒာတ်
စစ်ကွပ်စစ်ကဲ၊ အမြဲကျော်သီး
ပြည်စိုးကြီးများ၊ ပုန်ကန်မည့်အရေး
ကြောက်သောအားဖြင့်၊ အနှောင့်အယှက်
ယှုတ်ယှတ်ခတ်ထွီး၊ ပြည်တွင်းမီးတွက်
ဘယ်လက်ကိုဖြတ်၊ သျှမ်းရပ်သို့နှင်
အင်းလေးခွင်ဒေသ၊ ရွာတည်ချသည်
အမျိုးမှန်စွ၊ မျိုးရက္ခ။
ဘယ်လက်ဖြတ်တောက်၊ ကန်ထောက်ဘယ်ခြီ
လောင်းလှော်အားစိုက်၊ စိုက်လိုက်မတ်တပ်
တက်ခပ်ရသည်၊ အမြင်မှာဆန်း
တန်းရပ်ခြီထောက်၊ အံ့လောက်စဖွယ်
ဉာဏ်ရေးကြွယ်၏။
ယင်းကတဖန်၊ မြို့တည်ပြန်သည်
မင်းတုန်း၊ ပန်းတောင်း(ပန်းဒေါင်း)
လောင်းရှည်၊ ယော၊ ဆော၊ စိမ့်တောမြိုင်ယံ
နိုင်ငံရပ်ထီး၊ အနီးအဝီး၊ သတင်းပီးရန်
တပ်တည်ရန်နှင့်၊ ရိက္ခာထောက်ဖြန့်
စစ်လမ်းငင်၍၊ ခရီးဆန့်၏။
ကန့်ဘလူ၊ စစ်ကိုင်း၊ ဖအိုင်း၊ ငဖဲ
ယောသား၊ ဆောသား၊ စကားရခိုင်
ယိုင်စင်ဟိ၏၊ ကျောင်းဟိ၏
ပန်းထိမ်သည်နှင့်၊ ကြိးသွန်းဟိ၏။
စစ်ကိုင်းအနား၊ ရွှေကြက်နှစ်ဆူ
အမရပူရ၊ အိမ်မခြံဝင်း
တသင်းယိုင်စင်၊ ထဲဝင်နာမ
အမည်တည်ဟိတ်၊ ကြိုးချိတ်ပုဆိုး
လွန်းမျိုးတရာ၊ ခေါ်အပ်စွာသည်
ပညာရခိုင် ယိုင်သျှင်တည်း။
မှတ်လော့ပြည်သူ၊ မြန်မာဟူသည်
ဂျက်ခုန်ယက်ကန်း၊ ခါးကြိုးလောက်မှ
တတ်ကျွမ်းလှ၏။
ရခိုင်ရောက်မှ၊ အစဆင်၍
ယိုင်စင်တတ်မျိုး၊ ကြိုးချိတ်ဒယော
တပ်အပ်သော်တည့်။
မှတ်လော့ပြည်သူ၊ မြန်မာဟူသည်
ငွေသွန်းကြီးသွန်း၊ ဒင်္ဂါးသွန်းမှု
အနုလက်မှု၊ သွန်းမှုပညာ
ချို့တဲ့ပါ၏။
မြန်မာဒင်္ဂါး၊ ဆိုစကားမဟိ
မူးစိမတ်စိ၊ ကျပ်ခွဲသပြာ၊ သုံးလိုပါမူ
ဖါလာချိန်ခွင်၊ အလီးတင်၍
ငွေတင်အတုံး၊ ညှပ်ဖြတ်သုံး၏။
ဓလေ့ဤရွာ၊ ပြည်မြန်မာ၌
ပုံတော်ဒင်္ဂါး၊ သွန်းသည်များမှာ
ဒင်္ဂါးပညာ
ဆရာအစစ် ရခိုင်ဖြစ်၏။
ထလော့ပြည်သူ၊ အိုပြည်သူ
ပြည်သူရူလော့၊ စဉ်းစားလော့
ပြည်ကြီးသမိုင်း၊ ရက္ခတိုင်းနိုင်ငံ
အမှန်ကျွန်ဖြစ်၊ ကျွန်တွင်းနစ်ကာ
ဟိလီပါလည်း၊ ပြန်လှန်တိုက်ခိုက်
မျိုးချစ်သူရဲ၊ ချီဝှဲအံ့ဖွယ်
ကယ်တင်ဖူး၏ ကယ်ဖူး၏။
တောင်မင်းကျော်ထွီး၊ စစ်ကဲအိမ်ရှိ
ရဲဘော်သည်နှင့်၊ ကျော်ဇံနှင့်
ဘားရှိမုဇုန္ဒာတ်၊ သာမကောင်းစံရွှီ
ကောင်းညွှန့် ရန်တိုင်၊ ရန်ချင်းပြိုင်၍
အနိုင်စစ်ခင်း၊ လူခပင်းလျှင်
ပါဝင်သည်လော့၊ တိုက်ပြီလော့။
သွီးကြွီးဆပ်မည်၊ ကြံစည်သည်တည့်
မြရောင်ပင်လော့၊ ထွန်းရောင်လော့။
ဒါးပြန်စီးခေါ်၊ စဖိုဝေလျှင်
စစ်ဆင်သည်ကား၊ တိုက်ပြီလား
အိမ်ရှိမင်းဟု၊ သက်စရွှီနှင့်
မင်းချစ်လှရှီ၊ ဇာနီသားကောင်း
မျိုးချစ်ပေါင်းရို့၊ သောင်းသောင်းညံလျှက်
သွီးလောင်းသံမြောက်၊ အောက်သားကိုသတ်
သတ်ယင်းနှင့်သီ၊ တပ်ဦးမြီမှာ
သက်စွန့်ခပါ၏။
ထိုကတဆစ်
သက္ကရာဇ်တွက်၊ တထောင့်ခုနှစ်ရာ
ကိုးဆယ့်လေးဟု၊ သမိုင်းစဉ်တင်
သခင်ပေါလုံး၊ အားစုရုံး၍
ကျွဲတကောင်နိုင်၊ အပြိုင်ခွက်ပေါက်
ရင်ဆိုင်မြောက်၍၊ ထွင်းဖောက်တော်လှန်
ဝိညာဉ်အသက်၊ ကားစင်ထက်မှာ
သွီးစက်လက်နှင့်၊ ရက်စက်စွန့်ခွာ
ခန္ဓာပြောင်းလည်း၊ ဦးမညွတ်။
မှတ်လိုက်ပြည်သူ၊ နှလုံးမူလော့
ချင်းပျံချင်းချီ၊ အစ်ကိုညီနှင့်
စုံညီမယွင်း၊ ခပင်းလူဗိုလ်
သတင်းဆို၍၊ တိမ်ကြားဗိုလ်မင်း
ယောက်ဖတော်ဟု၊ လက်ရုန်းတော်ဗိုလ်ချူပ်
ကြိုးကုတ်အားဖြင့်၊ တိုက်၍ဆိုင်ပြိုင်
နိုင်လိုက်ယှုံးလိုက်၊ ပြည်သိမ်းလိုက်နှင့်
တဗိုလ်တက်ဆင်း၊ တပ်မင်းဒိုးအောင်ကျော်
အသက်နှံစစ်ကွပ်မင်း၊ သွီးချင်းရဲရဲ
မီးခဲတမျှ၊ တောက်ဆဲတောက်လောင်
အလျှံပြောင်သည်၊ အောင်စစ်သည်နှင့်
ချင်းပျံနှင့်။
မြဝတီဦးစ၊ အမည်သညာ မြန်မာဝန်မင်း
အလုံဝန်ဗန္ဓုလ၊ စသည်တပ်မှူး
စစ်ကျူးတက်ဆုတ်၊ အနှတ်အသိမ်း
တိမ်းစောင်းသည်နှင့်၊ မှောက်သည်နှင့်။
ချင်းပျံလက်အောက်၊ မြောက်ဦးရောက်၏
ရောက်ပြိးလွတ်ပြန်၊ စဉ်ဆက်ကြံသည်
အောင်လံမလဲ၊ ချီဝဲအံ့ဖွယ်
အစိုင်နွယ်ထွန်း၊ စွမ်းစွမ်းတဖန်
တိုက်ခိုက်ပြန်သည်၊ သတင်းကျော်သီး
မင်းသားကြီးဟု၊ ရွှီဘန်းသားကောင်း
ဇာနီခေါင်းဆောင်၊ အောင်ကျော်ဇံနှင့်
ဒေးဝန်ကြီးရို့၊ တချို့ တခါ
ညှိးငယ်မဟိ၊ ကယ်တင်ဘိသည်
ရခိုင်လွတ်လပ်ပြန်တကား။
နာလော့ပြည်သူ၊ အိုပြည်သူ။
ဦးညွတ်ထိုက်တန်၊ ဇာနီမွန်ရို့
သွီးဝိညာဉ်နှင့်၊ အမှန်လုပ်ရပ်
မနှိုင်းအပ်အောင်၊ ဘိုးထိုက်အနဂ္ဂ
မြင့်မားလှ၏။
ထိုအဇူအဇာ၊ တိုင်းချစ်ပြည်ချစ်
ဇာနီစစ်များ၊ ပြည်များဦးကင်း
မင်းထက်မင်းကို၊ စစ်ခင်းဆိုင်ပြိုင်
အနိုင်ယူဝံ့၊ စွန့်လွှတ်စွန့်စား
ဂေါင်းဆောင်များကို၊ ဦးညွတ်ဝပ်စင်း
လေးစားခြင်းလျှင်၊ မယွင်းသစ္စာ
အမိန့်မှာတမ်း၊ လွမ်းဆွတ်ခြင်းနှင့်
ခံပြင်းဒေါသ၊ အမျိုးမာန
နိုးထကြလော့။
မမိမလျှော့
ကြိုးစားကြလော့။
ဥဒါန်းမကျီ
ဤမြီသစ္စာ
ကျိမ်ဆိုပါအံ့
ကျိန်ဆိုအံ့
ကျိန်ဆိုအံ့။
(နိဂုံး)
နာလော့ပြည်သူ၊ နှလုံးမူလော့
အိမ်တိုင်နွယ်ရစ်၊ နှစ်ပေါင်းလေးဆယ်
ခြုံနွယ်ပိတ်ပေါင်း၊ ချောင်းမြောင်းပိတ်ဆို့
ညို့ညို့ဆိုင်းဆိုင်း၊ ရစ်ခွီသိုင်း၍
အရိုင်းမျက်ရှင်၊ တောကြီးဝင်သို့
သမင်ကျားရဲ၊ ကျွဲရိုင်းစိုင်ကောင်
အထောင်အသောင်း၊ မီးကျောင်းရဲခြင်း
မြီကင်းမှက်သန်း၊ တောခြံဝန်း၍
ပြည်ပျက်မြို့ပျက်၊ အနီခက်သည်
အမှောင်ခေတ်ဆိုး၊ လူမျိုးပြန်းတီး
ထီးထီးကျန်နီ၊ ဦးရေရွီတွက်စစ်
နှစ်သိန်းဖြစ်၏။
တခေတ်တခါ၊ ပြည်ရွာအပ
ရပ်ခြားနိုင်ငံ၊ အတန်တန်က
စုန်ဆန်ဝင်ထွက်၊ အရွယ်အသီး
သင်္ဘောကြီးငယ်၊ ဝယ်ကုန်ရောင်းကုန်
ကုံလုံပြည့်ဝ၊ တိုင်းဓညသည်
ဖွဲခွံပြာစု
ထောင်းထုကြီမွ၊ ပျက်ခရသည်
အောက်သားမြန်မာလက်ချက်ကြောင့်။ ။
(ဦးစစ်နိုင်ရွီးဖွဲ့သည်)
မူလဘလော့.....
0 comments:
Post a Comment