နွယ် (စစ်တွေ) ကလောင်အမည်ဖြင့် ကဗျာများကို ရေးဖွဲ့ခဲ့သော ဆရာမကြီး
ဒေါ်အုန်းခင်ကို ၁၉၃၂ ခု၊ မတ် လ၂၄ ရက်နေ့တွင် စစ်တွေမြို့၌ အဖ
ဦးအောင်ထွန်းဦး၊ အမိ ဒေါ်စန်ပုတို့မှ ဖွားမြင်ခဲ့သည်။
၎ နှစ်သမီး အရွယ်တွင် ဇာတိ မွေးရပ်မြေမှ ခွဲခွာ၍ အစိုးရဝန်ထမ်း
သားသမီးများပီပီ ဖခင် အလုပ်ပြောင်းရာ မြို့များသို့ လိုက်ပါခဲ့ရသည်။
ငယ်စဉ်က ပုသိမ်၊ မော်လမြိုင်၊ ပဲခူးမြို့များတွင် ပညာသင်ကြားခဲ့သည်။
ပဲခူးမှ အင်းစိန်သို့ ပြောင်းရွှေ့ နေထိုင်စဉ် ဒုတိယကမ္ဘာစစ်ကြီးက
မြန်မာပြည်တွင်းသို့ ပျံ့နှံလာရာ ဒေါ်အုန်းခင်တို့ မိသားစုမှာ
မိတ္ထီလာမြို့အနီး နတ်ကြီးကုန်းကျေးရွာတွင် စစ်ဘေးဒဏ်ကို
ပုန်းရှောင်ခဲ့ရသည်။ စစ်ကြီး ပြီးဆုံး ပြီးနောက် ရန်ကုန်မှတဆင့်
စစ်တွေမြို့သို့ ဖခင် အလုပ်ပြောင်းရွှေ့ခဲ့ရာ မွေးရပ်မြေ စစ်တွေမြို့သို့
တဖန် ပြန် ရောက်ရှိသည်။ ၁၉၄၈ မှ ၁၉၅ဝ အထိ ၈ တန်းမှ ၁ဝ တန်းအထိ
စစ်တွေမြို့၌ပင် ပညာသင်ကြားခဲ့ သည်။
၁၉၄၈ ခုနှစ်တွင် ဖခင် ကွယ်လွန်ခဲ့ရာ ရန်ကုန်မြို့သို့ ပြောင်းရွှေ့လာပြီး မိသားစုအားလုံး အခြေချ နေထိုင် သည်။
ရန်ကုန် တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ကို ၁၉၅၅ ခုနှစ်တွင် လည်းကောင်း၊ ပညာရေးဘွဲ့
(B.Ed.) ကို ၁၉၆၃ ခုနှစ်တွင် လည်းကောင်း ရရှိခဲ့သည်။ ပညာရေး
ဒီပလိုမာဘွဲ့ကို အင်္ဂလန်ပြည်၊ ဘာမင်တန် တက္ကသိုလ်မှ ရရှိ ခဲ့သည်။
ထို့နောက် ပညာရေး ဌာနတွင် ကျောင်းဆရာမ၊ ကျောင်းအုပ်၊ ကျောင်းသင်ခန်းစာ
အသံလွှင့် စီစဉ်မှူး၊ အခြေ ခံပညာ ဦးစီးဌာန ကျောင်းသုံးစာအုပ် ကော်မတီ
(မြန်မာစာအဖွဲ့) အတွင်းရေးမှူး တာဝန်များကို ထမ်း ရွက်ခဲ့ သည်။
ကျောင်းသုံးစာအုပ် ကော်မတီမှ ၁၉၇၉ ခုနှစ်တွင် ဆေးပင်စင်ဖြင့်
အငြိမ်းစားယူခဲ့သည်။
၁၉၄၈ ခုနှစ်၊ အသက် ၁၆ နှစ် အရွယ်ကပင် ကဗျာဗီဇ၊ ကဗျာဝါသနာ ပါသည်နှင့်အမျှ
ကဗျာများကို စတင် ရေးဖွဲ့သည်။ လက်ဦးဆရာမှာ စစ်တွေမြို့ ကျောင်းနေစဉ်က
ဆရာဦးကျော်မြ (ကျားချေ) ဖြစ်သည်။ ရခိုင်ဂျာ နယ်တွင် စတင်၍ ကလောင်
သွေးခဲ့သည်။ ယင်းမှတဆင့် တိုင်းရင်း မေဂျာနယ်တွင် ပင်တိုင် ရေးသားသည်။
ကဗျာလောကသို့ စတင် ဝင်ရောက်စဉ်က 'မာလာနွယ်' ကလောင်အမည်ဖြင့် ကဗျာများ
ရေးသားသည်။ ရန်ကုန် တက္ကသိုလ်သို့ ရောက်ရှိချိန်မှ စ၍ နွယ် (စစ်တွေ) ကလောင်
အမည်ဖြင့် ရေးသားခဲ့သည်။
နွယ် (စစ်တွေ) ခေါ် ဆရာမကြီး ဒေါ်အုန်းခင်သည် ၁၉၅၆ ခုနှစ်တွင် ကိုရွှေဇံအောင်
(ဂုံနီစက်ရုံမှူး) နှင့် ထိမ်းမြား လက်ထပ်ခဲ့သည်။ ယခုအခါ တိုက်နံပါတ် ၄၂-၈
ပထမထပ်၊ ရှမ်းလမ်း၊ စမ်းချောင်းမြို့နယ်တွင် ခင်ပွန်း ဖြစ်သူနှင့်
အတူနေထိုင်ရင်း ကဗျာများ ရေးဖွဲ့လျက် ရှိသည်။
0 comments:
Post a Comment